[Zawgyi]

ကုန္ၾကမ္း ၾကက္သားျပတ္လပ္သြားတဲ့အတြက္ UK က KFC ဆိုင္အခ်ိဳ႕ ပိတ္ထားရ

ျဗိတိန္ႏုိင္ငံမွာရွိတဲ့ KFC ဆိုင္ခြဲေတြရဲ့ ၃ ပံု ၂ပံုဟာ ျပီးခဲ့တဲ့ တနလၤာေန႔က ၾကက္သားျပတ္လပ္သြားမႈေၾကာင့္ ပိတ္ထားခဲ့ရပါတယ္။ ဒီျဖစ္ရပ္ဟာ ၾကံဳေတာင့္ၾကံဳခဲျဖစ္ရပ္တစ္ခုျဖစ္ျပီး ကုန္ၾကမ္းပို႔ေဆာင္ေရး ကုမၸဏီတစ္ခုျဖစ္တဲ့ DHL ရဲ့ Operation ပိုင္းဆိုင္ရာ ျပႆနာေၾကာင့္ ကုန္ၾကမ္းေတြ အေရာက္ေနာက္က်ခဲ့တာ ျဖစ္ပါတယ္။

ဒီလို ျဖစ္ရပ္ေၾကာင့္ ပိတ္တဲ့ ဆုိင္ခြဲတခ်ိဳ႕လည္း ပိတ္ထားသလို တခ်ိဳ႕ဆိုင္ေတြမွာလည္း တခ်ိဳ႕ Menu ေတြသာ ရရွိေတာ့မယ္၊ Chicken Nuggets ေတြ မရေတာ့ပါဘူးလို႔ ေၾကညာတာမ်ိဳး၊ ဒါမွမဟုတ္ ဆုိင္ပိတ္ခ်ိန္ကို ေစာျပီး ပိတ္သိမ္းတာမ်ိဳး စေနေန႔တည္းက လုပ္ေနခဲ့ရတာ ျဖစ္ပါတယ္။ KFC ကေတာ့ ပို႔ေဆာင္ေရးကုမၸဏီ Partner အသစ္အေနနဲ႔ ခ်ဳပ္ဆိုလိုက္တဲ့ DHL နဲ႔ ပြဲဦးထြက္ၾကံဳရတဲ့ အဖုအထစ္ေလးေတြေၾကာင့္လို႔ ထုတ္ျပန္ထားပါတယ္။လတ္ဆတ္တဲ့ ၾကက္သားေတြကို ႏုိင္ငံတစ္ဝွမ္းက ဆုိင္ေပါင္း ၉၀၀ ေလာက္ကို အခ်ိန္မီပို႔ရတာ လြယ္ေတာ့ မလြယ္ပါဘူး” လို႔လည္း KFC က ေဖာ္ျပခဲ့ပါတယ္။

KFC ဟာသူ႔ရဲ့ ျဗိတိန္ႏုိင္ငံအတြင္း ကုန္ၾကမ္းသယ္ယူပို႔ေဆာင္ေရးအတြက္ Bidvest ကို ျပီးခဲ့တဲ့ ႏုိဝင္ဘာလအထိ သံုးခဲ့ျပီးေတာ့ အခုမွ DHL ကို ေျပာင္းသံုးတာ ျဖစ္ပါတယ္။

ဒီလို ျဖစ္ရပ္ေတြ ျဖစ္ပြားခဲ့ရတဲ့အတြက္ KFC ပရိသတ္ရဲ့ ကြန္ပလိန္းတက္တဲ့စာေတြ Social Media မွာ ပလူပ်ံခဲ့ျပီး DHL ကေတာ့ KFC စားသံုးသူေတြကို ေတာင္းပန္ေၾကာင္း တနလၤာေန႔က ေျပာၾကားခဲ့ပါတယ္။ KFC ဟာ သူ႔ရဲ့ ကုန္ၾကမ္းျဖစ္တဲ့ ၾကက္သားေတြကို ျဗိတိန္နဲ႔ အုိင္ယာလန္ႏုိင္ငံက ျခံေတြက ရယူျပီး ဒီလို ျဖစ္ရပ္ေတြေၾကာင့္ စားသံုးသူေတြတင္ ဂယက္ရုိက္ခဲ့တာတင္မဟုတ္ဘဲ ဆုိင္ဝန္ထမ္းေတြကိုလည္း နားရက္အေနနဲ႔ ေပးတဲ့သူက ေပးရ၊ အခ်ိန္ပိုင္းအလုပ္သမားေတြကိုလည္း နာရီေလွ်ာ့ျပီး တြက္ေပးခဲ့ရပါတယ္။

ရိုးလူ (အခရာ)

www.akhayar.com

Ref : ABC News, The New York Times
[Unicode]

ကုန်ကြမ်း ကြက်သားပြတ်လပ်သွားတဲ့အတွက် UK က KFC ဆိုင်အချို့ ပိတ်ထားရ

ဗြိတိန်နိုင်ငံမှာရှိတဲ့ KFC ဆိုင်ခွဲတွေရဲ့ ၃ ပုံ ၂ပုံဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြက်သားပြတ်လပ်သွားမှုကြောင့် ပိတ်ထားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ကြုံတောင့်ကြုံခဲဖြစ်ရပ်တစ်ခုဖြစ်ပြီး ကုန်ကြမ်းပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ DHL ရဲ့ Operation ပိုင်းဆိုင်ရာ ပြဿနာကြောင့် ကုန်ကြမ်းတွေ အရောက်နောက်ကျခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်ကြောင့် ပိတ်တဲ့ ဆိုင်ခွဲတချို့လည်း ပိတ်ထားသလို တချို့ဆိုင်တွေမှာလည်း တချို့ Menu တွေသာ ရရှိတော့မယ်၊ Chicken Nuggets တွေ မရတော့ပါဘူးလို့ ကြေညာတာမျိုး၊ ဒါမှမဟုတ် ဆိုင်ပိတ်ချိန်ကို စောပြီး ပိတ်သိမ်းတာမျိုး စနေနေ့တည်းက လုပ်နေခဲ့ရတာ ဖြစ်ပါတယ်။ KFC ကတော့ ပို့ဆောင်ရေးကုမ္ပဏီ Partner အသစ်အနေနဲ့ ချုပ်ဆိုလိုက်တဲ့ DHL နဲ့ ပွဲဦးထွက်ကြုံရတဲ့ အဖုအထစ်လေးတွေကြောင့်လို့ ထုတ်ပြန်ထားပါတယ်။လတ်ဆတ်တဲ့ ကြက်သားတွေကို နိုင်ငံတစ်ဝှမ်းက ဆိုင်ပေါင်း ၉၀၀ လောက်ကို အချိန်မီပို့ရတာ လွယ်တော့ မလွယ်ပါဘူး” လို့လည်း KFC က ဖော်ပြခဲ့ပါတယ်။

KFC ဟာသူ့ရဲ့ ဗြိတိန်နိုင်ငံအတွင်း ကုန်ကြမ်းသယ်ယူပို့ဆောင်ရေးအတွက် Bidvest ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ သုံးခဲ့ပြီးတော့ အခုမှ DHL ကို ပြောင်းသုံးတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ရတဲ့အတွက် KFC ပရိသတ်ရဲ့ ကွန်ပလိန်းတက်တဲ့စာတွေ Social Media မှာ ပလူပျံခဲ့ပြီး DHL ကတော့ KFC စားသုံးသူတွေကို တောင်းပန်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ KFC ဟာ သူ့ရဲ့ ကုန်ကြမ်းဖြစ်တဲ့ ကြက်သားတွေကို ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံက ခြံတွေက ရယူပြီး ဒီလို ဖြစ်ရပ်တွေကြောင့် စားသုံးသူတွေတင် ဂယက်ရိုက်ခဲ့တာတင်မဟုတ်ဘဲ ဆိုင်ဝန်ထမ်းတွေကိုလည်း နားရက်အနေနဲ့ ပေးတဲ့သူက ပေးရ၊ အချိန်ပိုင်းအလုပ်သမားတွေကိုလည်း နာရီလျှော့ပြီး တွက်ပေးခဲ့ရပါတယ်။

ရိုးလူ (အခရာ)

www.akhayar.com

Ref : ABC News, The New York Times