[Zawgyi]

City Mart Supermarket ရဲ႕ ၂၂ ႏွစ္ျပည့္ အထိမ္းအမွတ္ အထူးေစ်းေရာင္းပြဲေတာ္ႀကီး က်င္းပၿပီ

City Mart Supermarket ရဲ႕ ၂၂ ႏွစ္ျပည့္ အထိမ္းအမွတ္ အထူးေစ်းေရာင္းပြဲေတာ္ႀကီးကို ၾသဂုတ္လ ( ၂ )ရက္ေန႕ က  ( ၁၅ ) ရက္ေန႔အထိ ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕မွာရွိတဲ့ City Mart Supermarket ဆိုင္ခြဲအားလံုးမွာ က်င္းပျပဳလုပ္သြားမွာဖစ္ပါတယ္။ City Mart Supermarket ရဲ႕ “ေစ်း၀ယ္သူမိဘျပည္သူမ်ား၏ အႀကိဳက္ဆံုးေသာ ေစ်း၀ယ္စင္တာျဖစ္ေစရန္” ဆုိတဲ့ ေဆာင္ပုဒ္ႏွင့္အညီ City Mart Supermarkt တိုင္းမွာ အေကာင္းဆံုးကုန္ပစၥည္းေတြကို အမ်ဳိးအစားစံုလင္မႈ၊ သန္႔ရွင္းလတ္ဆတ္မႈ၊ အရည္အေသြးေကာင္းမြန္မႈ၊ သင့္တင့္မွ်တတဲ့ ေစ်းႏႈန္းမ်ား စတဲ့ ေစ်း၀ယ္သူေတြရဲ႕ လိုအပ္ခ်က္ေတြကို တစ္ေနရာတည္းမွာ စံုစံုလင္လင္ ၀ယ္ယူျဖည့္ဆည္းေပးႏိုင္ဖုိ႔ ရည္ရြယ္ၿပီး City Mart Suermarket ေတြကို ဖြင့္လွစ္ရတာျဖစ္ပါတယ္။

ပထမဆံုး City Mart Supermarket ကုိ ၁၉၉၆ ခုႏွစ္ ရန္ကုန္ၿမိဳ႕ ေအာင္ဆန္းကြင္းမွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ယခုအခါ ျမန္မာႏိုင္ငံရွိ ရန္ကုန္ ၊ မႏ ၱေလး ၊ ၿမိဳ႕ႀကီး ( ၂ )ၿမိဳ႕တြင္ ဆိုင္ခြဲေပါင္း( ၂၄ )ဆိုင္ ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕  ေစ်းကြက္ေ၀စုအမ်ားဆံုးရရွိထားတဲ့ Supermarket တစ္ခု အျဖစ္ရပ္တည္ေနၿပီး ေန႔စဥ္၀ယ္ယူသူ (၁၀၀,၀၀၀) ေက်ာ္ကုိ ၀န္ေဆာင္မႈေပးေနပါတယ္။ ယခု ၂၀၁၈ ခုႏွစ္မွာလည္း  Loyalty Program သစ္တစ္ခုနဲ႔ ဆန္းသစ္တီထြင္တဲ့ ေစ်း၀ယ္မႈအေတြ႔အၾကံဳသစ္ေတြကို ၀န္ေဆာင္မႈေပးႏိုင္ဖုိ႔ စီစဥ္ေနပါတယ္။

City Mart Supermarket ရဲ႕ (၂၂) ႏွစ္ျပည့္ အထိမ္းအမွတ္ ေစ်းေရာင္းပြဲေတာ္မွာ ေစ်း၀ယ္သူမိဘျပည္သူေတြကုိ ေက်းဇူးတံု႔ျပန္တဲ့အေနနဲ႔ ပရိုမိုးရွင္းကာလကို ၾသဂုတ္လ ( ၂ )ရက္ေန႕ မွ ( ၁၅ ) ရက္ေန႔အထိ သတ္မွတ္ထားၿပီး 22nd Anniversary Promotion ပစၥည္းေတြ ၀ယ္ယူမႈတိုင္းအတြက္ 22% အထိ Discount ေတြနဲ႔ ဆုလက္ေဆာင္ေတြရရွိႏိုင္မယ့္အျပင္ က်ပ္ငါးေသာင္းဖုိးနဲ႔အထက္ ၀ယ္ယူသူတုိင္းအတြက္ က်ပ္(၂,၀၀၀)တန္ ေစ်း၀ယ္ခြင့္ ကူပြန္ေတြ ေပးအပ္သြားမွာျဖစ္ပါတယ္။

စားသံုးသူမိဘျပည္သူေတြရဲ႕  အစဥ္အျမဲအားေပးမႈနဲ႔ မိတ္ဖက္ကုမၸဏီေတြရဲ႕  စဥ္ဆက္မျပတ္ပံ့ပိုးမႈေတြေၾကာင့္ “City Mart Supermarket” အေနနဲ႔ ဆယ္စုႏွစ္ႏွစ္စုေက်ာ္တဲ့ အခ်ိန္ကာလတစ္ခုကို ျဖတ္ေက်ာ္လာႏိုင္ခဲ့ၿပီး ယခုလို (၂၂) ႏွစ္ျပည့္ အထိမ္းအမွတ္ ေစ်းေရာင္းပြဲေတာ္ႀကီးကို က်င္းပျပဳလုပ္ႏိုင္တာ ျဖစ္ပါတယ္။ City Mart Supermarket ရဲ႕ (၂၂) ႏွစ္ျပည့္ အထိမ္းအမွတ္အေနနဲ႔ ေစ်း၀ယ္သူမိဘျပည္သူေတြအတြက္ အထူးပရိုမိုးရွင္းေတြ၊ ကံစမ္းမဲအစီအစဥ္ေတြလည္း စီစဥ္ထားရွိပါတယ္။ City Mart Supermarket အေနနဲ႔ ဆိုင္ခြဲေတြ ပိုမိုတိုးခ်ဲ႔ဖြင့္လွစ္ၿပီး ရန္ကုန္နဲ႔ မႏၱေလးမွာရွိတဲ့ စားသံုးသူမိဘျပည္သူေတြကုိ စိတ္ေက်နပ္ႏွစ္သက္မႈရရွိေစတဲ့ ၀န္ေဆာင္မႈေကာင္းေတြနဲ႔  ဆန္းသစ္တီထြင္ၿပီး ေစ်း၀ယ္မႈ အေတြ႕အၾကံဳသစ္ေတြ ေပးစြမ္းႏိုင္ဖုိ႔ အစဥ္အၿမဲ ႀကိဳးပမ္းလ်က္ရွိတဲ့အျပင္ မိမိတို႔ရဲ႕ လူမႈအဖြဲ႔အစည္းအတြက္ ျပန္လည္အက်ဳိးျပဳႏိုင္မယ့္ လုပ္ငန္းေတြကိုလည္း အေလးထားေဆာင္ရြက္လ်က္ရွိပါတယ္။

အခရာ (www.akhayar.com)

[Unicode]

City Mart Supermarket ရဲ့ ၂၂ နှစ်ပြည့် အထိမ်းအမှတ် အထူးဈေးရောင်းပွဲတော်ကြီး ကျင်းပပြီ

City Mart Supermarket ရဲ့ ၂၂ နှစ်ပြည့် အထိမ်းအမှတ် အထူးဈေးရောင်းပွဲတော်ကြီးကို သြဂုတ်လ ( ၂ )ရက်နေ့ က  ( ၁၅ ) ရက်နေ့အထိ ရန်ကုန်နဲ့ မန္တလေးမြို့မှာရှိတဲ့ City Mart Supermarket ဆိုင်ခွဲအားလုံးမှာ ကျင်းပပြုလုပ်သွားမှာဖစ်ပါတယ်။ City Mart Supermarket ရဲ့ “ဈေးဝယ်သူမိဘပြည်သူများ၏ အကြိုက်ဆုံးသော ဈေးဝယ်စင်တာဖြစ်စေရန်” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ City Mart Supermarkt တိုင်းမှာ အကောင်းဆုံးကုန်ပစ္စည်းတွေကို အမျိုးအစားစုံလင်မှု၊ သန့်ရှင်းလတ်ဆတ်မှု၊ အရည်အသွေးကောင်းမွန်မှု၊ သင့်တင့်မျှတတဲ့ ဈေးနှုန်းများ စတဲ့ ဈေးဝယ်သူတွေရဲ့ လိုအပ်ချက်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ဝယ်ယူဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး City Mart Suermarket တွေကို ဖွင့်လှစ်ရတာဖြစ်ပါတယ်။

ပထမဆုံး City Mart Supermarket ကို ၁၉၉၆ ခုနှစ် ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံရှိ ရန်ကုန် ၊ မန ္တလေး ၊ မြို့ကြီး ( ၂ )မြို့တွင် ဆိုင်ခွဲပေါင်း( ၂၄ )ဆိုင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့  ဈေးကွက်ဝေစုအများဆုံးရရှိထားတဲ့ Supermarket တစ်ခု အဖြစ်ရပ်တည်နေပြီး နေ့စဉ်ဝယ်ယူသူ (၁၀၀,၀၀၀) ကျော်ကို ဝန်ဆောင်မှုပေးနေပါတယ်။ ယခု ၂၀၁၈ ခုနှစ်မှာလည်း  Loyalty Program သစ်တစ်ခုနဲ့ ဆန်းသစ်တီထွင်တဲ့ ဈေးဝယ်မှုအတွေ့အကြုံသစ်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ စီစဉ်နေပါတယ်။

City Mart Supermarket ရဲ့ (၂၂) နှစ်ပြည့် အထိမ်းအမှတ် ဈေးရောင်းပွဲတော်မှာ ဈေးဝယ်သူမိဘပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပရိုမိုးရှင်းကာလကို သြဂုတ်လ ( ၂ )ရက်နေ့ မှ ( ၁၅ ) ရက်နေ့အထိ သတ်မှတ်ထားပြီး 22nd Anniversary Promotion ပစ္စည်းတွေ ဝယ်ယူမှုတိုင်းအတွက် 22% အထိ Discount တွေနဲ့ ဆုလက်ဆောင်တွေရရှိနိုင်မယ့်အပြင် ကျပ်ငါးသောင်းဖိုးနဲ့အထက် ဝယ်ယူသူတိုင်းအတွက် ကျပ်(၂,၀၀၀)တန် ဈေးဝယ်ခွင့် ကူပွန်တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။

စားသုံးသူမိဘပြည်သူတွေရဲ့  အစဉ်အမြဲအားပေးမှုနဲ့ မိတ်ဖက်ကုမ္ပဏီတွေရဲ့  စဉ်ဆက်မပြတ်ပံ့ပိုးမှုတွေကြောင့် “City Mart Supermarket” အနေနဲ့ ဆယ်စုနှစ်နှစ်စုကျော်တဲ့ အချိန်ကာလတစ်ခုကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး ယခုလို (၂၂) နှစ်ပြည့် အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကြီးကို ကျင်းပပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ City Mart Supermarket ရဲ့ (၂၂) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဈေးဝယ်သူမိဘပြည်သူတွေအတွက် အထူးပရိုမိုးရှင်းတွေ၊ ကံစမ်းမဲအစီအစဉ်တွေလည်း စီစဉ်ထားရှိပါတယ်။ City Mart Supermarket အနေနဲ့ ဆိုင်ခွဲတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်ပြီး ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ စားသုံးသူမိဘပြည်သူတွေကို စိတ်ကျေနပ်နှစ်သက်မှုရရှိစေတဲ့ ဝန်ဆောင်မှုကောင်းတွေနဲ့  ဆန်းသစ်တီထွင်ပြီး ဈေးဝယ်မှု အတွေ့အကြုံသစ်တွေ ပေးစွမ်းနိုင်ဖို့ အစဉ်အမြဲ ကြိုးပမ်းလျက်ရှိတဲ့အပြင် မိမိတို့ရဲ့ လူမှုအဖွဲ့အစည်းအတွက် ပြန်လည်အကျိုးပြုနိုင်မယ့် လုပ်ငန်းတွေကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါတယ်။

အခရာ (www.akhayar.com)