[Zawgyi]

တရုတ္အမ်ဳိးသမီးေတြ လက္ကုိင္ထားတဲ့ အလွအပလွ်ဳိ႕ဝွက္နည္းလမ္းမ်ား

ေခ်ာေမာျဖဴဝင္းတဲ႔ အသားအေရ၊ ဝိုင္းစက္ေတာက္ပတဲ့ မ်က္လံုးေလးေတြနဲ႔ ခ်စ္စဖြယ္အျပံဳးေတြ ပိုင္ဆိုင္ထားတာေၾကာင္႔ ကမာၻေပၚရွိလူအမ်ားစုရဲ႕ အားက်မႈေတြကို သိမ္းပိုက္ထားသူေတြထဲမွာ တရုတ္အမ်ဳိးသမီးေတြလည္း ပါဝင္လို႔ေနပါတယ္။ တရုတ္အမ်ဳိးသမီးေတြဟာ ေျခာက္ေသြ႔တဲ႔ အသားေရပိုင္ရွင္ေတြျဖစ္ေပမယ့္ အေရးအေၾကာင္းေတြေလ်ာ့နည္းၿပီး လွပမႈကို အသက္အရြယ္ႀကီးရင္႔တဲ႔အထိ ထိန္းထားႏုိင္တာေၾကာင္႔လည္း ကမာၻတစ္ဝွမ္းမွာ သူတို႔ရဲ႕အလွက ေက်ာ္ၾကားလုိ႔ေနပါတယ္။ အဲလိုထိန္းထားႏိုင္တာကလည္း အံ့ၾသဖြယ္ရာေကာင္းတဲ႔အတြက္ တရုတ္ရုိးရာ အလွအပလွ်ဳိ႕ဝွက္နည္းလမ္းေတြမ်ားရွိမလားဆိုၿပီး စပ္စုၾကည္႔လုိက္တဲ႔အခါ တရုတ္အမ်ဳိးသမီးေတြ လက္ဆင္႔ကမ္းက်င္႔သံုးခဲ႔တဲ႔ လွ်ဳိ႕ဝွက္နည္းလမ္းတခ်ဳိ႕ကို ေတြ႔ရွိခဲ႔ရပါတယ္။ ဒီလွ်ဳိ႕ဝွက္နည္းလမ္းေတြကို တရုတ္အမ်ုဳိးသမီးေတြ ယေန႔တိုင္ အသံုးျပဳေနဆဲျဖစ္ၿပီး ေကာင္းမြန္တဲ့ အက်ုဳိးအာနိသင္ေတြရရွိတာကို သူတုိ႔ရဲ႕လွပျခင္းေတြကေနတစ္ဆင္႔ ေတြ႔ျမင္ရတဲ႔အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) ေရေႏြးေငြ႔နဲ႔မ်က္ႏွာေပါင္းတင္ျခင္း

ေက်ာ္ၾကားတဲ့ တရုတ္အလွအပ YouTuber တစ္ဦးျဖစ္သူ Jennifer Chiu က သူမရဲ႕ဗီဒီယိုထဲမွာ သူမက်င္႔သံုးေလ့ရွိတဲ႔ တရုတ္ရုိးရာအလွအပ လွ်ဳိ႕ဝွက္နည္းလမ္းတစ္ခုကို အခုလိုမွ်ေဝေပးခဲ႔ပါတယ္။ သူမက်င္႔သံုးတဲ႔ လွ်ဳိ႕ဝွက္နည္းလမ္းကေတာ့ ေခၽြးေပါက္ေတြထဲမွာ အညစ္အေၾကးေတြကင္းစင္ေနေစဖို႔အတြက္ ညအိပ္ရာမဝင္ခင္တုိင္း ေရေႏြးေငြ႔ကုိအသံုးျပဳၿပီး ေပါင္းတင္ျခင္းပဲ ျဖစ္ပါတယ္။ သူမဘဝတစ္ေလွ်ာက္လံုး အဲနည္းလမ္းကုိသာက်င္႔သံုးၿပီး အသားအေရကို ထိန္းသိမ္းခဲ႔တယ္လို႔လည္း ေဝမွ်ေပးခဲ႔ပါတယ္။

Steam your face

Steam your face

(၂) တရုတ္ရုိးရာမ်က္ႏွာသစ္နည္း

တရုတ္ေတြမွာ ေကာင္းမြန္ၿပီးျပည္႔စံုတဲ႔ မ်က္ႏွာသစ္နည္း တစ္ခုရွိပါတယ္။ အေရးအေၾကာင္းေတြ သာမန္ထက္ေလ်ာ့နည္းေနရတာကလည္း ဒီမ်က္ႏွာသစ္နည္းနဲ႔ ေန႔စဥ္သစ္ေလ့ရွိတဲ႔အတြက္ေၾကာင့္ ျဖစ္ပါတယ္။ အဲလွ်ဳိ႕ဝွက္နည္းလမ္းကေတာ့ ပထမဆုံးေရေႏြးေႏြးနဲ႔မ်က္ႏွာသစ္ၿပီး အဆံုးမွာ ေရေအးေအးနဲ႔ ျပန္လည္ေဆးေၾကာလိုက္ျခင္းပဲ ျဖစ္ပါတယ္။ ေရေႏြးေႏြးနဲ႔ အရင္သစ္ျခင္းေၾကာင့္ ေခၽြးေပါက္ေတြ ပြင္႔လာၿပီး ေခၽြးေပါက္ထဲရွိ အညစ္အေၾကးေတြ အျပင္ကို ေရာက္ရွိလာေစႏိုင္ပါတယ္။ ထို႔ေနာက္ ေရေအးေအးနဲ႔ ျပန္လည္ေဆးေၾကာေပးလုိက္ျခင္းအားျဖင့္ အေရးအေၾကာင္းေတြ ျဖစ္ေပၚျခင္းကို ေလ်ာ့က်ေစၿပီး အသားအေရကို ျပန္လည္တင္းရင္းသြားေစပါတယ္။

Face wash Technique

Face wash Technique

(၃) Jojoba Oil

တရုတ္အမ်ဳိးသမီးေတြဟာ အသားအေရေျခာက္ေသြ႔တဲ႔ အမ်ဳိးအစားပိုင္ရွင္ျဖစ္တဲ႔အတြက္ အသားအေရေတြ စိုေျပလွပေနေအာင္ Jojoba Oil ကို စဲြၿပီးသံုးေလ့ရွိပါတယ္။ Jojoba Oil က ေျခာက္ေသြ႔တဲ႔ အသားအေရပုိင္ရွင္ေတြအတြက္ အေကာင္းမြန္ဆံုးေဆးဝါးတစ္လက္လည္း ျဖစ္ပါတယ္။ အသားအရည္ေျခာက္ေသြ႔တဲ႔သူေတြအေနနဲ႔လည္း တရုတ္တို႔ရဲ႕ ရုိးရာေဆးစြမ္းတစ္လက္လို႔ ျဖစ္ေနတဲ႔ Jojoba Oil ကို စမ္းသံုးၿပီး အသားအေရစိုေျပေအာင္ စမ္းလုပ္ၾကည္႔သင့္ပါတယ္။

Jojoba oil

Jojoba oil

(၄) ဆန္ေဆးရည္

တရုတ္အမ်ဳိးသမီးေတြသံုးတဲ႔ ေနာက္ထပ္လွ်ဳိ႕ဝွက္နည္းလမ္းတစ္ခုကေတာ့ ဆန္ေဆးရည္ပဲ ျဖစ္ပါတယ္။ ဆန္ေဆးရည္ကုိသံုးၿပီး သူတို႔ရဲ႕အသားအေရလွပေအာင္ ျပဳလုပ္ေလ့ရွိၾကပါတယ္။ ဆန္ေဆးရည္ထဲမွာ ဝါဂြမ္းစေလးေတြကိုႏွစ္ၿပီး ထိုဝါဂြမ္းစနဲ႔ မ်က္ႏွာတစ္ျပင္လုံးသုတ္လိမ္းလိုက္ၿပီးေနာက္ ႏွစ္မိနစ္ကေနသံုးမိနစ္ေလာက္အထိ ႏွိပ္နယ္ေပးပါ။ အဲလို ေန႔စဥ္မွန္မွန္ျပဳလုပ္ေပးျခင္းေၾကာင္႔ တရုတ္အမ်ဳိးသမီးေတြ ပန္းေရာင္သမ္းၿပီး ျဖဴေဖြးေခ်ာမြတ္တဲ႔ အသားအေရကို ပိုင္ဆိုင္ေနရျခင္း ျဖစ္ပါတယ္။

Rice Water

Rice Water

တရုတ္ရုိးရာအလွအပလွ်ဳိ႕ဝွက္နည္းလမ္းေလးေတြက အလွအပခ်စ္သူေတြအတြက္ ေငြကုန္ေၾကးက် အရမ္းမမ်ားဘဲနဲ႔ အတုခိုးၿပီး လုပ္ၾကည္႔လို႔ရတဲ႔ ရုိးရွင္းလြယ္ကူေသာ နည္းလမ္းေလးေတြျဖစ္လို႔ စမ္းလုပ္ၾကည္႔ဖို႔ တိုက္တြန္းခ်င္ပါတယ္။ စမ္းလုပ္ၾကည့္ၿပီးလုိ႔ အက်ဳိးထူးေတြရရွိခဲဲ့ရင္လည္း တျခားသူေတြ ဗဟုသုတတိုးေစဖို႔ ျပန္လည္မွ်ေဝေပးသြားပါဦးေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

တရုတ်အမျိုးသမီးတွေ လက်ကိုင်ထားတဲ့ အလှအပလျှို့ဝှက်နည်းလမ်းများ

ချောမောဖြူဝင်းတဲ့ အသားအရေ၊ ဝိုင်းစက်တောက်ပတဲ့ မျက်လုံးလေးတွေနဲ့ ချစ်စဖွယ်အပြုံးတွေ ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာပေါ်ရှိလူအများစုရဲ့ အားကျမှုတွေကို သိမ်းပိုက်ထားသူတွေထဲမှာ တရုတ်အမျိုးသမီးတွေလည်း ပါဝင်လို့နေပါတယ်။ တရုတ်အမျိုးသမီးတွေဟာ ခြောက်သွေ့တဲ့ အသားရေပိုင်ရှင်တွေဖြစ်ပေမယ့် အရေးအကြောင်းတွေလျော့နည်းပြီး လှပမှုကို အသက်အရွယ်ကြီးရင့်တဲ့အထိ ထိန်းထားနိုင်တာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းမှာ သူတို့ရဲ့အလှက ကျော်ကြားလို့နေပါတယ်။ အဲလိုထိန်းထားနိုင်တာကလည်း အံ့သြဖွယ်ရာကောင်းတဲ့အတွက် တရုတ်ရိုးရာ အလှအပလျှို့ဝှက်နည်းလမ်းတွေများရှိမလားဆိုပြီး စပ်စုကြည့်လိုက်တဲ့အခါ တရုတ်အမျိုးသမီးတွေ လက်ဆင့်ကမ်းကျင့်သုံးခဲ့တဲ့ လျှို့ဝှက်နည်းလမ်းတချို့ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလျှို့ဝှက်နည်းလမ်းတွေကို တရုတ်အမျိုုးသမီးတွေ ယနေ့တိုင် အသုံးပြုနေဆဲဖြစ်ပြီး ကောင်းမွန်တဲ့ အကျိုုးအာနိသင်တွေရရှိတာကို သူတို့ရဲ့လှပခြင်းတွေကနေတစ်ဆင့် တွေ့မြင်ရတဲ့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ရေနွေးငွေ့နဲ့မျက်နှာပေါင်းတင်ခြင်း

ကျော်ကြားတဲ့ တရုတ်အလှအပ YouTuber တစ်ဦးဖြစ်သူ Jennifer Chiu က သူမရဲ့ဗီဒီယိုထဲမှာ သူမကျင့်သုံးလေ့ရှိတဲ့ တရုတ်ရိုးရာအလှအပ လျှို့ဝှက်နည်းလမ်းတစ်ခုကို အခုလိုမျှဝေပေးခဲ့ပါတယ်။ သူမကျင့်သုံးတဲ့ လျှို့ဝှက်နည်းလမ်းကတော့ ချွေးပေါက်တွေထဲမှာ အညစ်အကြေးတွေကင်းစင်နေစေဖို့အတွက် ညအိပ်ရာမဝင်ခင်တိုင်း ရေနွေးငွေ့ကိုအသုံးပြုပြီး ပေါင်းတင်ခြင်းပဲ ဖြစ်ပါတယ်။ သူမဘဝတစ်လျှောက်လုံး အဲနည်းလမ်းကိုသာကျင့်သုံးပြီး အသားအရေကို ထိန်းသိမ်းခဲ့တယ်လို့လည်း ဝေမျှပေးခဲ့ပါတယ်။

Steam your face

Steam your face

(၂) တရုတ်ရိုးရာမျက်နှာသစ်နည်း

တရုတ်တွေမှာ ကောင်းမွန်ပြီးပြည့်စုံတဲ့ မျက်နှာသစ်နည်း တစ်ခုရှိပါတယ်။ အရေးအကြောင်းတွေ သာမန်ထက်လျော့နည်းနေရတာကလည်း ဒီမျက်နှာသစ်နည်းနဲ့ နေ့စဉ်သစ်လေ့ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲလျှို့ဝှက်နည်းလမ်းကတော့ ပထမဆုံးရေနွေးနွေးနဲ့မျက်နှာသစ်ပြီး အဆုံးမှာ ရေအေးအေးနဲ့ ပြန်လည်ဆေးကြောလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ရေနွေးနွေးနဲ့ အရင်သစ်ခြင်းကြောင့် ချွေးပေါက်တွေ ပွင့်လာပြီး ချွေးပေါက်ထဲရှိ အညစ်အကြေးတွေ အပြင်ကို ရောက်ရှိလာစေနိုင်ပါတယ်။ ထို့နောက် ရေအေးအေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ခြင်းအားဖြင့် အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကို လျော့ကျစေပြီး အသားအရေကို ပြန်လည်တင်းရင်းသွားစေပါတယ်။

Face wash Technique

Face wash Technique

(၃) Jojoba Oil

တရုတ်အမျိုးသမီးတွေဟာ အသားအရေခြောက်သွေ့တဲ့ အမျိုးအစားပိုင်ရှင်ဖြစ်တဲ့အတွက် အသားအရေတွေ စိုပြေလှပနေအောင် Jojoba Oil ကို စွဲပြီးသုံးလေ့ရှိပါတယ်။ Jojoba Oil က ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် အကောင်းမွန်ဆုံးဆေးဝါးတစ်လက်လည်း ဖြစ်ပါတယ်။ အသားအရည်ခြောက်သွေ့တဲ့သူတွေအနေနဲ့လည်း တရုတ်တို့ရဲ့ ရိုးရာဆေးစွမ်းတစ်လက်လို့ ဖြစ်နေတဲ့ Jojoba Oil ကို စမ်းသုံးပြီး အသားအရေစိုပြေအောင် စမ်းလုပ်ကြည့်သင့်ပါတယ်။

Jojoba oil

Jojoba oil

(၄) ဆန်ဆေးရည်

တရုတ်အမျိုးသမီးတွေသုံးတဲ့ နောက်ထပ်လျှို့ဝှက်နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်ပဲ ဖြစ်ပါတယ်။ ဆန်ဆေးရည်ကိုသုံးပြီး သူတို့ရဲ့အသားအရေလှပအောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဆန်ဆေးရည်ထဲမှာ ဝါဂွမ်းစလေးတွေကိုနှစ်ပြီး ထိုဝါဂွမ်းစနဲ့ မျက်နှာတစ်ပြင်လုံးသုတ်လိမ်းလိုက်ပြီးနောက် နှစ်မိနစ်ကနေသုံးမိနစ်လောက်အထိ နှိပ်နယ်ပေးပါ။ အဲလို နေ့စဉ်မှန်မှန်ပြုလုပ်ပေးခြင်းကြောင့် တရုတ်အမျိုးသမီးတွေ ပန်းရောင်သမ်းပြီး ဖြူဖွေးချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။

Rice Water

Rice Water

တရုတ်ရိုးရာအလှအပလျှို့ဝှက်နည်းလမ်းလေးတွေက အလှအပချစ်သူတွေအတွက် ငွေကုန်ကြေးကျ အရမ်းမများဘဲနဲ့ အတုခိုးပြီး လုပ်ကြည့်လို့ရတဲ့ ရိုးရှင်းလွယ်ကူသော နည်းလမ်းလေးတွေဖြစ်လို့ စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ စမ်းလုပ်ကြည့်ပြီးလို့ အကျိုးထူးတွေရရှိခဲ့ရင်လည်း တခြားသူတွေ ဗဟုသုတတိုးစေဖို့ ပြန်လည်မျှဝေပေးသွားပါဦးနော်။

H.H(Akhayar)

www.akhayar.com