[Zawgyi]
ေၿမနီကုန္းကေန ေရွးေဟာင္းတ႐ုတ္ျပည္ေရာက္သြားေစမယ္႔ စက္႐ုပ္ေလေပၚဝဲေခါက္ဆြဲဆိုင္ေလး

အဆန္းေနာ္။ စက္႐ုပ္ေတြေရာ၊ တ႐ုတ္နန္းတြင္း ေရွးေဟာင္းေခတ္ေရာ၊ ေခါက္ဆြဲေတြ ေလေပၚဝဲေနတာေရာ ေခါင္းစဥ္ကတင္ ထူးဆန္းေနၿပီဆိုရင္ေတာ့ ဆိုင္က ၂ဆပိုထူးဆန္းေနတာကို ေရာက္သြားရင္သိပါလိမ့္မယ္ဗ်ိဳ႕။

ရန္ကုန္မွာပထမဦးဆံုး စက္႐ုပ္ကလုပ္တဲ့ ဂ်ံဳေခါက္ဆြဲရယ္၊ ေလေပၚမွာဝဲေနတဲ့ ေခါက္ဆြဲေတြရယ္၊ ဟိုးတ႐ုတ္သိုင္းကားေတြမွာၾကည့္ခဲ့ဖူးတဲ့ တ႐ုတ္စားေသာက္ဆိုင္ဝတ္စံုေတြနဲ႔ ေခတ္ေဟာင္းစားပြဲထိုးေတြရယ္နဲ႔ ဆိုင္ထဲေရာက္ရံုတင္ ငါ တ႐ုတ္ျပည္မ်ားေရာက္သြားတာလား ထင္မိေအာင္ကို ထူးဆန္းတဲ့ဒီဆိုင္သစ္ေလး ေျမနီကုန္းကို ဘယ္တုန္းကမ်ား ဘယ္လို ဟပ္ခ်ေလာင္းဆို ေပၚလာပါလိမ့္။

ဆိုင္နာမည္က “Chuan Xiao Er” တဲ႔။ Xiao Er ဆိုတာက တ႐ုတ္လူမ်ိဳးနန္းတြင္းေခတ္စားပြဲထိုးဝန္ထမ္းေလးေတြကို ေခၚတာတဲ့။ “Chuan” ကေတာ့ သူတို႔ရွင္းျပတာပဲ။ ကိုယ့္ဟာကိုယ္ကို ေမ့သြားတာ သိရင္ေျပာျပပါဦးလို႔။

ဒီဆိုင္ေလးရဲ႕ ထူးျခားခ်က္က အျပင္ကျဖတ္သြားၾကည့္ရံုနဲ႔ လံုးဝမထင္ရတဲ့ ဆိုင္အတြင္းအျပင္ကြာဟမႈလို႔ပဲေျပာရမယ္။ အျပင္က ျဖတ္ၾကည့္ရင္ေတာ့ ပံုမွန္ဆိုင္ေလးေပါ့ေလ။ ဒါေပမယ့္ ဆိုင္ထဲဝင္ၾကည့္မွ အားပါးပါး…က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ ဝန္ထမ္းေလးေတြအကုန္လံုး နန္းတြင္းက စားပြဲထိုးဝတ္စံုေတြနဲ႔ ခံုေတြကအစ တ႐ုတ္ေရွးေဟာင္းလက္ရာပံုေတြ၊ နံရံမွာဆိုလည္း အဲ့ဒီေခတ္က ယဥ္ေက်းမႈေတြကို တ႐ုတ္ေရွးေဟာင္းစားေသာက္ဆိုင္ပံုေတြ စားပြဲထိုးေတြနဲ႔ပံုေဖာ္ထားတာ ေတာ္ေတာ့္ ေတာ္ ေတာ္ ကို မိုက္ၿပီး ဆန္းသစ္တဲ့ ဆိုင္ပါလားလို႔ အံ့ၾသမိတယ္။

အရမ္းမိုက္ အရမ္းသေဘာက်ရတာကေတာ့ ဆိုင္ညာဘက္ေထာင့္က စက္႐ုပ္ကိုလူေခ်ာေလး။ စက္႐ုပ္ေပမယ့္ ေတာ္ေတာ္ေခ်ာတာ ေႂကြခ်င္စရာေလးေပါ့ကြယ္။ အဲ့စက္႐ုပ္ေပၚ ဂ်ံဳတံုးႀကီးတင္ထားတာကို စက္ခလုတ္ဖြင့္တာနဲ႔ သူကအလိုလို လွီးေပးတာ။ ေရာက္ရင္ ေသခ်ာၾကည့္ၾကည့္ေနာ္။

မီႏူးေတြကေတာ့ အဓိကက ဝက္သားနဲ႔ ေခါက္ဆြဲပဲ။ အဲ့ဒါကိုမွ စီခြ်မ္ပံုစံ နီနီရဲရဲ ပူစပ္စပ္ေတြေရာ၊ အခ်ိဳေတြေရာေပါ့။ ေခါက္ဆြဲကို ႀကိဳက္ရာအမ်ိဳးအစားေရြးၿပီး စီခြ်မ္ဝက္သား၊ ဝက္အူႏွပ္၊ ဝက္သားၾကံမဆိုင္၊ ဝက္သားပဲႏွပ္၊ ဝက္သားခရမ္းခ်ဥ္သီးနဲ႔ အမဲသားင႐ုတ္ခ်ဥ္ ေခါက္ဆြဲေတြရတယ္။ တစ္ပြဲကို ၃၅၀၀၊ ၄၀၀၀ ေပးရတယ္။

ေနာက္ ေတာ္တန္ရံု တ႐ုတ္ဆိုင္ေတြမွာမရတဲ့ ၈မ်ိဳးဆန္ျပဳတ္ေတြ၊ မာလာေခ်ာင္းေတြ၊ ဆန္ေလွာ္ဝက္သားေပါင္းနဲ႔ ဝက္အူႏွပ္ေတြရတယ္။ အခ်ိဳပြဲဆန္းဆန္းေလးေတြရတယ္။ ေျပာရရင္ သူ႕မီႏူးအကုန္အဆန္းေတြခ်ည္းပဲ။

အခရာစားခဲ့တဲ့အရသာေလးေျပာရရင္-

ဝက္အူႏွပ္ေခါက္ဆြဲ

ဝက္သားအူကို ႏူးအိေနေအာင္ႏွပ္ထားတာေနာ္။ စီခြ်မ္အရသာနဲ႔ ေခါက္ဆြဲက ၿမီးရွည္ေခါက္ဆြဲ။ အရသာက ေပါ့တယ္။ ဒါေပမယ့္ ဝက္အူႏွပ္နဲ႔ထိန္းတယ္။ ဝက္အူက အနံ့နည္းနည္းစူးတာေတာ့ သိပ္အႀကိဳက္မေတြ႕မိဘူး။ စားရတာေတာ့ တရႊတ္ရႊတ္နဲ႔ ေပါ့ေပါ့ေလးပါပဲေပါ့။ ၃၅၀၀ ပါတဲ့။

ေလေပၚဝဲဂ်ံဳေခါက္ဆြဲ

မီနူးၾကည္႔တည္းက အဲ့ေခါက္ဆြဲကို စိတ္ဝင္စားေနတာေလ။ ေလေပၚဝဲေနေအာင္ ဘယ္လိုမ်ားလုပ္လဲေပါ့။ ေခါက္ဆြဲေတြအမာႀကီးလား၊ တူကိုေျမႇာက္ျပတာလား အေတြးေပါင္းမ်ားစြာနဲ႔သိခ်င္လြန္းလို႔ မွာလိုက္တာ ေရာက္လာမွ သူ႕ဝွက္ဖဲကိုသိၿပီး ဪဆိုု သေဘာေတြက်ရတယ္။ ဒါေလးေတာ့ ေရာက္ရင္မွာစားၾကည့္ေနာ္။ အရသာက ဂ်ံဳဆီခ်က္ေခါက္ဆြဲအခ်ိဳကိုပဲ ပဲျပဳတ္ေလးေတြ၊ ဝက္သားေလးေတြနဲ႔ လုပ္ထားတာ အရသာသိပ္မဆန္းဘူး presentation ပဲ ေတာ္ေတာ္အထာက်တာ။ စားရေတာ့ခက္သား။ေစ်းက ၄၀၀၀ တဲ့။

ဝက္အူႏွပ္

ခုနက ဝက္အူေခါက္ဆြဲထဲက ဝက္အူႏွပ္ေပါ့။ ဆီမ်ားမ်ား နီရဲရဲ အရသာေလးေလး စားလို႔ေတာ္ေတာ္ေကာင္းတယ္။ ထမင္းပူေလးနဲ႔သာစား ပူပူေလးနဲ႔ ရွယ္ပဲ။ စီခြ်မ္ဆိုေတာ့ ဆီမ်ားတာေတာ့ ေဗြမယူနဲ႔ဦးေနာ္။ ဆီမ်ားတာကိုက သူ႕႐ိုးရာကိုး။ သူက ၄၀၀၀ ပါ။

အပူေတြ၊ အစပ္ေတြေတာ့စားၿပီးၿပီ။ ဝမ္းေအးစာ အခ်ိဳပြဲေလး ခံတြင္းရွင္းေအာင္စားခ်င္ေတာ့ တ႐ုတ္မွာ တစ္ႏွစ္ကို သန္း၄၀၀ ဖိုးေရာင္းရတဲ့ တ႐ုတ္ပင္းဖန္မုန္႔လက္ေဆာင္း ေလးကို လံုးဝမွာေသာက္ေစခ်င္ပါတယ္ေနာ္။ ေစ်းကလည္း အတန္ဆံုး ေျပာရမယ္။ ၂၀၀၀ တည္းပဲရွိတယ္။ သူ႕အရသာကေလ ဘယ္လိုေျပာရမလဲဆိုေတာ့ ႏွမ္းနက္ေလးေတြ၊ ဂ်ံဳလံုးေလးေတြ၊ မုန္႔လံုးေရေပၚလိုအေစ့ေလးေတြ၊ စပ်စ္၊ ဇီးသီးေျခာက္ေလးေတြနဲ႔ တစ္ခါဝါးလိုက္ခ်ိဳေအးေလး၊ ေနာက္တလုတ္ဝါးလိုက္ ခ်ဥ္ေမႊးေလးနဲ႔ ေအးေအးခ်ိဳေပါ့ေလး ေသာက္ေကာင္းလိုက္တာဆိုတာ..။

ေၿပာရရင္ တကယ့္တ႐ုတ္ျပည္မႀကီးကအရသာအတိုင္း ျပည္မႀကီးရဲ႕ နန္းတြင္းေခတ္အျပင္အဆင္ေတြနဲ႔ လူအင္အား၊ စက္႐ုပ္အင္အားသံုးၿပီး ဆန္းဆန္းျပားျပား စြန္႔စားလာဖြင့္ထားတာ ပိုင္ရွင္ေတြကလည္း ေသခ်ာရွင္းျပတယ္။ အရသာေတြကေတာ့ ဗမာေတြအႀကိဳက္အရမ္းမဟုတ္ေပမယ့္ ေနရာအေနအထားေႁမြဖားဘာညာနဲ႔ကို သြားသင့္ေနပါၿပီေနာ္။

လိပ္စာကေတာ့ အမွတ္ ၈၆ B ရွင္ေစာပုလမ္း၊ City Mart ကပ္ရက္ေလးတင္ပဲ။ မနက္စာစားဖို႔လဲ သင့္ေတာ္တဲ့ မနက္ ၇ နာရီကေန ည ၉ နာရီထိပါတဲ့။ ဆိုင္နာမည္ေလးကေတာ့ ေသးေနတယ္။ “Chuan Xiao Er” ေနာ္။ ကဲ..ရန္ကုန္မွာ ေနၿပီး ေရွးေခတ္ျပည္မႀကီးက စားေသာက္ဆိုင္ကို သြားလည္ခ်င္ရင္ အဲ႔ေခတ္က feeling ခံစားခ်င္ရင္ ေၿမနီကုန္းတင္ သြားစားၾကည္႔ပါဦးလို႔။

ခ်စ္လွစြာေသာ

FoodieEi (Akhayar)

[Unicode]
မြေနီကုန်းကနေ ရှေးဟောင်းတရုတ်ပြည်ရောက်သွားစေမယ့် စက်ရုပ်လေပေါ်ဝဲခေါက်ဆွဲဆိုင်လေး

အဆန်းနော်။ စက်ရုပ်တွေရော၊ တရုတ်နန်းတွင်း ရှေးဟောင်းခေတ်ရော၊ ခေါက်ဆွဲတွေ လေပေါ်ဝဲနေတာရော ခေါင်းစဉ်ကတင် ထူးဆန်းနေပြီဆိုရင်တော့ ဆိုင်က ၂ဆပိုထူးဆန်းနေတာကို ရောက်သွားရင်သိပါလိမ့်မယ်ဗျို့။

ရန်ကုန်မှာပထမဦးဆုံး စက်ရုပ်ကလုပ်တဲ့ ဂျုံခေါက်ဆွဲရယ်၊ လေပေါ်မှာဝဲနေတဲ့ ခေါက်ဆွဲတွေရယ်၊ ဟိုးတရုတ်သိုင်းကားတွေမှာကြည့်ခဲ့ဖူးတဲ့ တရုတ်စားသောက်ဆိုင်ဝတ်စုံတွေနဲ့ ခေတ်ဟောင်းစားပွဲထိုးတွေရယ်နဲ့ ဆိုင်ထဲရောက်ရုံတင် ငါ တရုတ်ပြည်များရောက်သွားတာလား ထင်မိအောင်ကို ထူးဆန်းတဲ့ဒီဆိုင်သစ်လေး မြေနီကုန်းကို ဘယ်တုန်းကများ ဘယ်လို ဟပ်ချလောင်းဆို ပေါ်လာပါလိမ့်။

ဆိုင်နာမည်က “Chuan Xiao Er” တဲ့။ Xiao Er ဆိုတာက တရုတ်လူမျိုးနန်းတွင်းခေတ်စားပွဲထိုးဝန်ထမ်းလေးတွေကို ခေါ်တာတဲ့။ “Chuan” ကတော့ သူတို့ရှင်းပြတာပဲ။ ကိုယ့်ဟာကိုယ်ကို မေ့သွားတာ သိရင်ပြောပြပါဦးလို့။

ဒီဆိုင်လေးရဲ့ ထူးခြားချက်က အပြင်ကဖြတ်သွားကြည့်ရုံနဲ့ လုံးဝမထင်ရတဲ့ ဆိုင်အတွင်းအပြင်ကွာဟမှုလို့ပဲပြောရမယ်။ အပြင်က ဖြတ်ကြည့်ရင်တော့ ပုံမှန်ဆိုင်လေးပေါ့လေ။ ဒါပေမယ့် ဆိုင်ထဲဝင်ကြည့်မှ အားပါးပါး…ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဝန်ထမ်းလေးတွေအကုန်လုံး နန်းတွင်းက စားပွဲထိုးဝတ်စုံတွေနဲ့ ခုံတွေကအစ တရုတ်ရှေးဟောင်းလက်ရာပုံတွေ၊ နံရံမှာဆိုလည်း အဲ့ဒီခေတ်က ယဉ်ကျေးမှုတွေကို တရုတ်ရှေးဟောင်းစားသောက်ဆိုင်ပုံတွေ စားပွဲထိုးတွေနဲ့ပုံဖော်ထားတာ တော်တော့် တော် တော် ကို မိုက်ပြီး ဆန်းသစ်တဲ့ ဆိုင်ပါလားလို့ အံ့သြမိတယ်။

အရမ်းမိုက် အရမ်းသဘောကျရတာကတော့ ဆိုင်ညာဘက်ထောင့်က စက်ရုပ်ကိုလူချောလေး။ စက်ရုပ်ပေမယ့် တော်တော်ချောတာ ကြွေချင်စရာလေးပေါ့ကွယ်။ အဲ့စက်ရုပ်ပေါ် ဂျုံတုံးကြီးတင်ထားတာကို စက်ခလုတ်ဖွင့်တာနဲ့ သူကအလိုလို လှီးပေးတာ။ ရောက်ရင် သေချာကြည့်ကြည့်နော်။

မီနူးတွေကတော့ အဓိကက ဝက်သားနဲ့ ခေါက်ဆွဲပဲ။ အဲ့ဒါကိုမှ စီချွမ်ပုံစံ နီနီရဲရဲ ပူစပ်စပ်တွေရော၊ အချိုတွေရောပေါ့။ ခေါက်ဆွဲကို ကြိုက်ရာအမျိုးအစားရွေးပြီး စီချွမ်ဝက်သား၊ ဝက်အူနှပ်၊ ဝက်သားကြံမဆိုင်၊ ဝက်သားပဲနှပ်၊ ဝက်သားခရမ်းချဉ်သီးနဲ့ အမဲသားငရုတ်ချဉ် ခေါက်ဆွဲတွေရတယ်။ တစ်ပွဲကို ၃၅၀၀၊ ၄၀၀၀ ပေးရတယ်။

နောက် တော်တန်ရုံ တရုတ်ဆိုင်တွေမှာမရတဲ့ ၈မျိုးဆန်ပြုတ်တွေ၊ မာလာချောင်းတွေ၊ ဆန်လှော်ဝက်သားပေါင်းနဲ့ ဝက်အူနှပ်တွေရတယ်။ အချိုပွဲဆန်းဆန်းလေးတွေရတယ်။ ပြောရရင် သူ့မီနူးအကုန်အဆန်းတွေချည်းပဲ။

အခရာစားခဲ့တဲ့အရသာလေးပြောရရင်-

ဝက်အူနှပ်ခေါက်ဆွဲ

ဝက်သားအူကို နူးအိနေအောင်နှပ်ထားတာနော်။ စီချွမ်အရသာနဲ့ ခေါက်ဆွဲက မြီးရှည်ခေါက်ဆွဲ။ အရသာက ပေါ့တယ်။ ဒါပေမယ့် ဝက်အူနှပ်နဲ့ထိန်းတယ်။ ဝက်အူက အနံ့နည်းနည်းစူးတာတော့ သိပ်အကြိုက်မတွေ့မိဘူး။ စားရတာတော့ တရွှတ်ရွှတ်နဲ့ ပေါ့ပေါ့လေးပါပဲပေါ့။ ၃၅၀၀ ပါတဲ့။

လေပေါ်ဝဲဂျုံခေါက်ဆွဲ

မီနူးကြည့်တည်းက အဲ့ခေါက်ဆွဲကို စိတ်ဝင်စားနေတာလေ။ လေပေါ်ဝဲနေအောင် ဘယ်လိုများလုပ်လဲပေါ့။ ခေါက်ဆွဲတွေအမာကြီးလား၊ တူကိုမြှောက်ပြတာလား အတွေးပေါင်းများစွာနဲ့သိချင်လွန်းလို့ မှာလိုက်တာ ရောက်လာမှ သူ့ဝှက်ဖဲကိုသိပြီး ဪဆို သဘောတွေကျရတယ်။ ဒါလေးတော့ ရောက်ရင်မှာစားကြည့်နော်။ အရသာက ဂျုံဆီချက်ခေါက်ဆွဲအချိုကိုပဲ ပဲပြုတ်လေးတွေ၊ ဝက်သားလေးတွေနဲ့ လုပ်ထားတာ အရသာသိပ်မဆန်းဘူး presentation ပဲ တော်တော်အထာကျတာ။ စားရတော့ခက်သား။ဈေးက ၄၀၀၀ တဲ့။

ဝက်အူနှပ်

ခုနက ဝက်အူခေါက်ဆွဲထဲက ဝက်အူနှပ်ပေါ့။ ဆီများများ နီရဲရဲ အရသာလေးလေး စားလို့တော်တော်ကောင်းတယ်။ ထမင်းပူလေးနဲ့သာစား ပူပူလေးနဲ့ ရှယ်ပဲ။ စီချွမ်ဆိုတော့ ဆီများတာတော့ ဗွေမယူနဲ့ဦးနော်။ ဆီများတာကိုက သူ့ရိုးရာကိုး။ သူက ၄၀၀၀ ပါ။

အပူတွေ၊ အစပ်တွေတော့စားပြီးပြီ။ ဝမ်းအေးစာ အချိုပွဲလေး ခံတွင်းရှင်းအောင်စားချင်တော့ တရုတ်မှာ တစ်နှစ်ကို သန်း၄၀၀ ဖိုးရောင်းရတဲ့ တရုတ်ပင်းဖန်မုန့်လက်ဆောင်း လေးကို လုံးဝမှာသောက်စေချင်ပါတယ်နော်။ ဈေးကလည်း အတန်ဆုံး ပြောရမယ်။ ၂၀၀၀ တည်းပဲရှိတယ်။ သူ့အရသာကလေ ဘယ်လိုပြောရမလဲဆိုတော့ နှမ်းနက်လေးတွေ၊ ဂျုံလုံးလေးတွေ၊ မုန့်လုံးရေပေါ်လိုအစေ့လေးတွေ၊ စပျစ်၊ ဇီးသီးခြောက်လေးတွေနဲ့ တစ်ခါဝါးလိုက်ချိုအေးလေး၊ နောက်တလုတ်ဝါးလိုက် ချဉ်မွှေးလေးနဲ့ အေးအေးချိုပေါ့လေး သောက်ကောင်းလိုက်တာဆိုတာ..။

ပြောရရင် တကယ့်တရုတ်ပြည်မကြီးကအရသာအတိုင်း ပြည်မကြီးရဲ့ နန်းတွင်းခေတ်အပြင်အဆင်တွေနဲ့ လူအင်အား၊ စက်ရုပ်အင်အားသုံးပြီး ဆန်းဆန်းပြားပြား စွန့်စားလာဖွင့်ထားတာ ပိုင်ရှင်တွေကလည်း သေချာရှင်းပြတယ်။ အရသာတွေကတော့ ဗမာတွေအကြိုက်အရမ်းမဟုတ်ပေမယ့် နေရာအနေအထားမြွေဖားဘာညာနဲ့ကို သွားသင့်နေပါပြီနော်။

လိပ်စာကတော့ အမှတ် ၈၆ B ရှင်စောပုလမ်း၊ City Mart ကပ်ရက်လေးတင်ပဲ။ မနက်စာစားဖို့လဲ သင့်တော်တဲ့ မနက် ၇ နာရီကနေ ည ၉ နာရီထိပါတဲ့။ ဆိုင်နာမည်လေးကတော့ သေးနေတယ်။ “Chuan Xiao Er” နော်။ ကဲ..ရန်ကုန်မှာ နေပြီး ရှေးခေတ်ပြည်မကြီးက စားသောက်ဆိုင်ကို သွားလည်ချင်ရင် အဲ့ခေတ်က feeling ခံစားချင်ရင် မြေနီကုန်းတင် သွားစားကြည့်ပါဦးလို့။

ချစ်လှစွာသော

FoodieEi (Akhayar)