[Zawgyi]

#MeToo လႈပ္ရွားမႈကို တရုတ္ျပည္ရဲ့ ဆင္ဆာစနစ္ေၾကာင့္ Rice Bunny လို႔ ေျပာင္းခဲ့ရ

အမ်ိဳးသမီးေရးရာ လႈပ္ရွားမႈေတြဟာ US ကစလို႔ ကမာၻတစ္ဝွမ္းမွာ က်ယ္ျပန္႔အားေကာင္းလာခဲ့ပါျပီ။ ဒါေၾကာင့္ #MeToo လႈပ္ရွားမႈလို လႈပ္ရွားမႈေတြလည္း တရုတ္ျပည္ကို ေရာက္လာတဲ့ အထိျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ တရုတ္မွာေတာ့ အခက္အခဲတစ္ခုၾကံဳေနရျပီး တရုတ္အစိုးရရဲ့ ဆင္ဆာစနစ္ေၾကာင့္ MeToo လို႔ ေခၚခြင့္မရဘဲ Rice Bunny လို႔ အမည္ေျပာင္းခဲ့ရပါတယ္။

Rice Bunny ကို တရုတ္လို ေပါင္းရင္ mi tu 米兔 လို႔ အသံထြက္ပါတယ္။ သူတို႔သံုးတဲ့ Weibo Page ေတြမွာဆိုရင္ အမ်ိဳးသမီးေတြအေပၚလိင္ပိုင္းဆိုင္ရာ ထိပါးမႈကို တြန္းလွန္တဲ့ #ricebunny Hashtag နဲ႔ ယုန္တစ္ေကာင္ရယ္၊ ထမင္းတစ္ပြဲရယ္ ပံုရိပ္ဟာ 2.2 သန္း Views ရထားပါတယ္။

ဘာလို႔ ဒီလို နာမည္ေျပာင္းလဲရတယ္ဆိုရင္ေတာ့ #MeTooInChina လို႔ Hashtag သံုးျပီး Social Media မွာတင္တုိင္း အင္တာနက္ဆင္ဆာစနစ္နဲ႔ ျငိတယ္ဆိုျပီး အဖ်က္ခံေနရလို႔ပါပဲ။ ဒီလိုမ်ိဳး စကားလံုးဖလွယ္သံုးစြဲတာလည္း အရင္က ရွိခဲ့ဖူးျပီး Harmony ဆိုတဲ့စကားအတြက္ River Crab လို႔ ဖလွယ္သံုးစြဲခဲ့ရဖူးပါတယ္။ တရုတ္လို ေရွးရိုးစြဲေတြရွိေသးတဲ့ တုိင္းျပည္မွာ လိင္ပိုင္းဆိုင္ရာထိပါးမႈဆိုတာ မၾကားဝံ့မနာသာကိစၥျဖစ္ေနေသးျပီး အမ်ိဳးသမီးလႈပ္ရွားမႈေတြဆိုတာကိုလည္း အစိုးရက ေစာင့္ၾကည့္ေနဆဲပါပဲ။

၂၀၁၅ ခုႏွစ္ကဆိုရင္ ႏုိင္ငံတကာအမ်ိဳးသမီးမ်ားေန႔ကို ဆင္ႏႊဲဖို႔ စီစဥ္ေနတဲ့ အမ်ိဳးသမီးငယ္ ၅ ေယာက္ကို ဖမ္းဆီးခဲ့ပါတယ္။ သူတို႔ဟာ လိင္ပုိင္းဆိုင္ရာ ထိပါးမႈအေၾကာင္း ေဆြးေႏြးမႈေတြလုပ္၊ စတစ္ကာေတြ ၊ Flyers ေတြ ေဝလို႔ ျဖစ္ပါတယ္။ ဒါတင္မဟုတ္ဘဲ အမ်ိဳးသမီးဝါဒီအဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Feminist Voices ကိုလည္း ဘာမေျပာညာမေျပာနဲ႔ တစ္လေလာက္ ပိတ္ပင္ခဲ့တာလည္း ရွိပါတယ္။

ဒါေၾကာင့္ #MeToo လို စကားလံုးေတာင္ ပိတ္ပင္ခံေနရေသးတဲ့ တရုတ္ျပည္ၾကီးမွာ အမ်ိဳးသမီးအခြင့္အေရးေတြအတြက္ေတာ့ ဆက္လက္တုိက္ပြဲဝင္ေနရဆဲ ျဖစ္ပါတယ္။

www.akhayar.com

Ref : Business Insider
[Unicode]

#MeToo လှုပ်ရှားမှုကို တရုတ်ပြည်ရဲ့ ဆင်ဆာစနစ်ကြောင့် Rice Bunny လို့ ပြောင်းခဲ့ရ

အမျိုးသမီးရေးရာ လှုပ်ရှားမှုတွေဟာ US ကစလို့ ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ပြန့်အားကောင်းလာခဲ့ပါပြီ။ ဒါကြောင့် #MeToo လှုပ်ရှားမှုလို လှုပ်ရှားမှုတွေလည်း တရုတ်ပြည်ကို ရောက်လာတဲ့ အထိဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တရုတ်မှာတော့ အခက်အခဲတစ်ခုကြုံနေရပြီး တရုတ်အစိုးရရဲ့ ဆင်ဆာစနစ်ကြောင့် MeToo လို့ ခေါ်ခွင့်မရဘဲ Rice Bunny လို့ အမည်ပြောင်းခဲ့ရပါတယ်။

Rice Bunny ကို တရုတ်လို ပေါင်းရင် mi tu 米兔 လို့ အသံထွက်ပါတယ်။ သူတို့သုံးတဲ့ Weibo Page တွေမှာဆိုရင် အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာ ထိပါးမှုကို တွန်းလှန်တဲ့ #ricebunny Hashtag နဲ့ ယုန်တစ်ကောင်ရယ်၊ ထမင်းတစ်ပွဲရယ် ပုံရိပ်ဟာ 2.2 သန်း Views ရထားပါတယ်။

ဘာလို့ ဒီလို နာမည်ပြောင်းလဲရတယ်ဆိုရင်တော့ #MeTooInChina လို့ Hashtag သုံးပြီး Social Media မှာတင်တိုင်း အင်တာနက်ဆင်ဆာစနစ်နဲ့ ငြိတယ်ဆိုပြီး အဖျက်ခံနေရလို့ပါပဲ။ ဒီလိုမျိုး စကားလုံးဖလှယ်သုံးစွဲတာလည်း အရင်က ရှိခဲ့ဖူးပြီး Harmony ဆိုတဲ့စကားအတွက် River Crab လို့ ဖလှယ်သုံးစွဲခဲ့ရဖူးပါတယ်။ တရုတ်လို ရှေးရိုးစွဲတွေရှိသေးတဲ့ တိုင်းပြည်မှာ လိင်ပိုင်းဆိုင်ရာထိပါးမှုဆိုတာ မကြားဝံ့မနာသာကိစ္စဖြစ်နေသေးပြီး အမျိုးသမီးလှုပ်ရှားမှုတွေဆိုတာကိုလည်း အစိုးရက စောင့်ကြည့်နေဆဲပါပဲ။

၂၀၁၅ ခုနှစ်ကဆိုရင် နိုင်ငံတကာအမျိုးသမီးများနေ့ကို ဆင်နွှဲဖို့ စီစဉ်နေတဲ့ အမျိုးသမီးငယ် ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုအကြောင်း ဆွေးနွေးမှုတွေလုပ်၊ စတစ်ကာတွေ ၊ Flyers တွေ ဝေလို့ ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ အမျိုးသမီးဝါဒီအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Feminist Voices ကိုလည်း ဘာမပြောညာမပြောနဲ့ တစ်လလောက် ပိတ်ပင်ခဲ့တာလည်း ရှိပါတယ်။

ဒါကြောင့် #MeToo လို စကားလုံးတောင် ပိတ်ပင်ခံနေရသေးတဲ့ တရုတ်ပြည်ကြီးမှာ အမျိုးသမီးအခွင့်အရေးတွေအတွက်တော့ ဆက်လက်တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။

www.akhayar.com

Ref : Business Insider