April ၃ရက်နေ့က အမေရိကန်သမ္မတ Donald Trump ရဲ့ အပန်းဖြေနေရာ Mar-a-Lago ဟာ Malware (Malicious Software) တွေနဲ့တိုက်ခိုက်ခြင်းကိုရင်ဆိုင်ခဲ့ရပါတယ်။ Mar-a-Lago ဟာ အမေရိကန်သမ္မတ Donald Trump` နဲ့ သီးသန့်ဝင်ခွင့်ရတဲ့ Member အနည်းငယ်သာ လာရောက် အပန်းဖြေနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ တရားခံကတော့ Yujing Zhang လို့အမည်ရတဲ့ တရုတ်လူမျိုးအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဟာ Federal ရဲအရာရှိတစ်ဦးကို လိမ်လည်ကာ Malware ထည့်သွင်းထားတဲ့ အသေးစား Thumb Drive တစ်ခုကိုသယ်ဆောင်ပြီး တားမြစ်နေရာအတွင်း ဝင်ရောက်ခဲ့တာပါ။

Mar-a-Lago

သူမက လုံခြုံရေးအဖွဲ့ကို ရေကူးကန်အသုံးပြုချင်တယ် လို့အကြောင်းပြခဲ့ပြီး နောက်ပိုင်းမှာတော့ Charlie ဆိုသူရဲ့ ဖိတ်ကြားချက်အရ Friendship Event လို့အမည်ရတဲ့ပွဲကိုလာခဲ့တာဖြစ်ပြီး Trump ရဲ့မိသားစုဝင်တစ်ယောက်နဲ့ တရုတ် အမေရိကန် ကြားကစီးပွားရေအကြောင်းအရာများကိုဆွေးနွေးလိုတယ် လို့ထွက်ဆိုခဲ့ပါတယ်။ အပန်းဖြေစခန်း မန်နေဂျာ က Member တစ်ယောက်ရဲ့မျိုးရိုးနာမည်နဲ့ Zhang ရဲ့ မျိးရိုးနာမည်တူနေတာကြောင့် ဆွေမျိုးတွေလို့ထင်ပြီး ဝင်ခွင့်ပေးခဲ့ပါတယ်။ အထဲရောက်တဲ့အခါမှာဧည့်ကြိုက Zhang ရဲ့နာမည်စာရင်းထဲမှာမရှိတာကိုသတိထားမိခဲ့ပါတယ်။ အဲ့အချိန်တုန်းက Trump ကတော့ International Golf Club မှာ ရှိနေခဲ့တာပါ။

Trump International Golf Club

Zhang ဟာ USB Drive အပြင် Cellphone လေးလုံး၊ laptop တစ်လုံး၊ External Hard Drive တစ်ခု နဲ့ တရုတ် Passport နှစ်ခု ကိုသယ်ဆောင်လာတာကိုလုံခြုံရေးတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သံသယဖြစ်စရာတစ်ခုကတော့ သူမစရောက်လာတဲ့အချိန်မှာ အင်္ဂလိပ်စာကိုနားမလည်သလိုဟန်ဆောင်နေခဲ့ပြီး နောက်ပိုင်းမှာတော့ အင်္ဂလိပ်စာကိုကောင်းကောင်းနားလည်သူဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ Zhang ဟာ ဘာအကြံနဲ့လာခဲ့လဲ ဆိုတာကိုတော့သေချာမသိရသေးပေမယ့် သူမရဲ့မူမမှန်တဲ့ အပြုအမူတွေနဲ့ ယူဆောင်လာတဲ့ Malware တို့ကြောင့် Cyber Security ပိုင်းနဲ့ဆိုင်တဲ့ကိစ္စ တစ်ခုဖြစ်မယ်လို့ ယူဆထားကြပါတယ်။

Thumb Drive တွေဟာ ပြင်ပကနေတိုက်ခိုက်ဖို့ခက်ခဲတဲ့ Computer တွေထဲကို Virus နဲ့ Malware တွေအမြန်ဆုံးထည့်သွင်းနိုင်ပြီး လုံခြုံရေးအချက်အလက်တွေကိုချိုးဖောက်ကာ
Computer စနစ်တွေကိုထိန်းချုပ်ခြင်း နဲ့ အချက်အလက်တွေကိုခိုးယူ ဖျက်စီးခြင်း စတဲ့ Cyber တိုက်ခိုက်မှုတွေကိုလုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွက် Thumb Drive တွေကိုအသုံးပြုခဲ့တာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ဖြစ်ရပ်မှာ တရုတ်လူမျိုး Zhang အနေနဲ့ ဘယ်လိုရည်ရွယ်ချက်မျိုးတွေကြောင့် အခုလိုလုပ်ရက်တွေကိုကြိုးစားလာခဲ့သလဲဆိုတာ အတိအကျမသိရသေးပေမယ့် အမေရိကန်သမ္မတ နဲ့ပတ်သက်လာတဲ့အထိ အတင့်ရဲလာတာကိုတော့အံ့သြစရာကောင်းအောင်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်ဒီကိစ္စတစ်ခုတည်းမဟုတ်ဘဲတခြားအကြောင်းအရင်းတွေလည်းရှိနိုင်ပါသေးတယ်။ အမေရိကန်အစိုးရအနေနဲ့ အဲ့ဒီ့ကိစ္စရဲ့နောက်ပိုင်းဖြစ်ရပ်တွေကိုတော့ သီးသန့်ထုတ်ဖော်ပြောကြားတာမျိုးမရှိသေးပါဘူး။

USB Thumb Drive

Zhang ရဲ့ရှေ့နေကတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအခုချိန်ထိ မှတ်ချက်ပေးဖို့ငြင်းဆန်နေပါသေးတယ်။ Zhang ကိုလာမည့်ရက်သတ္တပတ်အတွင်း တရားရုံးမှာအမှုကြားမစစ်ဆေးခင်အထိထိန်သိမ်းထားမှာဖြစ်ပြီးပြစ်မှုထင်ရှားခဲ့ရင်တော့ အများဆုံးထောင်ဒဏ် ၅နှစ်အထိကျခံရနိုင်တယ်လို့ဆိုပါတယ်။

Ref; Engadget, BBC

SiD (Akhayar)

www.akhayar.com