[Zawgyi]

အမ်ိဳးသမီးတစ္ဦးကို လည္ပင္းညွစ္ေနတဲ့ ဓာတ္ပံုေၾကာင့္ Chris Brown ျပန္ေတာင္းပန္ရ

Chris Brown ဆိုတာ သူ႔ရဲ့ ရည္စားေဟာင္း Rihanna ကို ကိုယ္ထိလက္ေရာက္ထိုးၾကိတ္ရုိက္နွိက္ခဲ့မႈနဲ႔ ရုံးေရာက္ ဂတ္ေရာက္ေရာက္ခဲ့သူပါ။ အခုလည္း ၾကမၼာငင္ျပီး သူဟာ အမ်ိဳးသမီးတစ္ေယာက္ကို လည္ပင္းညွစ္ေနပံုရတဲ့ ဓာတ္ပံုတစ္ပံုတက္လာခဲ့တဲ့အတြက္ အရင္က အက်င့္ေတြ မေပ်ာက္ေသးဘူးလားလို႔ ေဝဖန္ခံေနရပါတယ္။

chris-brown-akhayar Entertainment

ဒီပံုကို သူ မုိင္ယာမီမွာ ေရာက္ေနတုန္း မတ္လ ၂၆ ရက္ေန႔က ရိုက္ကူးရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီတုိင္းက်ီစယ္ကစားေနတဲ့ ပံု ေပၚေပမယ့္လည္း သူ႔ရဲ့ အတိတ္ဆိုးေတြေၾကာင့္ ဒီလို ေဝဖန္ခံေနရတာလည္း ျဖစ္ပါတယ္။

ဒီအေၾကာင္းနဲ႔ ပက္သက္လို႔ Chris Brown က “သူ႔အေနနဲ႔ ဒီဓာတ္ပံုထြက္လာလိမ့္မယ္လို႔ မထင္ခဲ့ဘဲ ဒီလို အၾကီးၾကီး ျဖစ္လာလိမ့္မယ္” လို႔ မထင္ခဲ့ပါဘူးတဲ့။ သူမွားသြားတယ္ဆိုတာေတာ့ ဝန္ခံျပီး ေနာက္တစ္ေခါက္ ဒါမ်ိဳး ထပ္ျဖစ္မွာ မဟုတ္ဘူးလုိ႔လည္း ေျပာၾကားသြားပါတယ္။

😁❤️ TOUR TICKETS AVAILABLE (AND BY THE WAY, THATS LITTLE DICKY)😂

A post shared by 💔🌕💿INDIGO CHILD (@chrisbrownofficial) on

Chris နဲ႔ Rihanna ကိစၥက ၂၀၀၉ ခုႏွစ္မွာ ျဖစ္ခဲ့တာ ျဖစ္ျပီး အဲဒီေနာက္ပိုင္းမွာေတာ့ သူဟာ ေျပာင္းလဲလာခဲ့ပါတယ္။ ရည္းစားေဟာင္းေတြနဲ႔ အခင္အမင္မပ်က္ဆက္ဆံေရးကို ထူေထာင္ခဲ့ျပီးေတာ့ သူ႔ရဲ့ ရည္းစားေဟာင္းတစ္ေယာက္ျဖစ္တဲ့၊ ၂၀၁၃ ကေန ၂၀၁၅ အထိတြဲခဲတဲ့ Karruechee ကိုဆုိရင္ သူ႔ရဲ့ Boyfriend အသစ္ Victor Cruz နဲ႔ လိုက္ဖက္ညီတယ္၊ ၾကည့္ေကာင္းတယ္လို႔ေတာင္ ခ်ီးမြမ္းခဲ့သူပါ။

အထူးျခားဆံုးကေတာ့ Rihanna ရဲ့ အသက္ ၃၀ ျပည့္ေမြးေန႔မွာေတာင္ ေစ်းၾကီးတဲ့ စိန္လက္ဝတ္ရတနာတစ္ခုကို လက္ေဆာင္ေပးခဲ့ပါေသးတယ္၊ ရိုးရုိးေတာင္ မဟုတ္ဘဲ ႏွင္းဆီပြင့္ အပြင့္ ၃၀ နဲ႔ တူတူပါ။ ဒါေၾကာင့္ ေျပာင္းလဲလာျပီလို႔ ဆုိရမယ့္ Chris အတြက္ ဒီဓာတ္ပံုက အဖ်က္အေမွာင့္တစ္ခု ျဖစ္ေစခဲ့မွာပါ။

ရိုးလူ (Akhayar)

www.akhayar.com
[Unicode]

အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်နေတဲ့ ဓာတ်ပုံကြောင့် Chris Brown ပြန်တောင်းပန်ရ

Chris Brown ဆိုတာ သူ့ရဲ့ ရည်စားဟောင်း Rihanna ကို ကိုယ်ထိလက်ရောက်ထိုးကြိတ်ရိုက်နှိက်ခဲ့မှုနဲ့ ရုံးရောက် ဂတ်ရောက်ရောက်ခဲ့သူပါ။ အခုလည်း ကြမ္မာငင်ပြီး သူဟာ အမျိုးသမီးတစ်ယောက်ကို လည်ပင်းညှစ်နေပုံရတဲ့ ဓာတ်ပုံတစ်ပုံတက်လာခဲ့တဲ့အတွက် အရင်က အကျင့်တွေ မပျောက်သေးဘူးလားလို့ ဝေဖန်ခံနေရပါတယ်။

chris-brown-akhayar Entertainment

ဒီပုံကို သူ မိုင်ယာမီမှာ ရောက်နေတုန်း မတ်လ ၂၆ ရက်နေ့က ရိုက်ကူးရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီတိုင်းကျီစယ်ကစားနေတဲ့ ပုံ ပေါ်ပေမယ့်လည်း သူ့ရဲ့ အတိတ်ဆိုးတွေကြောင့် ဒီလို ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပက်သက်လို့ Chris Brown က “သူ့အနေနဲ့ ဒီဓာတ်ပုံထွက်လာလိမ့်မယ်လို့ မထင်ခဲ့ဘဲ ဒီလို အကြီးကြီး ဖြစ်လာလိမ့်မယ်” လို့ မထင်ခဲ့ပါဘူးတဲ့။ သူမှားသွားတယ်ဆိုတာတော့ ဝန်ခံပြီး နောက်တစ်ခေါက် ဒါမျိုး ထပ်ဖြစ်မှာ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။

😁❤️ TOUR TICKETS AVAILABLE (AND BY THE WAY, THATS LITTLE DICKY)😂

A post shared by 💔🌕💿INDIGO CHILD (@chrisbrownofficial) on

Chris နဲ့ Rihanna ကိစ္စက ၂၀၀၉ ခုနှစ်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ သူဟာ ပြောင်းလဲလာခဲ့ပါတယ်။ ရည်းစားဟောင်းတွေနဲ့ အခင်အမင်မပျက်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီးတော့ သူ့ရဲ့ ရည်းစားဟောင်းတစ်ယောက်ဖြစ်တဲ့၊ ၂၀၁၃ ကနေ ၂၀၁၅ အထိတွဲခဲတဲ့ Karruechee ကိုဆိုရင် သူ့ရဲ့ Boyfriend အသစ် Victor Cruz နဲ့ လိုက်ဖက်ညီတယ်၊ ကြည့်ကောင်းတယ်လို့တောင် ချီးမွမ်းခဲ့သူပါ။

အထူးခြားဆုံးကတော့ Rihanna ရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာတောင် ဈေးကြီးတဲ့ စိန်လက်ဝတ်ရတနာတစ်ခုကို လက်ဆောင်ပေးခဲ့ပါသေးတယ်၊ ရိုးရိုးတောင် မဟုတ်ဘဲ နှင်းဆီပွင့် အပွင့် ၃၀ နဲ့ တူတူပါ။ ဒါကြောင့် ပြောင်းလဲလာပြီလို့ ဆိုရမယ့် Chris အတွက် ဒီဓာတ်ပုံက အဖျက်အမှောင့်တစ်ခု ဖြစ်စေခဲ့မှာပါ။

ရိုးလူ (Akhayar)

www.akhayar.com