အမေရိကန် အစိုးရဖိအားပေးနေတဲ့ Huawei Ban အရှုပ်တော်ပုံကြီးထဲ တရုတ်အစိုးရ ပါဝင်လာပါပြီ။ The New York Times သတင်းစာမျက်နှာမှာ ဖော်ပြထားတဲ့ အချက်တွေအရ တရားဝင်ထုတ်ပြန်ထားချက်မှာ “Tech Companies တွေကို ဆိုးရွားတဲ့အကျိုးဆက်တွေ ခံစားသွားရစေမယ်” ဆိုပြီး တပ်လှန့်တဲ့သဘောနဲ့ အမိန့်ထုတ်ပြီလို့ သိရပါတယ်။

ဒီလှုပ်ရှားမှုဟာ Huawei ကုမ္ပဏီတခုလုံး ရစရာမရှိအောင် Ban ပြီးတဲ့အချိန် ပထမဆုံး တုံ့ပြန်တာလည်းဖြစ်ပါတယ်။ ဒိမတိုင်ခင် Google အနေနဲ့ လုံခြုံရေး အကြောင်းပြချက် အကြောင်းပြပြီး Android OS ပိတ်ပင်တာ ကုမ္ပဏီ သိက္ခာ ထိခိုက်ရာရောက်တယ်၊ မကျေနပ်တဲ့ သဘောနဲ့ Complain တက်ထားပေမယ့် အရာမယွင်းပါဘူး။

Photo: Internet

NY Times ပြောကြားချက်အရဆိုရင် တရုတ်နိင်ငံရဲ့ နိုင်ငံတော် ဖွံ့ဖြိုးမှုအဖွဲ့ဝင်နဲ့ Reform ကော်မရှင်တို့ ပြုလုပ်ခဲ့တဲ့ အစည်းဝေးပွဲကနေတဆင့် Warning ထွက်လာတာလို့ သိရပါတယ်။ ဒီဆွေးနွေးမှုတွေမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန တို့လည်း ပါဝင်ခဲ့တယ်ဆိုပါတယ်။

ဆွေးနွေးတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ကို တင်ပို့နေတဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ဆက်စပ်ပြီး ဒီထဲမှာပါဝင်နေတဲ့ US ကုမ္ပဏီတွေကို အဓိကထား ပြုလုပ်ဖြစ်ပါတယ်။ အစည်းဝေးပွဲမှာ တက်ရောက်ခဲ့တဲ့ ကုမ္ပဏီတွေရှိပေမယ့် နာမည်အတိကျ မဖော်ပြထားပါဘူး။ ပြောချင်တဲ့ အဓိပ္ပာယ်က တရုတ်ကိုတင်သွင်းနေတဲ့ US Tech ကုမ္ပဏီတွေ တခြားနိုင်ငံတွေကို Relocate လုပ်ဖို့ Warning ထုတ်တဲ့သဘောဖြစ်ပါတယ်။

အခုလို Warning List ထဲမှာပါဝင်နေတဲ့ ကုမ္ပဏီတွေကိုလည်း သမ္မတရုံးအမိန့်ကို ဆန့်ကျင်အပြုသဘော အနေနဲ့ ဆောင်ရွက်ဖို့ “ရာသက်ပန် ဆိုးရွားတဲ့ အကျိုးဆက်ခံစားရစေမယ်လို့” ဖိအားပေးထားတာ တွေ့ရပါတယ်။ NY Times ကတော့ US Tech ကုမ္ပဏီတွေအနေနဲ့ ဥပဒေရေးရာ အကျိုးဆက်တွေ ခံစားဖို့အလိုမရှိတာကြောင့် Effect ဖြစ်မယ့် အလားလာ မရှိဘူးလို့ သုံးသပ်ထားပါတယ်။

Photo Credit CNN

ဒါကတော့ တရုတ်အစိုးရအနေနဲ့ US Ban အပေါ် တုံ့ပြန်ထားတာဖြစ်ပြီး GoogleARM နဲ့ Microsoft ကုမ္ပဏီတွေ ပိတ်ဆို့တာအပေါ်မူတည်ပြီး ၂ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုအရှိန် ပြင်းထန်နေပြီဖြစ်ပါတယ်။ ရှေ့လျှောက် ဘယ်လိုဆက်ဖြစ်မလဲ မသိရပေမယ့် အမေရိကန် သမ္မတ Trump နဲ့ Xi Jingping တို့ ဂျပန်မှာ ပြုလုပ်သွားမယ့် G20 Summit မှာ တွေ့ဆုံဖို့ရှိနေတယ်လို့ သိရပါတယ်။

Source: The Verge
2B (Akhayar)
www.akhayar.com