[Zawgyi]

ကမၻာ႔စံခ်ိန္ရွင္ဂိုးသမား ကီပါ Kepa ရဲ႕ ထူးဆန္းတဲ့ ဝါသနာ

လာလီဂါကလပ္ ဘီလ္ဘာအိုအသင္းကေန ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္းကို ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ စပိန္လက္ေရြးစင္ ကီပါ Kepa ဟာ ကမၻာ႔ေျပာင္းေရႊ႕ေၾကးအမ်ားဆံုး ဂိုးသမားျဖစ္လာခဲ့တယ္။ ၿပီးခဲ့တဲ့လက လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ အယ္လစ္ဆန္ Alisson ရဲ႕ ေျပာင္းေရႊ႕ေၾကး (၆၆.၈)သန္းကို ကီပါ Kepa က (၇၂)သန္းနဲ႔ ေက်ာ္ျဖတ္ၿပီး ကမၻာ႔စံခ်ိန္ရွင္ျဖစ္လာခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အေကာင္းဆံုးဂိုးသမားျဖစ္ခဲ့တဲ့ ေကာ္တိုအာ Courtois ရဲ႕ ေနရာကို တိုက္ရိုက္အစားထိုးဖို႔ အသက္ (၂၃)ႏွစ္သာရွိေသးတဲ့ ကီပါ Kepa ကို ခ်ယ္လ္ဆီးအသင္းက ယံုယံုၾကည္ၾကည္နဲ႔ ေခၚယူခဲ့တယ္။

Kepa-Arrizabalaga-caught-birds-in-his-youth-and-taught-them-to-sing

Kepa-Arrizabalaga-caught-birds-in-his-youth-and-taught-them-to-sing

ခ်ယ္လ္ဆီးအသင္းနဲ႔ ေဆးစစ္မႈခံယူၿပီး ကီပါ Kepa က “ကၽြန္ေတာ့္ကစားသမားဘဝနဲ႔ ကၽြန္ေတာ္ရဲ႕ ဘဝတစ္ခုလံုးအတြက္ အေရးပါတဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်ႏိုင္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့တယ္။ ဒီစကားက မွန္တယ္။ သူ႔ဘဝအတြက္ အေရးပါတဲ့ ဆံုးျဖတ္ခ်က္ကို ခ်ႏိုင္ခဲ့တယ္။ ပရီးမီးယားလိဂ္ကို ကမၻာေက်ာ္ၿပိဳင္ပြဲတစ္ခုမွာ ကစားခြင့္ရေတာ့မယ့္ သူ႔အတြက္ ကစားသမားဘဝ ေနာက္တစ္ဆင့္တက္ဖို႔ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ကို ခ်ႏိုင္ခဲ့တာပါ။ တစ္ခုရွိတာက ခ်ယ္လ္ဆီးကို ေရြးခ်ယ္လိုက္တဲ့ ဆံုးျဖတ္ခ်က္က မွန္ကန္ေပမယ့္ ကမၻာ႔စံခ်ိန္ရွင္ဆိုတဲ့ ဖိအားဒဏ္ကို သူခံႏိုင္ပါ့မလားဆိုတာပါပဲ။ ဖိအားေတြကို ေက်ာ္လႊားႏိုင္ခဲ့ရင္ေတာ့ လက္ရွိကမၻာ႔အေကာင္းဆံုး ဂိုးသမားေတြ တန္းကို သူတိုးဝင္ႏိုင္မွာ အေသအခ်ာပါပဲ။ သူ႔ရဲ႕ ငယ္ဘဝ ရည္မွန္းခ်က္က ဂိုးသမားတစ္ဦးျဖစ္လာဖို႔ထက္ အဆိုေတာ္တစ္ဦးျဖစ္ဖို႔ ဆႏၵရွိခဲ့တယ္။

goldfinches

goldfinches

ကီပါ Kepa ငယ္စဥ္က Goldfinches လို႔ေခၚတဲ့ ငွက္ကေလးေတြကို ဖမ္းၿပီး သူတို႔တြန္ၾကဴးသံကေန ဂီတသံစဥ္တစ္ခုျဖစ္လာေအာင္ ေလ့က်င့္သင္ၾကားမႈေတြ ျပဳလုပ္ခဲ့တယ္။ အဲေလာက္ကို ဂီတအေပၚမွာ ကီပါ Kepa ရူးသြပ္ခဲ့တယ္။ အခုအခ်ိန္အထိလည္း Oker, Rocky နဲ႔ Raikkonen လို႔အမည္ေပးထားတဲ့ Goldfinches ငွက္ကေလး (၃)ေကာင္ကို ေမြးထားေသးတယ္။ သူ႔ရဲ႕ ဝါသနာက ထူးထူးဆန္းဆန္းပါပဲ။ ဝါသနာဆိုတာထက္ ရူးသြပ္မႈအေပၚအေျခခံေနတယ္။ Songbirds Champion of Vizcaya လို႔ေခၚတဲ့ ၿပိဳင္ပြဲရဲ႕ ၂၀၀၈ နဲ႔ ၂၀၁၀ ခုႏွစ္ေတြမွာ ခ်န္ပီယံျဖစ္ခဲ့တယ္။ သူေလ့က်င့္သင္ၾကားေပးခဲ့တဲ့ ငွက္ကေလးေတြက ၿပိဳင္ပြဲမွာ အေကာင္းဆံုး သီဆိုႏိုင္ခဲ့လို႔ ခ်န္ပီယံျဖစ္တာပါ။ အသက္ (၅)ႏွစ္သားအရြယ္မွာပဲ သူေမြးရပ္ေျမတစ္ေက်ာမွာ ငွက္ကေလးေတြကို ေတးဆိုတတ္ေအာင္ သင္ေပးတဲ့ နာမည္ေက်ာ္တစ္ဦးျဖစ္ခဲ့တယ္။ အခုအသက္အရြယ္မွာေတာ့ အဲအလုပ္ေတြ မလုပ္ေတာ့ေပမယ့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြက ခ်ယ္လ္ဆီးပရိသတ္ေတြကို စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းအတြင္မွာ သီခ်င္းေတြ သံၿပိဳင္သီဆိုႏိုင္ေအာင္ လုပ္ေဆာင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရပါမယ္။

REF:The Sun
Photo:AS, seaboardgàidhlig
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့စံချိန်ရှင်ဂိုးသမား ကီပါ Kepa ရဲ့ ထူးဆန်းတဲ့ ဝါသနာ

လာလီဂါကလပ် ဘီလ်ဘာအိုအသင်းကနေ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ စပိန်လက်ရွေးစင် ကီပါ Kepa ဟာ ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ဂိုးသမားဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့လက လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အယ်လစ်ဆန် Alisson ရဲ့ ပြောင်းရွှေ့ကြေး (၆၆.၈)သန်းကို ကီပါ Kepa က (၇၂)သန်းနဲ့ ကျော်ဖြတ်ပြီး ကမ္ဘာ့စံချိန်ရှင်ဖြစ်လာခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးဂိုးသမားဖြစ်ခဲ့တဲ့ ကော်တိုအာ Courtois ရဲ့ နေရာကို တိုက်ရိုက်အစားထိုးဖို့ အသက် (၂၃)နှစ်သာရှိသေးတဲ့ ကီပါ Kepa ကို ချယ်လ်ဆီးအသင်းက ယုံယုံကြည်ကြည်နဲ့ ခေါ်ယူခဲ့တယ်။

Kepa-Arrizabalaga-caught-birds-in-his-youth-and-taught-them-to-sing

Kepa-Arrizabalaga-caught-birds-in-his-youth-and-taught-them-to-sing

ချယ်လ်ဆီးအသင်းနဲ့ ဆေးစစ်မှုခံယူပြီး ကီပါ Kepa က “ကျွန်တော့်ကစားသမားဘဝနဲ့ ကျွန်တော်ရဲ့ ဘဝတစ်ခုလုံးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ခဲ့တာပါ”လို့ ပြောကြားခဲ့တယ်။ ဒီစကားက မှန်တယ်။ သူ့ဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်ကို ကမ္ဘာကျော်ပြိုင်ပွဲတစ်ခုမှာ ကစားခွင့်ရတော့မယ့် သူ့အတွက် ကစားသမားဘဝ နောက်တစ်ဆင့်တက်ဖို့ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာပါ။ တစ်ခုရှိတာက ချယ်လ်ဆီးကို ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပေမယ့် ကမ္ဘာ့စံချိန်ရှင်ဆိုတဲ့ ဖိအားဒဏ်ကို သူခံနိုင်ပါ့မလားဆိုတာပါပဲ။ ဖိအားတွေကို ကျော်လွှားနိုင်ခဲ့ရင်တော့ လက်ရှိကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေ တန်းကို သူတိုးဝင်နိုင်မှာ အသေအချာပါပဲ။ သူ့ရဲ့ ငယ်ဘဝ ရည်မှန်းချက်က ဂိုးသမားတစ်ဦးဖြစ်လာဖို့ထက် အဆိုတော်တစ်ဦးဖြစ်ဖို့ ဆန္ဒရှိခဲ့တယ်။

goldfinches

goldfinches

ကီပါ Kepa ငယ်စဉ်က Goldfinches လို့ခေါ်တဲ့ ငှက်ကလေးတွေကို ဖမ်းပြီး သူတို့တွန်ကြူးသံကနေ ဂီတသံစဉ်တစ်ခုဖြစ်လာအောင် လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့တယ်။ အဲလောက်ကို ဂီတအပေါ်မှာ ကီပါ Kepa ရူးသွပ်ခဲ့တယ်။ အခုအချိန်အထိလည်း Oker, Rocky နဲ့ Raikkonen လို့အမည်ပေးထားတဲ့ Goldfinches ငှက်ကလေး (၃)ကောင်ကို မွေးထားသေးတယ်။ သူ့ရဲ့ ဝါသနာက ထူးထူးဆန်းဆန်းပါပဲ။ ဝါသနာဆိုတာထက် ရူးသွပ်မှုအပေါ်အခြေခံနေတယ်။ Songbirds Champion of Vizcaya လို့ခေါ်တဲ့ ပြိုင်ပွဲရဲ့ ၂၀၀၈ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ချန်ပီယံဖြစ်ခဲ့တယ်။ သူလေ့ကျင့်သင်ကြားပေးခဲ့တဲ့ ငှက်ကလေးတွေက ပြိုင်ပွဲမှာ အကောင်းဆုံး သီဆိုနိုင်ခဲ့လို့ ချန်ပီယံဖြစ်တာပါ။ အသက် (၅)နှစ်သားအရွယ်မှာပဲ သူမွေးရပ်မြေတစ်ကျောမှာ ငှက်ကလေးတွေကို တေးဆိုတတ်အောင် သင်ပေးတဲ့ နာမည်ကျော်တစ်ဦးဖြစ်ခဲ့တယ်။ အခုအသက်အရွယ်မှာတော့ အဲအလုပ်တွေ မလုပ်တော့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်တွေက ချယ်လ်ဆီးပရိသတ်တွေကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်မှာ သီချင်းတွေ သံပြိုင်သီဆိုနိုင်အောင် လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

REF:The Sun
Photo:AS, seaboardgàidhlig
Aung Kyaw Wai (Akhayar)
www.akhayar.com