ထိုင္းနိုင္ငံက တြန္းလွည္းေလးေတြနဲ႕ Thai Chysee ၿမန္မာနိုင္ငံတြင္ လာေရာက္ေရာင္းခ်

ထိုင္းနိုင္ငံက တြန္းလွည္းေလးေတြနဲ႕ Thai Chysee ၿမန္မာနိုင္ငံတြင္ လာေရာက္ေရာင္းခ်

ေပါ့ေပါ့ပါးပါးနွင့္ လြယ္ကူၿမန္ဆန္ခ်က္ၿပဳတ္ေပးတဲ႕ ထိုင္းနိုင္ငံက နာမည္ၾကီး တြန္လွည္းဆိုင္ေလးေတြ ၿမန္မာနိုင္ငံမွာလည္းလာေရာက္ေရာင္းခ်ေနၿပီမို့ Akhayar က ညႊန္းပါရေစ။ စက္တင္ဘာ ၂၈ ရက္က စတင္ဖြင့္လွစ္ၿပီး ေအာင္ဆန္းကြင္းအနီးမွာရယ္ လသာကမ္းနားညေစ်းမွာရယ္ တြန္းလွည္းနွစ္ခုနဲ႕ ေရာင္းခ်ေနတာပါ။ ဆိုင္ဖြင့္စမို႕ လူသိပ္မသိေသးတာရယ္ စားလို႕အဆင္ေၿပလွတာရယ္ေၾကာင့္ သြားစားခဲ႕တယ္။


ဆိုင္နာမည္က Chysee Myanmar ဘယ္ေနရာေတြမွာ ရသလဲဆို ေအာင္ဆန္းကြင္း  City Mart မ်က္ေစာင္းထိုးနားမွာ တစ္ဆိုင္(မနက္ ၉ နာရီမွ ည ၇ နာရီထိ)နဲ့ကမ္းနားလမ္း ညေစ်းတန္း ၂၅လမ္းနဲ့၂၆ လမ္းၾကားမွာ တစ္ဆိုင္(ညေန ၄ နာရီမွ ည ၁၁ နာရီထိ)ဖြင့္လွစ္ထားပါတယ္။
သူက တြန္းလွည္းနဲ႕ ဆိုင္ေလးပါ။ သန္႕သန္႕ရွင္းရွင္းနဲ႕ ေခါက္ဆြဲ၊ ထမင္းတို႕ကို အလြယ္တကူစားသံုးနိုင္ပါတယ္။ သြားစားခဲ႕တဲ႕ တစ္ခုခ်င္းစီကို ေၿပာၿပရမယ္ဆိုရင္…

ရင္တဖိုတုန္ယမ္း
ရင္တဖိုတုန္ယမ္း

ရင္တဖိုတုန္ယမ္း – ခ်ဥ္စပ္ၾကိဳက္တဲ႕သူအတြက္ အဆင္ေၿပမွာပါ။ နည္းနည္းခ်ဥ္ခ်ဥ္စပ္စပ္ေလးကို လတ္ဆတ္တဲ့ ၀က္သားနီအသားလႊာရယ္၊ ငါးတို႕ဖူးလို႕ ေခၚတဲ႕ Fish Cakeရယ္၊ ေက်ာက္ပြင့္ရယ္၊ ပဲပင္ေပါက္၊ ကန္စြန္းရြက္ေတြ ပါ၀င္မွာပါ။ ေခါက္ဆြဲသားကေတာ ဆန္ၾကာဇံ၊ ေကြ႕တယိုေခါက္ဆြဲသားနဲ႕ပါ။အေရာင္က အနီေရာင္ၿဖစ္လို႕ စားရတာ အထူးအဆန္းၿဖစ္ေနတယ္။ ပူပူေလးနဲ႕ ေကာင္းပါတယ္။
၀က္သားနီဖက္ထုပ္ေခါက္ဆြဲ နွင့္ ၀က္သားနီေခါက္ဆြဲ – ေခါက္ဆြဲသားေကာင္းလို႕ တစ္ပြဲကို အရည္၊ တစ္ပြဲကို အသုပ္စားသံုးမိတယ္။ ေခါက္ဆြဲက နူးတယ္ အိတယ္။ အလံုးေသးတယ္။ ဖက္ထုပ္ကလည္း စားေကာင္းတယ္။ အဓိက မုန္လာဥဟင္းခ်ိဳေလးကို လူတိုင္းၾကိဳက္ၾကတယ္။ မုန္လာဥအၿဖဴရဲ႕ အနံ႕ေလး သင္းပ်ံေမႊးၾကိဳင္ေနလို႕ ဟင္းရည္ နွစ္ခါေလာက္ ေတာင္းေသာက္မိတယ္။

၀က္သားနီဖက္ထုပ္ေခါက္ဆြဲ
၀က္သားနီဖက္ထုပ္ေခါက္ဆြဲ

ဒီဆိုင္က ၀န္ထမ္းေတြကို တူညီ၀တ္စံုေလးေတြ ဖန္တီးေပးထားတယ္။ ၿခင္ယင္မနားေအာင္ အသန္႕ရွင္းဆံုး ဆန္ကာေတြ မွန္ေတြနဲ႕ ဖန္တီးထားတယ္။ ၿပဳတ္ရည္အိုးၾကီးေတြက ဖြင့္လိုက္တိုင္း ေမႊးပ်ံ႕တဲ႕ အနံ႕နဲ႕ ဆြဲေဆာင္ေနပါတယ္။

ေစ်းနွဳန္းေတြက တစ္ပြဲ ၂၀၀၀ က်ပ္။ မ်ားတယ္လို႕ ေၿပာခ်င္ေပမယ့္ ၀န္ထမ္းေတြ သန္႕ရွင္းမွဳေတြကို အဓိက ဦးစားေပးထားလို႕ တန္တယ္ေၿပာပါရေစ။
(ရင္တဖိုတုန္ယမ္းကေတာ့ လူတိုင္းၾကိဳက္ခ်င္မွ ၾကိဳက္လိမ့္မယ္ေနာ္။ ေခါက္ဆြဲကို အၾကိဳက္ဆံုးလို႕ ေၿပာပါရေစ)

အခ်ဥ္အစံု
အခ်ဥ္အစံု

Rating အေနနဲ႕ေပးရရင္ေတာ့
Food – 4 Out of 5
Hygiene – 4 Out of 5
Service – 4 Out of 5
Location – 4 Out of 5
Price – 4 Out of 5
Akhayar နွင့္အတူ အစားအေသာက္ခ်စ္သူေတြ အၿမဲ ဆိုင္ေတြ အစားအေသာက္ေတြအေၾကာင္း ေနာက္လည္း ေစာင့္ေမွ်ာ္ဖတ္ရွဳ႕ေပးၾကပါေနာ္။

===========

[Unicode]

ထိုင်းနိုင်ငံက တွန်းလှည်းလေးတွေနဲ့ Thai Chysee မြန်မာနိုင်ငံတွင် လာရောက်ရောင်းချ

ပေါ့ပေါ့ပါးပါးနှင့် လွယ်ကူမြန်ဆန်ချက်ပြုတ်ပေးတဲ့ ထိုင်းနိုင်ငံက နာမည်ကြီး တွန်လှည်းဆိုင်လေးတွေ မြန်မာနိုင်ငံမှာလည်းလာရောက်ရောင်းချနေပြီမို့ Akhayar က ညွှန်းပါရစေ။ စက်တင်ဘာ ၂၈ ရက်က စတင်ဖွင့်လှစ်ပြီး အောင်ဆန်းကွင်းအနီးမှာရယ် လသာကမ်းနားညဈေးမှာရယ် တွန်းလှည်းနှစ်ခုနဲ့ ရောင်းချနေတာပါ။ ဆိုင်ဖွင့်စမို့ လူသိပ်မသိသေးတာရယ် စားလို့အဆင်ပြေလှတာရယ်ကြောင့် သွားစားခဲ့တယ်။

ဆိုင်နာမည်က Chysee Myanmar ဘယ်နေရာတွေမှာ ရသလဲဆို အောင်ဆန်းကွင်း  City Mart မျက်စောင်းထိုးနားမှာ တစ်ဆိုင်(မနက် ၉ နာရီမှ ည ၇ နာရီထိ)နဲ့ကမ်းနားလမ်း ညဈေးတန်း ၂၅လမ်းနဲ့၂၆ လမ်းကြားမှာ တစ်ဆိုင်(ညနေ ၄ နာရီမှ ည ၁၁ နာရီထိ)ဖွင့်လှစ်ထားပါတယ်။
သူက တွန်းလှည်းနဲ့ ဆိုင်လေးပါ။ သန့်သန့်ရှင်းရှင်းနဲ့ ခေါက်ဆွဲ၊ ထမင်းတို့ကို အလွယ်တကူစားသုံးနိုင်ပါတယ်။ သွားစားခဲ့တဲ့ တစ်ခုချင်းစီကို ပြောပြရမယ်ဆိုရင်…
ရင်တဖိုတုန်ယမ်း – ချဉ်စပ်ကြိုက်တဲ့သူအတွက် အဆင်ပြေမှာပါ။ နည်းနည်းချဉ်ချဉ်စပ်စပ်လေးကို လတ်ဆတ်တဲ့ ဝက်သားနီအသားလွှာရယ်၊ ငါးတို့ဖူးလို့ ခေါ်တဲ့ Fish Cakeရယ်၊ ကျောက်ပွင့်ရယ်၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်တွေ ပါဝင်မှာပါ။ ခေါက်ဆွဲသားကတော ဆန်ကြာဇံ၊ ကွေ့တယိုခေါက်ဆွဲသားနဲ့ပါ။အရောင်က အနီရောင်ဖြစ်လို့ စားရတာ အထူးအဆန်းဖြစ်နေတယ်။ ပူပူလေးနဲ့ ကောင်းပါတယ်။
ဝက်သားနီဖက်ထုပ်ခေါက်ဆွဲ နှင့် ဝက်သားနီခေါက်ဆွဲ – ခေါက်ဆွဲသားကောင်းလို့ တစ်ပွဲကို အရည်၊ တစ်ပွဲကို အသုပ်စားသုံးမိတယ်။ ခေါက်ဆွဲက နူးတယ် အိတယ်။ အလုံးသေးတယ်။ ဖက်ထုပ်ကလည်း စားကောင်းတယ်။ အဓိက မုန်လာဥဟင်းချိုလေးကို လူတိုင်းကြိုက်ကြတယ်။ မုန်လာဥအဖြူရဲ့ အနံ့လေး သင်းပျံမွှေးကြိုင်နေလို့ ဟင်းရည် နှစ်ခါလောက် တောင်းသောက်မိတယ်။

ဒီဆိုင်က ဝန်ထမ်းတွေကို တူညီဝတ်စုံလေးတွေ ဖန်တီးပေးထားတယ်။ ခြင်ယင်မနားအောင် အသန့်ရှင်းဆုံး ဆန်ကာတွေ မှန်တွေနဲ့ ဖန်တီးထားတယ်။ ပြုတ်ရည်အိုးကြီးတွေက ဖွင့်လိုက်တိုင်း မွှေးပျံ့တဲ့ အနံ့နဲ့ ဆွဲဆောင်နေပါတယ်။

ဈေးနှုန်းတွေက တစ်ပွဲ ၂၀၀၀ ကျပ်။ များတယ်လို့ ပြောချင်ပေမယ့် ဝန်ထမ်းတွေ သန့်ရှင်းမှုတွေကို အဓိက ဦးစားပေးထားလို့ တန်တယ်ပြောပါရစေ။
(ရင်တဖိုတုန်ယမ်းကတော့ လူတိုင်းကြိုက်ချင်မှ ကြိုက်လိမ့်မယ်နော်။ ခေါက်ဆွဲကို အကြိုက်ဆုံးလို့ ပြောပါရစေ)
Rating အနေနဲ့ပေးရရင်တော့
Food – 4 Out of 5
Hygiene – 4 Out of 5
Service – 4 Out of 5
Location – 4 Out of 5
Price – 4 Out of 5
Akhayar နှင့်အတူ အစားအသောက်ချစ်သူတွေ အမြဲ ဆိုင်တွေ အစားအသောက်တွေအကြောင်း နောက်လည်း စောင့်မျှော်ဖတ်ရှု့ပေးကြပါနော်။