[Zawgyi]

ခ်ယ္လ္ဆီး-မန္ယူပဲြကုိ ဒုိင္လူႀကီးမုိက္ဒင္း Mike Dean ကုိင္တြယ္မယ္

အခု ေအာက္တိုဘာလ (၂၀) (စေနေန႔)က်ရင္ ပရီးမီးယားလိဂ္ပဲြစဥ္(၉)အျဖစ္ ခ်ယ္လ္ဆီးနဲ႔ မန္ယူအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး အဲဒီပဲြအတြက္ ကြင္းလယ္ဒုိင္အျဖစ္ မုိက္ဒင္း Mike Dean က တာ၀န္ယူကုိင္တြယ္သြားမွာျဖစ္ပါတယ္။ မုိက္ဒင္းဟာ မန္ယူနဲ႔ပဲြေတြမွာ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့ဖူးတာေၾကာင့္ မန္ယူပရိသတ္ေတြကေတာ့ သိပ္သေဘာေတြ႕မွာ မဟုတ္ေလာက္ဘူး။ ၂၀၁၅၊ ဧၿပီလတုန္းက စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ မန္ယူအသင္း (၁-၀)ဂုိးနဲ႔ ႐ႈံးခဲ့တဲ့ပဲြတုန္းက မုိက္ဒင္းဟာ မန္ယူကြင္းလယ္လူ ဟာရဲရား Herrera ကုိ ဟန္ေဆာင္လွဲခ်တယ္ဆုိၿပီး အ၀ါကတ္ျပခဲ့သလုိ ၂၀၁၅-၁၆ တုန္းကလည္း ၀က္စ္ဘရြန္းကုိ ႐ႈံးနိမ့္ခဲ့တဲ့ပဲြမွာ မာတာ Mata ကုိ ထုတ္ပယ္ခဲ့ပါတယ္။

Dean-will-take-charge-at-Stamford-Bridge

Dean-will-take-charge-at-Stamford-Bridge

မုိက္ဒင္းဟာ မန္ယူပဲြကုိ တာ၀န္ယူကုိင္တြယ္ခဲ့တဲ့ ပဲြအမ်ားစုမွာ မန္ယူကစားသမားေတြကုိ ထုတ္ပယ္ေလ့ရွိၿပီး ေဖဘီယုိ Fabio (၂၀၁၄ FA ဖလား-ဆြမ္ဆီး)၊ ေပါလ္စခုိး Paul Scholes (၂၀၁၁၊ FA ဖလား ဆီမီးဖုိင္နယ္-မန္စီးတီး)၊ ရာေဖးလ္ Rafael (၂၀၁၁၊ ပရီးမီးယားလိဂ္-စပါး)တို႔ကုိ ထုတ္ပယ္ခ့ဲဖူးတယ္။ မန္ယူနဲ႔ အသင္းႀကီး အခ်င္းခ်င္းဆုံေတြ႕တဲ့ပဲြမွာ မုိက္ဒင္း ကုိင္တြယ္ရင္ မန္ယူရလဒ္မေကာင္းျဖစ္တတ္လုိ႔ ဒီတစ္ပဲြမွာလည္း ဘယ္လုိရလဒ္ထြက္လာဦးမလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ။ အခုေလာေလာဆယ္ ခ်ယ္လ္ဆီးအသင္းက ႐ႈံးပဲြမရွိေသးဘဲ အမွတ္ေပးဇယား အဆင့္(၂)ေနရာမွာ ရပ္တည္ေနၿပီး ရလဒ္ေတြ ဆုိးရြားေနတဲ့ မန္ယူအသင္းကေတာ့ (၁၃)မွတ္နဲ႔ အဆင့္(၈)ေနရာမွာ ရွိေနပါတယ္။

မုိက္ဒင္း ကုိင္တြယ္ခဲ့တဲ့ပဲြမွာ မန္ယူအသင္းရဲ႕ရလဒ္မ်ား ၾကည့္ရန္ လင့္ခ္

REF:manchestereveningnews
Photo:Zimbio,Press Cute News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီး-မန်ယူပွဲကို ဒိုင်လူကြီးမိုက်ဒင်း Mike Dean ကိုင်တွယ်မယ်

အခု အောက်တိုဘာလ (၂၀) (စနေနေ့)ကျရင် ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် ချယ်လ်ဆီးနဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အဲဒီပွဲအတွက် ကွင်းလယ်ဒိုင်အဖြစ် မိုက်ဒင်း Mike Dean က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ မိုက်ဒင်းဟာ မန်ယူနဲ့ပွဲတွေမှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ဖူးတာကြောင့် မန်ယူပရိသတ်တွေကတော့ သိပ်သဘောတွေ့မှာ မဟုတ်လောက်ဘူး။ ၂၀၁၅၊ ဧပြီလတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်မှာ မန်ယူအသင်း (၁-ဝ)ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲတုန်းက မိုက်ဒင်းဟာ မန်ယူကွင်းလယ်လူ ဟာရဲရား Herrera ကို ဟန်ဆောင်လှဲချတယ်ဆိုပြီး အဝါကတ်ပြခဲ့သလို ၂၀၁၅-၁၆ တုန်းကလည်း ဝက်စ်ဘရွန်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မာတာ Mata ကို ထုတ်ပယ်ခဲ့ပါတယ်။

Dean-will-take-charge-at-Stamford-Bridge

Dean-will-take-charge-at-Stamford-Bridge

မိုက်ဒင်းဟာ မန်ယူပွဲကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပွဲအများစုမှာ မန်ယူကစားသမားတွေကို ထုတ်ပယ်လေ့ရှိပြီး ဖေဘီယို Fabio (၂၀၁၄ FA ဖလား-ဆွမ်ဆီး)၊ ပေါလ်စခိုး Paul Scholes (၂၀၁၁၊ FA ဖလား ဆီမီးဖိုင်နယ်-မန်စီးတီး)၊ ရာဖေးလ် Rafael (၂၀၁၁၊ ပရီးမီးယားလိဂ်-စပါး)တို့ကို ထုတ်ပယ်ခဲ့ဖူးတယ်။ မန်ယူနဲ့ အသင်းကြီး အချင်းချင်းဆုံတွေ့တဲ့ပွဲမှာ မိုက်ဒင်း ကိုင်တွယ်ရင် မန်ယူရလဒ်မကောင်းဖြစ်တတ်လို့ ဒီတစ်ပွဲမှာလည်း ဘယ်လိုရလဒ်ထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အခုလောလောဆယ် ချယ်လ်ဆီးအသင်းက ရှုံးပွဲမရှိသေးဘဲ အမှတ်ပေးဇယား အဆင့်(၂)နေရာမှာ ရပ်တည်နေပြီး ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ယူအသင်းကတော့ (၁၃)မှတ်နဲ့ အဆင့်(၈)နေရာမှာ ရှိနေပါတယ်။

မိုက်ဒင်း ကိုင်တွယ်ခဲ့တဲ့ပွဲမှာ မန်ယူအသင်းရဲ့ရလဒ်များ ကြည့်ရန် လင့်ခ်

REF:manchestereveningnews
Photo:Zimbio,Press Cute News
Naing Linn(Akhayar)
www.akhayar.com