[Zawgyi]

စပိန္ေျမကို ေျပာင္းခ်င္ေနတဲ႔ အခ်က္ကိုထုတ္ေဖာ္ေျပာဆိုခဲ႔တဲ႔ ဟာဇက္ Hazard

လက္ရိွမွာ အေကာင္းဆံုးပံုစံကို ရေနျပီးအရင္ကထက္ တန္းတစ္ခုျမင္႔တက္လာတဲ႔ ခ်ယ္လ္ဆီးေတာင္ပံတုိက္စစ္ကစားသမား ဟာဇက္ Hazard ဟာ ရီးယဲလ္အသင္းကိုေျပာင္းေရႊ႕ခ်င္ေနတာ အားလံုးအသိပါပဲ။ ဟာဇက္ဟာ လာမယ္႔ ၂၀၂၀ ခုႏွစ္ရဲ႕ ေႏြရာသီမွာ ခ်ယ္လ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ျပီး ခ်ယ္လ္ဆီးအသင္းဘက္က ေပါင္(၃)သိန္းနဲ႔ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုလည္း ႏႈတ္ဆိတ္ေနသူပဲျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ ဟာဇက္ဟာ စပိန္ေျမကို ေျပာင္းခ်င္ေနတဲ႔ အခ်က္ကိုထုတ္ေဖာ္ေျပာဆိုခဲ႔ပါတယ္။

Hazard

Hazard

ဟာဇက္က Ballon d’Or ဆုကိုရယူခ်င္လို႔ စပိန္ေျမကိုေျပာင္းေရႊ႕လိုေနတာျဖစ္တယ္လို႔ ဖြင္႔ဟခဲ႔တာပါ။ Ballon d’Or ဆုဟာ ေနာက္ဆံုး(၉)ႏွစ္ဆက္ စပိန္ေျမမွာ နားခိုခဲ႔တာေၾကာင္႔ ဟာဇက္က အခုလိုယူဆခဲ႔တာျဖစ္ပါတယ္။ ဟာဇက္က ” ဒီလိုမ်ိဳးေၾကာင္႔ က်ြန္ေတာ္စပိန္ေျမကို ေျပာင္းခ်င္တာျဖစ္ေကာင္းျဖစ္ပါလိမ္႔မယ္။ ဒါေပမဲ႔ ဇန္န၀ါရီမွာေတာ႔ အသင္းကေနထြက္ခြာမွာမဟုတ္ဘူး။ ေဘာလံုးမွာေတာ႔ အၿမဲတမ္းတိုးတက္ေနဖို႔လိုအပ္ပါတယ္။ သြင္းဂိုးေတြ ၊ ဖန္တီးမႈေတြနဲ႔ေပါ႔။ အသင္းကလည္း က်ြန္ေတာ္႔ကို အကူအညီေပးပါတယ္။ ဒါေပမဲ႔ က်ြန္ေတာ္ရဲ႕ ေျခစြမ္းကလည္း တိုးတက္လာပါတယ္။ ဒါကေတာ႔ လံုး၀ေသခ်ာပါတယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။

Ref: Sky Sports
Photo: Goal.com , We Ain’t Got No History
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စပိန်မြေကို ပြောင်းချင်နေတဲ့ အချက်ကိုထုတ်ဖော်ပြောဆိုခဲ့တဲ့ ဟာဇက် Hazard

လက်ရှိမှာ အကောင်းဆုံးပုံစံကို ရနေပြီးအရင်ကထက် တန်းတစ်ခုမြင့်တက်လာတဲ့ ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ ရီးယဲလ်အသင်းကိုပြောင်းရွှေ့ချင်နေတာ အားလုံးအသိပါပဲ။ ဟာဇက်ဟာ လာမယ့် ၂၀၂၀ ခုနှစ်ရဲ့ နွေရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းဘက်က ပေါင်(၃)သိန်းနဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုလည်း နှုတ်ဆိတ်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟာဇက်ဟာ စပိန်မြေကို ပြောင်းချင်နေတဲ့ အချက်ကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Hazard

Hazard

ဟာဇက်က Ballon d’Or ဆုကိုရယူချင်လို့ စပိန်မြေကိုပြောင်းရွှေ့လိုနေတာဖြစ်တယ်လို့ ဖွင့်ဟခဲ့တာပါ။ Ballon d’Or ဆုဟာ နောက်ဆုံး(၉)နှစ်ဆက် စပိန်မြေမှာ နားခိုခဲ့တာကြောင့် ဟာဇက်က အခုလိုယူဆခဲ့တာဖြစ်ပါတယ်။ ဟာဇက်က ” ဒီလိုမျိုးကြောင့် ကျွန်တော်စပိန်မြေကို ပြောင်းချင်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဇန်နဝါရီမှာတော့ အသင်းကနေထွက်ခွာမှာမဟုတ်ဘူး။ ဘောလုံးမှာတော့ အမြဲတမ်းတိုးတက်နေဖို့လိုအပ်ပါတယ်။ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေနဲ့ပေါ့။ အသင်းကလည်း ကျွန်တော့်ကို အကူအညီပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ ခြေစွမ်းကလည်း တိုးတက်လာပါတယ်။ ဒါကတော့ လုံးဝသေချာပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

Ref: Sky Sports
Photo: Goal.com , We Ain’t Got No History
Ko Kyue(Akhayar)
www.akhayar.com