[Zawgyi]

ဘယ္လိုေခြးအမ်ိဳးအစားကို ေရြးခ်ယ္ေမြးျမဴရင္ ေကာင္းမလဲ

ျမန္မာႏုိင္ငံမွာကေတာ့ ေခြးခ်စ္သူေတြ တျဖည္းျဖည္း ပိုမိုေပၚလာတာနဲ႔အမွ် ဟိုနားသြားသြား၊ ဒီနားသြားသြား ေနရာတကာမွာ ခ်စ္စရာေခြးေလးေတြကို ေတြ႕ေနရပါတယ္။ ေခြးေလးေတြဟာ တစ္ေကာင္နဲ႔တစ္ေကာင္ ပံုစံအရြယ္အစားခ်င္းမတူသလုိပဲ သူတို႔မွာ တစ္ေကာင္နဲ႔တစ္ေကာင္မတူညီတဲ့ အတြင္းစိတ္ပံုစံေလးေတြနဲ႔ စရိုက္သ႑ာန္ေလးေတြလည္း ရွိေနပါတယ္။ ကိုယ့္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ လူေနမႈပံုစံအေပၚမူတည္ၿပီး ကိုယ္ႀကိဳက္တဲ့ေခြးေလးေတြကို ေရြးခ်ယ္ေမြးႏုိင္ပါတယ္ေနာ္။ ဒါေၾကာင့္ အခု ဘယ္လိုေခြးေလးေတြကို ေမြးရင္ေကာင္းမလဲလို႔ စဥ္းစားေနတဲ့သူေတြအတြက္ေတာ့ ကိုယ္အလိုခ်င္ဆံုး ေခြးေလးေတြရဲ႕ ပံုစံသာမကပဲ အက်င့္စရိုက္ေလးေတြကိုပါ ကိုယ္နဲ႔ထပ္တူျဖစ္ေနတဲ့အထိ ေရြးခ်ယ္လို႔ရေအာင္ ျမန္မာႏုိင္ငံမွာ အေမြးမ်ားၿပီး ရရွိႏုိင္တဲ့ ေခြးေလးတစ္ခ်ိဳ႕ရဲ႕ စရိုက္လကၡဏာေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

Golden Retriever

Golden Retriever

Golden Retriever

သူတို႔ေလးေတြကေတာ့ ဒီမွာ အေမြးမ်ားပါတယ္။ ခ်စ္စရာေကာင္းၿပီး သိတတ္နားလည္လြန္းတဲ့ေခြးေလးေတြလည္း ျဖစ္ပါတယ္။ သူတို႔ေလးေတြက သခင္ေတြကို အျပည့္အ၀ ခ်စ္ျခင္းေမတၱာကို ျမင္သာေအာင္ ျပသတတ္တဲ့အျပင္ ေခြးထဲမွာ လူမႈဆက္ဆံေရးေကာင္းမြန္တဲ့ေခြးေလးေတြလို႔ ေျပာရပါလိမ့္မယ္။ ရန္လိုမႈမရွိပဲ သင့္ရဲ႕ ကုတင္ေျခရင္းမွာ သင့္ကိုေစာင့္ေရွာက္ၿပီး အိပ္ေပးဦးမွာပါ။ ကေလးငယ္ေလးေတြရွိတဲ့အိမ္ေတြမွာ ေမြးဖို႔သင့္ေတာ္ၿပီး အေကာင္ႀကီးမ်ိဳးျဖစ္တဲ့အတြက္ ၿခံေလး၀န္းေလးနဲ႔မွသာ သူတို႔ေလးေတြ ေပ်ာ္ရႊင္စြာ ေျပးလႊြားေဆာ့ကစားေနႏုိင္မွာပါ။

Bichon Frise

Bichon Frise

Bichon Frise

ေခြးေလးေတြရဲ႕ကမာၻမွာေတာ့ သူတို႔ေလးေတြကို “Cheerleader” လို႔ေတာင္ ေခၚၾကပါတယ္။ အရြယ္ေသးငယ္ၿပီး အရုပ္ကေလးနဲ႔တူတဲ့ သူတို႔ေလးေတြဟာ ေပ်ာ္ရႊင္တတ္တယ္။ ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္တယ္။ ႏူးညံ့ၿပီး အေဆာ့မက္ၾကပါတယ္။ လူေတြကိုလည္း ခ်စ္တတ္ၿပီး လူေတြနဲ႔ အၿမဲတမ္းေဆာ့ကစားေနဖို႔ ေခ်ာင္းေနၾကတဲ့ ေခြးေလးေတြပါ။ သူတို႔ေလးေတြဟာ ေသးငယ္တဲ့အတြက္ ဘယ္ေခၚသြားသြားအဆင္ေျပၿပီး တိုက္ခန္းေတြမွာလည္း ေမြးလို႔ အိုေကပါတယ္။

Siberian Husky

Siberian Husky

Siberian Husky

Husky ေတြကေတာ့ အခုေနာက္ပိုင္းမွ ျမန္မာႏုိင္ငံမွာ တြင္တြင္က်ယ္က်ယ္ေမြးလာၾကတဲ့ ေခြးမ်ိဳးစိတ္ပါပဲ။ တက္ၾကြၿပီး လြတ္လြတ္လပ္လပ္ေနရတာကို သေဘာက်တယ္။ သူတို႔ေလးေတြဟာ အေလ့အက်င့္ေကာင္းေလးေတြရွိၾကၿပီး ယံုၾကည္စိတ္ခ်ရတဲ့ေခြးေလးေတြပဲျဖစ္ပါတယ္။ သူတို႔ေလးေတြကို ေမြးခ်င္တယ္ဆိုရင္ေတာ့ က်ယ္က်ယ္၀န္း၀န္းၿခံေလးထဲမွာ ေမြးဖို႔ အႀကံေပးပါရေစ။

Labrador

Labrador

Labrador

သူတို႔ေလးေတြဟာ ေႏြးေထြးတယ္။ ဥာဏ္ေကာင္းၿပီး အထူးသျဖင့္ အားကစားနဲ႔ ေဆာ့ကစားရတာကို ႏွစ္သက္ၾကပါတယ္။ အေကာင္ႀကီးမ်ိဳးျဖစ္ၿပီး အၿမဲလိုလို ဘာေတြမ်ား စူးစမ္းေလ့လာေနရမလဲဆိုၿပီး ေတြးေနတတ္တဲ့ေခြးေလးေတြပါပဲ။ ေတာင္ေပၚပဲတက္တက္၊ ကမ္းေျခကိုပဲသြားသြား အတူတူ လိုက္ပါေဆာ့ကစားေနဦးမွာပါ။ ဒါေၾကာင့္ ခရီးသြားတဲ့အခါ ေခၚသြားလို႔ အရမ္းေကာင္းတဲ့အတြက္ ခရီးသြားခ်စ္သူေတြ တစ္ေကာင္ေလာက္ေတာ့ ေမြးထားသင့္ပါတယ္ေနာ္။

Terrier

Terrier

Terrier

သူတို႔ေလးေတြကေတာ့ သိပ္ၿပီး လူမႈဆက္ဆံေရးမေကာင္းပါဘူး။ သူစိမ္းေတြနဲ႔ ခပ္ေ၀းေ၀းမွာ ေနတတ္ၿပီး မာနႀကီးေနတတ္ပါေသးတယ္။ သူတို႔ေလးေတြ ဘယ္လိုစရိုက္သ႑ာန္နဲ႔ ႀကီးျပင္းလာသလဲဆိုတာဟာ သခင္ေတြရဲ႕ ျပဳစုေစာင့္ေရွာက္မႈအေပၚအမ်ားႀကီး မူတည္ေနၿပီး သခင္ေတြနဲ႔ဆိုရင္ေတာ့ မိသားစုေလးတစ္ခုလို ထင္မွတ္ထားတတ္ၾကပါတယ္။ ဒါေၾကာင့္ တျခားလူေတြနဲ႔ တည့္ခ်င္မွ တည့္မယ္ဆိုေပမယ့္လည္း သခင္ေတြနဲ႔ဆို ဘယ္သြားသြား အေနာက္ကေန ေတာက္ေလွ်ာက္ အရိပ္လို လိုက္ကပ္ေနမွာျဖစ္ၿပီး သင့္ရဲ႕ ေပါင္ေပၚမွာ တစ္ခ်ိန္လံုးဇိမ္ခံေနမယ့္ေကာင္ေလးေတြပါ။

Beagle

Beagle

Beagle

သူတို႔ေလးေတြကေတာ့ အခုေနာက္ပိုင္းမွာသာ ျမန္မာႏုိင္ငံမွာ ေခတ္စားလာတာပါ။ အရင္ကေတာ့ သိပ္မေတြ႕ရပါဘူး။ အရမ္းကစားတယ္။ တစ္ခ်ိန္လံုး သြက္လက္ဖ်က္လက္ေနမယ္။ ဘာေတြရွာေဖြစူးစမ္းရမလဲဆိုတာကိုပဲ တစ္ခ်ိန္လံုး ေတြးေနၿပီး လူေတြနဲ႔ေတြ႕ရင္လည္း ခင္ခင္မင္မင္နဲ႔ ဆက္ဆံတတ္ျပန္ေရာ။ အခုမွ ေခြးေမြးခ်င္တဲ့သူေတြဆိုရင္ေတာ့ ဒီမွာ အေမြးမမ်ားေသးပဲ ခ်စ္စရာေကာင္းတဲ့ Beagle ေလးေတြကို ေမြးၾကည့္သင့္ပါတယ္။

တကယ္ေတာ့ ေခြးေလးေတြရဲ႕ စရိုက္လကၡဏာဟာ သူတို႔ေလးေတြရဲ႕ မ်ိဳးစိတ္ဗီဇအရ ေမြးဖြားခ်ိန္ကတည္းက ပါ၀င္လာတယ္ဆိုေပမယ့္လည္း သခင္နဲ႔ မိသားစုရဲ႕ ဆက္ဆံျပဳမူပံုေတြအေပၚမူတည္ၿပီး မထင္မွတ္ထားေလာက္ေအာင္ ေျပာင္းလဲသြားႏုိင္ပါတယ္။ ေနာက္ၿပီး ေခြးေမြးေတာ့မယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ အေျခအေနနဲ႔ အေနအထားအေပၚမူတည္ၿပီး မွန္ကန္တဲ့ေခြးအမ်ိဳးအစားကို ေရြးခ်ယ္ဖို႔လိုအပ္ပါေသးတယ္။ မဟုတ္ရင္ေတာ့ သူတို႔ေလးေတြကိုေရာ၊ ကိုယ့္ကိုယ္ကိုယ္ေရာ ဒုကၡေပးေနတာပဲ အဖတ္တင္မွာမို႔လုိ႔ပါေနာ္။

Moethaesay (Akhayar)

[Unicode]

ဘယ်လိုခွေးအမျိုးအစားကို ရွေးချယ်မွေးမြူရင် ကောင်းမလဲ

မြန်မာနိုင်ငံမှာကတော့ ခွေးချစ်သူတွေ တဖြည်းဖြည်း ပိုမိုပေါ်လာတာနဲ့အမျှ ဟိုနားသွားသွား၊ ဒီနားသွားသွား နေရာတကာမှာ ချစ်စရာခွေးလေးတွေကို တွေ့နေရပါတယ်။ ခွေးလေးတွေဟာ တစ်ကောင်နဲ့တစ်ကောင် ပုံစံအရွယ်အစားချင်းမတူသလိုပဲ သူတို့မှာ တစ်ကောင်နဲ့တစ်ကောင်မတူညီတဲ့ အတွင်းစိတ်ပုံစံလေးတွေနဲ့ စရိုက်သဏ္ဍာန်လေးတွေလည်း ရှိနေပါတယ်။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ လူနေမှုပုံစံအပေါ်မူတည်ပြီး ကိုယ်ကြိုက်တဲ့ခွေးလေးတွေကို ရွေးချယ်မွေးနိုင်ပါတယ်နော်။ ဒါကြောင့် အခု ဘယ်လိုခွေးလေးတွေကို မွေးရင်ကောင်းမလဲလို့ စဉ်းစားနေတဲ့သူတွေအတွက်တော့ ကိုယ်အလိုချင်ဆုံး ခွေးလေးတွေရဲ့ ပုံစံသာမကပဲ အကျင့်စရိုက်လေးတွေကိုပါ ကိုယ်နဲ့ထပ်တူဖြစ်နေတဲ့အထိ ရွေးချယ်လို့ရအောင် မြန်မာနိုင်ငံမှာ အမွေးများပြီး ရရှိနိုင်တဲ့ ခွေးလေးတစ်ချို့ရဲ့ စရိုက်လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Golden Retriever

Golden Retriever

Golden Retriever

သူတို့လေးတွေကတော့ ဒီမှာ အမွေးများပါတယ်။ ချစ်စရာကောင်းပြီး သိတတ်နားလည်လွန်းတဲ့ခွေးလေးတွေလည်း ဖြစ်ပါတယ်။ သူတို့လေးတွေက သခင်တွေကို အပြည့်အ၀ ချစ်ခြင်းမေတ္တာကို မြင်သာအောင် ပြသတတ်တဲ့အပြင် ခွေးထဲမှာ လူမှုဆက်ဆံရေးကောင်းမွန်တဲ့ခွေးလေးတွေလို့ ပြောရပါလိမ့်မယ်။ ရန်လိုမှုမရှိပဲ သင့်ရဲ့ ကုတင်ခြေရင်းမှာ သင့်ကိုစောင့်ရှောက်ပြီး အိပ်ပေးဦးမှာပါ။ ကလေးငယ်လေးတွေရှိတဲ့အိမ်တွေမှာ မွေးဖို့သင့်တော်ပြီး အကောင်ကြီးမျိုးဖြစ်တဲ့အတွက် ခြံလေးဝန်းလေးနဲ့မှသာ သူတို့လေးတွေ ပျော်ရွှင်စွာ ပြေးလွှွားဆော့ကစားနေနိုင်မှာပါ။

Bichon Frise

Bichon Frise

Bichon Frise

ခွေးလေးတွေရဲ့ကမ္ဘာမှာတော့ သူတို့လေးတွေကို “Cheerleader” လို့တောင် ခေါ်ကြပါတယ်။ အရွယ်သေးငယ်ပြီး အရုပ်ကလေးနဲ့တူတဲ့ သူတို့လေးတွေဟာ ပျော်ရွှင်တတ်တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တယ်။ နူးညံ့ပြီး အဆော့မက်ကြပါတယ်။ လူတွေကိုလည်း ချစ်တတ်ပြီး လူတွေနဲ့ အမြဲတမ်းဆော့ကစားနေဖို့ ချောင်းနေကြတဲ့ ခွေးလေးတွေပါ။ သူတို့လေးတွေဟာ သေးငယ်တဲ့အတွက် ဘယ်ခေါ်သွားသွားအဆင်ပြေပြီး တိုက်ခန်းတွေမှာလည်း မွေးလို့ အိုကေပါတယ်။

Siberian Husky

Siberian Husky

Siberian Husky

Husky တွေကတော့ အခုနောက်ပိုင်းမှ မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်မွေးလာကြတဲ့ ခွေးမျိုးစိတ်ပါပဲ။ တက်ကြွပြီး လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတယ်။ သူတို့လေးတွေဟာ အလေ့အကျင့်ကောင်းလေးတွေရှိကြပြီး ယုံကြည်စိတ်ချရတဲ့ခွေးလေးတွေပဲဖြစ်ပါတယ်။ သူတို့လေးတွေကို မွေးချင်တယ်ဆိုရင်တော့ ကျယ်ကျယ်ဝန်းဝန်းခြံလေးထဲမှာ မွေးဖို့ အကြံပေးပါရစေ။

Labrador

Labrador

Labrador

သူတို့လေးတွေဟာ နွေးထွေးတယ်။ ဉာဏ်ကောင်းပြီး အထူးသဖြင့် အားကစားနဲ့ ဆော့ကစားရတာကို နှစ်သက်ကြပါတယ်။ အကောင်ကြီးမျိုးဖြစ်ပြီး အမြဲလိုလို ဘာတွေများ စူးစမ်းလေ့လာနေရမလဲဆိုပြီး တွေးနေတတ်တဲ့ခွေးလေးတွေပါပဲ။ တောင်ပေါ်ပဲတက်တက်၊ ကမ်းခြေကိုပဲသွားသွား အတူတူ လိုက်ပါဆော့ကစားနေဦးမှာပါ။ ဒါကြောင့် ခရီးသွားတဲ့အခါ ခေါ်သွားလို့ အရမ်းကောင်းတဲ့အတွက် ခရီးသွားချစ်သူတွေ တစ်ကောင်လောက်တော့ မွေးထားသင့်ပါတယ်နော်။

Terrier

Terrier

Terrier

သူတို့လေးတွေကတော့ သိပ်ပြီး လူမှုဆက်ဆံရေးမကောင်းပါဘူး။ သူစိမ်းတွေနဲ့ ခပ်ဝေးဝေးမှာ နေတတ်ပြီး မာနကြီးနေတတ်ပါသေးတယ်။ သူတို့လေးတွေ ဘယ်လိုစရိုက်သဏ္ဍာန်နဲ့ ကြီးပြင်းလာသလဲဆိုတာဟာ သခင်တွေရဲ့ ပြုစုစောင့်ရှောက်မှုအပေါ်အများကြီး မူတည်နေပြီး သခင်တွေနဲ့ဆိုရင်တော့ မိသားစုလေးတစ်ခုလို ထင်မှတ်ထားတတ်ကြပါတယ်။ ဒါကြောင့် တခြားလူတွေနဲ့ တည့်ချင်မှ တည့်မယ်ဆိုပေမယ့်လည်း သခင်တွေနဲ့ဆို ဘယ်သွားသွား အနောက်ကနေ တောက်လျှောက် အရိပ်လို လိုက်ကပ်နေမှာဖြစ်ပြီး သင့်ရဲ့ ပေါင်ပေါ်မှာ တစ်ချိန်လုံးဇိမ်ခံနေမယ့်ကောင်လေးတွေပါ။

Beagle

Beagle

Beagle

သူတို့လေးတွေကတော့ အခုနောက်ပိုင်းမှာသာ မြန်မာနိုင်ငံမှာ ခေတ်စားလာတာပါ။ အရင်ကတော့ သိပ်မတွေ့ရပါဘူး။ အရမ်းကစားတယ်။ တစ်ချိန်လုံး သွက်လက်ဖျက်လက်နေမယ်။ ဘာတွေရှာဖွေစူးစမ်းရမလဲဆိုတာကိုပဲ တစ်ချိန်လုံး တွေးနေပြီး လူတွေနဲ့တွေ့ရင်လည်း ခင်ခင်မင်မင်နဲ့ ဆက်ဆံတတ်ပြန်ရော။ အခုမှ ခွေးမွေးချင်တဲ့သူတွေဆိုရင်တော့ ဒီမှာ အမွေးမများသေးပဲ ချစ်စရာကောင်းတဲ့ Beagle လေးတွေကို မွေးကြည့်သင့်ပါတယ်။

တကယ်တော့ ခွေးလေးတွေရဲ့ စရိုက်လက္ခဏာဟာ သူတို့လေးတွေရဲ့ မျိုးစိတ်ဗီဇအရ မွေးဖွားချိန်ကတည်းက ပါဝင်လာတယ်ဆိုပေမယ့်လည်း သခင်နဲ့ မိသားစုရဲ့ ဆက်ဆံပြုမူပုံတွေအပေါ်မူတည်ပြီး မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားနိုင်ပါတယ်။ နောက်ပြီး ခွေးမွေးတော့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ အခြေအနေနဲ့ အနေအထားအပေါ်မူတည်ပြီး မှန်ကန်တဲ့ခွေးအမျိုးအစားကို ရွေးချယ်ဖို့လိုအပ်ပါသေးတယ်။ မဟုတ်ရင်တော့ သူတို့လေးတွေကိုရော၊ ကိုယ့်ကိုယ်ကိုယ်ရော ဒုက္ခပေးနေတာပဲ အဖတ်တင်မှာမို့လို့ပါနော်။

Moethaesay (Akhayar)