Google ကေန Chrome Browser ကို Version 70 ကို Update ျပဳလုပ္ေပးလုိက္ျပီျဖစ္ျပီးေတာ့ အခု Version Update မွာ အလြန္အသံုးဝင္တဲ့ Feature အသစ္တစ္ခုပါဝင္လာပါျပီ။ အဲ့ဒါကေတာ့ Picture-in-Picture Mode ကို Support ရရွိလာတာပဲျဖစ္ပါတယ္။

Picture-in-Picture Mode in Android Oreo

အရင္ဆံုး Picture-in-Picture Mode က ဘာလဲဆုိရင္ Android Oreo မွာ စတင္ရရွိလာတဲ့ Feature တစ္ခုျဖစ္ျပီး တကယ္လုိ႔ Video တစ္ခုကို ၾကည့္ရႈေနတဲ့အခ်ိန္မွာ တျခားေသာအရာေတြကို လုပ္ေဆာင္ခ်င္တယ္ဆုိရင္ Mini-player တစ္ခုအေနနဲ႔ Home Screen မွာျမင္ရတာပဲျဖစ္ပါတယ္။ Android မွာေတာ့ တစ္ခ်ိဳ႕ေသာ Samsung လုိမ်ိဳးဖုန္းေတြနဲ႔ Website က Full Screen Video ေတြမွာ Picture-in-Picture Mode ကို Support ျပဳလုပ္မွာပါ။

အခုအခ်ိန္မွာေတာ့ Windows နဲ႔ Mac ကြန္ပ်ဴတာေတြအတြက္ Google Chrome Browser ကို Version 70 ကို Update ျပဳလုပ္လုိက္တာနဲဲ႔ Picture-in-Picture Mode ကို အသံုးျပဳလာႏုိင္တာပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး Picture-in-Picture Mode ကို အသံုးျပဳဖုိ႔အတြက္ Video တစ္ခုအေပၚမွာ Right Click ကို ၂ ခ်က္ႏွိပ္ျပီး ေပၚလာတဲ့ Menu ထဲက “Picture in picture” ကို အမွန္ျခစ္ေပးလုိက္တာနဲ႔ Mini-player တစ္ခုအေနနဲ႔ အဆိုပါ Video ေတြ ေဖာ္ျပေပးမွာျဖစ္ပါတယ္။

Chrome 70 Picture-in-Picture

အခု Chrome ရဲ႕ Picture-in-Picture Mode က YouTube မွာလည္း အလုပ္လုပ္ျပီးေတာ့ တကယ္လုိ႔ တခါတေလ ေနာက္ Video တစ္ခုကိုေျပာင္းဖြင့္တဲ့အခ်ိန္၊ ဒါမွမဟုတ္ Video ကို Reload ျပဳလုပ္တဲ့အခ်ိန္မွာေတာ့ အရုပ္မေပၚတာကို ၾကံဳေနရပါေသးတယ္။ ဒါေပမယ့္လည္း YouTube ကေန မၾကာေသးခင္က ထည့္သြင္းေပးထားတဲ့ Mini Player Feature နဲ႔ယွဥ္ရင္ ယခု Chrome ရဲ႕ Picture-in-Picture Mode က ကုိယ္ၾကိဳက္တဲ့ Windows ဖြင့္ထားရင္လည္း အသံုးျပဳေနႏုိင္တဲ့အတြက္ ပိုျပီးေကာင္းတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

ဘာပဲျဖစ္ျဖစ္ တကယ္လုိ႔ အလုပ္လုပ္ရင္းနဲ႔ YouTube ၾကည့္တတ္တဲ့သူဆုိရင္ အခုပဲ Chrome Browser ကို Setting – Help – About Chrome ကေန Update လုပ္လုိက္ပါဦး။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ Chrome Browser ကို Version 70 ကို Update ပြုလုပ်ပေးလိုက်ပြီဖြစ်ပြီးတော့ အခု Version Update မှာ အလွန်အသုံးဝင်တဲ့ Feature အသစ်တစ်ခုပါဝင်လာပါပြီ။ အဲ့ဒါကတော့ Picture-in-Picture Mode ကို Support ရရှိလာတာပဲဖြစ်ပါတယ်။

Picture-in-Picture Mode in Android Oreo

အရင်ဆုံး Picture-in-Picture Mode က ဘာလဲဆိုရင် Android Oreo မှာ စတင်ရရှိလာတဲ့ Feature တစ်ခုဖြစ်ပြီး တကယ်လို့ Video တစ်ခုကို ကြည့်ရှုနေတဲ့အချိန်မှာ တခြားသောအရာတွေကို လုပ်ဆောင်ချင်တယ်ဆိုရင် Mini-player တစ်ခုအနေနဲ့ Home Screen မှာမြင်ရတာပဲဖြစ်ပါတယ်။ Android မှာတော့ တစ်ချို့သော Samsung လိုမျိုးဖုန်းတွေနဲ့ Website က Full Screen Video တွေမှာ Picture-in-Picture Mode ကို Support ပြုလုပ်မှာပါ။

အခုအချိန်မှာတော့ Windows နဲ့ Mac ကွန်ပျူတာတွေအတွက် Google Chrome Browser ကို Version 70 ကို Update ပြုလုပ်လိုက်တာနဲဲ့ Picture-in-Picture Mode ကို အသုံးပြုလာနိုင်တာပဲဖြစ်ပါတယ်။ အခုလိုမျိုး Picture-in-Picture Mode ကို အသုံးပြုဖို့အတွက် Video တစ်ခုအပေါ်မှာ Right Click ကို ၂ ချက်နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက “Picture in picture” ကို အမှန်ခြစ်ပေးလိုက်တာနဲ့ Mini-player တစ်ခုအနေနဲ့ အဆိုပါ Video တွေ ဖော်ပြပေးမှာဖြစ်ပါတယ်။

Chrome 70 Picture-in-Picture

အခု Chrome ရဲ့ Picture-in-Picture Mode က YouTube မှာလည်း အလုပ်လုပ်ပြီးတော့ တကယ်လို့ တခါတလေ နောက် Video တစ်ခုကိုပြောင်းဖွင့်တဲ့အချိန်၊ ဒါမှမဟုတ် Video ကို Reload ပြုလုပ်တဲ့အချိန်မှာတော့ အရုပ်မပေါ်တာကို ကြုံနေရပါသေးတယ်။ ဒါပေမယ့်လည်း YouTube ကနေ မကြာသေးခင်က ထည့်သွင်းပေးထားတဲ့ Mini Player Feature နဲ့ယှဉ်ရင် ယခု Chrome ရဲ့ Picture-in-Picture Mode က ကိုယ်ကြိုက်တဲ့ Windows ဖွင့်ထားရင်လည်း အသုံးပြုနေနိုင်တဲ့အတွက် ပိုပြီးကောင်းတယ်လို့ ပြောလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်လို့ အလုပ်လုပ်ရင်းနဲ့ YouTube ကြည့်တတ်တဲ့သူဆိုရင် အခုပဲ Chrome Browser ကို Setting – Help – About Chrome ကနေ Update လုပ်လိုက်ပါဦး။

Zawyè (Akhayar) 

www.akhayar.com