[Zawgyi]

ခ်ယ္လ္ဆီး – မန္ယူပဲြနဲ႔ ပတ္သက္တဲ့ထူးျခားခ်က္မ်ား

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ရဲ႕ ရင္ခုန္စိတ္လႈပ္ရွားစရာ အေကာင္းဆုံးပဲြျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႔ မန္ယူတို႔ရဲ႕ပဲြဟာ ဒီေန႔ ညေန(၆)နာရီအခ်ိန္မွာ စတင္ေတာ့မွာပါ။ ဒါေၾကာင့္ ဒီပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္၊ ႏွစ္သင္းစလုံးရဲ႕ ဒဏ္ရာရ ကစားသမားအေျခအေနနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

ဒဏ္ရာျပႆနာ

Chelsea-Players

Chelsea-Players

ခ်ယ္လ္ဆီးေနာက္ခံလူ ႐ူဒီဂါ Rudiger ဟာ ဒဏ္ရာကေန ျပန္သက္သာလာၿပီျဖစ္လုိ႔ အခုပဲြမွာ ပါ၀င္လာႏုိင္မယ့္အေနအထား ရွိပါတယ္။ အဂၤလန္အသင္းအတြက္ ပါ၀င္ကစားရင္း ဒဏ္ရာရခဲ့တဲ့ ကြင္းလယ္လူ ဘာကေလ Ross Barkley ရဲ႕ ဒဏ္ရာက ျပင္းထန္မႈ မရွိလုိ႔ ဒီပဲြအတြက္ ႀကံ့ခုိင္မႈျပည့္၀ေနပါၿပီ။ ခ်ယ္လ္ဆီးအသင္းဟာ ရာသီအစမွာ မန္စီးတီးကုိ ႐ႈံးနိမ့္ခဲ့ၿပီးေနာက္ပုိင္း ႐ႈံးပဲြမရွိေတာ့တဲ့ မွတ္တမ္းေကာင္းကုိ ဆက္လက္ထိန္းသိမ္းဖုိ႔ ႀကိဳးပမ္းရေတာ့မွာျဖစ္ပါတယ္။ မန္ယူအသင္းအတြက္ သတင္းေကာင္းကေတာ့ ဒဏ္ရာေၾကာင့္ ပဲြေတာ္ေတာ္မ်ားမ်ားကုိ လဲြေခ်ာ္ခဲ့တဲ့ ဟာရဲရား Ander Herrera ဒီပဲြမွာ ပါ၀င္လာဖုိ႔ရွိေနတာပါပဲ။ ဒါေပမဲ့မ ဖယ္ေလနီ Fellaini ၊ မာတစ္ Matic ၊ တြမ္မီေနး Scott McTominay ၊ လုခ္ေရွာ Luke Shaw တို႔ဟာ ႏုိင္ငံတကာပဲြေတြအၿပီးမွာ ဒဏ္ရာကုိယ္စီ ရခဲ့လုိ႔ ႀကံ့ခုိင္မႈျပည့္၀ပ့ါမလားဆုိတာ စဥ္းစားစရာပါ။ လင္ဂတ္ Jesse Lingard ၊ ႐ုိဟုိ Marcos Rojo တို႔ကေတာ့ ပါ၀င္ႏုိင္ဖုိ႔ မရွိပါဘူး။

ထူးျခားခ်က္မ်ား

– ၂၀၁၂ ေအာက္တိုဘာကတည္းက စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ မန္ယူနဲ႔ ဆုံေတြ႕ခဲ့တဲ့ (၁၆)ပဲြမွာ ခ်ယ္လ္ဆီး (၁)ပဲြပဲ ႐ႈံးနိမ့္ခဲ့ၿပီး (၁၀)ပဲြႏုိင္၊ (၅)ပဲြသေရက်ခဲ့တယ္။
– မန္ယူအသင္းရဲ႕ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ခ်ယ္လ္ဆီးအသင္းကုိ (၁၈)ႀကိမ္ ႐ႈံးနိမ့္ခဲ့ၿပီး သူတို႔အတြက္ ႐ႈံးပဲြအမ်ားဆုံးၿပိဳင္ဘက္ျဖစ္ေနတယ္။
– ခ်ယ္လ္ဆီးနဲ႔ မန္ယူတို႔ ဆုံေတြ႕တဲ့ ပရီးမီးယားလိဂ္ပဲြေတြမွာ အ၀ါကတ္စုစုေပါင္း (၂၃၂)ႀကိမ္ ျပသခံခဲ့ရၿပီး ဒါဟာ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ စံခ်ိန္တင္ပါပဲ။

Manchester-United-Players

Manchester-United-Players

– ၂၀၀၅-၀၆၊ ၂၀၁၄-၁၅ ရာသီေတြမွာ ခ်ယ္လ္ဆီးအသင္း ပရီးမီးယားလိဂ္ ရာသီအစ (၉)ပဲြဆက္ ႐ႈံးပဲြမရွိ မွတ္တမ္းကုိ ျပန္လည္ပုိင္ဆုိင္ေအာင္ ႀကိဳးစားရမွာျဖစ္ၿပီး အဲဒီရာသီေတြမွာ ခ်ယ္လ္ဆီး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခ့ဲတယ္။
– ပရီးမီးယားလိဂ္ အေ၀းကြင္းေနာက္ဆုံး (၆)ပဲြမွာ မန္ယူ (၃)ပဲြအထိ ႐ႈံးနိမ့္ခဲ့ၿပီး (၂)ပဲြႏုိင္၊ (၁)ပဲြ သေရက်ခဲ့တယ္။
– ေမာ္ရင္ဟုိ Mourinho ဟာ ခ်ယ္လ္ဆီးနဲ႔ ၿပိဳင္ပဲြစုံ (၆)ပဲြ ရင္ဆုိင္ခဲ့တာမွာ (၄)ပဲြအထိ ႐ႈံးနိမ့္ခဲ့ၿပီး စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ လုံး၀ႏုိင္ပဲြ မရခဲ့ပါဘူး။
– ဒီရာသီပရီးမီးယားလိဂ္ သြင္းဂုိးအမ်ားဆုံးအျဖစ္ ရပ္တည္ေနတဲ့ ခ်ယ္လ္ဆီး ေတာင္ပံကစားသမား ဟာဇက္ Eden Hazard ဟာ (၇)ဂုိးသြင္း ဂုိးဖန္တီးမႈ (၃)ႀကိမ္ ျပဳလုပ္ထားပါတယ္။

REF:Sky Sports
Photo:The Week UK,The Independent,Racing Post,Soi Keo
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီး – မန်ယူပွဲနဲ့ ပတ်သက်တဲ့ထူးခြားချက်များ

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ယူတို့ရဲ့ပွဲဟာ ဒီနေ့ ညနေ(၆)နာရီအချိန်မှာ စတင်တော့မှာပါ။ ဒါကြောင့် ဒီပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်၊ နှစ်သင်းစလုံးရဲ့ ဒဏ်ရာရ ကစားသမားအခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

ဒဏ်ရာပြဿနာ

Chelsea-Players

Chelsea-Players

ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါ Rudiger ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်လို့ အခုပွဲမှာ ပါဝင်လာနိုင်မယ့်အနေအထား ရှိပါတယ်။ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ဘာကလေ Ross Barkley ရဲ့ ဒဏ်ရာက ပြင်းထန်မှု မရှိလို့ ဒီပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေပါပြီ။ ချယ်လ်ဆီးအသင်းဟာ ရာသီအစမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲမရှိတော့တဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ မန်ယူအသင်းအတွက် သတင်းကောင်းကတော့ ဒဏ်ရာကြောင့် ပွဲတော်တော်များများကို လွဲချော်ခဲ့တဲ့ ဟာရဲရား Ander Herrera ဒီပွဲမှာ ပါဝင်လာဖို့ရှိနေတာပါပဲ။ ဒါပေမဲ့မ ဖယ်လေနီ Fellaini ၊ မာတစ် Matic ၊ တွမ်မီနေး Scott McTominay ၊ လုခ်ရှော Luke Shaw တို့ဟာ နိုင်ငံတကာပွဲတွေအပြီးမှာ ဒဏ်ရာကိုယ်စီ ရခဲ့လို့ ကြံ့ခိုင်မှုပြည့်ဝပ့ါမလားဆိုတာ စဉ်းစားစရာပါ။ လင်ဂတ် Jesse Lingard ၊ ရိုဟို Marcos Rojo တို့ကတော့ ပါဝင်နိုင်ဖို့ မရှိပါဘူး။

ထူးခြားချက်များ

– ၂၀၁၂ အောက်တိုဘာကတည်းက စတမ်းဖို့ဒ်ဘရစ်ချ်မှာ မန်ယူနဲ့ ဆုံတွေ့ခဲ့တဲ့ (၁၆)ပွဲမှာ ချယ်လ်ဆီး (၁)ပွဲပဲ ရှုံးနိမ့်ခဲ့ပြီး (၁၀)ပွဲနိုင်၊ (၅)ပွဲသရေကျခဲ့တယ်။
– မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ချယ်လ်ဆီးအသင်းကို (၁၈)ကြိမ် ရှုံးနိမ့်ခဲ့ပြီး သူတို့အတွက် ရှုံးပွဲအများဆုံးပြိုင်ဘက်ဖြစ်နေတယ်။
– ချယ်လ်ဆီးနဲ့ မန်ယူတို့ ဆုံတွေ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အဝါကတ်စုစုပေါင်း (၂၃၂)ကြိမ် ပြသခံခဲ့ရပြီး ဒါဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ပါပဲ။

Manchester-United-Players

Manchester-United-Players

– ၂၀၀၅-၀၆၊ ၂၀၁၄-၁၅ ရာသီတွေမှာ ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ် ရာသီအစ (၉)ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ပြန်လည်ပိုင်ဆိုင်အောင် ကြိုးစားရမှာဖြစ်ပြီး အဲဒီရာသီတွေမှာ ချယ်လ်ဆီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တယ်။
– ပရီးမီးယားလိဂ် အဝေးကွင်းနောက်ဆုံး (၆)ပွဲမှာ မန်ယူ (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး (၂)ပွဲနိုင်၊ (၁)ပွဲ သရေကျခဲ့တယ်။
– မော်ရင်ဟို Mourinho ဟာ ချယ်လ်ဆီးနဲ့ ပြိုင်ပွဲစုံ (၆)ပွဲ ရင်ဆိုင်ခဲ့တာမှာ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ လုံးဝနိုင်ပွဲ မရခဲ့ပါဘူး။
– ဒီရာသီပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေတဲ့ ချယ်လ်ဆီး တောင်ပံကစားသမား ဟာဇက် Eden Hazard ဟာ (၇)ဂိုးသွင်း ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားပါတယ်။

REF:Sky Sports
Photo:The Week UK,The Independent,Racing Post,Soi Keo
Naing Linn(Akhayar)
www.akhayar.com