{Unicode Below}

ဒီတပတ္ေတာ့ အိႏိၵယစာႀကိဳက္တဲ့သူေတြအတြက္ ၂၈လမ္း၊အေနာ္ရထာလမ္းမေပၚက CHENNAI ခ်န္ႏိုင္းဆိုတဲ့ အိႏၵိယဆိုင္ေလးနဲ႔ မိတ္ဆက္ေပးမယ္ေနာ္။ အိႏၵိယကၿမိဳ႕ေလး နာမည္နဲ႔ဆိုေတာ့ ဆိုင္ေလးက နာမည္ကအစ ထူးဆန္းေနေလေရာ။

အိႏၵိယစာဆိုေတာ့အရသာက ဟင္းခတ္အရသာအေမႊးႀကိဳင္နံ႕သင္းသင္းေလးနဲ႔ လွ်ာထဲစြဲက်န္ေနမယ့္အရသာမ်ိဳးေလးေတြပါ။
အဲ့လိုအရသာမ်ိဳးကိုေရာ CHENNAIမွာရႏိုင္မလား ၾကည့္ၾကရေအာင္ေနာ္။

.?ဆိုင္ခန္းအျပင္ဆင္.?

သူက ဆိုင္ကိုအေဝးကေန ျမင္သာေစေအာင္ ဆိုင္းဘုတ္ႀကီးႀကီးခ်ိတ္ထားတယ္။ ဝင္ဝင္ျခင္းအျပင္ဆင္ေလးကိုၾကည့္တာနဲ႔ ဆိုင္ေလးက ေတာ္ေတာ့္ကို သန္႔ရွင္းတယ္။ သပ္ရပ္တယ္။ စားပြဲဝိုင္း၇ခံုေလာက္ရွိတယ္။ အတြင္းပိုင္းမီးဖိုေခ်ာင္အျပင္ဆင္ေတာ့ အနည္းငယ္ သေဘာမေတြ႕လွပါဘူး။ မနက္၆နာရီကေနညဆယ္နာရီထိဖြင့္ပါတယ္။

.?ဘာေတြရႏိုင္လဲ.?

အိႏၵိယထမင္းဟင္း အဝစားsetေလးေတြ အဓိကေရာင္းတယ္။ ပါပတာ ခ်ာပါတီေတြရတယ္။ Side dishေတြပါအစံုလင္ ခ်ေပးတယ္။

မွာစားခဲ့တာေလးေတြက…

(၁)ထမင္းႏွင့္ဆိတ္သားဟင္း

ထမင္းက အဝစားပါ။ ဆန္သားေကာင္းပါတယ္။ ဆိတ္သားက အႏွစ္ေတြမ်ားတယ္။ အသားႀကီးတယ္။ မ်ားတယ္။ အတံုးက၄တံုးကိုမွ အရသာက မဆလာျပင္းတယ္ခံစားရတယ္။အသားကဖဲ့ရ ခက္တယ္။ အႏွစ္အရသာေလးတယ္။ ဒါေပမယ့္စားေကာင္းတယ္။
ဟင္းခတ္အေမႊးႀကိဳင္ေလး ပိုခ်ိန္ဆထည့္ရင္ အရသာရွယ္ေကာင္းမယ့္ ဟင္းတခြက္ပါ။ထမင္းမွာေတာ့ ပဲဟင္းႏွစ္၊ကန္စြန္းရြက္ေၾကာ္၊ခရမ္းခ်ဥ္သီးခ်က္အစပ္ေလး၊ပန္းပြင့္ေၾကာ္၊ပဲသီးေၾကာ္အစံုပါတယ္။ ေပးရတဲ့ေစ်းနဲ႔ စားေပ်ာ္တယ္။
ထမင္းအဝစားမွ ၃၀၀၀က်ပ္ပါ။

(၂)ခ်ာပါတီ

ခ်ာပါတီအသားက မာေနတယ္။ စားရတာေတာ္ေတာ္ဖဲ့ရတယ္။ သူက အာလူးအခ်ိဳ၊ပဲဟင္းႏွစ္၊ခရမ္းခ်ဥ္သီးခ်က္အစပ္ေလးနဲ႔ တြဲစပ္စားရတာပါ။ သူ႔ဆိုင္မွာ အဲ့ခရမ္းခ်ဥ္သီးခ်က္အစပ္ေလး သူတို႔အေခၚပက်ဲတီးနဲ႔ ပဲဟင္းႏွစ္ေလးက အေတာ္စားေကာင္းပါတယ္။ျမန္မာပါးစပ္နဲ႔အေတာ္ ကိုက္ပါတယ္။ သူက ၇၀၀ပါ။

(၃)အီတလီ

ဒါလည္း အိႏၵိယအစားစာပါ။ ဆန္မုန္႔ေပါင္းရယ္၊မတ္ပဲေၾကာ္ရယ္ကို ခ်ာပါတီကလိုပဲ အႏွစ္ေတြနဲ႔တြဲစားရတာပါ။ သူကေတာ့ အရသာေကာင္းပါတယ္။ ပံုမွန္မတ္ပဲေၾကာ္ ဆန္မုန္႔နဲ႔ဟင္းအႏွစ္ကို အတြဲစပ္တခုအေနနဲ႔ ထူးထူးျခားျခားစားရတာပါ။သူလည္း ၇၀၀ပါပဲ။

(၄)တိုရွည္

တိုရွည္မုန္႔ႏွစ္က အနည္းငယ္ခ်ဥ္ပါတယ္။
တိုရွည္မွာ အဓိကက တိုရွည္အသားဆိုေတာ့
အနည္းငယ္ခ်ဥ္ေနတာေလး တခုေတာ့ အဆင္မေျပပါဘူး။ က်န္တာကေတာ့ အာလူး၊ပဲဟင္း၊ခရမ္းခ်ဥ္ခ်က္အစပ္ေလးအျပင္ ေနာက္အခ်ဥ္စပ္ေလးတခု ပါပါတယ္။ ၇၀၀ပဲက်ပါတယ္။

(၅)ဒိန္ခ်ဥ္

ဆိုင္ရဲ႕အေကာင္းဆံုးလို႔ေတာင္ ေျပာလို႔ရပါတယ္။ အရသာအေတာ္ေလး ေကာင္းပါတယ္။ အရည္က်ဲေလးနဲ႔ အိႏၵိယအရသာႀကိဳက္တဲ့သူေတြအတြက္ေတာ့ ရွယ္ပါပဲ။ေစ်းလည္း ေတာ္ေတာ္သက္သာပါတယ္။၅၀၀ပဲက်ပါတယ္။ သူ႔က် ဆိုင္ေရွ႕ေကာင္တာမွာ ဒန္ခ်ိဳင့္ႀကီးနဲ႔တင္ထားတာပါ။

.?ေစ်းနႈန္း.?

အေတာ္သက္သာတယ္။ ဆိတ္သားဟင္းနဲ႔ထမင္းအဝစားကိုမွ ၃၀၀၀ေလာက္ပဲ က်ပါတယ္။ က်န္တာေတြလည္း ေစ်းမွန္သက္သာပါတယ္။ စားေပ်ာ္တဲ့ဆိုင္တဆိုင္ပါ။

?ဝန္ေဆာင္မႈ?

လိုတာ ခဏခဏ လာေမးၾကပါတယ္။ အိႏၵိယလူမ်ိဳးဆိုင္ျဖစ္လို႔ အဆင္မေျပတာေတြလည္းပြင့္ပြင့္လင္းလင္းေျပာျပႏိုင္ပါတယ္။ ဝန္ေဆာင္မႈအေနနဲ႔ ေကာင္းတယ္သတ္မွတ္လို႔ရပါတယ္။

အခ်ဳပ္အားျဖင့္ဆို ဆိုင္ခန္းအေနထားႏွင့္ယွဥ္ရင္ စားေပ်ာ္ေပမယ့္ တကယ့္အဓိက အစားမ်ားတဲ့ အစားစာေလးေတြ အဆင္မေျပတာကိုေတာ့သိပ္သေဘာမေတြ႕လွပါဘူး။ ပိုေသခ်ာၾကပ္မတ္ၿပီး ျပင္ဆင္လိုက္ရင္ ေစ်းနႈန္းလည္းသက္သာ စားလို႔လည္း အလြန္ေကာင္းမယ့္ အရသာရွိရွိအိႏၵိယဆိုင္တဆိုင္ ျဖစ္လာမွာအမွန္ပါ။
လိပ္စာက ၂၈လမ္း အေနာ္ရထာလမ္းမေပၚတင္ပါ။ ဖုန္းက ၀၉၉၆၄၁၆၁၀၅၅ပါ။

Rating
Food -3 out of 5
Location-3 out of 5
Hygiene -3 out of 5
Price – 4 out of 5
Service – 4 out of 5

Foodie Ei?

 

{Unicode Version}

.✅ကြိုင်ကြိုင်မွှေးမွှေး အိန္ဒိယစာလေးတွေနဲ့ လျှာအရသာခံကြမယ်.
ဒီတပတ်တော့ အိန္ဒိယစာကြိုက်တဲ့သူတွေအတွက် ၂၈လမ်း၊အနော်ရထာလမ်းမပေါ်က CHENNAI ချန်နိုင်းဆိုတဲ့ အိန္ဒိယဆိုင်လေးနဲ့ မိတ်ဆက်ပေးမယ်နော်။ အိန္ဒိယကမြို့လေး နာမည်နဲ့ဆိုတော့ ဆိုင်လေးက နာမည်ကအစ ထူးဆန်းနေလေရော။
အိန္ဒိယစာဆိုတော့အရသာက ဟင်းခတ်အရသာအမွှေးကြိုင်နံ့သင်းသင်းလေးနဲ့ လျှာထဲစွဲကျန်နေမယ့်အရသာမျိုးလေးတွေပါ။
အဲ့လိုအရသာမျိုးကိုရော CHENNAIမှာရနိုင်မလား ကြည့်ကြရအောင်နော်။
?ဆိုင်ခန်းအပြင်ဆင်?
သူက ဆိုင်ကိုအဝေးကနေ မြင်သာစေအောင် ဆိုင်းဘုတ်ကြီးကြီးချိတ်ထားတယ်။ ဝင်ဝင်ခြင်းအပြင်ဆင်လေးကိုကြည့်တာနဲ့ ဆိုင်လေးက တော်တော့်ကို သန့်ရှင်းတယ်။ သပ်ရပ်တယ်။ စားပွဲဝိုင်း၇ခုံလောက်ရှိတယ်။ အတွင်းပိုင်းမီးဖိုချောင်အပြင်ဆင်တော့ အနည်းငယ် သဘောမတွေ့လှပါဘူး။ မနက်၆နာရီကနေညဆယ်နာရီထိဖွင့်ပါတယ်။
.?ဘာတွေရနိုင်လဲ.?
အိန္ဒိယထမင်းဟင်း အဝစားsetလေးတွေ အဓိကရောင်းတယ်။ ပါပတာ ချာပါတီတွေရတယ်။ Side dishတွေပါအစုံလင် ချပေးတယ်။
မှာစားခဲ့တာလေးတွေက…
(၁)ထမင်းနှင့်ဆိတ်သားဟင်း
ထမင်းက အဝစားပါ။ ဆန်သားကောင်းပါတယ်။ ဆိတ်သားက အနှစ်တွေများတယ်။ အသားကြီးတယ်။ များတယ်။ အတုံးက၄တုံးကိုမှ အရသာက မဆလာပြင်းတယ်ခံစားရတယ်။အသားကဖဲ့ရ ခက်တယ်။ အနှစ်အရသာလေးတယ်။ ဒါပေမယ့်စားကောင်းတယ်။
ဟင်းခတ်အမွှေးကြိုင်လေး ပိုချိန်ဆထည့်ရင် အရသာရှယ်ကောင်းမယ့် ဟင်းတခွက်ပါ။ထမင်းမှာတော့ ပဲဟင်းနှစ်၊ကန်စွန်းရွက်ကြော်၊ခရမ်းချဉ်သီးချက်အစပ်လေး၊ပန်းပွင့်ကြော်၊ပဲသီးကြော်အစုံပါတယ်။ ပေးရတဲ့ဈေးနဲ့ စားပျော်တယ်။
ထမင်းအဝစားမှ ၃၀၀၀ကျပ်ပါ။
(၂)ချာပါတီ
ချာပါတီအသားက မာနေတယ်။ စားရတာတော်တော်ဖဲ့ရတယ်။ သူက အာလူးအချို၊ပဲဟင်းနှစ်၊ခရမ်းချဉ်သီးချက်အစပ်လေးနဲ့ တွဲစပ်စားရတာပါ။ သူ့ဆိုင်မှာ အဲ့ခရမ်းချဉ်သီးချက်အစပ်လေး သူတို့အခေါ်ပကျဲတီးနဲ့ ပဲဟင်းနှစ်လေးက အတော်စားကောင်းပါတယ်။မြန်မာပါးစပ်နဲ့အတော် ကိုက်ပါတယ်။ သူက ၇၀၀ပါ။
(၃)အီတလီ
ဒါလည်း အိန္ဒိယအစားစာပါ။ ဆန်မုန့်ပေါင်းရယ်၊မတ်ပဲကြော်ရယ်ကို ချာပါတီကလိုပဲ အနှစ်တွေနဲ့တွဲစားရတာပါ။ သူကတော့ အရသာကောင်းပါတယ်။ ပုံမှန်မတ်ပဲကြော် ဆန်မုန့်နဲ့ဟင်းအနှစ်ကို အတွဲစပ်တခုအနေနဲ့ ထူးထူးခြားခြားစားရတာပါ။သူလည်း ၇၀၀ပါပဲ။
(၄)တိုရှည်
တိုရှည်မုန့်နှစ်က အနည်းငယ်ချဉ်ပါတယ်။
တိုရှည်မှာ အဓိကက တိုရှည်အသားဆိုတော့
အနည်းငယ်ချဉ်နေတာလေး တခုတော့ အဆင်မပြေပါဘူး။ ကျန်တာကတော့ အာလူး၊ပဲဟင်း၊ခရမ်းချဉ်ချက်အစပ်လေးအပြင် နောက်အချဉ်စပ်လေးတခု ပါပါတယ်။ ၇၀၀ပဲကျပါတယ်။
(၅)ဒိန်ချဉ်
ဆိုင်ရဲ့အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။ အရသာအတော်လေး ကောင်းပါတယ်။ အရည်ကျဲလေးနဲ့ အိန္ဒိယအရသာကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပါပဲ။ဈေးလည်း တော်တော်သက်သာပါတယ်။၅၀၀ပဲကျပါတယ်။ သူ့ကျ ဆိုင်ရှေ့ကောင်တာမှာ ဒန်ချိုင့်ကြီးနဲ့တင်ထားတာပါ။
.?ဈေးနှုန်း.?
အတော်သက်သာတယ်။ ဆိတ်သားဟင်းနဲ့ထမင်းအဝစားကိုမှ ၃၀၀၀လောက်ပဲ ကျပါတယ်။ ကျန်တာတွေလည်း ဈေးမှန်သက်သာပါတယ်။ စားပျော်တဲ့ဆိုင်တဆိုင်ပါ။
.?ဝန်ဆောင်မှု.?
လိုတာ ခဏခဏလာမေးကြပါတယ်။ အိန္ဒိယလူမျိုးဆိုင်ဖြစ်လို့ အဆင်မပြေတာတွေလည်းပွင့်ပွင့်လင်းလင်းပြောပြနိုင်ပါတယ်။ ဝန်ဆောင်မှုအနေနဲ့ ကောင်းတယ်သတ်မှတ်လို့ရပါတယ်။
အချုပ်အားဖြင့်ဆို ဆိုင်ခန်းအနေထားနှင့်ယှဉ်ရင် စားပျော်ပေမယ့် တကယ့်အဓိက အစားများတဲ့ အစားစာလေးတွေ အဆင်မပြေတာကိုတော့သိပ်သဘောမတွေ့လှပါဘူး။ ပိုသေချာကြပ်မတ်ပြီး ပြင်ဆင်လိုက်ရင် ဈေးနှုန်းလည်းသက်သာ စားလို့လည်းအလွန်ကောင်းမယ့်အရသာရှိရှိအိန္ဒိယဆိုင်တဆိုင် ဖြစ်လာမှာအမှန်ပါ။
လိပ်စာက ၂၈လမ်း အနော်ရထာလမ်းမပေါ်တင်ပါ။ ဖုန်းက ၀၉၉၆၄၁၆၁၀၅၅ပါ။
Rating
Food -3 out of 5
Location-3 out of 5
Hygiene -3 out of 5
Price – 4 out of 5
Service – 4 out of 5

Foodie Ei?

HGID_KV_Ads_Square