[Zawgyi]

Tencent ရဲ႕ဒုတိယသုံးလပတ္ရလဒ္ကုိ ေၾကညာအၿပီးမွာ ေဒၚလာ ၁.၃ ဘီလီယံ ဆုံးရႈံးသြားတဲ့ Ma Huateng

တရုတ္ႏုိင္ငံရဲ႕ လူမႈကြန္ရက္နဲ႔ ဂိမ္းကုမၸဏီႀကီးျဖစ္တဲ့ Tencent ဟာ ၂ဝ၁၈ခုႏွစ္ ၾသဂုတ္လ (၁၆) ရက္ေန႔တုန္းက ဒုတိယသုံးလပတ္ (ေမ + ဇြန္ + ဇူလုိင္) ရဲ႕ရလဒ္ကုိ ထုတ္ျပန္အၿပီးမွာ အျမတ္ေငြဟာ ပထမသုံးလပတ္ (ဇန္နဝါရီ + ေဖေဖာ္ဝါရီ + မတ္) ထက္ ပုိနည္းသြားတာေၾကာင့္ ရွယ္ယာေတြ ထုိးက်ကုန္ၿပီး CEO ျဖစ္တဲ့ Ma Huateng ရဲ႕အသားတင္ၾကြယ္ဝမႈဟာ ေဒၚလာ ၁.၃ ဘီလီယံအထိ ေလ်ာ့က်သြားတာျဖစ္ပါတယ္။

QQ Browser ၊ WeChat ၊ Tenpay ၊ Tencent Games ၊ JOOX ၊ QQ Music ၊ Tencent News Tencent Map ၊ Tencent Cloud နဲ႔ Tencent Video တုိ႔လုိ ထုတ္ကုန္ေတြကုိ ပုိင္ဆုိင္တဲ့ Tencent ကုမၸဏီဟာ ဒုတိယသုံးလပတ္မွာ ဝင္ေငြဟာ ၇၃.၇ ဘီလီယံယြမ္ (ေဒၚလာ ၁၁.၁ ဘီလီယံ) ရွိခဲ့ေပမယ့္ အသားတင္အျမတ္ေငြဟာ ၁၇.၉  ဘီလီယံယြမ္ (ေဒၚလာ ၂.၇ ဘီလီယံ) သာရွိခဲ့တာပါ။ ပထမသုံးလပတ္နဲ႔ ႏႈိင္းယွဥ္ရင္ ဝင္ေငြဟာ (၃ဝ) ရာခုိင္ႏႈန္းအထိ ျမင့္တက္ခဲ့ေပမယ့္ အျမတ္ေငြကေတာ့ (၂) ရာခုိင္ႏႈန္းက်ဆင္းသြားခဲ့ပါတယ္။

၂ဝ၁၈ခုႏွစ္ ဇန္နဝါရီလကတည္းက ရွယ္ယာေစ်းႏႈန္းေတြ တရိပ္ရိပ္က်ဆင္းေနတဲ့ Tencent ဟာ ဗုဒၶဟူးေန႔တုန္းက ၃.၆ ရာခုိင္ႏႈန္းအထိ က်ဆင္းသြားခဲ့ၿပီး ကုမၸဏီမွာ ရွယ္ယာေတြအမ်ားႀကီးပုိင္ဆုိင္ထားတဲ့ Ma Huateng အေနနဲ႔ အသားတင္ၾကြယ္ဝမႈ ၁.၃ ဘီလီယံအထိ က်ဆင္းသြားတာျဖစ္ပါတယ္။ ကမၻာ့အခ်မ္းသာဆုံးသူေဌးစာရင္းမွာ နံပါတ္ (၁၇) ေနရာမွာရွိခဲ့တဲ့ Ma Huateng ဟာ အခုခ်ိန္မွာ နံပါတ္ (၂ဝ) ကုိ ေရာက္သြားခဲ့ပါတယ္။ ဒါေပမယ့္ အသားတင္ၾကြယ္ဝမႈ ၃၇.၈ ဘီလီယံအထိရွိတဲ့ Ma Huateng ဟာ တရုတ္ႏုိင္ငံရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္ၿပီး ဒုတိယေနရာမွာရွိတ့ဲ Jack Ma ဟာ ၃၇.၅ ဘီလီယံပုိင္ဆုိင္ထားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Tencent ရဲ့ဒုတိယသုံးလပတ်ရလဒ်ကို ကြေညာအပြီးမှာ ဒေါ်လာ ၁.၃ ဘီလီယံ ဆုံးရှုံးသွားတဲ့ Ma Huateng

တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်နဲ့ ဂိမ်းကုမ္ပဏီကြီးဖြစ်တဲ့ Tencent ဟာ ၂ဝ၁၈ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့တုန်းက ဒုတိယသုံးလပတ် (မေ + ဇွန် + ဇူလိုင်) ရဲ့ရလဒ်ကို ထုတ်ပြန်အပြီးမှာ အမြတ်ငွေဟာ ပထမသုံးလပတ် (ဇန်နဝါရီ + ဖေဖော်ဝါရီ + မတ်) ထက် ပိုနည်းသွားတာကြောင့် ရှယ်ယာတွေ ထိုးကျကုန်ပြီး CEO ဖြစ်တဲ့ Ma Huateng ရဲ့အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၁.၃ ဘီလီယံအထိ လျော့ကျသွားတာဖြစ်ပါတယ်။

QQ Browser ၊ WeChat ၊ Tenpay ၊ Tencent Games ၊ JOOX ၊ QQ Music ၊ Tencent News Tencent Map ၊ Tencent Cloud နဲ့ Tencent Video တို့လို ထုတ်ကုန်တွေကို ပိုင်ဆိုင်တဲ့ Tencent ကုမ္ပဏီဟာ ဒုတိယသုံးလပတ်မှာ ဝင်ငွေဟာ ၇၃.၇ ဘီလီယံယွမ် (ဒေါ်လာ ၁၁.၁ ဘီလီယံ) ရှိခဲ့ပေမယ့် အသားတင်အမြတ်ငွေဟာ ၁၇.၉  ဘီလီယံယွမ် (ဒေါ်လာ ၂.၇ ဘီလီယံ) သာရှိခဲ့တာပါ။ ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ဝင်ငွေဟာ (၃ဝ) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပေမယ့် အမြတ်ငွေကတော့ (၂) ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။

၂ဝ၁၈ခုနှစ် ဇန်နဝါရီလကတည်းက ရှယ်ယာဈေးနှုန်းတွေ တရိပ်ရိပ်ကျဆင်းနေတဲ့ Tencent ဟာ ဗုဒ္ဓဟူးနေ့တုန်းက ၃.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ကုမ္ပဏီမှာ ရှယ်ယာတွေအများကြီးပိုင်ဆိုင်ထားတဲ့ Ma Huateng အနေနဲ့ အသားတင်ကြွယ်ဝမှု ၁.၃ ဘီလီယံအထိ ကျဆင်းသွားတာဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းမှာ နံပါတ် (၁၇) နေရာမှာရှိခဲ့တဲ့ Ma Huateng ဟာ အခုချိန်မှာ နံပါတ် (၂ဝ) ကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် အသားတင်ကြွယ်ဝမှု ၃၇.၈ ဘီလီယံအထိရှိတဲ့ Ma Huateng ဟာ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ဒုတိယနေရာမှာရှိတဲ့ Jack Ma ဟာ ၃၇.၅ ဘီလီယံပိုင်ဆိုင်ထားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com