[Zawgyi]














ကြည်သာ (အခရာ)

www.akhayar.com


[Unicode]

ဒါရိုက်တာခရစ်စတီးနားခီ ကြိုက်နှစ်သက်ခဲ့ရတဲ့ မြန်မာပြည်ကမင်းသားတစ်လက်

ဥပါယ်တံမျဉ် ဇာတ်လမ်းနဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်ခဲ့တဲ့ ခရစ်စတီးနားခီဟာ သူမအနေနဲ့မြန်မာပြည်မှာ ကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသားတစ်ယောက် ရှိခဲ့တယ်ဒီမင်းသားကတော့ မင်းသားကြီးဒွေး(ကိုသားကြီး) ပဲ ဖြစ်ပါတယ်။

သားညီ ၊ ကျေ်ဟိန်း နှင့် ဒွေး

သားညီ ၊ ကျေ်ဟိန်း နှင့် ဒွေး

ဒွေးကွန်လွန်တဲ့ အချိန်က သူမဟာ Flim School တတ်ရောက်နေတဲ့ အချိန်ဖြစ်လို့ အိမ်စာလုပ်နေရင်းတောင် ငိုခဲ့ရတယ်လို့ သူမရဲ့ Facebook မှာရေးသားထားပါတယ်။

ဒါရိုက်တာခရစ်စတီးနားခီ သီလရှင်လူထွက်ခါစ ပုံ

ဒါရိုက်တာခရစ်စတီးနားခီ သီလရှင်လူထွက်ခါစ ပုံ

အခုလိုငိုနေခဲ့လို့ “အိမ်ကိုပြန်လာတဲ့ ခိုခိုတောင်လန့်သွားပြီး ဘာဖြစ်တာလည်းမေးရတဲ့ အထိပေါ့နော်”လို့ သူမရဲ့ Facebookမှာ မင်းသားဒွေးကို ကြိုက်နှစ်သက်ရတဲ့ အကြောင်းကို အခုလိုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Photo Credit- we love forever dway page

Photo Credit- we love forever dway page

ကိုးသားကြီး လို့ ချစ်စနိုးခေါ်ကျတဲ့ သရုပ်ဆောင်ဒွေးကို တော့ မြန်မာ အနုပညာပရိသတ်တွေ အပါအဝင် အနုပညာရှင် တွေ ကပါလေးစားချစ်ခင်ကြတဲ့ အနုပညာရှင် တစ်ဦးလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူး ။ ကိုသားကြီးလိုတော်တဲ့ အနုပညာရှင်တစ်ယောက်ကို ဆုံးရူံးခဲ့ရတာဆိုရင်တော့ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် က ဖြစ်တဲ့ အတွက် အခုဆိုရင် ၁၁ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သရုပ်ဆောင်ဒွေး ဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေရော မင်းသားဒွေးကို အခုချိန်ထိကြိုက်နှစ်သက်တုန်းပဲလား ဖြေခဲ့ဦးနော်……

Photo Credit- ခရစ်စတီးနားခီ ရဲ့ Facebook နှင့် we love forever dway page

ကြည်သာ (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။