ကုိယ္အေလးခ်ိန္ အတင္အခ် အမ်ားဆုံးလုပ္ႏုိင္တဲ့ ခရစ္ရွန္ေဘးလ္ (Christian Bale)

Christian Bale Completely Transformed His Body Weight Loss and Gain for Various Roles
Christian Bale Completely Transformed His Body Weight Loss and Gain for Various Roles

[Zawgyi]

ကုိယ္အေလးခ်ိန္ အတင္အခ် အမ်ားဆုံးလုပ္ႏုိင္တဲ့ ခရစ္ရွန္ေဘးလ္ (Christian Bale)

ဇာတ္ေကာင္အေပၚ မူတည္ၿပီး ကုိယ္အေလးခ်ိန္ အတင္အခ်လုပ္ရတာ သရုပ္ေဆာင္ေတြအတြက္ မလြယ္ကူသလုိ အႏၱရာယ္လည္း မ်ားလြန္းပါတယ္။ “Cast Away” ဇာတ္လမ္းအတြက္ တြမ္ဟန္႔ (Tom Hanks) ဟာ ေပါင္၅ဝ (၂၂.၇ ကီလုိဂရမ္) ေလာက္ ကုိယ္အေလးခ်ိန္ခ်ခဲ့ရသလုိ “Dangal” ဇာတ္ကားအတြက္ အမီရ္ခန္း (Aamir Khan) ဟာ ၅၅ ေပါင္ (၂၅ ကီလုိဂရမ္) ေလာက္ ကုိယ္အေလးခ်ိ္န္ခ်ခဲ့ရၿပီး ရက္ဆဲလ္ ခရုိး (Russell Crowe) ဆုိရင္လည္း “Body of Lies” ဇာတ္ကားအတြက္ ၆၃ ေပါင္ (၂၈.၆၃ ကီလုိဂရမ္) ေလာက္ ကုိယ္အေလးခ်ိန္တင္ခဲ့ရတဲ့ သာဓကေတြ ရွိခဲ့ပါတယ္။

၉ဝ ကီလုိဂရမ္မွ ၆၅ ကီလုိဂရမ္သုိ႔
၉ဝ ကီလုိဂရမ္မွ ၆၅ ကီလုိဂရမ္သုိ႔

ဒီလုိေတြ အပင္ပန္းခံၿပီး သရုပ္ေဆာင္ခဲ့လုိ႔လည္း သရုပ္ေဆာင္ေကာင္းအျဖစ္ ကမၻာ့အလယ္မွာ မ်က္ႏွာပန္းလွခဲ့တာပါ။ ကုိယ္အေလးခ်ိန္ အတင္အခ်အမ်ားဆုံးလုပ္ဖူးတဲ့ သရုပ္ေဆာင္ကုိ ေျပာပါဆုိရင္ေတာ့ ခရစ္ရွန္ေဘးလ္ (Christian Bale) ကုိပဲ လက္ညွိဳးုထုိးရမွာပါ။

ခရစ္ရွန္ေဘးလ္ (Christian Bale)
ခရစ္ရွန္ေဘးလ္ (Christian Bale)

၂ဝဝဝခုႏွစ္မွာ ျဖန္႔ခ်ိခဲ့တဲ့ “American Psycho” ဇာတ္ကားမွာဆုိရင္ ေဘးလ္ရဲ႕ကုိယ္အေလးခ်ိန္ဟာ ၁၇၈.၅ ေပါင္ (၈၁ ကီလုိဂရမ္) အထိ ရွိခဲ့ပါတယ္။ လူသတ္သမားသရုပ္ေပၚေစဖုိ႔ ေဘးလ္ဟာ ခႏၶာကုိယ္ေတာင့္တင္းဖုိ႔အတြက္ တစ္ေန႔မွာ (၃) နာရီ၊ တစ္ပတ္ (၆)ရက္အထိ နည္းျပနဲ႔ ေလ့က်င့္ခဲ့ရပါတယ္။ ဇာတ္ေကာင္အတြက္ လုိအပ္တဲ့ ခႏၶာကုိယ္အေနအထားကုိ ေရာက္ေတာ့မွသာ သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားနဲ႔ ေဘးလ္ဟာ ကမၻာေက်ာ္မင္းသားျဖစ္လာတဲ့အတြက္ ပင္ပန္းရက်ိဳးနပ္တယ္လုိ႔ ဆုိႏုိင္ပါတယ္။

“American Psycho” ဇာတ္ကားမွာ ၈၁ ကီလုိဂရမ္ရွိတဲ့ ေဘးလ္
“American Psycho” ဇာတ္ကားမွာ ၈၁ ကီလုိဂရမ္ရွိတဲ့ ေဘးလ္

၂ဝဝ၂ခုႏွစ္မွာ ျဖန္႔ခ်ိခဲ့တဲ့ “Reign of Fire” ဇာတ္ကားမွာဆုိရင္ ေဘးလ္ရဲ႕ ကုိယ္အေလးခ်ိန္ဟာ ၁၈၄ ေပါင္ (၈၃.၅ ကီလုိဂရမ္) အထိရွိခဲ့ပါတယ္။ ဒါေပမယ့္ ဒီဇာတ္ကားဟာ ေငြေၾကးအရ ေအာင္ျမင္မႈမရွိခဲ့ပါဘူး။ “Equilibrium” ဇာတ္ကားမွာဆုိရင္ ၁၈၅ ေပါင္ (၈၄ ကီလုိဂရမ္) အထိ ရွိလာတာျဖစ္ပါတယ္။ ဒီဇာတ္ကားကေတာ့ ေဘးလ္ရဲ႕အေကာင္းဆုံးကားေတြထဲက တစ္ခုလုိ႔ ဆုိႏုိင္ပါတယ္။

“Equilibrium” ဇာတ္ကားမွာ ၈၄ ကီလုိဂရမ္ရွိတဲ့ ေဘးလ္
“Equilibrium” ဇာတ္ကားမွာ ၈၄ ကီလုိဂရမ္ရွိတဲ့ ေဘးလ္

ေဘးလ္ကုိ ကမၻာတစ္လႊားမွ ရုပ္ရွင္ခ်စ္သူေတြ အံ့ၾသသြားေစတဲ့ ဇာတ္ကားကေတာ့ ၂ဝဝ၄ခုႏွစ္မွာ ျဖန္႔ခ်ိခဲ့တဲ့ “The Machinist” ဇာတ္ကားပါပဲ။ ညအိပ္မေပ်ာ္ေရာဂါ (Insomnia) ရွိသူအေနနဲ႔ ပီျပင္ေအာင္ သရုပ္ေဆာင္ႏုိင္ဖုိ႔ ကုိယ္အေလးခ်ိန္ ၁၂၁ ေပါင္ (၅၅ ကီလုိဂရမ္) အထိ ေရာက္ေအာင္ ေလ်ာ့ခ်ခဲ့ပါတယ္။ ၁၈၃ စင္တီမီတာ (၆ ေပ) ရွိတဲ့ ေဘးလ္ဟာ ၅၅ ကီလုိဂရမ္သာရွိေတာ့တဲ့အတြက္ အေတာ္ကုိ ပိန္လွီသြားပါတယ္။ ကုိယ္အေလးခ်ိန္ ၆၃ ေပါင္ (၂၈.၆၃ ကီလုိဂရမ္) ကုိ ေလးလအတြင္း ခ်ခဲ့တဲ့အတြက္ ဆရာဝန္ဟာ အသက္အႏၱရာယ္ရွိလာလုိ႔ ေဘးလ္ကုိ တားျမစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဇာတ္ေကာင္သရုပ္ပီျပင္ဖုိ႔အတြက္ က်န္းမာေရးကုိ ဂရုမထားဘဲ ကုိယ္အေလးခ်ိန္ကုိ ဆက္ခ်ခဲ့ပါတယ္။

၅၅ ကီလုိဂရမ္သာရွိေတာ့တဲ့ ေဘးလ္
၅၅ ကီလုိဂရမ္သာရွိေတာ့တဲ့ ေဘးလ္

မယုံႏုိင္ေလာက္ေအာင္ပါပဲ။ ၂ဝဝ၅ခုႏွစ္ရဲ႕ “Batman Begins” ဇာတ္ကားမွာ ေဘးလ္ရဲ႕ကုိယ္အေလးခ်ိန္ဟာ ေပါင္ ၂၂ဝ ေက်ာ္သြားခဲ့ပါတယ္။ “The Machinist” ဇာတ္ကားမွာ ၁၂၁ ေပါင္သာရွိရာမွ “Batman Begins” မွာ ကုိယ္အေလးခ်ိန္ႏွစ္ဆနီးပါး တက္သြားတာျဖစ္ပါတယ္။ တစ္ႏွစ္အတြင္းမွာ ကုိယ္အေလးခ်ိန္ႏွစ္ဆနီးပါး တက္သြားဖို႔ဆုိတာ ျပင္းျပင္းထန္ထန္ေလ့က်င့္ရသလုိ သာမန္သရုပ္ေဆာင္အတြက္ စိတ္မကူးရဲတဲ့ကိစၥႀကီးပါ။

“Batman Begins” ဇာတ္ကားမွ ေဘးလ္
“Batman Begins” ဇာတ္ကားမွ ေဘးလ္

၂ဝဝ၆ခုႏွစ္ရဲ႕ “Rescue Dawn” ဇာတ္ကားမွာ ေဘးလ္ဟာ အေမရိကန္- ဗီယက္နမ္စစ္ပြဲမွာ ဒုကၡေရာက္ခဲ့တဲ့ ေလယာဥ္မွဴးအျဖစ္ သရုပ္ေဆာင္ခဲ့ရပါတယ္။ စစ္သုံးပန္႔အျဖစ္နဲ႔ အတိဒုကၡေရာက္ေနတဲ့ ေလယာဥ္မွဴးဇာတ္ရုပ္အတြက္ ေဘးလ္ဟာ ၁၃၅ ေပါင္ (၆၁ ကီလုိဂရမ္) အထိ ေလ်ာ့ခ်ခဲ့ရပါတယ္။ “The Machinist” ဇာတ္ကားမွာ ၅၅ ကီလုိဂရမ္ထိ ေလ်ာ့ခ်ဖူးတဲ့ သာဓကရွိထားဖူးတဲ့ ေဘးလ္အတြက္ ဆရာဝန္ေတြက မစုိးရိမ္ေတာ့ပါဘူး။

“Rescue Dawn” ဇာတ္ကားမွာ ၆၁ ကီလုိဂရမ္ရွိတဲ့ ေဘးလ္
“Rescue Dawn” ဇာတ္ကားမွာ ၆၁ ကီလုိဂရမ္ရွိတဲ့ ေဘးလ္

ေဘးလ္ရဲ႕ခႏၶာကုိယ္ဟာ ပူစီေဖာင္းလုိ ပိန္လုိက္ေဖာင္းလုိက္ျဖစ္ေနတဲ့ သေဘာပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၂ဝဝ၈ခုႏွစ္မွာ “The Dark Knight” ဇာတ္ကားအတြက္ ေဘးလ္ဟာ ေပါင္ ၁၉ဝ (၈၆ ကီလုိဂရမ္) ျပန္ျဖစ္သြားလုိ႔ပါ။ ေဘးလ္ကုိၾကည့္လုိက္ရင္ ဂီလာနလူပိန္ျဖစ္သြားလုိက္၊ ပုံမွန္ခႏၶာကုိယ္ျဖစ္သြားလုိက္ လူထြားႀကီးျဖစ္သြားလုိက္နဲ႔ တက္လည္းတက္ႏုိင္တဲ့သူပါ။

“The Dark Knight” ဇာတ္ကားမွာ ၈၆ ကီလုိဂရမ္ျဖစ္သြားတဲ့ ေဘးလ္
“The Dark Knight” ဇာတ္ကားမွာ ၈၆ ကီလုိဂရမ္ျဖစ္သြားတဲ့ ေဘးလ္

ေဘးလ္ရဲ႕ခႏၶာကုိယ္အေျပာင္းအလဲကုိ ေရးလုိက္ရင္ ေျပာလုိ႔ေတာင္ ကုန္မွာမဟုတ္ဖူး။ ၂ဝ၁ဝခုႏွစ္ရဲ႕ “The Fighter” ဇာတ္ကားမွာ ေဆးစြဲေနတဲ့ လက္ေဝွ႔သမားေဟာင္း ဒစ္ကီ (Dicky) အေနနဲ႔ သရုပ္ေဆာင္ထားတဲ့ ေဘးလ္ဟာ ပိန္ခ်ံဳးေနတဲ့ ေဆးသမားရုပ္ျဖစ္ေစဖုိ႔ ကုိယ္အေလးခ်ိန္ ၁၃၅ ေပါင္ (၆၆ ကီလုိဂရမ္) အထိ ျပန္ခ်လုိက္ပါတယ္။ အမွားအမွန္ကုိ ေဝဖန္ပုိင္းျခားမႈမရွိဘဲ အရႈပ္ထုတ္ေဆးသမားအျဖစ္ သရုပ္ေဆာင္ထားတဲ့ ေဘးလ္ဟာ ဒီဇာတ္ကားမွာပဲ အေကာင္းဆုံးအမ်ိဳးသားဇာတ္ပုိ႔ဆု (Academy Award for Best Supporting Actor) ဆုရရွိခဲ့ပါတယ္။

ပိန္ခ်ံဳးသြားတဲ့ ေဘးလ္ (The Fighter)
ပိန္ခ်ံဳးသြားတဲ့ ေဘးလ္ (The Fighter)

၂ဝ၁၂ခုႏွစ္ရဲ႕ “The Dark Knight Rises” ဇာတ္ကားမွာေတာ့ ကုိယ္အေလးခ်ိန္ ၁၉၉ ေပါင္ (၉ဝ ကီလုိဂရမ္) ျပန္ျဖစ္သြားပါတယ္။ ကုိယ္အေလးခ်ိန္အတင္အခ်လုပ္တဲ့အခါမွာ ဆရာတစ္ဆူျဖစ္ေနပါၿပီ။ ကမၻာတစ္လႊားမွ ရုပ္ရွင္ေဝဖန္သူေတြရဲ႕ ပါးစပ္ဖ်ားမွာ ေဘးလ္ကလည္း မ်က္ႏွာပန္းလွခဲ့ပါတယ္။

“The Dark Knight Rises” ဇာတ္ကားမွာ ၉ဝ ကီလုိဂရမ္ျဖစ္သြားတဲ့ ေဘးလ္
“The Dark Knight Rises” ဇာတ္ကားမွာ ၉ဝ ကီလုိဂရမ္ျဖစ္သြားတဲ့ ေဘးလ္

၂ဝ၁၃ခုႏွစ္ေရာက္ျပန္ေတာ့ “American Hustle” ဇာတ္ကားမွာ ေဘးလ္ဟာ မယုံႏုိင္ေလာက္ေအာင္ပဲ ကုိယ္အေလးခ်ိန္ ၂၂၈ ေပါင္ (၁ဝ၃ ကီလုိဂရမ္) အထိ ရွိသြားပါတယ္။ ဇာတ္ေကာင္လုိအပ္ခ်က္အရ ဒါရုိက္တာေတြရဲ႕ ေတာင္းဆုိမႈကုိ လုိက္ေလ်ာတဲ့သေဘာပဲျဖစ္ပါတယ္။

“American Hustle” ဇာတ္ကားမွာ ၁ဝ၃ ကီလုိဂရမ္ျဖစ္သြားတဲ့ ေဘးလ္
“American Hustle” ဇာတ္ကားမွာ ၁ဝ၃ ကီလုိဂရမ္ျဖစ္သြားတဲ့ ေဘးလ္

အခုေဖာ္ျပလုိက္တဲ့ဇာတ္ကားေတြဟာ ေဘးလ္အတြက္ ကုိယ္အေလးခ်ိန္ေျပာင္းလဲမႈအျမင့္ဆုံးဇာတ္ကားေတြပါ။ ျမန္မာဇာတ္ကားေတြမွာေတာ့ ခႏၶာကုိယ္ဝၿဖိဳးတဲ့အခန္းေတြမွာ ဗုိက္ကုိ တစ္ခုခုကပ္ၿပီး ခပ္ဖုိင့္ဖုိင့္အေနအထားျဖစ္သြားေအာင္ လုပ္လုိက္တာပါ။ ႏုိင္ငံတကာမွာေတာ့ ဇာတ္ေကာင္နဲ႔ကုိက္ညီတဲ့ ခႏၶာကုိယ္အေနအထားကုိ ေရာက္ေအာင္ ျပင္းျပင္းထန္ထန္ေလ့က်င့္ၿပီးမွ သရုပ္ေဆာင္ခဲ့လုိ႔ ကမၻာ့အလယ္မွာ ေခါင္းေမာ့ရင္ေကာ့ႏုိင္တာပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကိုယ်အလေးချိန် အတင်အချ အများဆုံးလုပ်နိုင်တဲ့ ခရစ်ရှန်ဘေးလ် (Christian Bale)

ဇာတ်ကောင်အပေါ် မူတည်ပြီး ကိုယ်အလေးချိန် အတင်အချလုပ်ရတာ သရုပ်ဆောင်တွေအတွက် မလွယ်ကူသလို အန္တရာယ်လည်း များလွန်းပါတယ်။ “Cast Away” ဇာတ်လမ်းအတွက် တွမ်ဟန့် (Tom Hanks) ဟာ ပေါင်၅ဝ (၂၂.၇ ကီလိုဂရမ်) လောက် ကိုယ်အလေးချိန်ချခဲ့ရသလို “Dangal” ဇာတ်ကားအတွက် အမီရ်ခန်း (Aamir Khan) ဟာ ၅၅ ပေါင် (၂၅ ကီလိုဂရမ်) လောက် ကိုယ်အလေးချိန်ချခဲ့ရပြီး ရက်ဆဲလ် ခရိုး (Russell Crowe) ဆိုရင်လည်း “Body of Lies” ဇာတ်ကားအတွက် ၆၃ ပေါင် (၂၈.၆၃ ကီလိုဂရမ်) လောက် ကိုယ်အလေးချိန်တင်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

၉ဝ ကီလုိဂရမ္မွ ၆၅ ကီလုိဂရမ္သုိ႔

ဒီလိုတွေ အပင်ပန်းခံပြီး သရုပ်ဆောင်ခဲ့လို့လည်း သရုပ်ဆောင်ကောင်းအဖြစ် ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှခဲ့တာပါ။ ကိုယ်အလေးချိန် အတင်အချအများဆုံးလုပ်ဖူးတဲ့ သရုပ်ဆောင်ကို ပြောပါဆိုရင်တော့ ခရစ်ရှန်ဘေးလ် (Christian Bale) ကိုပဲ လက်ညှိုးုထိုးရမှာပါ။

ခရစ်ရှန်ဘေးလ် (Christian Bale)
ခရစ်ရှန်ဘေးလ် (Christian Bale)

၂ဝဝဝခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “American Psycho” ဇာတ်ကားမှာဆိုရင် ဘေးလ်ရဲ့ကိုယ်အလေးချိန်ဟာ ၁၇၈.၅ ပေါင် (၈၁ ကီလိုဂရမ်) အထိ ရှိခဲ့ပါတယ်။ လူသတ်သမားသရုပ်ပေါ်စေဖို့ ဘေးလ်ဟာ ခန္ဓာကိုယ်တောင့်တင်းဖို့အတွက် တစ်နေ့မှာ (၃) နာရီ၊ တစ်ပတ် (၆)ရက်အထိ နည်းပြနဲ့ လေ့ကျင့်ခဲ့ရပါတယ်။ ဇာတ်ကောင်အတွက် လိုအပ်တဲ့ ခန္ဓာကိုယ်အနေအထားကို ရောက်တော့မှသာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ဘေးလ်ဟာ ကမ္ဘာကျော်မင်းသားဖြစ်လာတဲ့အတွက် ပင်ပန်းရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်။

“American Psycho” ဇာတ်ကားမှာ ၈၁ ကီလိုဂရမ်ရှိတဲ့ ဘေးလ်
“American Psycho” ဇာတ်ကားမှာ ၈၁ ကီလိုဂရမ်ရှိတဲ့ ဘေးလ်

၂ဝဝ၂ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Reign of Fire” ဇာတ်ကားမှာဆိုရင် ဘေးလ်ရဲ့ ကိုယ်အလေးချိန်ဟာ ၁၈၄ ပေါင် (၈၃.၅ ကီလိုဂရမ်) အထိရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားဟာ ငွေကြေးအရ အောင်မြင်မှုမရှိခဲ့ပါဘူး။ “Equilibrium” ဇာတ်ကားမှာဆိုရင် ၁၈၅ ပေါင် (၈၄ ကီလိုဂရမ်) အထိ ရှိလာတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဘေးလ်ရဲ့အကောင်းဆုံးကားတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။

“Equilibrium” ဇာတ်ကားမှာ ၈၄ ကီလိုဂရမ်ရှိတဲ့ ဘေးလ်
“Equilibrium” ဇာတ်ကားမှာ ၈၄ ကီလိုဂရမ်ရှိတဲ့ ဘေးလ်

ဘေးလ်ကို ကမ္ဘာတစ်လွှားမှ ရုပ်ရှင်ချစ်သူတွေ အံ့သြသွားစေတဲ့ ဇာတ်ကားကတော့ ၂ဝဝ၄ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “The Machinist” ဇာတ်ကားပါပဲ။ ညအိပ်မပျော်ရောဂါ (Insomnia) ရှိသူအနေနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့ ကိုယ်အလေးချိန် ၁၂၁ ပေါင် (၅၅ ကီလိုဂရမ်) အထိ ရောက်အောင် လျော့ချခဲ့ပါတယ်။ ၁၈၃ စင်တီမီတာ (၆ ပေ) ရှိတဲ့ ဘေးလ်ဟာ ၅၅ ကီလိုဂရမ်သာရှိတော့တဲ့အတွက် အတော်ကို ပိန်လှီသွားပါတယ်။ ကိုယ်အလေးချိန် ၆၃ ပေါင် (၂၈.၆၃ ကီလိုဂရမ်) ကို လေးလအတွင်း ချခဲ့တဲ့အတွက် ဆရာဝန်ဟာ အသက်အန္တရာယ်ရှိလာလို့ ဘေးလ်ကို တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ကောင်သရုပ်ပီပြင်ဖို့အတွက် ကျန်းမာရေးကို ဂရုမထားဘဲ ကိုယ်အလေးချိန်ကို ဆက်ချခဲ့ပါတယ်။

၅၅ ကီလိုဂရမ်သာရှိတော့တဲ့ ဘေးလ်
၅၅ ကီလိုဂရမ်သာရှိတော့တဲ့ ဘေးလ်

မယုံနိုင်လောက်အောင်ပါပဲ။ ၂ဝဝ၅ခုနှစ်ရဲ့ “Batman Begins” ဇာတ်ကားမှာ ဘေးလ်ရဲ့ကိုယ်အလေးချိန်ဟာ ပေါင် ၂၂ဝ ကျော်သွားခဲ့ပါတယ်။ “The Machinist” ဇာတ်ကားမှာ ၁၂၁ ပေါင်သာရှိရာမှ “Batman Begins” မှာ ကိုယ်အလေးချိန်နှစ်ဆနီးပါး တက်သွားတာဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန်နှစ်ဆနီးပါး တက်သွားဖို့ဆိုတာ ပြင်းပြင်းထန်ထန်လေ့ကျင့်ရသလို သာမန်သရုပ်ဆောင်အတွက် စိတ်မကူးရဲတဲ့ကိစ္စကြီးပါ။

“Batman Begins” ဇာတ်ကားမှ ဘေးလ်
“Batman Begins” ဇာတ်ကားမှ ဘေးလ်

၂ဝဝ၆ခုနှစ်ရဲ့ “Rescue Dawn” ဇာတ်ကားမှာ ဘေးလ်ဟာ အမေရိကန်- ဗီယက်နမ်စစ်ပွဲမှာ ဒုက္ခရောက်ခဲ့တဲ့ လေယာဉ်မှူးအဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။ စစ်သုံးပန့်အဖြစ်နဲ့ အတိဒုက္ခရောက်နေတဲ့ လေယာဉ်မှူးဇာတ်ရုပ်အတွက် ဘေးလ်ဟာ ၁၃၅ ပေါင် (၆၁ ကီလိုဂရမ်) အထိ လျော့ချခဲ့ရပါတယ်။ “The Machinist” ဇာတ်ကားမှာ ၅၅ ကီလိုဂရမ်ထိ လျော့ချဖူးတဲ့ သာဓကရှိထားဖူးတဲ့ ဘေးလ်အတွက် ဆရာဝန်တွေက မစိုးရိမ်တော့ပါဘူး။

“Rescue Dawn” ဇာတ်ကားမှာ ၆၁ ကီလိုဂရမ်ရှိတဲ့ ဘေးလ်
“Rescue Dawn” ဇာတ်ကားမှာ ၆၁ ကီလိုဂရမ်ရှိတဲ့ ဘေးလ်

ဘေးလ်ရဲ့ခန္ဓာကိုယ်ဟာ ပူစီဖောင်းလို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ခုနှစ်မှာ “The Dark Knight” ဇာတ်ကားအတွက် ဘေးလ်ဟာ ပေါင် ၁၉ဝ (၈၆ ကီလိုဂရမ်) ပြန်ဖြစ်သွားလို့ပါ။ ဘေးလ်ကိုကြည့်လိုက်ရင် ဂီလာနလူပိန်ဖြစ်သွားလိုက်၊ ပုံမှန်ခန္ဓာကိုယ်ဖြစ်သွားလိုက် လူထွားကြီးဖြစ်သွားလိုက်နဲ့ တက်လည်းတက်နိုင်တဲ့သူပါ။

“The Dark Knight” ဇာတ်ကားမှာ ၈၆ ကီလိုဂရမ်ဖြစ်သွားတဲ့ ဘေးလ်
“The Dark Knight” ဇာတ်ကားမှာ ၈၆ ကီလိုဂရမ်ဖြစ်သွားတဲ့ ဘေးလ်

ဘေးလ်ရဲ့ခန္ဓာကိုယ်အပြောင်းအလဲကို ရေးလိုက်ရင် ပြောလို့တောင် ကုန်မှာမဟုတ်ဖူး။ ၂ဝ၁ဝခုနှစ်ရဲ့ “The Fighter” ဇာတ်ကားမှာ ဆေးစွဲနေတဲ့ လက်ဝှေ့သမားဟောင်း ဒစ်ကီ (Dicky) အနေနဲ့ သရုပ်ဆောင်ထားတဲ့ ဘေးလ်ဟာ ပိန်ချုံးနေတဲ့ ဆေးသမားရုပ်ဖြစ်စေဖို့ ကိုယ်အလေးချိန် ၁၃၅ ပေါင် (၆၆ ကီလိုဂရမ်) အထိ ပြန်ချလိုက်ပါတယ်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားမှုမရှိဘဲ အရှုပ်ထုတ်ဆေးသမားအဖြစ် သရုပ်ဆောင်ထားတဲ့ ဘေးလ်ဟာ ဒီဇာတ်ကားမှာပဲ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (Academy Award for Best Supporting Actor) ဆုရရှိခဲ့ပါတယ်။

ပိန်ချုံးသွားတဲ့ ဘေးလ် (The Fighter)
ပိန်ချုံးသွားတဲ့ ဘေးလ် (The Fighter)

၂ဝ၁၂ခုနှစ်ရဲ့ “The Dark Knight Rises” ဇာတ်ကားမှာတော့ ကိုယ်အလေးချိန် ၁၉၉ ပေါင် (၉ဝ ကီလိုဂရမ်) ပြန်ဖြစ်သွားပါတယ်။ ကိုယ်အလေးချိန်အတင်အချလုပ်တဲ့အခါမှာ ဆရာတစ်ဆူဖြစ်နေပါပြီ။ ကမ္ဘာတစ်လွှားမှ ရုပ်ရှင်ဝေဖန်သူတွေရဲ့ ပါးစပ်ဖျားမှာ ဘေးလ်ကလည်း မျက်နှာပန်းလှခဲ့ပါတယ်။

“The Dark Knight Rises” ဇာတ်ကားမှာ ၉ဝ ကီလိုဂရမ်ဖြစ်သွားတဲ့ ဘေးလ်
“The Dark Knight Rises” ဇာတ်ကားမှာ ၉ဝ ကီလိုဂရမ်ဖြစ်သွားတဲ့ ဘေးလ်

၂ဝ၁၃ခုနှစ်ရောက်ပြန်တော့ “American Hustle” ဇာတ်ကားမှာ ဘေးလ်ဟာ မယုံနိုင်လောက်အောင်ပဲ ကိုယ်အလေးချိန် ၂၂၈ ပေါင် (၁ဝ၃ ကီလိုဂရမ်) အထိ ရှိသွားပါတယ်။ ဇာတ်ကောင်လိုအပ်ချက်အရ ဒါရိုက်တာတွေရဲ့ တောင်းဆိုမှုကို လိုက်လျောတဲ့သဘောပဲဖြစ်ပါတယ်။

“American Hustle” ဇာတ်ကားမှာ ၁ဝ၃ ကီလိုဂရမ်ဖြစ်သွားတဲ့ ဘေးလ်
“American Hustle” ဇာတ်ကားမှာ ၁ဝ၃ ကီလိုဂရမ်ဖြစ်သွားတဲ့ ဘေးလ်

အခုဖော်ပြလိုက်တဲ့ဇာတ်ကားတွေဟာ ဘေးလ်အတွက် ကိုယ်အလေးချိန်ပြောင်းလဲမှုအမြင့်ဆုံးဇာတ်ကားတွေပါ။ မြန်မာဇာတ်ကားတွေမှာတော့ ခန္ဓာကိုယ်ဝဖြိုးတဲ့အခန်းတွေမှာ ဗိုက်ကို တစ်ခုခုကပ်ပြီး ခပ်ဖိုင့်ဖိုင့်အနေအထားဖြစ်သွားအောင် လုပ်လိုက်တာပါ။ နိုင်ငံတကာမှာတော့ ဇာတ်ကောင်နဲ့ကိုက်ညီတဲ့ ခန္ဓာကိုယ်အနေအထားကို ရောက်အောင် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးမှ သရုပ်ဆောင်ခဲ့လို့ ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရင်ကော့နိုင်တာပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com