[Zawgyi]

ေဘာလုံးနတ္ဘုရားတုိ႔ရဲ႕ တိုက္ပဲြ (သို႔မဟုတ္) El Clásico

စိတ္လႈပ္ရွားစရာ အေကာင္းဆုံး El Clásico ပဲြကုိ ခံစားဖုိ႔ ပရိသတ္ေတြ အဆင္သင့္ျဖစ္ေနၿပီလား။ ကမၻာတစ္၀ွမ္းက လိဂ္ၿပိဳင္ပဲြေတြမွာ ၿပိဳင္ဆုိင္မႈျပင္းထန္တဲ့ ဒါဘီပဲြေတြ ရွိေကာင္းရွိလိမ့္မယ္၊ ဒါေပမဲ့ ဘာစီလုိနာနဲ႔ ရီးယဲလ္လုိမ်ိဳး သမုိင္းနဲ႔ခ်ီၿပီး အႀကိတ္အနယ္ျဖစ္ခဲ့တဲ့ပဲြမ်ိဳးေတာ့ မရွိႏုိင္ေလာက္ဘူး။ စပိန္မွာဆုိရင္ ဘာစီလုိနာနဲ႔ မက္ဒရစ္ဆုိတာက အႀကီးဆုံးၿမိဳ႕ႏွစ္ၿမိဳ႕။ ဒီၿမိဳ႕ႏွစ္ခုအၾကားက Rivalry က ဒီၿမိဳ႕ေတြကုိ ကုိယ္စားျပဳတဲ့အသင္းႏွစ္သင္းဆီ ကူးဆက္တာက သိပ္ေတာ့မထူးဆန္းဘူး။ ဘာစီလုိနာက ကတ္တလန္ကုိ ကုိယ္စားျပဳတယ္၊ မက္ဒရစ္က စပိန္ကုိ ကုိယ္စားျပဳတာေၾကာင့္ ကြင္းတြင္းမွာသာမကဘဲ ႏုိင္ငံေရးအရပါ ၿပိဳင္ဘက္သေဘာမ်ိဳးေဆာင္ေနတယ္။ ဒါ့အျပင္ ဘာစီလုိနာနဲ႔ ရီးယဲလ္ဆုိတာကလည္း ကမၻာ႔ေဘာလုံးေလာကမွာ အခ်မ္းသာဆုံးစာရင္း၀င္အသင္းေတြျဖစ္သလုိ ေအာင္ျမင္မႈအမ်ားဆုံး ရယူထားတဲ့ အသင္းေတြျဖစ္တယ္။ ေနာက္ၿပီး ကမၻာတစ္၀ွမ္းက ပရိသတ္အခုိင္အမာရထားတဲ့အသင္းႏွစ္သင္း၊ Social Media က႑မွာလည္း Follower အမ်ားဆုံးအသင္းေတြျဖစ္ေနၾကလုိ႔ ဂုဏ္သိကၡာပုိင္းအရ ၿပိဳင္ဆုိင္မႈကလည္း ႀကီးမားလြန္းတယ္။ဒါေၾကာင့္လည္း ဒီႏွစ္သင္းထိပ္တိုက္ေတြ႕ၿပီဆုိ တစ္ကမၻာလုံးက ပရိသတ္ေတြ စိတ္၀င္တစား ေစာင့္ၾကည့္ၾကတဲ့အျပင္ ကြင္းတြင္းသာမက ႐ုပ္သံၾကည့္႐ႈမႈအမ်ားဆုံးပဲြေတြမွာလည္း တစ္ပဲြအပါအ၀င္ျဖစ္တယ္။

၂၀ ရာစုအတြင္း စပိန္ေဘာလုံးေလာကနဲ႔ ဥေရာပေဘာလုံးေလာကကုိ ရီးယဲလ္အသငး္က လႊမ္းမုိးႏုိင္ခဲ့ေပမယ့္လည္း ၂၁ ရာစုထဲမွာေတာ့ ဘာစီလုိနာက ရီးယဲလ္အသင္းထက္ ေအာင္ျမင္မႈ အမ်ားဆုံးရယူႏုိင္ခဲ့တယ္လုိ႔ သတ္မွတ္ႏုိင္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၂၁ ရာစုမွာ ဘာစီလုိနာအသင္းက ဆုဖလားစုစုေပါင္း(၃၂)ခုအထိရယူႏုိင္ခဲ့ေပမယ့္ ရီးယဲလ္အသင္းက (၂၆)လုံးပဲ ရခဲ့တယ္။ ဒါေပမဲ့ အဓိကၿပိဳင္ပဲြေတြမွာ ဖလားအႀကိမ္အမ်ားဆုံးရယူႏုိင္ခ့ဲတဲ့အပုိင္းမွာေတာ့ ရီးယဲလ္က အသာရေနဆဲပါပဲ။ လာလီဂါမွာ ရီးယဲလ္က (၃၃)ႀကိမ္၊ ဘာစီလုိနာက (၂၅)ႀကိမ္၊ စပိန္ဘုရင့္ဖလားမွာ ဘာစီလုိနာက အႀကိမ္(၃၀)၊ ရီးယဲလ္က (၁၉)ႀကိမ္ အျပန္အလွန္ရွိေပမယ့္ ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအရွိဆုံးၿပိဳင္ပဲြလုိ႔ဆုိရမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ရီးယဲလ္က (၁၂)ႀကိမ္နဲ႔ ေအာင္ျမင္မႈအမ်ားဆုံးျဖစ္ေနၿပီး ဘာစီလုိနာကေတာ့ (၅)ႀကိမ္ပဲရွိေသးတယ္။ ဒီရာသီမွာ ဘာစီလုိနာအသင္းဟာ ရီးယဲလ္အသင္းဆီက လာလီဂါခ်န္ပီယံဂုဏ္ပုဒ္ကုိ လႊဲေျပာင္းရယူခဲ့သလုိ စပိန္ဘုရင့္ဖလားကုိလည္း ဆြတ္ခူးႏုိင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ရီးယဲလ္အသင္းထက္စာရင္ေတာ့ ဖလားလက္ကုိင္ရွိသြားပါၿပီ။ ဒါေပမဲ့ ရီးယဲလ္အသင္းက ခ်န္ပီယံလိဂ္ဗုိလ္လုပဲြ တက္ေရာက္ႏုိင္ခဲ့ၿပီျဖစ္သလုိ တကယ္လုိ႔ ဗုိလ္စဲြခဲ့မယ္ဆုိရင္ (၃)ႏွစ္ဆက္ခ်န္ပီယံဘြဲ႕ကုိ ရယူႏုိင္မွာျဖစ္တာေၾကာင့္ ဘာစီလုိနာထက္ ဂုဏ္မငယ္တဲ့ စြမ္းေဆာင္ရည္မ်ိဳးကုိ ျပသႏုိင္မယ္၊ တကယ္လုိ႔ ခ်န္ပီယံလိဂ္ဖလားကုိ လက္လႊတ္ခဲ့ရရင္ေတာ့ အဓိက ဆုဖလားတစ္ခုမွ မရခဲ့တဲ့အတြက္ ဘာစီလုိနာပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ ရီးယဲလ္ပရိသတ္ေတြ ရင္ဆုိင္ရမယ္။

Barcelonas-Lionel-Messi-gets-away-from-Real-Madrids-Cristiano-Ronaldo

Barcelonas-Lionel-Messi-gets-away-from-Real-Madrids-Cristiano-Ronaldo

ဘာစီလုိနာနဲ႔ ရီးယဲလ္အသင္းတို႔ရဲ႕ Rivalry ထဲမွာ မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒုိ C.Roanaldo တို႔ရဲ႕ အားၿပိဳင္မႈကလည္း ပရိသတ္ေတြကုိ ဆဲြေဆာင္ႏုိင္တဲ့အခ်က္တစ္ခ်က္ပါပဲ။ ၂၀၀၉ ခုႏွစ္မွာ ရီးယဲလ္အသင္းကုိ စီေရာ္နယ္လ္ဒုိ ေျပာင္းေရႊ႕ခ့ဲတဲ့အခ်ိန္ကစၿပီး မက္ဆီနဲ႔ စီေရာ္နယ္လ္ဒုိရဲ႕ Clash က တစ္ႏွစ္ထက္ တစ္ႏွစ္ ပုိျပင္းထန္လာခဲ့တယ္။ သက္ဆုိင္ရာအသင္းေတြမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြ ရယူေနသလုိ တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြျဖစ္တဲ့ ဖီဖာကမၻာ႔အေကာင္းဆုံးေဘာလုံးသမား၊ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆုေတြအျပင္ ျပည္တြင္းအေကာင္းဆုံးဆုေတြကုိ တစ္ေယာက္တစ္လွည့္စီ ရယူေနၾကတာပါ။ ဒီကစားသမားႏွစ္ေယာက္ကလည္း တစ္ေယာက္ကုိတစ္ေယာက္ အႏုိင္မခံအ႐ႈံးမေပးဘဲ သူ႔ထက္ငါ လူစြမ္းေကာင္းျဖစ္ဖုိ႔ အခ်ိန္တုိင္းႀကိဳးပမ္းေနတာေၾကာင့္ အခုေနာက္ပုိင္းမွာ El Clásico ပဲြဆုိရင္ ရီးယဲလ္-ဘာစီလုိနာဆုိတဲ့ ေခါင္းစဥ္ထက္ မက္ဆီ-စီေရာ္နယ္လ္ဒုိတို႔ရဲ႕ ေခါင္းစဥ္ကုိ မီဒီယာေတြက ပုိဦးစားေပး ေဖာ္ျပလာၾကတယ္။ ဒီရာသီ ပထမအေက်ာ႔တုန္းက ရီးယဲလ္အသင္းဟာ ဘာေနဗ်ဴးကြင္းမွာ ဘာစီလုိနာကုိ (၃)ဂုိးျပတ္နဲ႔ ဒူးေထာက္ခဲ့ရတာကုိ ျပန္လက္စားေခ်ဖုိ႔ ဆႏၵျပင္းျပေနမွာ အမွန္ပါပဲ။ ေနာက္ၿပီး လာလီဂါခ်န္ပီယံဘဲြ႕ကုိ ပူပူေႏြးေႏြးရယူထားတဲ့ ဘာစီလုိနာကုိ ႏူးကမ့္မွာ ေခ်မႈန္းၿပီး သူတို႔ဟာ ဘာစီလုိနာထက္ ပုိေကာင္းတဲ့အသင္းျဖစ္တယ္ဆုိတာက သက္ေသျပခ်င္ေနပါလိမ့္မယ္။ ဒီပဲြဟာ လာလီဂါခ်န္ပီယံအတြက္ အေရးမပါေတာ့ဘူးဆုိေပမယ့္လည္း El Clásico ရဲ႕ ဂုဏ္သိကၡာ၊ ဘာစီလုိနာအသင္းရဲ႕ လာလီဂါေခတ္သစ္မွာ ႐ႈံးပဲြမရွိပထမဆုံးအမွတ္ေပးခ်န္ပီယံစတဲ့ ေမွ်ာ္လင့္ခ်က္ေတြေၾကာင့္ အႀကိတ္အနယ္ရွိေနဦးမွာပဲ။ ႏူးကမ့္မွာ ရီးယဲလ္အသငး္က ဘာစီလုိနာရဲ႕ ႐ႈံးပဲြမရွိအမွတ္ေပးခ်န္ပီယံ ေမွ်ာ္လင့္ခ်က္ကုိ အဆုံးသတ္ႏုိင္မလား၊ ဘာစီလုိနာကပဲ သမုိင္းေၾကာင္းၿပိဳင္ဘက္ ရီးယဲလ္ကုိ ထပ္ၿပီးအႏုိင္ယူမလားဆုိတာက အခုတနလၤာေန႔ နံနက္(၁း၁၅)မွာ အေျဖေပၚပါလိမ့္မယ္ . . . . . .

ဘာစီလုိနာ -ရီးယဲလ္အသင္းတို႔ရဲ႕ ၿပိဳင္ဆုိင္မႈမွတ္တမ္း

စုစုေပါင္းဆုံေတြ႕ခဲ့သည့္ပဲြ – ၂၇၀ ပဲြ
အဓိကၿပိဳင္ပဲြတြင္ႏုိင္ပဲြအမ်ားဆုံး – ရီးယဲလ္ (၉၅)ပဲြ
ေျခစမ္းပဲြတြင္ ႏုိင္ပဲြအမ်ားဆုံး – ဘာစီလုိနာ (၂၀)ပဲြ
ၿပိဳင္ပဲြစုံတြင္ ႏုိင္ပဲြအမ်ားဆုံး – ဘာစီလုိနာ (၁၁၂)ပဲြ
El Clásico ပဲြအမ်ားဆုံးကစားသမား – မာႏုိလုိဆန္းခ်က္စ္(ရီးယဲလ္- ၄၃ပဲြ)
El Clásico သြင္းဂုိးအမ်ားဆုံးကစားသမား – မက္ဆီ (ဘာစီလုိနာ-၂၅ဂုိး)
ဂုိးဖန္တီးမႈအမ်ားဆုံးကစားသမား – မက္ဆီ (ဘာစီလုိနာ – ၁၄ႀကိမ္)
ဘာစီလုိနာအသင္း၏ အႀကီးမားဆုံး ႏုိင္ပဲြ – ဘာစီလုိနာ ၇-၂ ရီးယဲလ္ (၂၄-၉-၁၉၅၀ လာလီဂါ)
ရီးယဲလ္အသင္း၏ အႀကီးမားဆုံး ႏုိင္ပဲြ – ရီးယဲလ္ ၁၁-၁ ဘာစီလုိနာ (၁၉-၆-၁၉၄၃ စပိန္ဘုရင့္ဖလား)

ဘာစီလုိနာ-ရီးယဲလ္အသင္းတို႔တြင္ ကစားခဲ့ဖူးသည့္ နာမည္ေက်ာ္ကစားသမားမ်ား

ဘန္႐ွဳးစတား၊ မုိက္ကယ္ေလာဒရပ္၊ လူး၀စ္ဖီဂုိ၊ ေရာ္နယ္လ္ဒုိ၊ ဆာဗီယုိလာ၊ ေဂ်ာ္ဂ်ီဟာဂီ၊ လူး၀စ္အင္းနရစ္၊ အီတူး

REF:Wikipedia
Photos:Twitter
Naing Linn (Akhayar)
www.akhayar.com

 

[Unicode]

ဘောလုံးနတ်ဘုရားတို့ရဲ့ တိုက်ပွဲ (သို့မဟုတ်) El Clásico

စိတ်လှုပ်ရှားစရာ အကောင်းဆုံး El Clásico ပွဲကို ခံစားဖို့ ပရိသတ်တွေ အဆင်သင့်ဖြစ်နေပြီလား။ ကမ္ဘာတစ်ဝှမ်းက လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲတွေ ပွဲတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်လိုမျိုး သမိုင်းနဲ့ချီပြီး အကြိတ်အနယ်ဖြစ်ခဲ့တဲ့ပွဲမျိုးတော့ မရှိနိုင်လောက်ဘူး။ စပိန်မှာဆိုရင် ဘာစီလိုနာနဲ့ မက်ဒရစ်ဆိုတာက အကြီးဆုံးမြို့နှစ်မြို့။ ဒီမြို့နှစ်ခုအကြားက Rivalry က ဒီမြို့တွေကို ကိုယ်စားပြုတဲ့အသင်းနှစ်သင်းဆီ ကူးဆက်တာက သိပ်တော့မထူးဆန်းဘူး။ ဘာစီလိုနာက ကတ်တလန်ကို ကိုယ်စားပြုတယ်၊ မက်ဒရစ်က စပိန်ကို ကိုယ်စားပြုတာကြောင့် ကွင်းတွင်းမှာသာမကဘဲ နိုင်ငံရေးအရပါ ပြိုင်ဘက်သဘောမျိုးဆောင်နေတယ်။ ဒါ့အပြင် ဘာစီလိုနာနဲ့ ရီးယဲလ်ဆိုတာကလည်း ကမ္ဘာ့ဘောလုံးလောကမှာ အချမ်းသာဆုံးစာရင်းဝင်အသင်းတွေဖြစ်သလို အောင်မြင်မှုအများဆုံး ရယူထားတဲ့ အသင်းတွေဖြစ်တယ်။ နောက်ပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်အခိုင်အမာရထားတဲ့အသင်းနှစ်သင်း၊ Social Media ကဏ္ဍမှာလည်း Follower အများဆုံးအသင်းတွေဖြစ်နေကြလို့ ဂုဏ်သိက္ခာပိုင်းအရ ပြိုင်ဆိုင်မှုကလည်း ကြီးမားလွန်းတယ်။ဒါကြောင့်လည်း ဒီနှစ်သင်းထိပ်တိုက်တွေ့ပြီဆို တစ်ကမ္ဘာလုံးက ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ကြတဲ့အပြင် ကွင်းတွင်းသာမက ရုပ်သံကြည့်ရှုမှုအများဆုံးပွဲတွေမှာလည်း တစ်ပွဲအပါအဝင်ဖြစ်တယ်။

၂၀ ရာစုအတွင်း စပိန်ဘောလုံးလောကနဲ့ ဥရောပဘောလုံးလောကကို ရီးယဲလ်အသင်းက လွှမ်းမိုးနိုင်ခဲ့ပေမယ့်လည်း ၂၁ ရာစုထဲမှာတော့ ဘာစီလိုနာက ရီးယဲလ်အသင်းထက် အောင်မြင်မှု အများဆုံးရယူနိုင်ခဲ့တယ်လို့ သတ်မှတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၁ ရာစုမှာ ဘာစီလိုနာအသင်းက ဆုဖလားစုစုပေါင်း(၃၂)ခုအထိရယူနိုင်ခဲ့ပေမယ့် ရီးယဲလ်အသင်းက (၂၆)လုံးပဲ ရခဲ့တယ်။ ဒါပေမဲ့ အဓိကပြိုင်ပွဲတွေမှာ ဖလားအကြိမ်အများဆုံးရယူနိုင်ခဲ့တဲ့အပိုင်းမှာတော့ ရီးယဲလ်က အသာရနေဆဲပါပဲ။ လာလီဂါမှာ ရီးယဲလ်က (၃၃)ကြိမ်၊ ဘာစီလိုနာက (၂၅)ကြိမ်၊ စပိန်ဘုရင့်ဖလားမှာ ဘာစီလိုနာက အကြိမ်(၃၀)၊ ရီးယဲလ်က (၁၉)ကြိမ် အပြန်အလှန်ရှိပေမယ့် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲလို့ဆိုရမယ့် ချန်ပီယံလိဂ်မှာတော့ ရီးယဲလ်က (၁၂)ကြိမ်နဲ့ အောင်မြင်မှုအများဆုံးဖြစ်နေပြီး ဘာစီလိုနာကတော့ (၅)ကြိမ်ပဲရှိသေးတယ်။ ဒီရာသီမှာ ဘာစီလိုနာအသင်းဟာ ရီးယဲလ်အသင်းဆီက လာလီဂါချန်ပီယံဂုဏ်ပုဒ်ကို လွှဲပြောင်းရယူခဲ့သလို စပိန်ဘုရင့်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်တာကြောင့် ရီးယဲလ်အသင်းထက်စာရင်တော့ ဖလားလက်ကိုင်ရှိသွားပါပြီ။ ဒါပေမဲ့ ရီးယဲလ်အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို တကယ်လို့ ဗိုလ်စွဲခဲ့မယ်ဆိုရင် (၃)နှစ်ဆက်ချန်ပီယံဘွဲ့ကို ရယူနိုင်မှာဖြစ်တာကြောင့် ဘာစီလိုနာထက် ဂုဏ်မငယ်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်မယ်၊ တကယ်လို့ ချန်ပီယံလိဂ်ဖလားကို လက်လွှတ်ခဲ့ရရင်တော့ အဓိက ဆုဖလားတစ်ခုမှ မရခဲ့တဲ့အတွက် ဘာစီလိုနာပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရီးယဲလ်ပရိသတ်တွေ ရင်ဆိုင်ရမယ်။

Barcelonas-Lionel-Messi-gets-away-from-Real-Madrids-Cristiano-Ronaldo

Barcelonas-Lionel-Messi-gets-away-from-Real-Madrids-Cristiano-Ronaldo

ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ရဲ့ Rivalry ထဲမှာ မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို C.Roanaldo တို့ရဲ့ အားပြိုင်မှုကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်ပါပဲ။ ၂၀၀၉ ခုနှစ်မှာ ရီးယဲလ်အသင်းကို စီရော်နယ်လ်ဒို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကစပြီး မက်ဆီနဲ့ စီရော်နယ်လ်ဒိုရဲ့ Clash က တစ်နှစ်ထက် တစ်နှစ် ပိုပြင်းထန်လာခဲ့တယ်။ သက်ဆိုင်ရာအသင်းတွေမှာ စံချိန်မှတ်တမ်းကောင်းတွေ ရယူနေသလို တစ်ဦးချင်းအကောင်းဆုံးဆုတွေဖြစ်တဲ့ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမား၊ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုတွေအပြင် ပြည်တွင်းအကောင်းဆုံးဆုတွေကို တစ်ယောက်တစ်လှည့်စီ ရယူနေကြတာပါ။ ဒီကစားသမားနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်မခံအရှုံးမပေးဘဲ သူ့ထက်ငါ လူစွမ်းကောင်းဖြစ်ဖို့ အချိန်တိုင်းကြိုးပမ်းနေတာကြောင့် အခုနောက်ပိုင်းမှာ El Clásico ပွဲဆိုရင် ရီးယဲလ်-ဘာစီလိုနာဆိုတဲ့ ခေါင်းစဉ်ထက် မက်ဆီ-စီရော်နယ်လ်ဒိုတို့ရဲ့ ခေါင်းစဉ်ကို မီဒီယာတွေက ပိုဦးစားပေး ဖော်ပြလာကြတယ်။ ဒီရာသီ ပထမအကျော့တုန်းက ရီးယဲလ်အသင်းဟာ ဘာနေဗျူးကွင်းမှာ ဘာစီလိုနာကို (၃)ဂိုးပြတ်နဲ့ ဒူးထောက်ခဲ့ရတာကို ပြန်လက်စားချေဖို့ ဆန္ဒပြင်းပြနေမှာ အမှန်ပါပဲ။ နောက်ပြီး လာလီဂါချန်ပီယံဘွဲ့ကို ပူပူနွေးနွေးရယူထားတဲ့ ဘာစီလိုနာကို နူးကမ့်မှာ ချေမှုန်းပြီး သူတို့ဟာ ဘာစီလိုနာထက် ပိုကောင်းတဲ့အသင်းဖြစ်တယ်ဆိုတာက သက်သေပြချင်နေပါလိမ့်မယ်။ ဒီပွဲဟာ လာလီဂါချန်ပီယံအတွက် အရေးမပါတော့ဘူးဆိုပေမယ့်လည်း El Clásico ရဲ့ ဂုဏ်သိက္ခာ၊ ဘာစီလိုနာအသင်းရဲ့ လာလီဂါခေတ်သစ်မှာ ရှုံးပွဲမရှိပထမဆုံးအမှတ်ပေးချန်ပီယံစတဲ့ မျှော်လင့်ချက်တွေကြောင့် အကြိတ်အနယ်ရှိနေဦးမှာပဲ။ နူးကမ့်မှာ ရီးယဲလ်အသင်းက ဘာစီလိုနာရဲ့ ရှုံးပွဲမရှိအမှတ်ပေးချန်ပီယံ မျှော်လင့်ချက်ကို အဆုံးသတ်နိုင်မလား၊ ဘာစီလိုနာကပဲ သမိုင်းကြောင်းပြိုင်ဘက် ရီးယဲလ်ကို ထပ်ပြီးအနိုင်ယူမလားဆိုတာက အခုတနင်္လာနေ့ နံနက်(၁း၁၅)မှာ အဖြေပေါ်ပါလိမ့်မယ် . . . . . .

ဘာစီလိုနာ -ရီးယဲလ်အသင်းတို့ရဲ့ ပြိုင်ဆိုင်မှုမှတ်တမ်း

စုစုပေါင်းဆုံတွေ့ခဲ့သည့်ပွဲ – ၂၇၀ ပွဲ
အဓိကပြိုင်ပွဲတွင်နိုင်ပွဲအများဆုံး – ရီးယဲလ် (၉၅)ပွဲ
ခြေစမ်းပွဲတွင် နိုင်ပွဲအများဆုံး – ဘာစီလိုနာ (၂၀)ပွဲ
ပြိုင်ပွဲစုံတွင် နိုင်ပွဲအများဆုံး – ဘာစီလိုနာ (၁၁၂)ပွဲ
El Clásico ပွဲအများဆုံးကစားသမား – မာနိုလိုဆန်းချက်စ်(ရီးယဲလ်- ၄၃ပွဲ)
El Clásico သွင်းဂိုးအများဆုံးကစားသမား – မက်ဆီ (ဘာစီလိုနာ-၂၅ဂိုး)
ဂိုးဖန်တီးမှုအများဆုံးကစားသမား – မက်ဆီ (ဘာစီလိုနာ – ၁၄ကြိမ်)
ဘာစီလိုနာအသင်း၏ အကြီးမားဆုံး နိုင်ပွဲ – ဘာစီလိုနာ ၇-၂ ရီးယဲလ် (၂၄-၉-၁၉၅၀ လာလီဂါ)
ရီးယဲလ်အသင်း၏ အကြီးမားဆုံး နိုင်ပွဲ – ရီးယဲလ် ၁၁-၁ ဘာစီလိုနာ (၁၉-၆-၁၉၄၃ စပိန်ဘုရင့်ဖလား)

ဘာစီလိုနာ-ရီးယဲလ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် နာမည်ကျော်ကစားသမားများ

ဘန်ရှုးစတား၊ မိုက်ကယ်လောဒရပ်၊ လူးဝစ်ဖီဂို၊ ရော်နယ်လ်ဒို၊ ဆာဗီယိုလာ၊ ဂျော်ဂျီဟာဂီ၊ လူးဝစ်အင်းနရစ်၊ အီတူး

REF:Wikipedia
Photos:Twitter
Naing Linn (Akhayar)
www.akhayar.com