သတို႔သမီးေလးေတြအတြက္ ဆံပင္စတိုင္လ္ေရြးခ်ယ္နည္းမ်ား

hairstyles for bride
hairstyles for bride

[ZawGyi]

သတို႔သမီးေလးေတြအတြက္ ဆံပင္စတိုင္လ္ေရြးခ်ယ္နည္းမ်ား

တစ္သက္မွာ တစ္ခါဆင္ႏႊဲရတဲ႔ မဂၤလာပြဲၾကီးမွာ အလွဆံုးျဖစ္ခ်င္ၾကတာ မိန္းကေလးတိုင္းရဲ႕ စိတ္ဆႏၵပါပဲေနာ္။ ဒါေၾကာင္႔ အသားအေရလွပဖို႔ ၊ ခႏၶာကိုယ္လွပဖို႔ ျပင္ၾကဆင္ၾက အဝတ္အစားေတြေရြးခ်ယ္ၾကနဲ႔ သတို႔သမီးေလာင္းေလးေတြက အရမ္းကိုအလုပ္ရႈပ္ၾကရပါတယ္။

မဂၤလာေဆာင္အတြက္ ဒီလိုျပင္ဆင္တဲ႔ေနရာမွာ ကိုယ္႔သြင္ျပင္အတြက္အေရးၾကီးတဲ႔အရာတစ္ခုကိုေတာ႔ လံုးဝေမ႔လို႔မျဖစ္ပါဘူး။ အဲဒါကေတာ႔ ဆံပင္ထံုးဖြဲ႔ပံုပါပဲ။ တခ်ိဳ႕သတို႔သမီးေလးေတြက ကိုယ္နဲ႔မလိုက္ဖက္တဲ႔ ဆံပင္စတိုင္လ္ေၾကာင္႔ အရြယ္ရင္႔သြားတာ ရုပ္ၾကီးဆိုးသြားတာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ တခ်ိဳ႕က်ေတာ႔လည္း Outdoor ေဆာင္တဲ႔ေနရာမွာ ဆံပင္ကိုေသေသခ်ာခ်ာ မျပင္ဆင္မိတာေၾကာင္႔ ပံုစံပ်က္ျပီး အလွပ်က္ရတာမ်ိဳး ရွိတတ္ပါတယ္။ ဒါေၾကာင္႔ မဂၤလာပြဲအတြက္ဆံပင္စတိုင္လ္ေရြးခ်ယ္မယ္ဆိုရင္ ဘယ္လိုအခ်က္ေတြကို သတိျပဳရမလဲဆုိတာနဲ႔ သတို႔သမီးေလးေတြ အတြက္ Instagram မွာေခတ္စားေနတဲ႔ ဆံပင္စတိုင္လ္ေလးေတြကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

 မ်က္ႏွာက်

ကိုယ္႔အတြက္အလွဆံုးပံုရိပ္ကိုေပးစြမ္းဖို႔ အေရးအၾကီးဆံုးသတိထားသင္႔တာက ကိုယ္႔ရဲ႕မ်က္ႏွာအသြင္အျပင္နဲ႔ မ်က္ႏွာက်ပါပဲ။ မ်က္ႏွာၾကီးသူက မ်က္ႏွာကိုမသိမသာ ဖံုးအုပ္ေပးႏိုင္မယ္႔ ဆံပင္ပံုစံမ်ိဳးျပင္ဆင္သင္႔ျပီး မ်က္ႏွာေသးသူေလးကေတာ႔ ကိုယ္႔ရုပ္သြင္ကိုအလွဆံုုးေဘာင္ခတ္ေပးႏိုင္မယ္႔ ဆံပင္စတိုင္လ္မ်ိဳးျပင္ဆင္သင္႔ပါတယ္။

hair-trends1
hair-trends1

သင္႔ဆံပင္သား

သင္႔ဆံပင္သားကိုသိမွလည္း ၾကာရွည္ခံတဲ႔အလွအတြက္ အေကာင္းဆံုးျပင္ဆင္ႏိုင္မွာပါ။ ေပ်ာ႔အိလြန္းတဲ႔ဆံပင္သားဆိုရင္ ဆံပင္ထံုးရခက္သလို ဆံပင္သား ပ်က္စီးေနခ်ိန္မွာလည္း ဆံသားကိုသတိထားမိေစမယ္႔ ျပင္ဆင္မႈမ်ိဳးမလုပ္သင္႔ပါဘူး။ ေကာက္သားၾကီးၾကီးနဲ႔ လွလွပပေလးရခ်င္တယ္ဆိုရင္လည္း ဆံသားေကာင္းဖို႔ လိုအပ္တဲ႔အရွည္ရွိေနဖို႔ စသျဖင္႔ လိုအပ္ခ်က္ေတြရွိေနမွာျဖစ္ပါတယ္။ ဒါေၾကာင္႔ ကိုယ္႔ဆံပင္ရဲ႕အေျခအေနကိုသိပါ။ ေျခာက္လေလာက္ကတည္းက ဆံသားကိုစနစ္တက်ဂရုစိုက္ေပးပါ။

hair trends2
hair trends2

ဆင္ျမန္းမယ္႔ဝတ္စံု

ကိုယ္အရမ္းၾကိဳက္တဲ႔ ဆံပင္ထံုးဖြဲ႔ပံုေလးရွိေနလို႔ မျဖစ္မေနဒီလိုပဲ ျပင္ဆင္ရမွျဖစ္မယ္ဆိုတာမ်ိဳး စြဲမထားပါနဲ႔။ သင္႔ရဲ႕ ဝတ္စံုနဲ႔ လိုက္ဖက္တဲ႔ ဆံပင္ထံုးဖြဲ႔ျပင္ဆင္မႈရွိရမွာျဖစ္ပါတယ္။ ဒါေၾကာင္႔ အိပ္မက္မက္ထားခဲ႔တဲ႔ ဆံပင္စတိုင္လ္ေလးကို စြန္႔လႊတ္သင္႔ရင္ စြန္႔လႊတ္ရပါမယ္။ ဂါဝန္ဝတ္မွာလား ၊ အတုိလား အရွည္လား ၊ ျမန္မာဝတ္စံုလား စသျဖင္႔ သင္႔ရဲ႕ဝတ္စံုေပၚမူတည္ျပီး အသင္႔ေတာ္ဆံုး ဆံပင္စတိုင္လ္ကိုေရြးခ်ယ္ရမွာျဖစ္ပါတယ္။

hair-trends3
hair-trends3

ေနရာ

မဂၤလာပြဲက်င္းပတဲ႔ေနရာဟာ ကိုယ္႔ရဲ႕ျပင္ဆင္မႈအတြက္ အရမ္းအေရးပါပါတယ္။ သင္က Pool Side မွာ ကမ္းေျခမွာ မဂၤလာေဆာင္တာမ်ိဳးဆိုရင္ ေပါ႔ပါးျပီး ေလတိုက္ ေနပူရင္လည္း ပံုပ်က္မသြားတဲ႔ သဘာ၀အတိုင္းလွပတဲ႔ စတိုင္လ္ကိုေရြးခ်ယ္ဖို႔လိုပါတယ္။ Indoor မွာ ညပြဲဆိုရင္ေတာ႔ က်က္သေရရွိတဲ႔ ျပင္ဆင္ထံုးဖြဲ႔မႈမ်ိဳးကို ေရြးရမွာပါ။

hair trends 4
hair trends 4

ၾကိဳတင္ျပင္ဆင္မႈ

ဆံပင္အတြက္ စိတ္မပူခ်င္ဘူးဆိုရင္ေတာ႔ ဆံသားမပ်က္စီးေအာင္ လိုအပ္တဲ႔အရွည္ရေအာင္ ျပင္ဆင္ထားတာေကာင္းပါတယ္။ ၁ နွစ္ေလာက္အလိုကတည္းက ဆံပင္ကို ထူထဲက်န္းမာေအာင္ လိုအပ္တဲ႔ Hair Products ေကာင္းေကာင္း သံုးေပးရပါမယ္။ ဆံပင္ကိုလည္း ပံုက်က်ညွပ္ထားဖို႔ လိုပါတယ္။ အေရာင္ေတာက္ေတာက္ဆိုးထားတာမ်ိဳးေတြ ၊ မဂၤလာပြဲနီးမွ အေရာင္ခၽြတ္ရတာမ်ိဳးေတြ မျဖစ္ေစဖို႔ ေဆးဆိုးခ်ိန္မွာ သတိထားဖို႔လိုပါတယ္။ အေကာင္းဆံုးကေတာ႔ သဘာဝဆံပင္သားေကာင္းေအာင္ ေမြးျမဴဖို႔ပါပဲ။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

သတို့သမီးလေးတွေအတွက် ဆံပင်စတိုင်လ်ရွေးချယ်နည်းများ

တစ်သက်မှာ တစ်ခါဆင်နွှဲရတဲ့ မင်္ဂလာပွဲကြီးမှာ အလှဆုံးဖြစ်ချင်ကြတာ မိန်းကလေးတိုင်းရဲ့ စိတ်ဆန္ဒပါပဲနော်။ ဒါကြောင့် အသားအရေလှပဖို့ ၊ ခန္ဓာကိုယ်လှပဖို့ ပြင်ကြဆင်ကြ အဝတ်အစားတွေရွေးချယ်ကြနဲ့ သတို့သမီးလောင်းလေးတွေက အရမ်းကိုအလုပ်ရှုပ်ကြရပါတယ်။
မင်္ဂလာဆောင်အတွက် ဒီလိုပြင်ဆင်တဲ့နေရာမှာ ကိုယ့်သွင်ပြင်အတွက်အရေးကြီးတဲ့အရာတစ်ခုကိုတော့ လုံးဝမေ့လို့မဖြစ်ပါဘူး။ အဲဒါကတော့ ဆံပင်ထုံးဖွဲ့ပုံပါပဲ။ တချို့သတို့သမီးလေးတွေက ကိုယ်နဲ့မလိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကြောင့် အရွယ်ရင့်သွားတာ ရုပ်ကြီးဆိုးသွားတာမျိုး ဖြစ်သွားတတ်ပါတယ်။ တချို့ကျတော့လည်း Outdoor ဆောင်တဲ့နေရာမှာ ဆံပင်ကိုသေသေချာချာ မပြင်ဆင်မိတာကြောင့် ပုံစံပျက်ပြီး အလှပျက်ရတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲအတွက်ဆံပင်စတိုင်လ်ရွေးချယ်မယ်ဆိုရင် ဘယ်လိုအချက်တွေကို သတိပြုရမလဲဆိုတာ နဲ့သတို့သမီးလေးတွေ အတွက် Instagram မှာခေတ်စားနေတဲ့ ဆံပင်စတိုင်လ်လေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်နှာကျ

ကိုယ့်အတွက်အလှဆုံးပုံရိပ်ကိုပေးစွမ်းဖို့ အရေးအကြီးဆုံးသတိထားသင့်တာက ကိုယ့်ရဲ့မျက်နှာအသွင်အပြင်နဲ့ မျက်နှာကျပါပဲ။ မျက်နှာကြီးသူက မျက်နှာကိုမသိမသာ ဖုံးအုပ်ပေးနိုင်မယ့် ဆံပင်ပုံစံမျိုးပြင်ဆင်သင့်ပြီး မျက်နှာသေးသူလေးကတော့ ကိုယ့်ရုပ်သွင်ကိုအလှဆုံုးဘောင်ခတ်ပေးနိုင်မယ့် ဆံပင်စတိုင်လ်မျိုးပြင်ဆင်သင့်ပါတယ်။

သင့်ဆံပင်သား

သင့်ဆံပင်သားကိုသိမှလည်း ကြာရှည်ခံတဲ့အလှအတွက် အကောင်းဆုံးပြင်ဆင်နိုင်မှာပါ။ ပျော့အိလွန်းတဲ့ဆံပင်သားဆိုရင် ဆံပင်ထုံးရခက်သလို ဆံပင်သား ပျက်စီးနေချိန်မှာလည်း ဆံသားကိုသတိထားမိစေမယ့် ပြင်ဆင်မှုမျိုးမလုပ်သင့်ပါဘူး။ ကောက်သားကြီးကြီးနဲ့ လှလှပပလေးရချင်တယ်ဆိုရင်လည်း ဆံသားကောင်းဖို့ လိုအပ်တဲ့အရှည်ရှိနေဖို့ စသဖြင့် လိုအပ်ချက်တွေရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဆံပင်ရဲ့အခြေအနေကိုသိပါ။ ခြောက်လလောက်ကတည်းက ဆံသားကိုစနစ်တကျဂရုစိုက်ပေးပါ။

ဆင်မြန်းမယ့်ဝတ်စုံ

ကိုယ်အရမ်းကြိုက်တဲ့ ဆံပင်ထုံးဖွဲ့ပုံလေးရှိနေလို့ မဖြစ်မနေဒီလိုပဲ ပြင်ဆင်ရမှဖြစ်မယ်ဆိုတာမျိုး စွဲမထားပါနဲ့။ သင့်ရဲ့ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဆံပင်ထုံးဖွဲ့ပြင်ဆင်မှုရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်မက်မက်ထားခဲ့တဲ့ ဆံပင်စတိုင်လ်လေးကို စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရပါမယ်။ ဂါဝန်ဝတ်မှာလား ၊ အတိုလား အရှည်လား ၊ မြန်မာဝတ်စုံလား စသဖြင့် သင့်ရဲ့ဝတ်စုံပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆံပင်စတိုင်လ်ကိုရွေးချယ်ရမှာဖြစ်ပါတယ်။

နေရာ

မင်္ဂလာပွဲကျင်းပတဲ့နေရာဟာ ကိုယ့်ရဲ့ပြင်ဆင်မှုအတွက် အရမ်းအရေးပါပါတယ်။ သင်က Pool Side မှာ ကမ်းခြေမှာ မင်္ဂလာဆောင်တာမျိုးဆိုရင် ပေါ့ပါးပြီး လေတိုက် နေပူရင်လည်း ပုံပျက်မသွားတဲ့ သဘာဝအတိုင်းလှပတဲ့ စတိုင်လ်ကိုရွေးချယ်ဖို့လိုပါတယ်။ Indoor မှာ ညပွဲဆိုရင်တော့ ကျက်သရေရှိတဲ့ ပြင်ဆင်ထုံးဖွဲ့မှုမျိုးကို ရွေးရမှာပါ။

ကြိုတင်ပြင်ဆင်မှု

ဆံပင်အတွက် စိတ်မပူချင်ဘူးဆိုရင်တော့ ဆံသားမပျက်စီးအောင် လိုအပ်တဲ့အရှည်ရအောင် ပြင်ဆင်ထားတာကောင်းပါတယ်။ ၁ နှစ်လောက်အလိုကတည်းက ဆံပင်ကို ထူထဲကျန်းမာအောင် လိုအပ်တဲ့ Hair Products ကောင်းကောင်း သုံးပေးရပါမယ်။ ဆံပင်ကိုလည်း ပုံကျကျညှပ်ထားဖို့ လိုပါတယ်။ အရောင်တောက်တောက်ဆိုးထားတာမျိုးတွေ ၊ မင်္ဂလာပွဲနီးမှ အရောင်ချွတ်ရတာမျိုးတွေ မဖြစ်စေဖို့ ဆေးဆိုးချိန်မှာ သတိထားဖို့လိုပါတယ်။ အကောင်းဆုံးကတော့ သဘာဝဆံပင်သားကောင်းအောင် မွေးမြူဖို့ပါပဲ။

ဂျူဂျူး(အခရာ)

www.akhayar.com