[Zawgyi]

၁၈ႏွစ္မျပည့္ေသးသူေတြကုိ အားျဖည့္အခ်ိဳရည္ ေရာင္းခ်မႈ ၿဗိတိန္ႏုိင္ငံမွာ ပိတ္ပင္ေတာ့မယ္

အားျဖည့္အခ်ိဳရည္ေတြဟာ စိတ္ၾကည္လင္ေစေပမယ့္ ေရရွည္ေသာက္သုံးရင္ က်န္းမာေရးအတြက္ မေကာင္းလွပါဘူး။ အားျဖည့္အခ်ိဳရည္ေတြမွာ အဓိကပါဝင္ပစၥည္းက ကဖိန္းဓာတ္ (Caffeine) နဲ႔ သၾကားပါပဲ။ ေသာက္လုိက္ရင္ စိတ္ၾကည္လင္ေစတယ္ဆုိတာက သူ႕မွာပါတဲ့ ကဖိန္းဓာတ္ေၾကာင့္ပါ။ ဒါေပမယ့္ ကဖိန္းဓာတ္မ်ားသြားရင္ေတာ့ ႏွလုံးတုန္လာမယ္၊ စုိးရိမ္ေၾကာင့္ၾကလြန္ေရာဂါေတြ ျဖစ္လာမယ္ ၿပီးေတာ့ ေသြးဖိအားေတြ တက္လာတဲ့အထိပါ။ ဒါ့ေၾကာင့္လည္း ကုိယ္ဝန္ေဆာင္နဲ႔ ႏုိ႔တုိက္မိခင္ေတြအေနနဲ႔ တစ္ေန႔မွာ ကဖိန္းဓာတ္ပါတဲ့ ေဖ်ာ္ရည္ေတြကုိ ၂ဝဝ မီလီဂရမ္ထက္ ပုိမေသာက္ၾကဖုိ႔ တားျမစ္ထားတာျဖစ္ပါတယ္။

\

ၿပီးေတာ့ အားျဖည့္အခ်ိဳရည္မွာက ကဖိန္းဓာတ္အျပင္ သၾကားေတြထည့္ထားတဲ့ ျပႆနာပါ။ လူ႕ခႏၶာကုိယ္မွာ သၾကားဓာတ္မ်ားလာရင္ အဝလြန္လာမယ္၊ သြားပုိးစားလာမယ္ ၿပီးေတာ့ ဆီးခ်ိဳေသြးခ်ိဳအထိေတာင္ ျဖစ္လာႏုိင္ပါတယ္။ ဒါ့ေၾကာင့္ အားျဖည့္အခ်ိဳရည္ေသာက္တာက ေဘးထြက္ဆုိးက်ိဳးမ်ားတယ္လုိ႔ သုံးသပ္ႏုိင္ပါတယ္။

၂၅ဝ မီလီလီတာရွိတဲ့ Red Bull တစ္ဘူးမွာဆုိရင္ ကဖိန္းဓာတ္ ၈ဝ မီလီဂရမ္ပါဝင္တယ္။ ဒီပမာဏဟာ ကုိလာဘူးမွာပါဝင္တဲ့ ကဖိန္းဓာတ္ထက္ သုံးဆေလာက္ရွိပါတယ္။ ဒါ့အျပင္ ၅ဝဝ မီလီလီတာရွိတဲ့ Monster Original မွာဆုိရင္ သၾကား ၅၅ ဂရမ္အထိပါဝင္ၿပီး Relentless တစ္ဘူးမွာ သၾကား ၂၄ ဂရမ္ပါဝင္တယ္။ ဒါ့ေၾကာင့္ ကဖိန္းနဲ႔သၾကားပါဝင္မႈျမင့္မားတဲ့ Red Bull ၊ Boost နဲ႔ V Ultimate Guarana တုိ႔လုိ အားျဖည့္အခ်ိဳရည္ကုိ ေသာက္သုံးမႈျမင့္မားတာက ၿဗိတိန္ႏုိင္ငံပဲျဖစ္ပါတယ္။

ၿဗိတိန္ႏုိင္ငံရဲ႕ဆယ္ေက်ာ္သက္လူငယ္ေတြဟာ အားျဖည့္အခ်ိဳရည္ကုိ ပုိေသာက္လာတယ္လုိ႔ သုံးသပ္ရပါတယ္။ အားျဖည့္အခ်ိဳရည္တစ္ဘူးကုိ ၂၅ပဲနိေလာက္ပဲရွိတာေၾကာင့္ ၿဗိတိန္ႏုိင္ငံဟာ ၿပီးခဲ့တဲ့ငါးႏွစ္အတြင္း တစ္ဟုန္ထုိးတက္လာခဲ့တာပါ။ ၿပီးခဲ့တဲ့ ၂ဝ၁၇ခုႏွစ္မွာေတာင္ အားျဖည့္အခ်ိဳရည္လီတာ သန္း၇ဝဝနီးပါး ေရာင္းခဲ့ရၿပီး ဝင္ေငြ ၁.၆၅ ဘီလီယံေပါင္အထိကုိ ရွိခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ေတြဟာ အားျဖည့္အခ်ိဳရည္အေသာက္မ်ားၿပီး စာသင္ခန္းထဲမွာ အာရုံမစုိက္ႏုိင္တာေတြ အစာအိမ္ေရာဂါျဖစ္တာေတြဟာ ၿဗိတိန္ႏုိင္ငံမွာ ျဖစ္လာခဲ့ပါၿပီ။

၁၈ႏွစ္မျပည့္ေသးသူေတြကုိ အားျဖည့္အခ်ိဳရည္မေရာင္းဖုိ႔ စတုိးဆုိင္ေတြကုိ တားျမစ္ထားၿပီး ေရာင္းခ်မယ္ဆုိရင္ ေပါင္ ၂၅ဝဝ အထိ ဒဏ္တပ္မွာျဖစ္ပါတယ္။ ၿဗိတိန္က်န္းမာေရးဝန္ႀကီး Steve Brine ဟာ “ကြ်န္ေတာ္တုိ႔ကေလးေတြဟာဆုိရင္ တျခားဥေရာပႏုိင္ငံေတြထက္စာရင္ အားျဖည့္အခ်ိဳရည္ေသာက္တာ ၅ဝ ရာခုိင္ႏႈန္းသာတယ္။ ဆရာေတြကလည္း အားျဖည့္အခ်ိဳရည္နဲ႔ပတ္သက္ၿပီး စာမလုိက္ႏုိင္မွာကုိ ေတြးပူေနၾကပါတယ္” လုိ႔ ဆုိသြားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၁၈နှစ်မပြည့်သေးသူတွေကို အားဖြည့်အချိုရည် ရောင်းချမှု ဗြိတိန်နိုင်ငံမှာ ပိတ်ပင်တော့မယ်

အားဖြည့်အချိုရည်တွေဟာ စိတ်ကြည်လင်စေပေမယ့် ရေရှည်သောက်သုံးရင် ကျန်းမာရေးအတွက် မကောင်းလှပါဘူး။ အားဖြည့်အချိုရည်တွေမှာ အဓိကပါဝင်ပစ္စည်းက ကဖိန်းဓာတ် (Caffeine) နဲ့ သကြားပါပဲ။ သောက်လိုက်ရင် စိတ်ကြည်လင်စေတယ်ဆိုတာက သူ့မှာပါတဲ့ ကဖိန်းဓာတ်ကြောင့်ပါ။ ဒါပေမယ့် ကဖိန်းဓာတ်များသွားရင်တော့ နှလုံးတုန်လာမယ်၊ စိုးရိမ်ကြောင့်ကြလွန်ရောဂါတွေ ဖြစ်လာမယ် ပြီးတော့ သွေးဖိအားတွေ တက်လာတဲ့အထိပါ။ ဒါ့ကြောင့်လည်း ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအနေနဲ့ တစ်နေ့မှာ ကဖိန်းဓာတ်ပါတဲ့ ဖျော်ရည်တွေကို ၂ဝဝ မီလီဂရမ်ထက် ပိုမသောက်ကြဖို့ တားမြစ်ထားတာဖြစ်ပါတယ်။

\

ပြီးတော့ အားဖြည့်အချိုရည်မှာက ကဖိန်းဓာတ်အပြင် သကြားတွေထည့်ထားတဲ့ ပြဿနာပါ။ လူ့ခန္ဓာကိုယ်မှာ သကြားဓာတ်များလာရင် အဝလွန်လာမယ်၊ သွားပိုးစားလာမယ် ပြီးတော့ ဆီးချိုသွေးချိုအထိတောင် ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အားဖြည့်အချိုရည်သောက်တာက ဘေးထွက်ဆိုးကျိုးများတယ်လို့ သုံးသပ်နိုင်ပါတယ်။

၂၅ဝ မီလီလီတာရှိတဲ့ Red Bull တစ်ဘူးမှာဆိုရင် ကဖိန်းဓာတ် ၈ဝ မီလီဂရမ်ပါဝင်တယ်။ ဒီပမာဏဟာ ကိုလာဘူးမှာပါဝင်တဲ့ ကဖိန်းဓာတ်ထက် သုံးဆလောက်ရှိပါတယ်။ ဒါ့အပြင် ၅ဝဝ မီလီလီတာရှိတဲ့ Monster Original မှာဆိုရင် သကြား ၅၅ ဂရမ်အထိပါဝင်ပြီး Relentless တစ်ဘူးမှာ သကြား ၂၄ ဂရမ်ပါဝင်တယ်။ ဒါ့ကြောင့် ကဖိန်းနဲ့သကြားပါဝင်မှုမြင့်မားတဲ့ Red Bull ၊ Boost နဲ့ V Ultimate Guarana တို့လို အားဖြည့်အချိုရည်ကို သောက်သုံးမှုမြင့်မားတာက ဗြိတိန်နိုင်ငံပဲဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ဆယ်ကျော်သက်လူငယ်တွေဟာ အားဖြည့်အချိုရည်ကို ပိုသောက်လာတယ်လို့ သုံးသပ်ရပါတယ်။ အားဖြည့်အချိုရည်တစ်ဘူးကို ၂၅ပဲနိလောက်ပဲရှိတာကြောင့် ဗြိတိန်နိုင်ငံဟာ ပြီးခဲ့တဲ့ငါးနှစ်အတွင်း တစ်ဟုန်ထိုးတက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၇ခုနှစ်မှာတောင် အားဖြည့်အချိုရည်လီတာ သန်း၇ဝဝနီးပါး ရောင်းခဲ့ရပြီး ဝင်ငွေ ၁.၆၅ ဘီလီယံပေါင်အထိကို ရှိခဲ့ပါတယ်။ ဆယ်ကျော်သက်တွေဟာ အားဖြည့်အချိုရည်အသောက်များပြီး စာသင်ခန်းထဲမှာ အာရုံမစိုက်နိုင်တာတွေ အစာအိမ်ရောဂါဖြစ်တာတွေဟာ ဗြိတိန်နိုင်ငံမှာ ဖြစ်လာခဲ့ပါပြီ။

၁၈နှစ်မပြည့်သေးသူတွေကို အားဖြည့်အချိုရည်မရောင်းဖို့ စတိုးဆိုင်တွေကို တားမြစ်ထားပြီး ရောင်းချမယ်ဆိုရင် ပေါင် ၂၅ဝဝ အထိ ဒဏ်တပ်မှာဖြစ်ပါတယ်။ ဗြိတိန်ကျန်းမာရေးဝန်ကြီး Steve Brine ဟာ “ကျွန်တော်တို့ကလေးတွေဟာဆိုရင် တခြားဥရောပနိုင်ငံတွေထက်စာရင် အားဖြည့်အချိုရည်သောက်တာ ၅ဝ ရာခိုင်နှုန်းသာတယ်။ ဆရာတွေကလည်း အားဖြည့်အချိုရည်နဲ့ပတ်သက်ပြီး စာမလိုက်နိုင်မှာကို တွေးပူနေကြပါတယ်” လို့ ဆိုသွားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com