[Zawgyi]

အင္တာနက္ အသုံးျပဳသူ သန္း ၈၀၀ ေက်ာ္သြားျပီျဖစ္တဲ့ တရုတ္ႏိုင္ငံ

တရုတ္ကိုေတာ့ ကမာၻေပၚမွာ အင္တာနက္ အမ်ားဆုံး သုံးေနတဲ့ ႏိုင္ငံလို႔ပဲ တင္စားရမလား CNNIC (China Internet Network Information Centre) က ျပီးခဲ့တဲ့ ဇြန္လအကုန္မွာ အင္တာနက္ အသုံးျပဳသူ ၈၀၂ သန္းရွိေနျပီလို႔ ထုတ္ျပန္လိုက္ပါတယ္။ World Population Review အရ တရုတ္ႏိုင္ငံမွာ လူဦးေရ သန္း ၁၄၀၀ ေက်ာ္ ေနထိုင္တာမလို႔ လူဦးေရ ၉ဝ ရာခိုင္ႏႈန္းေလာက္က အင္တာနက္ သုံးေနျပီလို႔ သုံးသပ္ရတာပါ။ CNNIC ေလ့လာခ်က္အရဆိုရင္ စမတ္ဖုန္းတမ်ိဳးထဲကေန အင္တာနက္ အမ်ားအသုံးျပဳေနျပီး ၆ လအတြင္း သန္း ၃၀ ထပ္တိုးလာခဲ့တယ္လို႔ ေဖာ္ျပထားတာပါ။

Using Smartphone on Train

စစ္တမ္းအရဆိုရင္ လူဦးေရ ၇၁ ရာခိုင္ႏႈန္းက Online Shopping နဲ႔ Mobile Payment အတြက္ အင္တာနက္ အသုံးျပဳေနၾကတာပါ။ ၂၀ ရာခိုင္ႏႈန္း ေက်ာ္ေက်ာ္က ဘ႑ာေရးအတြက္ သုံးေနၾကသလို ၂၅ ရာခိုင္နႈန္းက ရုပ္ရွင္၊ ဗီဒီယိုၾကည့္ဖို႔အတြက္ အင္တာနက္သုံးေနတယ္လို႔ CNNIC Report ထဲမွာ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။

Almost Everywhere

အခုလို တရုတ္ႏိုင္ငံထဲ အင္တာနက္သုံးတဲ့လူ မ်ားလာတယ္ဆိုေပမယ့္ စမတ္ဖုန္း တင္ပို႔မႈအပိုင္းမွာ ၄.၉ ရာခိုင္ႏႈန္း ထိုးဆင္းသြားတယ္လို႔ ေျပာေနပါတယ္။ ဒါေပမယ့္လည္း ကမာၻ႔အၾကီးဆုံး စမတ္ဖုန္း ေစ်းကြက္ ပိုင္ဆိုင္ေသးသလို ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္း စမတ္ဖုန္းေပါင္း သန္း ၄၄၀ ေလာက္ ဝယ္ယူခဲ့တယ္လို႔ ေဖာ္ျပထားတာေတြ႔ရပါတယ္။ ၂၀၁၈ အတြက္ တရားဝင္ထုတ္ျပန္ခ်က္ ထြက္မလာေသးေပမယ့္ CNNIC Report အရ လာမယ့္ ၂၀၂၀ အတြင္း အင္တာနက္ အသုံးျပဳသူဦးေရ သန္း ၁၀၀၀ (တစ္ဘီလီယံ) ေက်ာ္သြားႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

အင်တာနက် အသုံးပြုသူ သန်း ၈၀၀ ကျော်သွားပြီဖြစ်တဲ့ တရုတ်နိုင်ငံ

တရုတ်ကိုတော့ ကမ္ဘာပေါ်မှာ အင်တာနက် အများဆုံး သုံးနေတဲ့ နိုင်ငံလို့ပဲ တင်စားရမလား CNNIC (China Internet Network Information Centre) က ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ အင်တာနက် အသုံးပြုသူ ၈၀၂ သန်းရှိနေပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ World Population Review အရ တရုတ်နိုင်ငံမှာ လူဦးရေ သန်း ၁၄၀၀ ကျော် နေထိုင်တာမလို့ လူဦးရေ ၉ဝ ရာခိုင်နှုန်းလောက်က အင်တာနက် သုံးနေပြီလို့ သုံးသပ်ရတာပါ။ CNNIC လေ့လာချက်အရဆိုရင် စမတ်ဖုန်းတမျိုးထဲကနေ အင်တာနက် အများအသုံးပြုနေပြီး ၆ လအတွင်း သန်း ၃၀ ထပ်တိုးလာခဲ့တယ်လို့ ဖော်ပြထားတာပါ။

Using Smartphone on Train

စစ်တမ်းအရဆိုရင် လူဦးရေ ၇၁ ရာခိုင်နှုန်းက Online Shopping နဲ့ Mobile Payment အတွက် အင်တာနက် အသုံးပြုနေကြတာပါ။ ၂၀ ရာခိုင်နှုန်း ကျော်ကျော်က ဘဏ္ဍာရေးအတွက် သုံးနေကြသလို ၂၅ ရာခိုင်နှုန်းက ရုပ်ရှင်၊ ဗီဒီယိုကြည့်ဖို့အတွက် အင်တာနက်သုံးနေတယ်လို့ CNNIC Report ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Almost Everywhere

အခုလို တရုတ်နိုင်ငံထဲ အင်တာနက်သုံးတဲ့လူ များလာတယ်ဆိုပေမယ့် စမတ်ဖုန်း တင်ပို့မှုအပိုင်းမှာ ၄.၉ ရာခိုင်နှုန်း ထိုးဆင်းသွားတယ်လို့ ပြောနေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ဈေးကွက် ပိုင်ဆိုင်သေးသလို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း စမတ်ဖုန်းပေါင်း သန်း ၄၄၀ လောက် ဝယ်ယူခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ၂၀၁၈ အတွက် တရားဝင်ထုတ်ပြန်ချက် ထွက်မလာသေးပေမယ့် CNNIC Report အရ လာမယ့် ၂၀၂၀ အတွင်း အင်တာနက် အသုံးပြုသူဦးရေ သန်း ၁၀၀၀ (တစ်ဘီလီယံ) ကျော်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

2B (Akhayar)

www.akhayar.com