[Zawgyi]
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
သင်္ကြန်အကြတ်နေ့မှာ ရန်ကုန်မြို့တော်ဝင်မဏ္ဍပ်တွင်ဖျော်ဖြေခဲ့သည့် ခီမောင်နှံ
ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်မှာ မြန်မာဆန်ဆန် ဖျော်ဖြေနေကြတဲ့ ခီ မောင်နှံကို ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ က တွေ့မြင်ခဲ့ရပါတယ်။ အနုပညာရှင်မောင်နှံဖြစ်တဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ မန်းတောင်ရိပ်ခိုသီချင်းကို အမျိုးသားဖြစ်သူက သီဆိုပြီး အမျိုးသမီးဖြစ်သူဒါရိုက်တာကြီးကနေ စည်းချက်ညီညီ ကပြလို့ ရန်ကုန်မြို့သူ၊ မြို့သားတွေကို ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။
တစ်ယောက်ဆို တစ်ယောက်ကကပြဖျော်ဖြေနေကြတဲ့ ခီမောင်နှံ
တစ်ယောက်ဆို တစ်ယောက်ကကပြဖျော်ဖြေနေကြတဲ့ ခီမောင်နှံ
တစ်ယောက်ဆို တစ်ယောက်ကကပြဖျော်ဖြေနေကြတဲ့ ခီမောင်နှံ
တစ်ယောက်ဆို တစ်ယောက်ကကပြဖျော်ဖြေနေကြတဲ့ ခီမောင်နှံ
အကြတ်နေ့မတိုင်ခင်က သင်္ကြန်ဆိုတာ နဲ့ပတ်သတ်ပြီးတော့လည်း ဒါရိုက်တာခရစ်စတီးနားခီ က သူမရဲ့ သားဦးလေးဆုံးသွားခဲ့လို့ မဆိုင်သလိုနေခဲ့တာကြာပြီ ဆိုပြီးတော့တင်ထားတာကို သူမရဲ့ လူမှုကွန်ရက်မှာတွေ့ရပါတယ်။
“မြန်မာပြည်ပြန်ရောက်ပြီး ပထမဦးဆုံုးသင်္ကြန်မှာ Tris လေးဆုံးသွားတော့ သင်္ကြန်ကို ကိုယ်နဲ့မဆိုင်သလိုနေလာတာအတော်ကြာခဲ့ပြီ။ အိမ်မှာနေနေတဲ့အမေကို နိုဝါလေးက ရေလာပက်တော့မှပဲ
သတိပြန်ဝင်လာပါတော့တယ်။
သားတို့ကျောင်းက မေမေတသိုက်ရယ် ထိပ်ထားလေးရဲ့ မေမေနဲ့ မိသားစုတို့ကိုအထူးကျေးဇူးတင်ပါတယ်။ နိုဝါလေးရဲ့ပထမဦးဆုံးသင်္ကြန်အတွက်…”
ဒါရိုက်တာခရစ်စတီးနားခီ ရဲ့ ဒုတိယမြောက်သားလေး နိုဝါ
ဒါရိုက်တာခရစ်စတီးနားခီ ရဲ့ ဒုတိယမြောက်သားလေး နိုဝါ
သင်္ကြန်ဆိုတာ သူမအတွက်တော့ မေ့မရနိုင်တဲ့ အရာတစ်ခုဖြစ်တဲ့ သားဦးလေးကို ဆုံးရူံးလိုက်ရခြင်းပါသို့ပေမယ့် လည်း ဒီကနေ့ ပရိသတ်အတွက် ပျော်ရွှင်ဖွယ်အရာဖြစ်တဲ့ ကပြဖျော်ဖြေခြင်းကို ပြုံးရွှင်စွာ လုပ်နိုင်ခဲ့တာဟာလည်း သူတို့ဇနီးမောင်နှံရဲ့ လိုက်ဖက်မှု ၊ တာဝန်ကျေမှုတွေကို ထပ်တိုးလို့ ပရိသတ်က နားလည်နိုင်စေခဲ့တဲ့ အရာဆိုတာက အထက်ပါ Post နှစ်ခုက သက်သေပဲ ဖြစ်ပါတယ်။
Photo Credit: Christina Kyi Facebook
Photo Credit: မြို့တော်ခန်းမရှေ့မှ ဓါတ်ပုံများအတွက် (ရွှေအင်းသားခင်မောင်ဝင်း)
ကြည်သာ (Akhayar)
www.akhayar.com