[Zawgyi]

Captain America ဇာတ္ေကာင္ကုိ လက္ျပႏႈတ္ဆက္လိုက္ျပီျဖစ္တဲ့ Chris Evans

မင္းသား Chris Evans ဟာ စက္တင္ဘာလ ၄ ရက္မေန႔က Captain America ဇာတ္ေကာင္ကေန တရားဝင္အနားယူလိုက္ျပီလို႔ ဆိုပါတယ္။

ဒီအေၾကာင္းကို Chris Evans က “Avengers 4 ကေတာ့ ျပီးသြားပါျပီ။ ဒီဇာတ္ေကာင္ေနရာမွာ ၈ ႏွစ္လံုးလံုး အလုပ္လုပ္ခဲ့ရတာ ဂုဏ္ယူစရာတစ္ခုပါ။ ကင္မရာေရွ႕က လူေတြေရာ၊ ကင္မရာေနာက္ကြယ္က လူေတြေရာ၊ ပရိသတ္ေတြေရာ အားလံုးကို ေက်းဇူးတင္ပါတယ္” လို႔ Twitter မွာ တင္ခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္ရွိျပီျဖစ္တဲ့ Chris Evans ဟာ Captain America ဇာတ္ေကာင္ကို ၂၀၁၁ ခုႏွစ္က Captain America : The First Avenger ဇာတ္ကားမွာ ပထမဆံုး စတင္သရုပ္ေဆာင္ခဲ့ျပီး The Avengers (2012) ၊ Captain America : The Winter Soldier (2014) ၊ Avengers : Age of Ultron (2015) ၊ Captain America : Civil War (2016) နဲ႔ Avengers : Infinity War (2018) စတဲ့ ဇာတ္ကားေတြမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့ပါတယ္။

ဒီလို ႏႈတ္ဆက္မႈအတြက္ Ryan Reynolds နဲ႔ Dwayne Johnson တို႔ကလည္း ႏႈတ္ဆက္စကားဆုိၾကပါေသးတယ္။

ဒါေၾကာင့္ Chris Evans အေနနဲ႔ Captain America အျဖစ္ေနာက္ဆံုးပါဝင္မႈဟာ နာမည္အတည္မျပဳရေသးတဲ့ Avengers 4 မွာ ျဖစ္တာေၾကာင့္ Cap ၾကီးကို Avengers 4 မွာ ႏႈတ္ဆက္ရပါေတာ့တယ္။

Avengers 4 ရဲ႕ ျပသမယ့္ရက္ကိုေတာ့ ေမလ ၃ ရက္ ၊ ၂၀၁၉ ခုႏွစ္လို႔ သတ္မွတ္လ်ာထားပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Hollywoodreporter.com
[Unicode]

Captain America ဇာတ်ကောင်ကို လက်ပြနှုတ်ဆက်လိုက်ပြီဖြစ်တဲ့ Chris Evans

မင်းသား Chris Evans ဟာ စက်တင်ဘာလ ၄ ရက်မနေ့က Captain America ဇာတ်ကောင်ကနေ တရားဝင်အနားယူလိုက်ပြီလို့ ဆိုပါတယ်။

ဒီအကြောင်းကို Chris Evans က “Avengers 4 ကတော့ ပြီးသွားပါပြီ။ ဒီဇာတ်ကောင်နေရာမှာ ၈ နှစ်လုံးလုံး အလုပ်လုပ်ခဲ့ရတာ ဂုဏ်ယူစရာတစ်ခုပါ။ ကင်မရာရှေ့က လူတွေရော၊ ကင်မရာနောက်ကွယ်က လူတွေရော၊ ပရိသတ်တွေရော အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ Twitter မှာ တင်ခဲ့ပါတယ်။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Chris Evans ဟာ Captain America ဇာတ်ကောင်ကို ၂၀၁၁ ခုနှစ်က Captain America : The First Avenger ဇာတ်ကားမှာ ပထမဆုံး စတင်သရုပ်ဆောင်ခဲ့ပြီး The Avengers (2012) ၊ Captain America : The Winter Soldier (2014) ၊ Avengers : Age of Ultron (2015) ၊ Captain America : Civil War (2016) နဲ့ Avengers : Infinity War (2018) စတဲ့ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဒီလို နှုတ်ဆက်မှုအတွက် Ryan Reynolds နဲ့ Dwayne Johnson တို့ကလည်း နှုတ်ဆက်စကားဆိုကြပါသေးတယ်။

ဒါကြောင့် Chris Evans အနေနဲ့ Captain America အဖြစ်နောက်ဆုံးပါဝင်မှုဟာ နာမည်အတည်မပြုရသေးတဲ့ Avengers 4 မှာ ဖြစ်တာကြောင့် Cap ကြီးကို Avengers 4 မှာ နှုတ်ဆက်ရပါတော့တယ်။

Avengers 4 ရဲ့ ပြသမယ့်ရက်ကိုတော့ မေလ ၃ ရက် ၊ ၂၀၁၉ ခုနှစ်လို့ သတ်မှတ်လျာထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Hollywoodreporter.com