[Zawgyi]

No Bra Day ကိုအေျခခံၿပီး ကိုယ့္ကိုကုိယ္ယံုၾကည္မႈရွိရွိပဲရိုက္ခဲ့တာပါလို႔ဆိုတဲ႔ ျခဴးျပည့္အိမ္စည္

No Bra Day ကိုအေျခခံၿပီးရိုက္တဲ့အတြက္ ကိုယ့္ကိုကုိယ္ယံုၾကည္မႈရွိရွိပဲ ဓာတ္ပံုအရိုက္ခံခဲ့တာပါလို႔ ၂၀၁၈ Fashion ျပကၡဒိန္မွာပါဝင္ရိုက္ကူးခဲ့တဲ့ ေမာ္ဒယ္ျခဴးျပည့္အိမ္စည္ေျပာပါတယ္။ အခုလိုဖက္ရွင္နဲ႔ရိုက္ကူးျဖစ္သြားတဲ့အေၾကာင္းကိုလည္း သူမက “ဓာတ္ပံုရိုက္ဖို႔ကမ္းလွမ္းလာတုန္းကေတာ့ No Bra Day အတြက္ဆိုၿပီးေပ့ါ။ ရိုက္ေတာ့လည္း No Bra Day ေက်ာ္သြားၿပီးမွ အိုင္ဒီယာေလးရတယ္ဆိုၿပီး ရိုက္မယ္လို႔ေျပာတာပါ။ ဒီျပကၡဒိန္လိုင္းေပၚတက္လာေတာ့လည္း အျပစ္ေျပာတာမ်ားတယ္ေပ့ါေနာ္။ ျမန္မာမိန္းကေလးအေနနဲ႔ မရိုက္သင့္ဘူးလို႔ေတာ့ ေျပာၾကတယ္ေပ့ါ။ ညီမအျမင္နဲ႔မဟုတ္ဘဲ ဓါတ္ပံုဆရာအျမင္နဲ႔ဆိုရင္ေတာ့ No Bra Day ကိုပဲ အေျခခံၿပီးရိုက္ထားတာဆိုေတာ့ေလ။ No Bra Day အတြက္ က်န္းမာေရးအရရိုက္တယ္ဆိုၿပီး ညီမယံုၾကည္မႈရွိရွိရိုက္လိုက္တာပါ။ ရိုင္းတယ္လို႔လည္း မသတ္မွတ္ပါဘူး။ ျပကၡဒိန္အတြက္ရိုက္တယ္။ တခ်ိဳ႕ေတြက အရမ္းရိုင္းတယ္လို႔ေျပာတယ္။ Sexy ဆန္ဆန္ရိုက္တာမဟုတ္ပါဘူး။ ဖက္ရွင္ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ ပို႔စ္ေရာ၊ ကုိယ့္ရဲ႕စိတ္ခံစားခ်က္ကို ယံုယံုၾကည္ၾကည္နဲ႔ ေမာ္ဒယ္တစ္ေယာက္လိုပဲရိုက္ခဲ့တာပါ။ ဓာတ္ပံုဆရာနဲ႔ ကိုယ္နဲ႔ အတိုင္ေဖာက္ညီညီေလးရိုက္ခဲ့ၾကတာပါ” လို႔ ေျပာပါတယ္။

ဒီဓာတ္ပံုထြက္လာေတာ့ေရာ ကိုယ္တိုင္စိတ္ေက်နပ္မႈရွိရဲ႕လားလို႔ ထပ္မံေမးၾကည့္ရာ “ကိုယ့္ပံုထြက္လာေတာ့လည္း ကိုယ့္ပံုကိုေက်နပ္ပါတယ္။ စစလာေျပာတုန္းကေတာ့ No Bra Day ပံုစံလိုရိုက္ခ်င္တယ္ဆိုေတာ့ နည္းနည္းေတာ့လန္႔သြားတယ္။ လန္႔သြားတယ္ဆိုတာက ႏိုင္ငံျခားမွာလို အကုန္ခၽြတ္ရိုက္ရမွာလားဆိုၿပီးေပ့ါ။ ေနာက္မွ က်န္းမာေရးအတြက္ ပရိသတ္ေတြသိေအာင္ျပတယ္ဆိုတဲ့စိတ္နဲ႔ပဲ ရိုက္ျဖစ္တာပါ” လို႔ ျခဴးျပည့္အိမ္စည္ကေျပာပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

No Bra Day ကိုအခြေခံပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိပဲရိုက်ခဲ့တာပါလို့ဆိုတဲ့ ခြူးပြည့်အိမ်စည်

No Bra Day ကိုအခြေခံပြီးရိုက်တဲ့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိပဲ ဓာတ်ပုံအရိုက်ခံခဲ့တာပါလို့ ၂၀၁၈ Fashion ပြက္ခဒိန်မှာပါဝင်ရိုက်ကူးခဲ့တဲ့ မော်ဒယ်ခြူးပြည့်အိမ်စည်ပြောပါတယ်။ အခုလိုဖက်ရှင်နဲ့ရိုက်ကူးဖြစ်သွားတဲ့အကြောင်းကိုလည်း သူမက “ဓာတ်ပုံရိုက်ဖို့ကမ်းလှမ်းလာတုန်းကတော့ No Bra Day အတွက်ဆိုပြီးပေ့ါ။ ရိုက်တော့လည်း No Bra Day ကျော်သွားပြီးမှ အိုင်ဒီယာလေးရတယ်ဆိုပြီး ရိုက်မယ်လို့ပြောတာပါ။ ဒီပြက္ခဒိန်လိုင်းပေါ်တက်လာတော့လည်း အပြစ်ပြောတာများတယ်ပေ့ါနော်။ မြန်မာမိန်းကလေးအနေနဲ့ မရိုက်သင့်ဘူးလို့တော့ ပြောကြတယ်ပေ့ါ။ ညီမအမြင်နဲ့မဟုတ်ဘဲ ဓါတ်ပုံဆရာအမြင်နဲ့ဆိုရင်တော့ No Bra Day ကိုပဲ အခြေခံပြီးရိုက်ထားတာဆိုတော့လေ။ No Bra Day အတွက် ကျန်းမာရေးအရရိုက်တယ်ဆိုပြီး ညီမယုံကြည်မှုရှိရှိရိုက်လိုက်တာပါ။ ရိုင်းတယ်လို့လည်း မသတ်မှတ်ပါဘူး။ ပြက္ခဒိန်အတွက်ရိုက်တယ်။ တချို့တွေက အရမ်းရိုင်းတယ်လို့ပြောတယ်။ Sexy ဆန်ဆန်ရိုက်တာမဟုတ်ပါဘူး။ ဖက်ရှင်မော်ဒယ်တစ်ယောက်အနေနဲ့ ပို့စ်ရော၊ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ယုံယုံကြည်ကြည်နဲ့ မော်ဒယ်တစ်ယောက်လိုပဲရိုက်ခဲ့တာပါ။ ဓာတ်ပုံဆရာနဲ့ကိုယ်နဲ့ အတိုင်ဖောက်ညီညီလေးရိုက်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

ဒီဓာတ်ပုံထွက်လာတော့ရော ကိုယ်တိုင်စိတ်ကျေနပ်မှုရှိရဲ့လားလို့ ထပ်မံမေးကြည့်ရာ “ကိုယ့်ပုံထွက်လာတော့လည်း ကိုယ့်ပုံကိုကျေနပ်ပါတယ်။ စစလာပြောတုန်းကတော့ No Bra Day ပုံစံလိုရိုက်ချင်တယ်ဆိုတော့ နည်းနည်းတော့လန့်သွားတယ်။ လန့်သွားတယ်ဆိုတာက နိုင်ငံခြားမှာလို အကုန်ချွတ်ရိုက်ရမှာလားဆိုပြီးပေ့ါ။ နောက်မှ ကျန်းမာရေးအတွက် ပရိသတ်တွေသိအောင်ပြတယ်ဆိုတဲ့စိတ်နဲ့ပဲ ရိုက်ဖြစ်တာပါ” လို့ ခြူးပြည့်အိမ်စည်ကပြောပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။