[Zawgyi]

Khashoggi သုတ္သင္ခံရမႈဟာ ေဆာ္ဒီအိမ္ေရွ႕စံရဲ႕ အမိန္႔ပါဝင္တယ္လို႔ မွတ္ခ်က္ခ်လိုက္တဲ့ CIA

အေမရိကန္ျပည္ေထာင္စုဟာေတာ့ သတင္းေထာက္ Jamal Khashoggi သတ္ျဖတ္ခံရမႈအတြက္ အဆံုးသတ္သံုးသပ္ခ်က္ခ်ဖို႔ တျဖည္းျဖည္းနီးလာခဲ့ျပီ ျဖစ္ပါတယ္။ သတင္းေတြရဲ႕ အဆုိအရေတာ့ CIA ဟာ ဒီကိစၥကို ေဆာ္ဒီအိမ္ေရွ႕မင္းသား အမိန္႔ေပးခဲ့တယ္လို႔ ယံုၾကည္ေနပါတယ္။

ဒါေပမယ့္ မေျဖရွငး္ႏုိင္ေသးတဲ့ ေမးခြန္းေတြလည္း က်န္ေသးတယ္လို႔ ဆုိခဲ့ပါတယ္။ သတင္းရင္းျမစ္ေတြအဆိုအရေတာ့ CIA က ဒီအမႈကို အိမ္ေရွ႕မင္းသား Mohammed bin Salman ခြင့္ျပဳခ်က္မရဘဲ လူသတ္သမားက လုပ္ေဆာင္တယ္ဆိုတာ နည္းနည္းမွ မျဖစ္ႏုိ္င္ဘူးလို႔ ယူဆပါတယ္။

mohammed bin salman

mohammed bin salman

ေဆာ္ဒီအာေရဗ်ဘက္ကေတာ့ ဒီသတင္းေတြကို ျငင္းဆိုေနတုန္းပါပဲ။ ေဆာ္ဒီအစုိးရကို ေပၚေပၚထင္ထင္ေဝဖန္ေလ့ရွိတဲ့ Khashoggi ဟာ ေအာက္တိုဘာလ ၂ ရက္ေန႔မွာ တူရကီႏုိင္ငံ အစၥတန္ဘူလ္ျမိဳ႕မွာရွိတဲ့ ေဆာ္ဒီေကာင္စစ္ဝန္ရံုးထဲကို ေရာက္သြားျပီးတည္းက အစအနေပ်ာက္သြားခဲ့တာ ျဖစ္ပါတယ္။

ဒီအမႈအတြက္ လူေပါင္း ၁၁ဦးေလာက္ကို တရားစြဲခဲ့ျပီး အဲဒီထဲက ၅ဦးေလာက္ကေတာ့ ေသဒဏ္ေပးဖို႔အထိ စြဲဆိုထားပါတယ္။

CIA ရဲ႕ ဒီေဖာ္ထုတ္ခ်က္ေတြဟာ ဘာကို အေျခခံပါသလဲ

Khashoggi အလုပ္လုပ္ခဲ့တဲ့ The Washington Post ရဲ႕ အဆိုအရေတာ့ CIA ရဲ႕ တင္ျပခ်က္ဟာ ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ႕ ညီ ၊ အေမရိကန္ႏုိင္ငံဆုိင္ရာ ေဆာ္ဒီသံအမတ္ မင္းသား Khalid bin Salman ရဲ႕ ဖုန္းေခၚဆိုမႈတစ္ခုကေန အေျခခံတယ္လို႔ ဆုိပါတယ္။

Khalid bin Salman

Khalid bin Salman

မင္းသား Khalid ဟာ Khashoggi ကို သူ႔အစ္ကိုရဲ႕ ညႊန္ၾကားမႈအရဖုန္းေခၚခဲ့ျပီး Khashoggi ဟာ ေကာင္စစ္ဝန္ရံုးထဲကို စိတ္ခ်လက္ခ်လာခဲ့လို႔ ရေၾကာင္း အာမခံခ်က္ေပးခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။ မင္းသား Khalid ဟာ လက္ရွိမွာေတာ့ ေဆာ္ဒီအာေရဗ်ႏုိင္ငံမွာပဲ ရွိျပီး သူနဲ႔ သူ႔အကို Mohammed bin Salman တုိ႔ အဆက္အသြယ္မရွိတာ တစ္ႏွစ္နီးပါးရွိျပီလို႔ Twitter မွာ တင္ခဲ့ပါေသးတယ္။

သူက လန္ဒန္မွာ Conference တစ္ခုအတြက္ေရာက္ေနတဲ့ Khashoggi ကို တူရကီကို လာသင့္တယ္လို႔ တစ္ခါမွ မေျပာဖူးေၾကာင္းဆုိပါတယ္။

သတင္းေတြရဲ႕ အဆုိအရေတာ့ Khashoggi သတ္ျဖတ္ခံရမႈဟာ ေဆာ္ဒီအိမ္ေရွ႕မင္းသားနဲ႔ တုိက္ရိုက္ပက္သက္ေနတယ္လို႔ သက္ေသအေထာက္အထားတစ္စံုတစ္ရာမရွိေပမယ့္ အာဏာပုိင္ေတြကေတာ့ ဒီလို သတ္ျဖတ္မႈဟာ မင္းသားရဲ႕ အမိန္႔မပါဘဲ လုပ္လို႔ မရဘူးလို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

ဒီအစီရင္ခံစာကို အိမ္ျဖဴေတာ္က ထုတ္ျပန္မွာလား

ဒီအေၾကာင္းကို မထုတ္ျပန္ေသးဘဲ ဆက္လက္စံုစမ္းေနဆဲျဖစ္ျပီး သမၼတၾကီး Donald Trump ဟာ CIA အေပၚေတာ့ ယံုၾကည္မႈရွိတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အေမရိကန္နဲ႔ ေဆာ္ဒီအာေရဗ်ဆိုတာ မဟာမိတ္ေတြ ျဖစ္တဲ့အတြက္ သူ႔မွာလည္း ထည့္သြင္းစဥ္းစားစရာေတြ အမ်ားၾကီးရွိေနပါတယ္။

www.akhayar.com
[Unicode]

Khashoggi သုတ်သင်ခံရမှုဟာ ဆော်ဒီအိမ်ရှေ့စံရဲ့ အမိန့်ပါဝင်တယ်လို့ မှတ်ချက်ချလိုက်တဲ့ CIA

အမေရိကန်ပြည်ထောင်စုဟာတော့ သတင်းထောက် Jamal Khashoggi သတ်ဖြတ်ခံရမှုအတွက် အဆုံးသတ်သုံးသပ်ချက်ချဖို့ တဖြည်းဖြည်းနီးလာခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေရဲ့ အဆိုအရတော့ CIA ဟာ ဒီကိစ္စကို ဆော်ဒီအိမ်ရှေ့မင်းသား အမိန့်ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမယ့် မဖြေရှင်းနိုင်သေးတဲ့ မေးခွန်းတွေလည်း ကျန်သေးတယ်လို့ ဆိုခဲ့ပါတယ်။ သတင်းရင်းမြစ်တွေအဆိုအရတော့ CIA က ဒီအမှုကို အိမ်ရှေ့မင်းသား Mohammed bin Salman ခွင့်ပြုချက်မရဘဲ လူသတ်သမားက လုပ်ဆောင်တယ်ဆိုတာ နည်းနည်းမှ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

mohammed bin salman

mohammed bin salman

ဆော်ဒီအာရေဗျဘက်ကတော့ ဒီသတင်းတွေကို ငြင်းဆိုနေတုန်းပါပဲ။ ဆော်ဒီအစိုးရကို ပေါ်ပေါ်ထင်ထင်ဝေဖန်လေ့ရှိတဲ့ Khashoggi ဟာ အောက်တိုဘာလ ၂ ရက်နေ့မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ရောက်သွားပြီးတည်းက အစအနပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုအတွက် လူပေါင်း ၁၁ဦးလောက်ကို တရားစွဲခဲ့ပြီး အဲဒီထဲက ၅ဦးလောက်ကတော့ သေဒဏ်ပေးဖို့အထိ စွဲဆိုထားပါတယ်။

CIA ရဲ့ ဒီဖော်ထုတ်ချက်တွေဟာ ဘာကို အခြေခံပါသလဲ

Khashoggi အလုပ်လုပ်ခဲ့တဲ့ The Washington Post ရဲ့ အဆိုအရတော့ CIA ရဲ့ တင်ပြချက်ဟာ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ညီ ၊ အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ် မင်းသား Khalid bin Salman ရဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ အခြေခံတယ်လို့ ဆိုပါတယ်။

Khalid bin Salman

Khalid bin Salman

မင်းသား Khalid ဟာ Khashoggi ကို သူ့အစ်ကိုရဲ့ ညွှန်ကြားမှုအရဖုန်းခေါ်ခဲ့ပြီး Khashoggi ဟာ ကောင်စစ်ဝန်ရုံးထဲကို စိတ်ချလက်ချလာခဲ့လို့ ရကြောင်း အာမခံချက်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ မင်းသား Khalid ဟာ လက်ရှိမှာတော့ ဆော်ဒီအာရေဗျနိုင်ငံမှာပဲ ရှိပြီး သူနဲ့ သူ့အကို Mohammed bin Salman တို့ အဆက်အသွယ်မရှိတာ တစ်နှစ်နီးပါးရှိပြီလို့ Twitter မှာ တင်ခဲ့ပါသေးတယ်။

သူက လန်ဒန်မှာ Conference တစ်ခုအတွက်ရောက်နေတဲ့ Khashoggi ကို တူရကီကို လာသင့်တယ်လို့ တစ်ခါမှ မပြောဖူးကြောင်းဆိုပါတယ်။

သတင်းတွေရဲ့ အဆိုအရတော့ Khashoggi သတ်ဖြတ်ခံရမှုဟာ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ တိုက်ရိုက်ပက်သက်နေတယ်လို့ သက်သေအထောက်အထားတစ်စုံတစ်ရာမရှိပေမယ့် အာဏာပိုင်တွေကတော့ ဒီလို သတ်ဖြတ်မှုဟာ မင်းသားရဲ့ အမိန့်မပါဘဲ လုပ်လို့ မရဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို အိမ်ဖြူတော်က ထုတ်ပြန်မှာလား

ဒီအကြောင်းကို မထုတ်ပြန်သေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သမ္မတကြီး Donald Trump ဟာ CIA အပေါ်တော့ ယုံကြည်မှုရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဆော်ဒီအာရေဗျဆိုတာ မဟာမိတ်တွေ ဖြစ်တဲ့အတွက် သူ့မှာလည်း ထည့်သွင်းစဉ်းစားစရာတွေ အများကြီးရှိနေပါတယ်။

www.akhayar.com