[Zawgyi]

Rocker ၾကီး ခ်က္စတာ ပရိသတ္ေတြကုိႏႈတ္ဆက္သြားတာ တစ္ႏွစ္ျပည့္ျပီ

နာမည္ေက်ာ္ Linkin Park ေတးဂီတအဖြဲ႕ေခါင္းေဆာင္ ေရာ့ခ္ကာၾကီး Chester Charles Bennington ကေတာ့ ဒီေန႕မွာ သူခ်စ္ရတဲ့သူေတြနဲ႕ ပရိသတ္ေတြကုိ ႏႈတ္ဆက္ထြက္ခြာသြားတာ တစ္ႏွစ္ျပည့္သြားျပန္ပါျပီ။ မႏွစ္တုန္းက ဒီလုိ ဇူလုိင္လ(၂၀)ရက္ေန႕မွာ သူဆုံးျပီဆုိတဲ့ သတင္းထြက္လာခ်ိန္မွာ ပရိသတ္တုိင္း မယုံႏုိင္ေလာက္ေအာင္စိတ္ထိခိုက္ခဲ့ရျပီး လူမႈကြန္ရက္မွာပါ ဟုိးေလးတစ္ေက်ာ္ျဖစ္သြားခဲ့တာပါ။ အဲ့ဒါထက္ပုိျပီး ယူႀကံဴးမရျဖစ္ရတာကေတာ့ အသက္(၄၁)ႏွစ္အရြယ္ ခ်က္စတာတစ္ေယာက္ ၾကဳိးဆြဲခ်အဆုံးစီရင္သြားတယ္ဆုိတဲ့ သတင္းကုိပါ။

ဒီလုိ အမုိက္စားသီခ်င္းေတြသီဆုိတဲ့ ခ်က္စတာတစ္ေယာက္ ဘာေၾကာင့္အဆုံးစီရင္သြားခဲ့လဲဆုိတာကုိေတာ့ လူတုိင္းပါးစပ္ဖ်ားမွာ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ရပါတယ္။ ခ်က္စတာဟာ ဂီတေလာကမွာ Pop ၊ Rock ၊ Alternative Metal အျပင္ Hard Rock ဂီတအမ်ိဳးစားေတြကုိပါ သီဆုိခဲ့တဲ့ Rocker တစ္ေယာက္ျဖစ္ျပီး ကမာၻအရပ္ရပ္က အမ်ိဳးသားထုၾကီးရဲ႕ Idol တစ္ေယာက္ဆုိလည္းမမွားပါဘူး။ ဒီေန႕ေခတ္လူငယ္အမ်ားစုကေတာ့ One Direction လို လူငယ္ေတးဂီတအဖြဲ႕ကုိ ပုိၿပီးႏွစ္သက္ၾကမွာျဖစ္ေပမယ့္ တကယ္တမ္း မွာေတာ့ ခ်က္စတာဦးေဆာင္တဲ့ Linkin Park Band က ေၾကာက္ခမန္းလိလိ အခ်မ္းသာဆုံး ၊ ေအာင္ျမင္ေက်ာ္ၾကားမႈအမ်ားဆုံးရရွိထားတဲ့ Band တစ္ခု ျဖစ္တယ္ဆုိတာကေတာ့ ျငင္းမရတဲ့အခ်က္ပါပဲ။

(၂၀၀၀)ခုႏွစ္ကထြက္ရွိခဲ့တဲ့ Hybrid Theory ဆိုတဲ့ အယ္ဘမ္နဲ႕ ပြဲဦးထြက္ေအာင္ပြဲခံႏုိင္ခဲ့ျပီး အေမရိက ေတးထုတ္လုပ္ေရးအဖြဲ႕အစည္းက ေပးအပ္ခ်ီးၿမွင့္တဲ့ Diamond ကုိပါ (၂၀၀၅)ခုႏွစ္မွာ ရရွိခဲ့ဖူးပါတယ္။ဒါ့ၿပင္ သူဟာ သီခ်င္းအခ်ပ္ေရေပါင္း သန္းတစ္ရာေက်ာ္ကုိ ေရာင္းခ်ႏုိင္ခဲ့တဲ့ ဂီတသမားစစ္စစ္တစ္ေယာက္ျဖစ္သလုိ Heavy ၊ Meteora ၊ One More Night စတဲ့ ေတးသီခ်င္းေတြနဲ႕အတူ ပရိသတ္အားေပးမႈတခဲနက္ရရွိလာခဲ့တာျဖစ္ပါတယ္။

Goodbye သီခ်င္းႀကားရင္လည္း သူ႕ကုိ ပုိျပီးသတိရလြမ္းဆြတ္ေနၾကမွာျဖစ္သလုိ အေၾကြေစာခဲ့တဲ့ ခ်က္စတာ တစ္ေယာက္ ဂီတေလာကနဲ႕ ပရိသတ္ေတြကုိ အျပီးတုိင္ ေက်ာခုိင္းသြားခဲ့တာဟာ ဒီေန႕အခ်ိန္မွာ တစ္ႏွစ္တင္းတင္းေတာင္ ျပည့္သြားခဲ့ျပီျဖစ္ပါတယ္။ ခ်က္စတာတစ္ေယာက္ ေကာင္းတဲ့ဘုံဘ၀တစ္ခုမွာ ေပ်ာ္ေမြ႕ေနျပီလုိ႕ေတာ့ ပရိသတ္ေတြက တထစ္ခ်ယုံၾကည္ထားၾကပါတယ္။

Stella (Akhayar)

www.Akhayar.com 

 

[Unicode] 

Rocker ကြီး ချက်စတာ ပရိသတ်တွေကိုနှုတ်ဆက်သွားတာ တစ်နှစ်ပြည့်ပြီ

နာမည်ကျော် Linkin Park တေးဂီတအဖွဲ့ခေါင်းဆောင် ရော့ခ်ကာကြီး Chester Charles Bennington ကတော့ ဒီနေ့မှာ သူချစ်ရတဲ့သူတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်ထွက်ခွာသွားတာ တစ်နှစ်ပြည့်သွားပြန်ပါပြီ။ မနှစ်တုန်းက ဒီလို ဇူလိုင်လ(၂၀)ရက်နေ့မှာ သူဆုံးပြီဆိုတဲ့ သတင်းထွက်လာချိန်မှာ ပရိသတ်တိုင်း မယုံနိုင်လောက်အောင်စိတ်ထိခိုက်ခဲ့ရပြီး လူမှုကွန်ရက်မှာပါ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့တာပါ။ အဲ့ဒါထက်ပိုပြီး ယူကြူံးမရဖြစ်ရတာကတော့ အသက်(၄၁)နှစ်အရွယ် ချက်စတာတစ်ယောက်  ကြိုးဆွဲချပြီး အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းကိုပါ။

ဒီလို အမိုက်စားသီချင်းတွေသီဆိုတဲ့ ချက်စတာတစ်ယောက် ဘာကြောင့်အဆုံးစီရင်သွားခဲ့လဲဆိုတာကိုတော့ လူတိုင်းပါးစပ်ဖျားမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။ ချက်စတာဟာ ဂီတလောကမှာ Pop ၊ Rock ၊ Alternative Metal အပြင် Hard Rock ဂီတအမျိုးစားတွေကိုပါ သီဆိုခဲ့တဲ့ Rocker တစ်ယောက်ဖြစ်ပြီး ကမ္ဘာအရပ်ရပ်က အမျိုးသားထုကြီးရဲ့ Idol တစ်ယောက်ဆိုလည်းမမှားပါဘူး။ ဒီနေ့ခေတ်လူငယ်အများစုကတော့ One Direction လို လူငယ်တေးဂီတအဖွဲ့ကို ပိုပြီးနှစ်သက်ကြမှာဖြစ်ပေမယ့် တကယ်တမ်း မှာတော့ ချက်စတာဦးဆောင်တဲ့ Linkin Park Band က ကြောက်ခမန်းလိလိ အချမ်းသာဆုံး ၊ အောင်မြင်ကျော်ကြားမှုအများဆုံးရရှိထားတဲ့ Band တစ်ခု ဖြစ်တယ်ဆိုတာကတော့ ငြင်းမရတဲ့အချက်ပါပဲ။

(၂၀၀၀)ခုနှစ်ကထွက်ရှိခဲ့တဲ့ Hybrid Theory ဆိုတဲ့ အယ်ဘမ်နဲ့ ပွဲဦးထွက်အောင်ပွဲခံနိုင်ခဲ့ပြီး အမေရိက တေးထုတ်လုပ်ရေးအဖွဲ့အစည်းက ပေးအပ်ချီးမြှင့်တဲ့ Diamond ကိုပါ (၂၀၀၅)ခုနှစ်မှာ ရရှိခဲ့ဖူးပါတယ်။ဒါ့ပြင် သူဟာ သီချင်းအချပ်ရေပေါင်း သန်းတစ်ရာကျော်ကို ရောင်းချနိုင်ခဲ့တဲ့ ဂီတသမားစစ်စစ်တစ်ယောက်ဖြစ်သလို Heavy ၊ Meteora ၊ One More Night စတဲ့ တေးသီချင်းတွေနဲ့အတူ ပရိသတ်အားပေးမှုတခဲနက်ရရှိလာခဲ့တာဖြစ်ပါတယ်။

Goodbye သီချင်းကြားရင်လည်း သူ့ကို ပိုပြီးသတိရလွမ်းဆွတ်နေကြမှာဖြစ်သလို အကြွေစောခဲ့တဲ့ ချက်စတာ တစ်ယောက် ဂီတလောကနဲ့ ပရိသတ်တွေကို အပြီးတိုင် ကျောခိုင်းသွားခဲ့တာဟာ ဒီနေ့အချိန်မှာ တစ်နှစ်တင်းတင်းတောင် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ချက်စတာတစ်ယောက် ကောင်းတဲ့ဘုံဘဝတစ်ခုမှာ ပျော်မွေ့နေပြီလို့တော့ ပရိသတ်တွေက တထစ်ချယုံကြည်ထားကြပါတယ်။

Stella (Akhayar)

www.Akhayar.com