[Zawgyi]

လိင္တူညစ္ညမ္းစာေရးဆရာမကုိ ေထာင္ဒဏ္ဆယ္ႏွစ္ ခ်မွတ္လုိက္ၿပီ

ေအာက္တုိဘာလ (၃၁) ရက္ေန႔တုန္းက Anhui ျပည္နယ္မွာရွိတဲ့ Wuhu County တရားရုံးကေန ညစ္ညမ္းစာေရးဆရာမ Liu ကုိ ေထာင္ဒဏ္ဆယ္ႏွစ္ ခ်မွတ္လုိက္ပါတယ္။ သူမရဲ႕ ‘Occupation’ စာအုပ္ထဲမွာ လိင္တူခ်စ္ဇာတ္လမ္းကုိ ၾကမ္းၾကမ္းတမ္းတမ္းေရးဖြဲ႕ ထားၿပီး အုပ္ေရ (၇,ဝဝဝ) ေက်ာ္အထိ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ သဘာဝလြန္လိင္ကိစၥကုိ ေရးဖြဲ႕ထားတဲ့အတြက္ အာဏာပုိင္ေတြက အျပစ္ရွိတယ္လုိ႔ ယူဆၿပီး စာေရးဆရာမ Liu ကုိ ေထာင္ခ်ခဲ့တာပါ။ အျပစ္ဒဏ္ဟာ ႀကီးမားလြန္းတယ္လုိ႔ တရုတ္လူမႈကြန္ရက္ Weibo မွာေတာ့ ေရးသားၾကပါတယ္။

တရုတ္ႏုိင္ငံမွာ ညစ္ညမ္းစာေပေတြကုိ ျပင္းျပင္းထန္ထန္တားျမစ္ထားၿပီး လူမႈကြန္ရက္ Weibo မွာ ညစ္ညမ္းရုပ္သံ၊ စာေပေတြကုိ ျဖဳတ္ခ်ဖုိ႔ တုိက္တြန္းထားပါတယ္။ ၂ဝ၁၃ခုႏွစ္တုန္းက ေလးႏွစ္သမီးငယ္ကုိ မုဒိန္းက်င့္တဲ့ တရားခံကုိ ေထာင္ဒဏ္ရွစ္ႏွစ္ပဲ ခ်မွတ္ခဲ့တဲ့ျပစ္ဒဏ္နဲ႔ ႏႈိင္းယွဥ္ရင္ ျပင္းထန္လြန္းတယ္လုိ႔ အမ်ိဳးေကာင္းသားတခ်ိဳ႕ကလည္း မွတ္ခ်က္ျပဳထားေလရဲ႕ ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

လိင်တူညစ်ညမ်းစာရေးဆရာမကို ထောင်ဒဏ်ဆယ်နှစ် ချမှတ်လိုက်ပြီ

အောက်တိုဘာလ (၃၁) ရက်နေ့တုန်းက Anhui ပြည်နယ်မှာရှိတဲ့ Wuhu County တရားရုံးကနေ ညစ်ညမ်းစာရေးဆရာမ Liu ကို ထောင်ဒဏ်ဆယ်နှစ် ချမှတ်လိုက်ပါတယ်။ သူမရဲ့ ‘Occupation’ စာအုပ်ထဲမှာ လိင်တူချစ်ဇာတ်လမ်းကို ကြမ်းကြမ်းတမ်းတမ်းရေးဖွဲ့ ထားပြီး အုပ်ရေ (၇,ဝဝဝ) ကျော်အထိ ရောင်းချနိုင်ခဲ့ပါတယ်။ သဘာဝလွန်လိင်ကိစ္စကို ရေးဖွဲ့ထားတဲ့အတွက် အာဏာပိုင်တွေက အပြစ်ရှိတယ်လို့ ယူဆပြီး စာရေးဆရာမ Liu ကို ထောင်ချခဲ့တာပါ။ အပြစ်ဒဏ်ဟာ ကြီးမားလွန်းတယ်လို့ တရုတ်လူမှုကွန်ရက် Weibo မှာတော့ ရေးသားကြပါတယ်။

တရုတ်နိုင်ငံမှာ ညစ်ညမ်းစာပေတွေကို ပြင်းပြင်းထန်ထန်တားမြစ်ထားပြီး လူမှုကွန်ရက် Weibo မှာ ညစ်ညမ်းရုပ်သံ၊ စာပေတွေကို ဖြုတ်ချဖို့ တိုက်တွန်းထားပါတယ်။ ၂ဝ၁၃ခုနှစ်တုန်းက လေးနှစ်သမီးငယ်ကို မုဒိန်းကျင့်တဲ့ တရားခံကို ထောင်ဒဏ်ရှစ်နှစ်ပဲ ချမှတ်ခဲ့တဲ့ပြစ်ဒဏ်နဲ့ နှိုင်းယှဉ်ရင် ပြင်းထန်လွန်းတယ်လို့ အမျိုးကောင်းသားတချို့ကလည်း မှတ်ချက်ပြုထားလေရဲ့ ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com