[Zawgyi]

‘Avengers 4’ က ‘Infinity War’ ထက္ ပိုအံ့အားသင့္ေစမယ္လို႔ ဆုိလုိက္တဲ့ Chris Hemsworth

‘Avengers : Infinity War’ ကို ၾကည့္ျပီး ဇာတ္လမ္းအသြားအလာကို Shock ရဖူးတဲ့ လူေတြ အတြက္ကေတာ့ ေနာက္ထပ္အံ့အားသင့္စရာေတြ ဆက္ရွိေနတယ္လို႔ ေျပာလိုက္ပါရေစ။

Chris Hemsworth as Thor

Chris Hemsworth as Thor

Esquire နဲ႔ အင္တာဗ်ဴးမွာ မင္းသား Chris Hemsworth ရဲ့ ေျဖပံုက Avengers ရဲ့ ေနာက္ထြက္မယ့္ ဇာတ္ကားသစ္ (နာမည္မေပးရေသးလို႔ Avengers 4 လို႔ အၾကမ္းဖ်င္းေခၚၾကပါတယ္) အတြက္ ဇာတ္ညႊန္းကို ဖတ္ၾကည့္လိုက္တဲ့အခါမွာ လံုးဝအံ့ၾသစရာပါပဲ၊ ေနာက္ထပ္ Level တစ္ခုဆီကို ေခၚသြားမယ့္ ဇာတ္ကားမ်ိဳးလို႔ သူက ညႊန္းဆုိလိုက္ပါတယ္။

Chris Hemsworth

Chris Hemsworth

“လာမယ့္ ဇာတ္ကားသစ္က လူေတြကို ပိုတုန္လႈပ္အံ့အားသင့္ေစမွာပါ။ ကၽြန္ေတာ္ကိုယ္တိုင္လည္း ေနာက္ထြက္မယ့္ ဇာတ္ကားအတြက္ ပိုျပီး စိတ္လႈပ္ရွားေနပါတယ္” လို႔ ထပ္ေလာင္းေျပာၾကားသြားပါတယ္။

Avengers : Infinity War

Avengers : Infinity War

ေနာက္ဆံုးထြက္ရွိခဲ့တဲ့ Infinity War ဟာ ဝင္ေငြ ေဒၚလာ ၁.၉၆ ဘီလီယံေလာက္ရရွိျပီး ပရိသတ္ကို အံ့အားသင့္ေစခဲ့ပါတယ္။ အခုလာမယ့္ စတုတၳေျမာက္ Avengers ရုပ္ရွင္ကုိေတာ့ Anthony Russo နဲ႔ Joe Russo တို႔ ရိုက္ကူးမွာ ျဖစ္ျပီး ၂၀၁၉ ခုႏွစ္ ေမလ ၃ ရက္ေန႔မွာ ျပသဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : huffingtonpost.com
[Unicode]

‘Avengers 4’ က ‘Infinity War’ ထက် ပိုအံ့အားသင့်စေမယ်လို့ ဆိုလိုက်တဲ့ Chris Hemsworth

‘Avengers : Infinity War’ ကို ကြည့်ပြီး ဇာတ်လမ်းအသွားအလာကို Shock ရဖူးတဲ့ လူတွေ အတွက်ကတော့ နောက်ထပ်အံ့အားသင့်စရာတွေ ဆက်ရှိနေတယ်လို့ ပြောလိုက်ပါရစေ။

Chris Hemsworth as Thor

Chris Hemsworth as Thor

Esquire နဲ့ အင်တာဗျူးမှာ မင်းသား Chris Hemsworth ရဲ့ ဖြေပုံက Avengers ရဲ့ နောက်ထွက်မယ့် ဇာတ်ကားသစ် (နာမည်မပေးရသေးလို့ Avengers 4 လို့ အကြမ်းဖျင်းခေါ်ကြပါတယ်) အတွက် ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်တဲ့အခါမှာ လုံးဝအံ့သြစရာပါပဲ၊ နောက်ထပ် Level တစ်ခုဆီကို ခေါ်သွားမယ့် ဇာတ်ကားမျိုးလို့ သူက ညွှန်းဆိုလိုက်ပါတယ်။

Chris Hemsworth

Chris Hemsworth

“လာမယ့် ဇာတ်ကားသစ်က လူတွေကို ပိုတုန်လှုပ်အံ့အားသင့်စေမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း နောက်ထွက်မယ့် ဇာတ်ကားအတွက် ပိုပြီး စိတ်လှုပ်ရှားနေပါတယ်” လို့ ထပ်လောင်းပြောကြားသွားပါတယ်။

Avengers : Infinity War

Avengers : Infinity War

နောက်ဆုံးထွက်ရှိခဲ့တဲ့ Infinity War ဟာ ဝင်ငွေ ဒေါ်လာ ၁.၉၆ ဘီလီယံလောက်ရရှိပြီး ပရိသတ်ကို အံ့အားသင့်စေခဲ့ပါတယ်။ အခုလာမယ့် စတုတ္ထမြောက် Avengers ရုပ်ရှင်ကိုတော့ Anthony Russo နဲ့ Joe Russo တို့ ရိုက်ကူးမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : huffingtonpost.com