[Zawgyi]

ေလလံသမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ခဲ႔တဲ႔ $ သန္း ၅၀ တန္ ပန္းေသြးေရာင္စိန္တုံး

“Pink Legacy”လို႔ အမည္တြင္တဲ့ ပန္းေသြးေရာင္ စိန္တုံးဟာ အဂၤါေန႔ရဲ႕ ေလလံပြဲတစ္ခုမွာ $ သန္း ၅၀ နဲ႔ ေလလံေအာင္သြားၿပီး ေလလံသမိုင္းတစ္ေလွ်ာက္ ေဈးႏႈန္းအႀကီးျမင့္ဆုံးနဲ႔ ေလလံေအာင္ခဲ့တဲ့ ကမာၻ႔စံခ်ိန္တင္ ပန္းေသြးေရာင္စိန္တုံးတစ္တုံးအျဖစ္ စာရင္းဝင္ေနပါတယ္။ $ သန္း ၅၀ တန္ေၾကးရွိတဲ႔ ဒီ ၁၉ ကာရက္တန္ စိန္တံုးကို တစ္ကာရက္တန္ေၾကးနဲ႔ တြက္ခ်က္မယ္ဆိုရင္ $ ၂.၆ သန္း တန္ေၾကးရွိတဲ႔အတြက္ ေလလံသမိုင္းမွာ ေစ်းအျမင့္ဆံုး စိန္တံုးအျဖစ္ စာရင္းဝင္ကာ စံခ်ိန္တင္ခဲ႔ရျခင္း ျဖစ္ပါတယ္။

Pink Legacy Diamond

Pink Legacy Diamond

ဒီပန္းေသြးေရာင္စိန္တံုးကို ေလလံႏိုင္သြားတဲ့သူကေတာ့ Harry Winston ရတနာကုမၸဏီက ျဖစ္ပါတယ္။ အေလးခ်ိန္ ၁၉ ကာရက္ရွိၿပီး စိန္အေနနဲ႔ ေျပာရမယ္ဆိုရင္ ႀကီးမားတဲ႔ စိန္တံုးတစ္တံုးျဖစ္ၿပီး ေလးေထာင့္ပုံစံပိုင္းျဖတ္ထားတဲ႔ ဒီပန္းေသြးေရာင္စိန္တုံးကို ေလလံပြဲမွာ $ သန္း ၃၀ ကေန $ သန္း ၅၀ အထိ ေဈးအသီးသီးျဖတ္ၾကလိမ့္မယ္လို႔ ေလလံပြဲက်င္းပသူေတြက ေမွ်ာ္မွန္းထားခဲ့ၾကပါတယ္။ သူတုိ႔ေမ်ာ္မွန္းထားခဲ႔တဲ႔ ေစ်းႏႈန္းနဲ႔ အနီးစပ္ဆံုးပဲ ေလလံေအာင္သြားခဲ႔တာ ျဖစ္ပါတယ္။

Pink Legacy Diamond

Pink Legacy Diamond

ေလလံပြဲအခမ္းအနားမွာ အဆိုပါစိန္ပြင့္ကို ေလလံစဆြဲတဲ့အခါမွာ ေဈးအသီးသီး စတင္ေခၚၿပီး $ ၄၄.၅ သန္းနဲ႔ ေလလံဆြဲၿပီးတဲ့ေနာက္မွာ ထပ္မံစဲြမယ့္သူမရွိေတာ့ဘဲ ေလလံပြဲက်င္းပတဲ့ ခန္းမတစ္ခုလုံး လက္ခုပ္သံေတြနဲ႔ ျပည့္ႏွက္သြားပါတယ္။ ထိုစိန္တံုးတန္ဖိုး $ ၄၄.၅ သန္းဟာ ဝယ္ယူသူရဲ႕ အာမခံေၾကးေတြနဲ႔ တျခားဘာေၾကးညာေၾကးေတြ ထည့္မေပါင္းရေသးတဲ့ ပကတိေလလံေဈးႏႈန္းျဖစ္ပါတယ္။

Pink Legacy auction

Pink Legacy auction

Harry Winston ရတနာကုမၸဏီမတိုင္ခင္ ဒီစိန္တုံးရဲ႕ မူလပိုင္ရွင္က ေက်ာက္မ်က္ရတနာ ဓာတုသန္႔စင္ျခင္း လုပ္ငန္းလုပ္ကိုင္တဲ့ Oppenheimer Diamond မိသားစုက ပိုင္ဆိုင္ခဲ႔တာပါ။

ေလလံပြဲက်င္းပတဲ့ သမိုင္းတစ္ေလွ်ာက္ ႏွစ္ေပါင္း ၂၅၁ ႏွစ္အတြင္းမွာ ဒီလိုအေရာင္အေသြးမ်ိဳးရွိၿပီး အခုေလလံႏိုင္တဲ့ စိန္ရဲ႕ အေလးခ်ိန္ထက္ ၁၀ ကရက္ေလာက္ပိုတဲ့ စိန္တံုးမ်ိဳး ေလးတံုးေလာက္ပဲ ေလလံပြဲသမိုင္းတစ္ေလွ်ာက္မွာ ေလလံစဲြတာ ေတြ႕ျမင္ဖူးပါတယ္လို႔ ေျပာျပၾကပါတယ္။ ဒီပန္းေသြးေရာင္စိန္တံုး ေလလံေအာင္ၿပီးတဲ့ေနာက္ လက္ဝတ္ရတနာေလလံစြဲျခင္းကို ႏွစ္ရက္ေလာက္ပိတ္ထားခဲ့ပါတယ္။

Marie Antoinette Jewellery

Marie Antoinette Jewellery

ေနာက္ထပ္ေလလံထပ္စြဲဖို႔ရွိေနတဲ့ လက္ဝတ္ရတနာေတြကေတာ့ တစ္ခ်ိန္တုန္းက ျပင္သစ္ဘုရင္မႀကီး Marie Antoinette ပိုင္ဆိုင္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ရာသက္တမ္းရွိ လက္ဝတ္ရတနာေတြပဲ ျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

လေလံသမိုင်းတစ်လျှောက် စံချိန်တင်ခဲ့တဲ့ $ သန်း ၅၀ တန် ပန်းသွေးရောင်စိန်တုံး

“Pink Legacy”လို့ အမည်တွင်တဲ့ ပန်းသွေးရောင် စိန်တုံးဟာ အင်္ဂါနေ့ရဲ့ လေလံပွဲတစ်ခုမှာ $ သန်း ၅၀ နဲ့ လေလံအောင်သွားပြီး လေလံသမိုင်းတစ်လျှောက် ဈေးနှုန်းအကြီးမြင့်ဆုံးနဲ့ လေလံအောင်ခဲ့တဲ့ ကမ္ဘာ့စံချိန်တင် ပန်းသွေးရောင်စိန်တုံးတစ်တုံးအဖြစ် စာရင်းဝင်နေပါတယ်။ $ သန်း ၅၀ တန်ကြေးရှိတဲ့ ဒီ ၁၉ ကာရက်တန် စိန်တုံးကို တစ်ကာရက်တန်ကြေးနဲ့ တွက်ချက်မယ်ဆိုရင် $ ၂.၆ သန်း တန်ကြေးရှိတဲ့အတွက် လေလံသမိုင်းမှာ ဈေးအမြင့်ဆုံး စိန်တုံးအဖြစ် စာရင်းဝင်ကာ စံချိန်တင်ခဲ့ရခြင်း ဖြစ်ပါတယ်။

Pink Legacy Diamond

Pink Legacy Diamondဒီပန်းသွေးရောင်စိန်တုံးကို လေလံနိုင်သွားတဲ့သူကတော့ Harry Winston ရတနာကုမ္ပဏီက ဖြစ်ပါတယ်။ အလေးချိန် ၁၉ ကာရက်ရှိပြီး စိန်အနေနဲ့ ပြောရမယ်ဆိုရင် ကြီးမားတဲ့ စိန်တုံးတစ်တုံးဖြစ်ပြီး လေးထောင့်ပုံစံပိုင်းဖြတ်ထားတဲ့ ဒီပန်းသွေးရောင်စိန်တုံးကို လေလံပွဲမှာ $ သန်း ၃၀ ကနေ $ သန်း ၅၀ အထိ ဈေးအသီးသီးဖြတ်ကြလိမ့်မယ်လို့ လေလံပွဲကျင်းပသူတွေက မျှော်မှန်းထားခဲ့ကြပါတယ်။ သူတို့မျော်မှန်းထားခဲ့တဲ့ ဈေးနှုန်းနဲ့ အနီးစပ်ဆုံးပဲ လေလံအောင်သွားခဲ့တာ ဖြစ်ပါတယ်။

Pink Legacy Diamond

Pink Legacy Diamond

လေလံပွဲအခမ်းအနားမှာ အဆိုပါစိန်ပွင့်ကို လေလံစဆွဲတဲ့အခါမှာ ဈေးအသီးသီး စတင်ခေါ်ပြီး $ ၄၄.၅ သန်းနဲ့ လေလံဆွဲပြီးတဲ့နောက် ထပ်မံစွဲမယ့်သူမရှိတော့ဘဲ လေလံပွဲကျင်းပတဲ့ ခန်းမတစ်ခုလုံး လက်ခုပ်သံတွေနဲ့ ပြည့်နှက်သွားပါတယ်။ ထိုစိန်တုံးတန်ဖိုး $ ၄၄.၅ သန်းဟာ ဝယ်ယူသူရဲ့ အာမခံကြေးတွေနဲ့ တခြားဘာကြေးညာကြေးတွေ ထည့်မပေါင်းရသေးတဲ့ ပကတိလေလံဈေးနှုန်းဖြစ်ပါတယ်။

Pink Legacy auction

Pink Legacy auction

Harry Winston ရတနာကုမ္ပဏီမတိုင်ခင် ဒီစိန်တုံးရဲ့ မူလပိုင်ရှင်က ကျောက်မျက်ရတနာ ဓာတုသန့်စင်ခြင်း လုပ်ငန်းလုပ်ကိုင်တဲ့ Oppenheimer Diamond မိသားစုက ပိုင်ဆိုင်ခဲ့တာပါ။

လေလံပွဲကျင်းပတဲ့ သမိုင်းတစ်လျှောက် နှစ်ပေါင်း ၂၅၁ နှစ်အတွင်းမှာ ဒီလိုအရောင်အသွေးမျိုးရှိပြီး အခုလေလံနိုင်တဲ့ စိန်ရဲ့ အလေးချိန်ထက် ၁၀ ကရက်လောက်ပိုတဲ့ စိန်တုံးမျိုး လေးတုံးလောက်ပဲ လေလံပွဲသမိုင်းတစ်လျှောက်မှာ လေလံစွဲတာ တွေ့မြင်ဖူးပါတယ်လို့ ပြောပြကြပါတယ်။ ဒီပန်းသွေးရောင်စိန်တုံး လေလံအောင်ပြီးတဲ့နောက် လက်ဝတ်ရတနာလေလံစွဲခြင်းကို နှစ်ရက်လောက်ပိတ်ထားခဲ့ပါတယ်။

Marie Antoinette Jewellery

Marie Antoinette Jewellery

နောက်ထပ်လေလံထပ်စွဲဖို့ရှိနေတဲ့ လက်ဝတ်ရတနာတွေကတော့ တစ်ချိန်တုန်းက ပြင်သစ်ဘုရင်မကြီး Marie Antoinette ပိုင်ဆိုင်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာသက်တမ်းရှိ လက်ဝတ်ရတနာတွေပဲ ဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com