[Zawgyi]

Gong Xi Fa Cai ပါ ျမန္မာ

တရုတ္ႏွစ္သစ္ကူးခ်ိန္မွာ ျမင္ေတြ႔ေနရတဲ႔ နဂါးအက ျခေသၤ႔အကဆိုတာ ဘာအဓိပါၸယ္လဲ။ တရုတ္လူမ်ိဳးေတြဟာ ႏွစ္ကူးခ်ိန္ခါမွာ ဘာလို႔အိမ္ကိုမျဖစ္မေနျပန္ၾကတာလဲ။ ႏွစ္ကူးမွာ မပါမျဖစ္အစားအစာကဘာေတြမ်ားလဲ။ ႏွစ္ကူးရက္ေတြမွာ ဘယ္လိုဓေလ႔ထံုးတမ္းေတြရွိၾကလဲ ဒါေတြ ဒါေတြကို သိခ်င္မိတယ္ဆိုရင္ ဒီပို႔စ္ကို ဖတ္ပါေနာ္။

ႏွစ္သစ္ကူးအေပၚအယူအဆ

တရုတ္ႏွစ္သစ္ကူးကာလကို တရုတ္ရိုးရာျပကၡဒိန္အရ ၾကည္႔ရႈသတ္မွတ္ၾကပါတယ္။ တစ္ႏွစ္နဲ႔တစ္နွစ္ ႏွစ္သစ္ကူးက်ေရာက္တဲ႔ရက္ဟာ မတူၾကပါဘူး။ ဒီႏွစ္ တရုတ္ႏွစ္သစ္ကူးရက္ကေတာ႔ ေဖေဖာ္ဝါရီလ (၁၆) ရက္ေန႔မွာ က်ေရာက္မွာျဖစ္ပါတယ္။

တရုတ္လူမ်ိဳးေတြဟာ ႏွစ္တစ္ႏွစ္ရဲ႕အစမွာေကာင္းျခင္းေတြ အဆင္ေျပျခင္းေတြနဲ႔ အတူမဂၤလာရွိစြာ စတင္မွသာ  တစ္ႏွစ္လံုးအတြက္ကံေကာင္းျခင္းေတြေရာက္ရွိႏိုင္တယ္လို႔ ယူဆခ်က္ျပင္းထန္ၾကပါတယ္။

ဘာေၾကာင္႔မိသားစုဆီျပန္ဖို႔ အေရးၾကီးတာလဲ

တရုတ္လူမ်ိဳးေတြဟာ ႏွစ္ကူးအခါသမယမွာ မိသားစုမ်က္နွာစံုညီေတြ႔ဆံုခြင္႔ရျခင္းကို အရမ္းတန္ဖိုးထားၾကပါတယ္။ ဘယ္ေနရာေရာက္ေနေန ႏွစ္ကူးခ်ိန္မွာေတာ႔ မိသားစုနဲ႔ေတြ႔ဆံုဖို႔ အေရာက္ျပန္လာတတ္ၾကပါတယ္။ ဒီလိုမိသားစု စံုစံုလင္လင္ေန႔လယ္စာ ညစာ စားခြင္႔ရမွလည္းႏွစ္သစ္အတြက္ မဂၤလာရွိတယ္လို႔ယူဆၾကပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာေတာ႔ ဒီလိုအိမ္ျပန္ခ်ိန္မ်ိဳးဆို ေလယာဥ္လက္မွတ္ေတြခက္ခဲတာ ခရီးသြားေတြက်ပ္ညပ္ေနတာမ်ိဳးရွိၾကတာမို႔ သတိထားသင္႔ပါတယ္။ တရုတ္ျပည္နယ္တခ်ိဳ႕မွာေတာ႔ ႏွစ္ကူးခ်ိန္ခါ မိဘေနရပ္ျပန္ခ်ိန္မွာ ကိုယ္နဲ႔လက္ထပ္မယ္႔မိန္းကေလးကို မိတ္ဆက္ရတာမ်ိဳးရွိပါတယ္။ ဒီအခ်ိန္မွာ မိဘနဲ႔ မိတ္ဆက္ေပးဖို႔အတြက္ ၾကင္ေဖာ္ငွားတဲ႔ ဝန္ေဆာင္မႈက  အရမ္းအလုပ္ျဖစ္တယ္လို႔သိရပါတယ္။

ႏွစ္ကူးကာလအစားအေသာက္မ်ား

ႏွစ္ကူးခ်ိန္မွာေတာ႔ တရုတ္ႏွစ္ကူးအစာအစာေတြျဖစ္တဲ႔ အီေကြ႔ ၊ အန္းကူး ၊ ေျမပဲယို၊ ႏွမ္းပ်စ္၊ သၾကားလံုး ေတြက မပါမျဖစ္ပါဝင္ရပါတယ္။ ကံေကာင္းျခင္းေတြေရာက္လာေစဖို႔ဆိုတဲ႔အဓိပၸါယ္နဲ႔စားေသာက္တဲ႔ အစားအေသာက္ေတြကေတာ႔ ငါး၊ ဖက္ထုပ္ ၊ ေကာ္ျပန္႕ေၾကာ္ ၊ အီေကြ႔ ၊ ဆန္မုန္႔လံုးခ်ိဳ ၊ ေခါက္ဆြဲ ၊ လိေမၼာ္သီးလိုမ်ိဳးအသီးအႏွံေတြျဖစ္ၾကပါတယ္။ ငါးရဲ႕တရုတ္အသံထြက္က က်န္ရွိတယ္ဆိုတဲ႔စကားလံုးနဲ႔အဓိပၸါယ္တူျပီး ေကာင္းေသာအရာေတြက်န္ရွိတယ္ဆိုတဲ႔အဓိပၸါယ္ျဖစ္ပါတယ္။ ဖက္ထုပ္နဲ႔ေကာ္ျပန္႔ေၾကာ္ေတြကေတာ႔ ခ်မ္းသာၾကြယ္ဝျခင္းဆိုတဲ႔ အနက္ရွိပါတယ္။ အီေကြ႔ကေတာ႔ တစ္နွစ္ထက္တစ္နွစ္ပိုတိုးတက္ပါေစ၊ လုပ္ငန္းေတြေအာင္ျမင္ပါေစ၊ ကေလးေတြဆိုရင္ေတာ႔ အရပ္ရွည္ျပီးပိုဖြ႔ံျဖိဳးပါေစ စာေမးပြဲေအာင္ျမင္ပါေစ ဆိုတဲ႔အဓိပၸါယ္ေတြသက္ေရာက္ပါတယ္။ မုန္႔လံုးခ်ိဳေတြက မိသားစုေပါင္းစည္းေနထို္င္ႏိုင္ျခင္း ၊ ေခါက္ဆြဲကေတာ႔ ေပ်ာ္ရႊင္မႈနဲ႔အသက္ရွည္ရွည္ေနထိုင္ႏိုင္ဖို႔ကိုယ္စားျပဳျပီး အသီးအႏွံေတြကေတာ႔ ျပည္႔စံုကံုလံုျခင္းကို ကိုယ္စားျပဳပါတယ္။

ထံုးတမ္းစဥ္လာမ်ား

ျမန္မာႏွစ္သစ္ကူးလိုပဲ တရုတ္ႏွစ္သစ္ကူးရက္မတိုင္ခင္မွာလည္း အိမ္သန္႔ရွင္းေရးလုပ္ အိမ္မွာသံုးတဲ႔ အသံုးအေဆာင္ေတြ အားလံုးကို သန္႔ရွင္းစင္ၾကယ္ေစျပီး ေအးခ်မ္းၾကည္လင္စြာနဲ႔ႏွစ္သစ္ကို ၾကိဳဆိုၾကတဲ႔ ဓေလ႔ရွိပါတယ္။

ႏွစ္သစ္ကူးေန႔မွာေတာ႔ ေရခ်ိဳး ေခါင္းေလ်ွာ္ အဝတ္ေလ်ွာ္မလုပ္ရတာမ်ိဳးေတြရွိပါတယ္။ ဘာလို႔လဲဆိုေတာ႔ ကိုယ္႔ဆီက ကံေကာင္းျခင္းေတြ မထြက္ေစခ်င္လို႔ပါ။ နံနက္အိပ္ရာထခ်ိန္မွာလည္း လူေတြကို ဆူဆူညံညံနဲ႔ ကတိုက္ကရိုက္ႏွိုးတာမ်ိဳး မလုပ္ရပါဘူး။ တစ္ႏွစ္လံုး ပ်ာယာခတ္ေနရမယ္လို႔ယူဆၾကပါတယ္။ အိမ္မွာရွိသူေတြကလည္း ပ်င္းပ်င္းရိရိမေနရပါဘူး။ ဒါကလည္း ေနာက္တစ္ႏွစ္မွာ ကိုယ္႔ရဲ႕အလုပ္အကိုင္ကို ထိခိုက္ေစႏိုင္ပါတယ္။

ထမင္း ဟင္း အသစ္မခ်က္ရဘဲ ႏွစ္ကူးမတိုင္ခင္က ခ်က္ထားတဲ႔ထမင္းဟင္းေတြ စားသံုးျခင္းက ေနာက္ႏွစ္အတြက္ အစားအစာေတြက်န္ေသးတယ္ ဖူလံုတယ္လို႔ အယူအဆရွိပါတယ္၊ တခ်ိဳ႕ေတြကေတာ႔ အသားမစားတာ မီးမသံုးရတာေတြရွိပါတယ္။ မီးေမႊးရင္ တစ္နွစ္လံုးပူေလာင္မွာစိုးတဲ႔အနက္ရွိပါတယ္။ အမႈိက္လွည္းပစ္တာကလည္း ကိုယ္႔အိမ္က ကံေကာင္းျခင္းေတြ အျပင္ကိုထုတ္ရာေရာက္တယ္လို႔ ယူဆတဲ႔အတြက္ အမႈိုက္မလွည္းရတာမ်ိဳးရွိပါတယ္။

အန္ေပါင္းေပးတာဘာေၾကာင္႔လဲ

တရုတ္ႏွစ္သစ္ကူး အခါသမယဆိုရင္ အန္ေပါင္းေပးတဲ႔ ထံုးတမ္းကလည္းထင္ရွားပါတယ္။ အန္ေပါင္းေပးျခင္းက ေပ်ာ္ရႊင္မႈ၊ ကံေကာင္းျခင္းေတြနဲ႔ ခြန္အားေတြရရွိေအာင္ဆိုတဲ႔ ရည္ရြယ္ခ်က္ျဖစ္ပါတယ္။ အန္ေပါင္းအိတ္ရရွိသူကေတာ႔ တစ္နွစ္လံုး ျငိမ္းခ်မ္းမႈေတြ ေပ်ာ္ရႊင္မႈေတြရရွိႏိုင္တယ္လို႔ လက္ခံယံုၾကည္ထားၾကပါတယ္။ စီးပြားေရးေျပလည္တဲ႔ သားသမီးေတြက မိဘ၊ ဘိုးဘြားေတြကို ဂါရဝျပဳ ကန္ေတာ႔ၾကသလို ကေလးငယ္ေတြကိုေတာ႔ မျဖစ္မေန အန္ေပါင္းေပးရတဲ႔ ထံုးစံရွိပါတယ္။

တခ်ိဳ႕မ်ိဳးရိုးမွာအိမ္ေထာင္က်ျပီးသူက အန္ေပါင္းေပးရတာမ်ိဳးရွိသလို တခ်ိဳ႕ကေတာ႔ အသက္ေလးဆယ္ေက်ာ္တာနဲ႔ ေပးလို႔ရတဲ႔ ဓေလ႔ရွိတယ္လို႔သိရပါတယ္။  အန္ေပါင္းေပးတဲ႔အခါ ၄ နဲ႔ ၅ ဂဏန္းေတြမေပးရပါဘူး။ ၆၊ ၈၊ ၉ နံပါတ္ေတြကို အမ်ားဆံုးေပးၾကပါတယ္။

နဂါးအက ျခေသၤ႔အက

နဂါးအကဟာဆိုရင္လည္း မေကာင္းတဲ႔နိမိတ္ေတြက်န္ခဲ႔ျပီး  ေကာင္းျခင္းေတြသာ တိုးပြားလာေစဖို႔ ျဖစ္ပါတယ္။ ျခေသၤ႔အကကေတာ႔ ကံေကာင္းျခင္းေတြ၊ ရဲရင္႔ျခင္းေတြ၊ က်က္သေရရွိျခင္းေတြကို သယ္ေဆာင္လာတယ္လို႔ယူဆၾကပါတယ္။ အိမ္ေရွ႕မွာ ဆိုင္ေရွ႕မွာ နဂါးအက ျခေသၤ႔အကေတြ လာကျခင္းက မဂၤလာရွိတယ္ လာဘ္လာဘေကာင္းတယ္လို႔ ယူဆၾကတာမို႔ ဒီလိုလာကျခင္းကို ၾကိဳဆိုခ်ီးေျမွာက္ၾကပါတယ္။ ႏွစ္သစ္ကူးညမွာဆိုရင္ စားေသာက္ဆိုင္ေတြမွာ ဟိုတယ္ေတြမွာ ညစာသံုးေဆာင္ရင္း ျခေသၤ႔အက နဂါးအကေတြကို ၾကည္႔ရႈခံစားႏိုင္ၾကပါတယ္။

ႏွစ္သတ္မွတ္ျခင္း

တရုတ္ႏွစ္ေတြကို ၾကြက္၊ ႏြား၊ က်ား ၊ ယုန္ ၊ နဂါး ၊ ေျမြ ၊ ျမင္း ၊ ဆိတ္ ၊ ေမ်ာက္ ၊ ၾကက္ ၊ ေခြး ၊ ဝက္ စသျဖင္႔ သတ္မွတ္ထားၾကျပီး ဒီႏွစ္ကေတာ႔ ေခြးႏွစ္ျဖစ္ပါတယ္။ ေခြးႏွစ္သမားေတြအတြက္ ကံမေကာင္းေစမယ့္ အေရာင္ေတြက အျပာေရာင္၊ အျဖဴေရာင္နဲ႔ ေရႊေရာင္ျဖစ္ပါတယ္။ ကံမေကာင္းေစတဲ့ နံပါတ္ေတြက ၁၊ ၆ နဲ႔ ၇ပဲျဖစ္ပါတယ္။  ကံမေကာင္းေစမယ့္အရပ္က အေရွ႕ေတာင္အရပ္ျဖစ္ပါတယ္။ ကံမေကာင္းေစမယ့္လေတြက တရုတ္ျပကၡဒိန္ရဲ႕ ၅ လ ပိုင္းနဲ႔ ၈ လ ပိုင္းဆိုပါတယ္။

ပိုစည္ကားမယ္႔ ဒီႏွစ္ႏွစ္ကူး

ဒီႏွစ္တရုတ္ႏွစ္သစ္ကူးက အရင္ႏွစ္ေတြထက္ ပိုစည္ကားႏိုင္တယ္လို႔ စဥ္႔အိုးတန္းလမ္း တရုတ္ဘုရားေက်ာင္းက တာဝန္ရွိသူကေျပာပါတယ္။ GONG XI FA CAI  (ႏွစ္သစ္မွာ စီးပြားလာဘ္လာဘ တိုးပါေစ) ဆိုတဲ႔ စာတန္းေတြနဲ႔ ေပ်ာ္ျမဳးစရာ ေကာင္းတဲ႔ တရုတ္ႏွစ္ကူး အခါသမယကို ျမန္မာျပည္မွာေနထိုင္တဲ႔ေမာင္ႏွမေတြအားလံုး စိတ္ေအးခ်မ္းစြာ အတူဆင္ႏႊဲႏိုင္ေစဖို႔ တင္ဆက္လိုက္ပါတယ္။

ဂ်ဴးေက်ာ္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Gong Xi Fa Cai ပါ မြန်မာ

တရုတ်နှစ်သစ်ကူးချိန်မှာ မြင်တွေ့နေရတဲ့ နဂါးအက ခင်္သြေ့အကဆိုတာ ဘာအဓိပါ္ပယ်လဲ။ တရုတ်လူမျိုးတွေဟာ နှစ်ကူးချိန်ခါမှာ ဘာလို့အိမ်ကိုမဖြစ်မနေပြန်ကြတာလဲ။ နှစ်ကူးမှာ မပါမဖြစ်အစားအစာကဘာတွေများလဲ။ နှစ်ကူးရက်တွေမှာ ဘယ်လိုဓလေ့ထုံးတမ်းတွေရှိကြလဲ ဒါတွေ ဒါတွေကို သိချင်မိတယ်ဆိုရင် ဒီပို့စ်ကို ဖတ်ပါနော်။

နှစ်သစ်ကူးအပေါ်အယူအဆ

တရုတ်နှစ်သစ်ကူးကာလကို တရုတ်ရိုးရာပြက္ခဒိန်အရ ကြည့်ရှုသတ်မှတ်ကြပါတယ်။ တစ်နှစ်နဲ့တစ်နှစ် နှစ်သစ်ကူးကျရောက်တဲ့ရက်ဟာ မတူကြပါဘူး။ ဒီနှစ် တရုတ်နှစ်သစ်ကူးရက်ကတော့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ကျရောက်မှာဖြစ်ပါတယ်။

တရုတ်လူမျိုးတွေဟာ နှစ်တစ်နှစ်ရဲ့အစမှာကောင်းခြင်းတွေ အဆင်ပြေခြင်းတွေနဲ့ အတူမင်္ဂလာရှိစွာ စတင်မှသာ  တစ်နှစ်လုံးအတွက်ကံကောင်းခြင်းတွေရောက်ရှိနိုင်တယ်လို့ ယူဆချက်ပြင်းထန်ကြပါတယ်။

ဘာကြောင့်မိသားစုဆီပြန်ဖို့ အရေးကြီးတာလဲ

တရုတ်လူမျိုးတွေဟာ နှစ်ကူးအခါသမယမှာ မိသားစုမျက်နှာစုံညီတွေ့ဆုံခွင့်ရခြင်းကို အရမ်းတန်ဖိုးထားကြပါတယ်။ ဘယ်နေရာရောက်နေနေ နှစ်ကူးချိန်မှာတော့ မိသားစုနဲ့တွေ့ဆုံဖို့ အရောက်ပြန်လာတတ်ကြပါတယ်။ ဒီလိုမိသားစု စုံစုံလင်လင်နေ့လယ်စာ ညစာ စားခွင့်ရမှလည်းနှစ်သစ်အတွက် မင်္ဂလာရှိတယ်လို့ယူဆကြပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဒီလိုအိမ်ပြန်ချိန်မျိုးဆို လေယာဉ်လက်မှတ်တွေခက်ခဲတာ ခရီးသွားတွေကျပ်ညပ်နေတာမျိုးရှိကြတာမို့ သတိထားသင့်ပါတယ်။ တရုတ်ပြည်နယ်တချို့မှာတော့ နှစ်ကူးချိန်ခါ မိဘနေရပ်ပြန်ချိန်မှာ ကိုယ်နဲ့လက်ထပ်မယ့်မိန်းကလေးကို မိတ်ဆက်ရတာမျိုးရှိပါတယ်။ ဒီအချိန်မှာ မိဘနဲ့ မိတ်ဆက်ပေးဖို့အတွက် ကြင်ဖော်ငှားတဲ့ ဝန်ဆောင်မှုက  အရမ်းအလုပ်ဖြစ်တယ်လို့သိရပါတယ်။

နှစ်ကူးကာလအစားအသောက်များ

နှစ်ကူးချိန်မှာတော့ တရုတ်နှစ်ကူးအစာအစာတွေဖြစ်တဲ့ အီကွေ့ ၊ အန်းကူး ၊ မြေပဲယို၊ နှမ်းပျစ်၊ သကြားလုံး တွေက မပါမဖြစ်ပါဝင်ရပါတယ်။ ကံကောင်းခြင်းတွေရောက်လာစေဖို့ဆိုတဲ့အဓိပ္ပါယ်နဲ့စားသောက်တဲ့ အစားအသောက်တွေကတော့ ငါး၊ ဖက်ထုပ် ၊ ကော်ပြန့်ကြော် ၊ အီကွေ့ ၊ ဆန်မုန့်လုံးချို ၊ ခေါက်ဆွဲ ၊ လိမ္မော်သီးလိုမျိုးအသီးအနှံတွေဖြစ်ကြပါတယ်။ ငါးရဲ့တရုတ်အသံထွက်က ကျန်ရှိတယ်ဆိုတဲ့စကားလုံးနဲ့အဓိပ္ပါယ်တူပြီး ကောင်းသောအရာတွေကျန်ရှိတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဖက်ထုပ်နဲ့ကော်ပြန့်ကြော်တွေကတော့ ချမ်းသာကြွယ်ဝခြင်းဆိုတဲ့ အနက်ရှိပါတယ်။ အီကွေ့ကတော့ တစ်နှစ်ထက်တစ်နှစ်ပိုတိုးတက်ပါစေ၊ လုပ်ငန်းတွေအောင်မြင်ပါစေ၊ ကလေးတွေဆိုရင်တော့ အရပ်ရှည်ပြီးပိုဖွံ့ဖြိုးပါစေ စာမေးပွဲအောင်မြင်ပါစေ ဆိုတဲ့အဓိပ္ပါယ်တွေသက်ရောက်ပါတယ်။ မုန့်လုံးချိုတွေက မိသားစုပေါင်းစည်းနေထိုင်နိုင်ခြင်း ၊ ခေါက်ဆွဲကတော့ ပျော်ရွှင်မှုနဲ့အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ကိုယ်စားပြုပြီး အသီးအနှံတွေကတော့ ပြည့်စုံကုံလုံခြင်းကို ကိုယ်စားပြုပါတယ်။

ထုံးတမ်းစဉ်လာများ

မြန်မာနှစ်သစ်ကူးလိုပဲ တရုတ်နှစ်သစ်ကူးရက်မတိုင်ခင်မှာလည်း အိမ်သန့်ရှင်းရေးလုပ် အိမ်မှာသုံးတဲ့ အသုံးအဆောင်တွေ အားလုံးကို သန့်ရှင်းစင်ကြယ်စေပြီး အေးချမ်းကြည်လင်စွာနဲ့နှစ်သစ်ကို ကြိုဆိုကြတဲ့ ဓလေ့ရှိပါတယ်။

နှစ်သစ်ကူးနေ့မှာတော့ ရေချိုး ခေါင်းလျှော် အဝတ်လျှော်မလုပ်ရတာမျိုးတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဆီက ကံကောင်းခြင်းတွေ မထွက်စေချင်လို့ပါ။ နံနက်အိပ်ရာထချိန်မှာလည်း လူတွေကို ဆူဆူညံညံနဲ့ ကတိုက်ကရိုက်နှိုးတာမျိုး မလုပ်ရပါဘူး။ တစ်နှစ်လုံး ပျာယာခတ်နေရမယ်လို့ယူဆကြပါတယ်။ အိမ်မှာရှိသူတွေကလည်း ပျင်းပျင်းရိရိမနေရပါဘူး။ ဒါကလည်း နောက်တစ်နှစ်မှာ ကိုယ့်ရဲ့အလုပ်အကိုင်ကို ထိခိုက်စေနိုင်ပါတယ်။

ထမင်း ဟင်း အသစ်မချက်ရဘဲ နှစ်ကူးမတိုင်ခင်က ချက်ထားတဲ့ထမင်းဟင်းတွေ စားသုံးခြင်းက နောက်နှစ်အတွက် အစားအစာတွေကျန်သေးတယ် ဖူလုံတယ်လို့ အယူအဆရှိပါတယ်၊ တချို့တွေကတော့ အသားမစားတာ မီးမသုံးရတာတွေရှိပါတယ်။ မီးမွှေးရင် တစ်နှစ်လုံးပူလောင်မှာစိုးတဲ့အနက်ရှိပါတယ်။ အမှိုက်လှည်းပစ်တာကလည်း ကိုယ့်အိမ်က ကံကောင်းခြင်းတွေ အပြင်ကိုထုတ်ရာရောက်တယ်လို့ ယူဆတဲ့အတွက် အမှိုက်မလှည်းရတာမျိုးရှိပါတယ်။

အန်ပေါင်းပေးတာဘာကြောင့်လဲ

တရုတ်နှစ်သစ်ကူး အခါသမယဆိုရင် အန်ပေါင်းပေးတဲ့ ထုံးတမ်းကလည်းထင်ရှားပါတယ်။ အန်ပေါင်းပေးခြင်းက ပျော်ရွှင်မှု၊ ကံကောင်းခြင်းတွေနဲ့ ခွန်အားတွေရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အန်ပေါင်းအိတ်ရရှိသူကတော့ တစ်နှစ်လုံး ငြိမ်းချမ်းမှုတွေ ပျော်ရွှင်မှုတွေရရှိနိုင်တယ်လို့ လက်ခံယုံကြည်ထားကြပါတယ်။ စီးပွားရေးပြေလည်တဲ့ သားသမီးတွေက မိဘ၊ ဘိုးဘွားတွေကို ဂါရဝပြု ကန်တော့ကြသလို ကလေးငယ်တွေကိုတော့ မဖြစ်မနေ အန်ပေါင်းပေးရတဲ့ ထုံးစံရှိပါတယ်။

တချို့မျိုးရိုးမှာအိမ်ထောင်ကျပြီးသူက အန်ပေါင်းပေးရတာမျိုးရှိသလို တချို့ကတော့ အသက်လေးဆယ်ကျော်တာနဲ့ ပေးလို့ရတဲ့ ဓလေ့ရှိတယ်လို့သိရပါတယ်။  အန်ပေါင်းပေးတဲ့အခါ ၄ နဲ့ ၅ ဂဏန်းတွေမပေးရပါဘူး။ ၆၊ ၈၊ ၉ နံပါတ်တွေကို အများဆုံးပေးကြပါတယ်။

နဂါးအက ခင်္သြေ့အက

နဂါးအကဟာဆိုရင်လည်း မကောင်းတဲ့နိမိတ်တွေကျန်ခဲ့ပြီး  ကောင်းခြင်းတွေသာ တိုးပွားလာစေဖို့ ဖြစ်ပါတယ်။ ခင်္သြေ့အကကတော့ ကံကောင်းခြင်းတွေ၊ ရဲရင့်ခြင်းတွေ၊ ကျက်သရေရှိခြင်းတွေကို သယ်ဆောင်လာတယ်လို့ယူဆကြပါတယ်။ အိမ်ရှေ့မှာ ဆိုင်ရှေ့မှာ နဂါးအက ခင်္သြေ့အကတွေ လာကခြင်းက မင်္ဂလာရှိတယ် လာဘ်လာဘကောင်းတယ်လို့ ယူဆကြတာမို့ ဒီလိုလာကခြင်းကို ကြိုဆိုချီးမြှောက်ကြပါတယ်။ နှစ်သစ်ကူးညမှာဆိုရင် စားသောက်ဆိုင်တွေမှာ ဟိုတယ်တွေမှာ ညစာသုံးဆောင်ရင်း ခင်္သြေ့အက နဂါးအကတွေကို ကြည့်ရှုခံစားနိုင်ကြပါတယ်။

နှစ်သတ်မှတ်ခြင်း

တရုတ်နှစ်တွေကို ကြွက်၊ နွား၊ ကျား ၊ ယုန် ၊ နဂါး ၊ မြွေ ၊ မြင်း ၊ ဆိတ် ၊ မျောက် ၊ ကြက် ၊ ခွေး ၊ ဝက် စသဖြင့် သတ်မှတ်ထားကြပြီး ဒီနှစ်ကတော့ ခွေးနှစ်ဖြစ်ပါတယ်။ ခွေးနှစ်သမားတွေအတွက် ကံမကောင်းစေမယ့် အရောင်တွေက အပြာရောင်၊ အဖြူရောင်နဲ့ ရွှေရောင်ဖြစ်ပါတယ်။ ကံမကောင်းစေတဲ့ နံပါတ်တွေက ၁၊ ၆ နဲ့ ၇ပဲဖြစ်ပါတယ်။  ကံမကောင်းစေမယ့်အရပ်က အရှေ့တောင်အရပ်ဖြစ်ပါတယ်။ ကံမကောင်းစေမယ့်လတွေက တရုတ်ပြက္ခဒိန်ရဲ့ ၅ လ ပိုင်းနဲ့ ၈ လ ပိုင်းဆိုပါတယ်။

ပိုစည်ကားမယ့် ဒီနှစ်နှစ်ကူး

ဒီနှစ်တရုတ်နှစ်သစ်ကူးက အရင်နှစ်တွေထက် ပိုစည်ကားနိုင်တယ်လို့ စဉ့်အိုးတန်းလမ်း တရုတ်ဘုရားကျောင်းက တာဝန်ရှိသူကပြောပါတယ်။ GONG XI FA CAI  (နှစ်သစ်မှာ စီးပွားလာဘ်လာဘ တိုးပါစေ) ဆိုတဲ့ စာတန်းတွေနဲ့ ပျော်မြုးစရာ ကောင်းတဲ့ တရုတ်နှစ်ကူး အခါသမယကို မြန်မာပြည်မှာနေထိုင်တဲ့မောင်နှမတွေအားလုံး စိတ်အေးချမ်းစွာ အတူဆင်နွှဲနိုင်စေဖို့ တင်ဆက်လိုက်ပါတယ်။

ဂျူးကျော် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။