[Zawgyi]


ကိုရီးယား ဇာတ်လမ်းတွေထဲမှာ ပါဝင်ကြတဲ့ ကလေးသရုပ်ဆောင်လေးတွေ ထဲကမှ လက်ရှိအချိန်ထိ နာမည်ကြီးနေကြပြီး အနုပညာလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ကိုရီးယား ဆယ်လီတွေကို ဖော်ပြပေးချင်ပါတယ်။

 

Moon Geun Young


Moon Geun Young

Moon Geun Young


Moon Geun Young

Moon Geun Young


 

Park Ji Bin





Yoo Seung Ho





Park Shin Hye



Park Shin Hye

Park Shin Hye


Kim Yoo Jung






ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

ကလေးသရုပ်ဆောင်ဘဝ မှစလို့ နာမည်ကြီး လာကြတဲ့ ကိုရီယားဆယ်လီများ

ကိုရီးယား ဇာတ်လမ်းတွေထဲမှာ ပါဝင်ကြတဲ့ ကလေးသရုပ်ဆောင်လေးတွေ ထဲကမှ လက်ရှိအချိန်ထိ နာမည်ကြီးနေကြပြီး အနုပညာလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ကိုရီးယား ဆယ်လီတွေကိုု ဖော်ပြပေးချင်ပါတယ်။

 

Moon Geun Young

Moon Geun Young ကို မြန်မာပရိသတ်တွေစတင်သိခဲ့တဲ့ ဇာတ်လမ်းကတော့ Autumn In My Heart (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ဆိုတဲ့ ရုပ်သံစီးရီးဇာတ်လမ်းနဲ့ပါ။ သူမဟာ ၁၀ နှစ်သမီးအရွယ်ကတည်းက အနုပညာအလုပ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ Moon Geun Young ကို ၁၉၈၇ ခုနှစ်မေလ ၆ရက်နေ့မှာ မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။

Moon Geun Young

Moon Geun Young

အခုဆိုရင်တော့ သူမရဲ့ အသက်ဟာ ၃၁ နှစ်ရှိလို့နေပြီလည်းဖြစ်ပါတယ်။

Moon Geun Young

Moon Geun Young

ဆယ်ကျော်သက်အရွယ်ကတည်းကစတင်ပြီး သရုပ်ဆောင်လုပ်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ သူမကလည်း အခုဆိုရင် နာမည်ကြီးစတားတစ်ဦးဖြစ်လို့နေပါပြီ။

 

Park Ji Bin

နောက်တစ်ယောက် ကတော့ Park Ji Bin (ပက်ဂျီဘင်း) ပဲ ဖြစ်ပါတယ်။ သူကတော့ မြန်မာပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားတစ်ခုဖြစ်တဲ့ Boys Over Flowers ဇာတ်လမ်းတွဲထဲမှာ ကလေးသရုပ်ဆောင်အနေနဲ့ပါဝင်သရုပ်ထားတဲ့ အတွက် ပရိသတ်ကြီးနဲ့ ရင်းနှီးလိမ့်မယ်ထင်ပါတယ်။

Park Ji Bin နဲ့ Lee Min Ho

Park Ji Bin နဲ့ Lee Min Ho

Park Ji Bin ကိုတော့ ၁၉၉၅ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် အဖြစ် ၂၀၀၅ ခုနှစ်လောက်ကတည်းကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး Boys Over Flowers ဇာတ်လမ်းတွဲ ကိုတော့ ၂၀၀၉ ခုနှစ်မှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ Park Ji Bin ဟာကလေးသရုပ်ဆောင်ကနေ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်လို့လာပါပြီ။

Yoo Seung Ho

Yoo Seung Ho (ယိုဆန်းဟို) ဟာ The Way Home ဆိုတဲ့ ဇာတ်ကားထဲက ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ Yoo Seung Ho ကို ၁၉၉၃ ခုနှစ်သြဂုတ်လ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။ The Way Home ရုပ်ရှင်ကိုတော့ ၂၀၀၂ ခုနှစ်မှာ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

နန်းတွင်းဇာတ်ကားတစ်ခုမှာတွေ့ရတဲ့ Yoo Seung Ho

နန်းတွင်းဇာတ်ကားတစ်ခုမှာတွေ့ရတဲ့ Yoo Seung Ho

သူသရုပ်ဆောင်ခဲ့တဲ့ The Way Home ဇာတ်လမ်းကို ကြိုက်နှစ်သက်ကြတဲ့ အတွက် ကလေးသရုပ်ဆောင်တစ်ဦး ဘဝထဲ ကနာမည်ကြီးခဲ့တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

Park Shin Hye

Park Shin Hye (ပတ်ရှင်ဟီး) ဟာ ကလေးသရုပ်ဆောင်ဘဝထဲက နာမည်ကြီးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမကို မြန်မာပရိသတ်တွေစတင်ရင်းနှီးခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲStairway to Heaven ပဲဖြစ်ပါတယ်။ သူမ ကိုတော့ ၁၉၉၀ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။

Stairway to Heaven ဇာတ်လမ်းတွဲ ကိုတော့ ၂၀၀၃ ခုနှစ်မှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

Park Shin Hye

Park Shin Hye

Park Shin Hye ဟာ သရုပ်ဆောင်ကျွမ်းကျင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ရုံသာမကဘဲ မော်ဒယ်လုပ်ခြင်း ၊ သီချင်း ဆိုခြင်း စတဲ့ ပညာရပ်တွေကိုပါကျွမ်းကျင်တက်မြောက်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Kim Yoo Jung

Kim Yoo Jung (ကင်ယိုဂျန်) ကိုတော့စက်တင်ဘာလ ၂၂ ရက်နေ့ ၁၉၉၉ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူမ ဟာ အသက် ၄ နှစ်အရွယ်ထဲကစတင်လို့ တောင်ကိုရီးယားနိုင်ငံ ရဲ့ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ်လူ သိများထင်ရှားခဲ့တာလည်းဖြစ်ပါတယ်။

Kim Yoo Jung ငယ်စဉ်ကပုံ

Kim Yoo Jung ငယ်စဉ်ကပုံ

၂၀၁၆ ခုနှစ်မှာ သူမအနေနဲ့ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ Moonlight Drawn by Clouds ဇာတ်ကားကတော့ နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲ တစ်ခုလည်းဖြစ်ပါတယ်။

Photo Credit:Koreaboo’s Official Tumblr

ကြည်သာ (Akhayar)

www.akhayar.com