[Zawgyi]
” ကျွန်မ သူ့အကြောင်း ပြောရမှာ အတော်လေးစိတ်ကသိကအောက်ဖြစ်သလို ရှက်လည်းရှက်မိတယ် ဒါပေမယ့် ကျွန်မ သူ့ကို ကလေးရဲ့ အဖေ တစ်ယောက်ဖြစ်နေတဲ့အတွက် မမုန်းပါဘူး”ဆိုတဲ့အကြောင်း အစီစဉ်တင်ဆက်သူ Piers Morgan ဆီကို Cheryl က Message ပို့ခဲ့တယ်လို့ သိရပါတယ်။ X Factor မှာ ဒိုင်တစ်ဦးလုပ်ခဲ့ဖူးတဲ့ Cheryl  ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် Liam နဲ့ မတွေ့ခင်မှာ ဘောလုံးသမား Ashley Cole နဲ့ ၂၀၁၀ ခုနှစ်မှာ ကွာရှင်းခဲ့ပြီိး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Jean-Bernard Fernandez-Versini နဲ့တော့ ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။
Stella (Akhayar)
www.Akhyar.com
[Unicode]
Liam Payne နဲ့ပတ်သက်တဲ့ ခံစားချက်တွေ ရင်ဖွင့်လာတဲ့ Cheryl
ဟောလိဝုဒ်ရဲ့ နာမည်ကြီး အနုပညာရှင်စုံတွဲဖြစ်တဲ့ အဆိုတော် Cheryl နဲ့ One Direction အဖွဲ့ဝင်ဟောင်း Liam Payne တို့ရဲ့ အချစ်ရေးကဟာ အစပိုင်းမှာ အားကျစရာဖြစ်ခဲ့ပေမယ့်လည်း ၂၀၁၈ခုနှစ် အရောက်မှာတော့ အချစ်ရေး ပြိုကွဲသွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။  အင်္ဂလန်အမျိုးသမီးတေးသံရှင်အဖွဲ့ Girls Aloud ရဲ့ အဖွဲ့ဝင်ဟောင်း ချယ်ရီ ဟာ မနေ့က Good Morning Britain အစီစဉ်မှာ ဖိတ်ကြားခံရပြီးနောက်မှာ အခုလို ခင်ပွန်းဖြစ်သူ Liam Payne နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။
” ကျွန်မ သူ့အကြောင်း ပြောရမှာ အတော်လေးစိတ်ကသိကအောက်ဖြစ်သလို ရှက်လည်းရှက်မိတယ် ဒါပေမယ့် ကျွန်မ သူ့ကို ကလေးရဲ့ အဖေ တစ်ယောက်ဖြစ်နေတဲ့အတွက် မမုန်းပါဘူး”ဆိုတဲ့အကြောင်း အစီစဉ်တင်ဆက်သူ Piers Morgan ဆီကို ချယ်ရီက Message ပို့ခဲ့တယ်လို့ သိရပါတယ်။ X Factor မှာ ဒိုင်တစ်ဦးလုပ်ခဲ့ဖူးတဲ့ ချယ်ရီဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် Liam နဲ့ မတွေ့ခင်မှာ ဘောလုံးသမား Ashley Cole နဲ့ ၂၀၁၀ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Jean-Bernard Fernandez-Versini နဲ့တော့ ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။
အချစ်ရေးကံမကောင်းခဲ့တဲ့ သူမဟာ ၂၀၁၆ ခုနှစ်မှာ Liam နဲ့ တွေ့ဆုံကာ ချစ်ကြိုးသွယ်ခဲ့ပြီး သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ သားလေးရလာပြီးနောက် သူတို့နှစ်ယောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ယခုနှစ်ဇူလိုင်လမှာမှ နှစ်ဦးစလုံံး အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
Liam နဲ့ သူမ ဟာ ကွာရှင်းလိုက်ပေမယ့် တစ်ယောက်ကို တစ်ယောက် လုံးဝမုန်းနေတာမျိုးမရှိဘူးလို့လည်း ချယ်ရီက အစီစဉ်တင်ဆက်သူ Piers ကို ပြောပြခဲ့တာဖြစ်ပါတယ်။ အသက်ကွာလှတဲ့ သူတို့စုံတွဲရဲ့ မနဲ့ မောင် ဇာတ်လမ်းလေးကတော့ ဒီမှာတင် တစ်ခန်းရပ်သွားပြီမို့ ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်လို့နေပါတယ်။
Stella (Akhayar)
www.Akhyar.com