တရုတ္ႏုိင္ငံက ရဲေတြက Facial Recognition စနစ္ပါဝင္တဲ့ ေနကာမ်က္မွန္ကို ျဖန္႔က်က္အသံုးျပဳသြားမည္

တရုတ္ႏုိင္ငံမွာရွိတဲ့ရဲသားေတြက ျပီးခဲ့တဲ့လတုန္းက စတင္ျပီးေတာ့ သံသဃရွိတဲ့သူေတြ၊ စာရြက္စာတမ္းအတုေတြနဲ႔ ခရီးသြားခ်င္တဲ့သူေတြကို ဖမ္းဆီးႏုိင္ဖုိ႔အတြက္ Facial Recognition ပါဝင္တဲ့ ေနကာမ်က္မွန္ေတြကို စတင္ျပီး စမ္းသပ္အသံုးျပဳလာခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ တရုတ္ႏုိင္ငံမွာရွိတဲ့ ရဲဌာနေတြဟာ ေပက်င္းျမိဳ႕အျပင္ဘက္မွာရွိတဲ့ ျပည္နယ္ေတြမွာပါ စတင္ျပီးအသံုးျပဳေတာ့မွာျဖစ္ပါတယ္။ အခုအစီအစဥ္ဟာ တရုတ္သမၼတ Xi Jinping ရဲ႕ ပါလီမန္ဆံုးျဖတ္ခ်က္ေၾကာင့္ လံုျခံဳေရးတိုးျမွင့္ဖုိ႔အတြက္ ျပဳလုပ္တာပဲျဖစ္ပါတယ္။

တရုတ္ႏုိင္ငံ ရဲဌာနဟာဆုိရင္ Henen အုပ္ခ်ဴပ္ခြင့္ရေဒသမွာရွိတဲ့ ျမိဳ႕ၾကီးျဖစ္တဲ့ Zhengzhou မွာရွိတဲ့ ရထားဘူတာေတြမွာ စတင္အသံုးျပဳခဲ့တာျဖစ္ျပီးေတာ့ ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ ရဲေတြဟာ သံသဃရွိသူ ၇ ေယာက္နဲ႔ စာရြက္စာတမ္းအတုနဲ႔ ခရီးသြားတဲ့သူ ၂၆ ေယာက္ကို အခု Facial Recognition စနစ္ပါဝင္တဲ့ ေနကာမ်က္မွန္ကို အသံုးျပဳျပီး ဖမ္းဆီးရရွိခဲ့တယ္လုိ႔ သိရပါတယ္။

အဆိုပါ Facial Recognition ေနကာမ်က္မွန္ဟာ Mobile Unit တစ္ခုကေန ထိန္းခ်ဴပ္တာျဖစ္ျပီး ေဒၚလာ ၆၃၆ (သို႔မဟုတ္) ၃၉၉၉ ယြမ္ က်သင့္မွာျဖစ္ျပီးေတာ့ Facial Recognition စနစ္အတြက္ အပိုထပ္မံေပးေခ်ရမွာျဖစ္တယ္လုိ႔သိရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

တရုတ်နိုင်ငံမှာရှိတဲ့ရဲသားတွေက ပြီးခဲ့တဲ့လတုန်းက စတင်ပြီးတော့ သံသဃရှိတဲ့သူတွေ၊ စာရွက်စာတမ်းအတုတွေနဲ့ ခရီးသွားချင်တဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် Facial Recognition ပါဝင်တဲ့ နေကာမျက်မှန်တွေကို စတင်ပြီး စမ်းသပ်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာရှိတဲ့ ရဲဌာနတွေဟာ ပေကျင်းမြို့အပြင်ဘက်မှာရှိတဲ့ ပြည်နယ်တွေမှာပါ စတင်ပြီးအသုံးပြုတော့မှာဖြစ်ပါတယ်။ အခုအစီအစဉ်ဟာ တရုတ်သမ္မတ Xi Jinping ရဲ့ ပါလီမန်ဆုံးဖြတ်ချက်ကြောင့် လုံခြုံရေးတိုးမြှင့်ဖို့အတွက် ပြုလုပ်တာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရဲဌာနဟာဆိုရင် Henen အုပ်ချူပ်ခွင့်ရဒေသမှာရှိတဲ့ မြို့ကြီးဖြစ်တဲ့ Zhengzhou မှာရှိတဲ့ ရထားဘူတာတွေမှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရဲတွေဟာ သံသဃရှိသူ ၇ ယောက်နဲ့ စာရွက်စာတမ်းအတုနဲ့ ခရီးသွားတဲ့သူ ၂၆ ယောက်ကို အခု Facial Recognition စနစ်ပါဝင်တဲ့ နေကာမျက်မှန်ကို အသုံးပြုပြီး ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Facial Recognition နေကာမျက်မှန်ဟာ Mobile Unit တစ်ခုကနေ ထိန်းချူပ်တာဖြစ်ပြီး ဒေါ်လာ ၆၃၆ (သို့မဟုတ်) ၃၉၉၉ ယွမ် ကျသင့်မှာဖြစ်ပြီးတော့ Facial Recognition စနစ်အတွက် အပိုထပ်မံပေးချေရမှာဖြစ်တယ်လို့သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com