[Zawgyi]

ဂ်ာနယ္လစ္ Jamal Khashoggi ကို ႏႈတ္ပိတ္ပစ္ဖို႔ အမိန္႔ေပးခဲ့တာ ဘယ္သူလဲ

ေဆာ္ဒီအိမ္ေရွ႕မင္းသား Mohammed Bin Salman က ဂ်ာနယ္လစ္ Jamal Khashoggi ကို ခ်က္ခ်င္းႏႈတ္ပိတ္ပစ္ဖို႔ အမိန္႔ေပးေနတဲ့ ဖုန္းေခၚဆိုမႈမွတ္တမ္းကို CIA က ရရွိထားတယ္လို႔ တူရကီသတင္းဝက္ဘ္ဆိုဒ္တစ္ခုက ထုတ္ေဖာ္ခဲ့ပါတယ္။

Khashoggi

Khashoggi

CIA Director ျဖစ္တဲ့ Gina Haspel ဟာ အိမ္ေရွ႕မင္းသား Mohammed နဲ႔ သူ႔ရဲ႕ ညီေလး၊ အေမရိကန္ႏုိင္ငံဆုိင္ရာ ေဆာ္ဒီသံအမတ္ Khaled bin Salman တို႔ ၾကားက ဖုန္းေခၚဆိုမႈကို ရထားတာ ျဖစ္တယ္လို႔ ေျပာဆုိခဲ့ပါတယ္။

Hurriyet သတင္းဝက္ဘ္ဆုိဒ္မွာေတာ့ “CIA ရဲ႕ ဖုန္းၾကားျဖတ္နားေထာင္မႈမွာ ေဆာ္ဒီအိမ္ေရွ႕မင္းသားက Jamal Khashoggi ကို ျဖစ္ႏုိ္င္သမွ် ျမန္ျမန္ႏႈတ္ပိတ္ပစ္ဖို႔ ေျပာထားတဲ့ စကားသံပါဝင္တယ္” လို႔ ေဖာ္ျပထားပါတယ္။ “ေနာက္ဆက္တြဲလူသတ္မႈဟာ ဒီအမိန္႔အတည္ျပဳမႈေၾကာင့္ျဖစ္လာရတယ္လို႔ပါ ဆက္လက္ေဖာ္ျပထားပါတယ္။

ေဆာ္ဒီအိမ္ေရွ႕မင္းသားနဲ႔ သူတို႔ ညီအစ္ကိုေတာ္ႏွစ္ေယာက္ဟာ Washington Post သတင္းေထာက္ Jamal Khashoggi ရဲ႕ ေဝဖန္ေရးသားမႈေတြကို သေဘာမေတြ႔ၾကဘူးလို႔လည္း သိရပါတယ္။ တူရကီအရာရွိတစ္ေယာက္ကေတာ့ ဒီမွတ္တမ္းနဲ႔ ပက္သက္လို႔ သူတို႔မွာ ဘာသတင္းအခ်က္အလက္မွ မရွိဘူးလို႔ ေျပာဆုိခဲ့ပါတယ္။

ဂ်ာနယ္လစ္ Khashoggi ဟာ မင္းသား Mohammed ကို သိသိသာသာေဝဖန္သူတစ္ဦးျဖစ္ျပီး တူရကီႏုိင္ငံ၊ အစၥတန္ဘူလ္ျမိဳ႕မွာရွိတဲ့ ေဆာ္ဒီေကာင္စစ္ဝန္ရံုးမွာ ေအာက္တိုဘာလ ၂ ရက္ေန႔က လုပ္ၾကံသတ္ျဖတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

Khashoggi ရဲ႕ ဇနီးေလာင္း

Khashoggi ရဲ႕ ဇနီးေလာင္း

ဒီလို တယ္လီဖုန္းမွတ္တမ္းေတြ႔တယ္လို႔ သတင္းေပါက္ၾကားမႈဟာ သမၼတၾကီး Donald Trump က ဒီလူသတ္မႈအတြက္ ေဆာ္ဒီအာေရဗ်ႏုိင္ငံအေပၚကို ထပ္မံအျပစ္ေပးတာေတြ လုပ္မွာ မဟုတ္ဘူးလို႔ ထုတ္ျပန္စာထြက္အပီးမွာ ထြက္ရွိလာတာ ျဖစ္ပါတယ္။

Mohammed bin Salman နဲ႔ Trump

Mohammed bin Salman နဲ႔ Trump

တူရကီမီဒီယာေတြဟာ Khashoggi အသတ္ခံရမႈအတြက္ ရသမွ် သတင္းအခ်က္အလက္ေတြကို တစ္စ တစ္စထုတ္ေဖာ္ေနတာ ျဖစ္ျပီး ေဆာ္ဒီဘက္ကိုေရာ အေမရိကန္ႏိုင္ငံဘက္ကုိပါ ေျဖရွင္းဖို႔ ဖိအားေတြ ေပးေနခဲ့ပါတယ္။ ေဆာ္ဒီဘက္ကေတာ့ အစပိုင္းမွာ ဂ်ာနယ္လစ္ေပ်ာက္ဆံုးမႈအတြက္ ႏႈတ္ဆိတ္ေနျပီး Khashoggi ဟာ ေကာင္စစ္ဝန္ရံုးက အရာရွိေတြနဲ႔ ခဏေတြ႔ျပီး ျပန္ထြက္သြားတယ္လို႔ေတာင္ ေျပာခဲ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူတို႔ရဲ႕ ေျပာၾကားခ်က္ေတြဟာ ကေပါက္တိကေပါက္ခ်ာဆန္လာျပီး Khashoggi ဟာ မွားျပီး အသတ္ခံရတယ္ဆိုတာက တစ္မ်ိဳး၊ ဒီလရဲ႕ အေစာပိုင္းမွာေတာ့ Khashoggi ကို ႏုိင္ငံျပန္လာဖို႔ စည္းရံုးလို႔ မရတဲ့အခါ သတ္လိုက္ျပီး တစ္စစီျဖတ္ေတာက္စြန္႔ပစ္ခဲ့တ္ယ္လို႔ ဝန္ခံခဲ့ၾကပါတယ္။

ေဆာ္ဒီႏုိင္ငံျခားေရးဝန္ၾကီး Adel al-Jubier ကေတာ့ BBC ကို “မင္းသား Mohammed ကို ဒီလူသတ္မႈအတြက္ တာဝန္ရွိေၾကာင္းေျပာဆုိတာမ်ိဳးကို သည္းခံမွာ မဟုတ္ဘူး” လုိ႔ ေျပာၾကားခဲ့ပါတယ္။ Khashoggi ရဲ႕ ျဖစ္စဥ္ကေတာ့ တျဖည္းျဖည္းရုပ္လံုးေပၚလာျပီ ျဖစ္ျပီး တကယ္တာဝန္ရွိသူေတြကပဲ တာဝန္ခံမလား ဒါမွမဟုတ္ ေဆာ္ဒီနဲ႔ မဟာမိတ္ျဖစ္တဲ့ အေမရိကန္အတြက္ေတာ့ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆုိခြင့္ကို ကာကြယ္တာမ်ိဳးကိုပဲ ေရြးမလား၊ မဟာမိတ္ၾကီးကိုပဲ ေရြးမလား ေစာင့္ၾကည့္ရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Source : telegraph.co.uk
[Unicode]

ဂျာနယ်လစ် Jamal Khashoggi ကို နှုတ်ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့တာ ဘယ်သူလဲ

ဆော်ဒီအိမ်ရှေ့မင်းသား Mohammed Bin Salman က ဂျာနယ်လစ် Jamal Khashoggi ကို ချက်ချင်းနှုတ်ပိတ်ပစ်ဖို့ အမိန့်ပေးနေတဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို CIA က ရရှိထားတယ်လို့ တူရကီသတင်းဝက်ဘ်ဆိုဒ်တစ်ခုက ထုတ်ဖော်ခဲ့ပါတယ်။

Khashoggi

Khashoggi

CIA Director ဖြစ်တဲ့ Gina Haspel ဟာ အိမ်ရှေ့မင်းသား Mohammed နဲ့ သူ့ရဲ့ ညီလေး၊ အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ် Khaled bin Salman တို့ ကြားက ဖုန်းခေါ်ဆိုမှုကို ရထားတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Hurriyet သတင်းဝက်ဘ်ဆိုဒ်မှာတော့ “CIA ရဲ့ ဖုန်းကြားဖြတ်နားထောင်မှုမှာ ဆော်ဒီအိမ်ရှေ့မင်းသားက Jamal Khashoggi ကို ဖြစ်နိုင်သမျှ မြန်မြန်နှုတ်ပိတ်ပစ်ဖို့ ပြောထားတဲ့ စကားသံပါဝင်တယ်” လို့ ဖော်ပြထားပါတယ်။ “နောက်ဆက်တွဲလူသတ်မှုဟာ ဒီအမိန့်အတည်ပြုမှုကြောင့်ဖြစ်လာရတယ်လို့ပါ ဆက်လက်ဖော်ပြထားပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ သူတို့ ညီအစ်ကိုတော်နှစ်ယောက်ဟာ Washington Post သတင်းထောက် Jamal Khashoggi ရဲ့ ဝေဖန်ရေးသားမှုတွေကို သဘောမတွေ့ကြဘူးလို့လည်း သိရပါတယ်။ တူရကီအရာရှိတစ်ယောက်ကတော့ ဒီမှတ်တမ်းနဲ့ ပက်သက်လို့ သူတို့မှာ ဘာသတင်းအချက်အလက်မှ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဂျာနယ်လစ် Khashoggi ဟာ မင်းသား Mohammed ကို သိသိသာသာဝေဖန်သူတစ်ဦးဖြစ်ပြီး တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အောက်တိုဘာလ ၂ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Khashoggi ရဲ့ ဇနီးလောင်း

Khashoggi ရဲ့ ဇနီးလောင်း

ဒီလို တယ်လီဖုန်းမှတ်တမ်းတွေ့တယ်လို့ သတင်းပေါက်ကြားမှုဟာ သမ္မတကြီး Donald Trump က ဒီလူသတ်မှုအတွက် ဆော်ဒီအာရေဗျနိုင်ငံအပေါ်ကို ထပ်မံအပြစ်ပေးတာတွေ လုပ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်စာထွက်အပီးမှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။

Mohammed bin Salman နဲ့ Trump

Mohammed bin Salman နဲ့ Trump

တူရကီမီဒီယာတွေဟာ Khashoggi အသတ်ခံရမှုအတွက် ရသမျှ သတင်းအချက်အလက်တွေကို တစ်စ တစ်စထုတ်ဖော်နေတာ ဖြစ်ပြီး ဆော်ဒီဘက်ကိုရော အမေရိကန်နိုင်ငံဘက်ကိုပါ ဖြေရှင်းဖို့ ဖိအားတွေ ပေးနေခဲ့ပါတယ်။ ဆော်ဒီဘက်ကတော့ အစပိုင်းမှာ ဂျာနယ်လစ်ပျောက်ဆုံးမှုအတွက် နှုတ်ဆိတ်နေပြီး Khashoggi ဟာ ကောင်စစ်ဝန်ရုံးက အရာရှိတွေနဲ့ ခဏတွေ့ပြီး ပြန်ထွက်သွားတယ်လို့တောင် ပြောခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူတို့ရဲ့ ပြောကြားချက်တွေဟာ ကပေါက်တိကပေါက်ချာဆန်လာပြီး Khashoggi ဟာ မှားပြီး အသတ်ခံရတယ်ဆိုတာက တစ်မျိုး၊ ဒီလရဲ့ အစောပိုင်းမှာတော့ Khashoggi ကို နိုင်ငံပြန်လာဖို့ စည်းရုံးလို့ မရတဲ့အခါ သတ်လိုက်ပြီး တစ်စစီဖြတ်တောက်စွန့်ပစ်ခဲ့တ်ယ်လို့ ဝန်ခံခဲ့ကြပါတယ်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Adel al-Jubier ကတော့ BBC ကို “မင်းသား Mohammed ကို ဒီလူသတ်မှုအတွက် တာဝန်ရှိကြောင်းပြောဆိုတာမျိုးကို သည်းခံမှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ Khashoggi ရဲ့ ဖြစ်စဉ်ကတော့ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီ ဖြစ်ပြီး တကယ်တာဝန်ရှိသူတွေကပဲ တာဝန်ခံမလား ဒါမှမဟုတ် ဆော်ဒီနဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်အတွက်တော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တာမျိုးကိုပဲ ရွေးမလား၊ မဟာမိတ်ကြီးကိုပဲ ရွေးမလား စောင့်ကြည့်ရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Source : telegraph.co.uk