[Zawgyi]

ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ ၿပိဳင္ဆိုင္မႈ ျပင္းထန္လာမယ့္ ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္

ၿပီးခဲ့တဲ့ ရာသီက ခ်ယ္လ္ဆီးကို ပရီးမီယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ ကြန္တီ Conte စြမ္းေဆာင္ ႏိုင္ခဲ့ေပမယ့္ အခုႏွစ္မွာေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္တစ္ေနရာအတြက္ေတာင္ ရုန္းကန္ေနရတယ္။ ရာသီအစမွာ သန္း (၂၀၀)ေလာက္ အသံုးျပဳျပီး အသင္းကို ျပင္ဆင္မႈေတြျပဳလုပ္ခဲ့ေပမယ့္ FA ဖလားၿပိဳင္ပြဲမွာသာ ဗိုလ္လုပြဲေရာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္။ လက္ရွိအခ်ိန္မွာ ကြန္တီ က်ေရာက္ေနတဲ့ ဖိအားဒဏ္က ကင္းလြတ္ဖို႔ FA ခ်န္ပီယံျဖစ္ခဲ့ရင္ေတာင္ လံုေလာက္မယ္မထင္ဘူး။ ခ်န္ပီယံလိဂ္ကို ပါဝင္ခြင့္မရဘူးဆိုရင္ ကြန္တီရဲ႕ နည္းျပရာထူးက လႈပ္ခတ္လာႏိုင္တယ္။ ဒီအခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနာက္ဆံုးတိုက္ပြဲကို ခ်ယ္လ္ဆီး ဆင္ႏြဲရေတာ့မယ္။ အေနအထားအရ ႏိုင္မွကို ျဖစ္မယ့္ အေနအထား။ အိမ္ကြင္းမွာ ကန္ရမွာျဖစ္ေပမယ့္ ကစားရမယ့္အသင္းက နည္းျပ ကေလာ့ပ္ Klopp ရဲ႕ လက္ေအာက္ ဆာလာ Salah ရဲ႕ ေတာက္ပမႈေတြနဲ႔ အေရာင္လက္ေနခဲ့တဲ့ လီဗာပူးလ္အသင္း။ လက္ရွိအမွတ္ေပးဇယားမွာ ခ်ယ္လ္ဆီးက လီဗာပူးလ္ထက္ တစ္ပြဲေလ်ာ႔ေနေပမယ့္ ရမွတ္ကြာဟမႈက (၆)မွတ္အထိ ရွိေနတယ္။ ေနာက္ဆံုး ကစားခဲ့တဲ့ အိမ္ကြင္း (၂)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ထားတဲ့ ခ်ယ္လ္ဆီးအသင္း လီဗာပူးလ္ကို အႏိုင္ယူႏိုင္ဖို႔ကေတာ့ ေတာ္ေတာ္ေလးရုန္းကန္ရဖို႔ ရွိေနတယ္။

ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္ဆိုတာ ၿမိဳ႕ခံၿပိဳင္ဘက္လည္း မဟုတ္၊ သမိုင္းေၾကာင္း ၿပိဳင္ဘက္ေတြလည္း မဟုတ္ေပမယ့္ ေနာက္ပိုင္းေတြ႔ဆံုမႈေတြတိုင္းမွာ ၿပိဳင္ဆိုင္မႈေတြ ျပင္းထန္ခဲ့တာကေတာ့ အမွန္။ ဒီႏွစ္သင္း အေစာပိုင္းေတြ႔ဆံုမႈေတြက သာမန္ပဲရွိခဲ့တယ္။ ၂၀၀၅ ခုႏွစ္မွာ သူ႔တို႔ႏွစ္သင္းၿပိဳင္ဆိုင္မႈ ျပင္းထန္လာေစဖို႔ စတင္ခဲ့တဲ့ ႏွစ္လို႔ေတာင္ ေျပာလို႔ရတယ္။ ၂၀၀၅ လိဂ္ဖလား (ယခု ကာရာေဘာင္ဖလား) ဖိုင္နယ္မွာ သူတို႔ေတြ ေတြ႔ဆံုခဲ့ၾကတယ္။ လီဗာပူးလ္ကို ဘင္နီတက္ဇ္ Benitez က ကိုင္တြယ္ေနၿပီး ခ်ယ္လ္ဆီးကို ေမာ္ရင္ဟို Mourinho က ဦးေဆာင္ေနခ်ိန္ေပါ့။ ခ်ယ္ဆီးတို႔ အခ်ိန္ပို သြင္းဂိုးေတြနဲ႔ ေထာင္စုႏွစ္ကြင္းႀကီးထဲမွာ ေအာင္ပြဲခံႏိုင္ခဲ့တယ္။ ဂ်ရတ္ Gerrard ရဲ႕ O.G ေၾကာင့္ ခ်ယ္လ္ဆီး ေခ်ပဂိုးရၿပီး လီဗာပူးလ္ ပရိသတ္ေတြဘက္ကို လွည့္ကာ ပါးစပ္ပိတ္ထားဖို႔ လက္ဟန္နဲ႔ လုပ္ျပခဲ့တဲ့ နည္းျပ ေမာ္ရင္ဟိုရဲ႕ အျပဳအမူက ဒီႏွစ္သင္းကို ၿပိဳင္ဆိုင္မႈျပင္းထန္ေစဖို႔ မီးစထြန္းေပးလိုက္သလိုပါပဲ။ လီဗာပူးလ္ဆိုတာကလည္း ဂ်ရတ္နဲ႔ ပတ္သက္လာရင္ အထိမခံတဲ့ အသင္း။ ဒီကစားသမားေၾကာင့္ အထိနာသြားတာကို ေလွာင္ေျပာင္ျပခဲ့တဲ့ ေမာ္ရင္ဟိုေၾကာင့္ ခ်ယ္လ္ဆီးဟာ သူတို႔ရဲ႕ မဟာၿပိဳင္ဘက္လိုျဖစ္လာခဲ့တယ္။ ဒီပြဲအၿပီး လပိုင္းအၾကာမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ႔က ခ်ယ္လ္ဆီးပရိသတ္ေတြအတြက္ လီဗာပူးလ္ကို မုန္းတီးေရးအေၾကာင္းတရားျဖစ္ခဲ့တယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပထမဆံုးအႀကိမ္ ဗိုလ္လုပြဲ ေမွ်ာ္လင့္ခ်က္ကို လီဗာပူးလ္က လူးဝစ္ဂါစီယာ Luis Garcia ရဲ႕ တစ္လံုးတည္းေသာ အႏိုင္ဂိုးနဲ႔ ဖ်က္ဆီးခဲ့တယ္။ ၂၀၀၇ ခုႏွစ္ ဆီမီးဖိုင္နယ္မွာ ထပ္ေတြ႔ေတာ့လည္း ပယ္နယ္တီအထိ ကစားခဲ့ရၿပီး အရႈံးေပးခဲ့ရျပန္တယ္။ ဒီေနာက္ပိုင္းေတြ႔ဆံုမႈမွာ ႏွစ္ရာသီဆက္ ခ်ယ္လ္ဆီးက လီဗာပူးလ္ကုိ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ေမာင္းထုတ္ႏိုင္ခဲ့ၿပီး သူ႔တို႔ရဲ႕ၿပိဳင္ဘက္ကို ကလဲ့စားေခ်ႏိုင္ခဲ့တယ္။

Chelsea-Vs-Liverpool

Chelsea-Vs-Liverpool

ေနာက္ပိုင္း မုန္းတီးေရး ျဖစ္ရပ္မ်ိဳး သိပ္မရွိေတာ့ေပမယ့္ လီဗာပူးလ္အတြက္ ခ်ယ္လ္ဆီးမုန္းတီးေရး ျဖစ္ရပ္ကေတာ့ အသင္းေခါင္းေဆာင္ ဂ်ရတ္ေၾကာင့္ ျဖစ္လာခဲ့ပါတယ္။တစ္ခ်ိန္က အမွတ္ေပးၿပိဳင္ပြဲမွာ ေရႊထီးေဆာင္းခဲ့ေပမယ့္ ပရီးမီးယားလိဂ္လို႔ နာမည္ေျပာင္းၿပီး ေနာက္ပိုင္း ေဝးကြာေနတဲ့ အမွတ္ေပးခ်န္ပီယံဆုကို ရယူႏိုင္ဖို႔ အေကာင္းဆံုးအေျခအေနကို ပိုင္ဆိုင္ခဲ့ေပမယ့္ ဂ်ရတ္ရဲ႕ ေခ်ာ္လဲမႈေၾကာင့္ ခ်ယ္လ္ဆီး ဦးေဆာင္းဂိုး ရရွိသြားခဲ့ၿပီး အိမ္ကြင္းမွာ (၀-၂)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ကာ အမွတ္ေပးခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရတယ္။ ႏွစ္သင္းစလံုးရဲ႕ ပရိသတ္ေတြ အမုန္းတရားကိုယ္စီရွိခဲ့ၾကသလို အိပ္မက္ေတြ ဆံုးရႈံးခဲ့ရတဲ့အတြက္ ကမၻာမေၾကေတြ ျဖစ္လာခဲ့တယ္။ ဒီတစ္ႀကိမ္မွာလည္း ႏွစ္သင္းစလံုးက ေမွ်ာ္လင့္ခ်က္ကိုယ္စီနဲ႔ တိုက္ပြဲဝင္ရေတာ့မယ့္ အခ်ိန္ ခ်ယ္လ္ဆီးတို႔ မႏိုင္လို႔ မျဖစ္သလို လီဗာပူးလ္ကလည္း ရႈံးလို႔မျဖစ္တဲ့ အခ်ိန္။ ဒီအခ်ိန္မွာ သူတို႔ေတြ႔ဆံုမႈက ပရိသတ္ေတြေကာ အသင္းၾကားမွာပါ အမုန္းတရားေတြ ထပ္တိုးေစဖို႔ ျဖစ္လာေတာ့မယ္။ အမုန္းတရားေတြကို စတင္ခဲ့တဲ့ သူေတြလို႔ေျပာလို႔ရတဲ့ ေမာ္ရင္ဟိုလည္း ခ်ယ္လ္ဆီးနည္းျပ မဟုတ္ေတာ့ပါဘူး၊ လီဗာပူးလ္ ပရိသတ္အခ်စ္ေတာ္  ဂ်ရတ္လည္း အနားယူသြားခဲ့ပါၿပီ။ ဒီအခ်ိန္မွာ တကယ္ၿပိဳင္ဆိုင္ရေတာ့မွာက ကြန္တီနဲ႔ ကေလာ့ပ္။

ကြန္တီနဲ႔ ကေလာ့ပ္တို႔ အသင္းေတြကို စတင္ကိုင္တြယ္ၿပီး ထိပ္တိုက္ေတြ႔ဆံုမႈ (၃)ႀကိမ္ရွိခဲ့တယ္။ လီဗာပူးလ္အသင္းက (၁)ႀကိမ္ အႏိုင္ရကာ၊ (၂)ႀကိမ္ သေရက်ခဲ့တယ္။ အေကာင္းဆံုးပံုစံမွာ ရွိေနၿပီး ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့တဲ့ ၿပီးခဲ့တဲ့ ရာသီမွာေတာင္ ခ်ယ္လ္ဆီးအသင္း ႏွစ္ေက်ာ့စလံုး အႏိုင္မရခဲ့ဘဲ ကေလာ့ပ္ကို ကြန္တီတို႔ လက္ေျမွာက္ခဲ့ရတယ္။ ဒီရာသီ ပထမအေက်ာ႔ေတြ႔ဆံုခဲ့စဥ္ကလည္း ဝီလီယံ Willian ရဲ႕ ေနာက္က်ေခ်ပဂိုးေၾကာင့္သာ ကြန္တီအသက္ရႈေခ်ာင္ခဲ့ရတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အႀကိမ္ (၁၅၀)ေျမာက္ေတြ႔ဆံုမႈ ျဖစ္လာမယ့္ ဒီပြဲမွာေတာ့ ဘယ္နည္းျပ အသာရမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနတယ္။ ဂိုးမ်ားၿပီး သေရက်ဖို႔ ရာခိုင္ႏႈန္းမ်ားေနတဲ့ပြဲျဖစ္လာဖို႔ ရွိတယ္။

ခ်ယ္လ္ဆီး – လီဗာပူးလ္ တို႔ရဲ႕ ၿပိဳင္ဆုိင္မႈမွတ္တမ္း

စုစုေပါင္းဆုံေတြ႕ခဲ့သည့္ပဲြ – ၁၇၇ ပဲြ
ရလဒ္ – ခ်ယ္လ္ဆီး (၆၁ပဲြႏုိင္)၊ သေရ (၄၀)ပဲြ၊ လီဗာပူးလ္ (၇၆ ပဲြႏုိင္)
အႀကီးမားဆုံးႏုိင္ပဲြ – လီဗာပူးလ္ ၆-၀ ခ်ယ္လ္ဆီး (၁၉၃၄-၃၅)
ဂိုးအမ်ားဆံုးသြင္းသူ – အီရန္ရပ္ (၁၀ ဂိုး)

REF:Wikipedia
Photo:BlueLions, Goal
Aung Kyaw Wai(akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့် ချယ်လ်ဆီးနဲ့ လီဗာပူးလ်

ပြီးခဲ့တဲ့ ရာသီက ချယ်လ်ဆီးကို ပရီးမီယားလိဂ်ချန်ပီယံဖြစ်အောင် ကွန်တီ Conte စွမ်းဆောင် နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက်တောင် ရုန်းကန်နေရတယ်။ ရာသီအစမှာ သန်း (၂၀၀)လောက် အသုံးပြုပြီး အသင်းကို ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာသာ ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ လက်ရှိအချိန်မှာ ကွန်တီ ကျရောက်နေတဲ့ ဖိအားဒဏ်က ကင်းလွတ်ဖို့ FA ချန်ပီယံဖြစ်ခဲ့ရင်တောင် လုံလောက်မယ်မထင်ဘူး။ ချန်ပီယံလိဂ်ကို ပါဝင်ခွင့်မရဘူးဆိုရင် ကွန်တီရဲ့ နည်းပြရာထူးက လှုပ်ခတ်လာနိုင်တယ်။ ဒီအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးတိုက်ပွဲကို ချယ်လ်ဆီး ဆင်နွဲရတော့မယ်။ အနေအထားအရ နိုင်မှကို ဖြစ်မယ့် အနေအထား။ အိမ်ကွင်းမှာ ကန်ရမှာဖြစ်ပေမယ့် ကစားရမယ့်အသင်းက နည်းပြ ကလော့ပ် Klopp ရဲ့ လက်အောက် ဆာလာ Salah ရဲ့ တောက်ပမှုတွေနဲ့ အရောင်လက်နေခဲ့တဲ့ လီဗာပူးလ်အသင်း။ လက်ရှိအမှတ်ပေးဇယားမှာ ချယ်လ်ဆီးက လီဗာပူးလ်ထက် တစ်ပွဲလျော့နေပေမယ့် ရမှတ်ကွာဟမှုက (၆)မှတ်အထိ ရှိနေတယ်။ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း (၂)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ချယ်လ်ဆီးအသင်း လီဗာပူးလ်ကို အနိုင်ယူနိုင်ဖို့ကတော့ တော်တော်လေးရုန်းကန်ရဖို့ ရှိနေတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးလ်ဆိုတာ မြို့ခံပြိုင်ဘက်လည်း မဟုတ်၊ သမိုင်းကြောင်း ပြိုင်ဘက်တွေလည်း မဟုတ်ပေမယ့် နောက်ပိုင်းတွေ့ဆုံမှုတွေတိုင်းမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့တာကတော့ အမှန်။ ဒီနှစ်သင်း အစောပိုင်းတွေ့ဆုံမှုတွေက သာမန်ပဲရှိခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ သူ့တို့နှစ်သင်းပြိုင်ဆိုင်မှု ပြင်းထန်လာစေဖို့ စတင်ခဲ့တဲ့ နှစ်လို့တောင် ပြောလို့ရတယ်။ ၂၀၀၅ လိဂ်ဖလား (ယခု ကာရာဘောင်ဖလား) ဖိုင်နယ်မှာ သူတို့တွေ တွေ့ဆုံခဲ့ကြတယ်။ လီဗာပူးလ်ကို ဘင်နီတက်ဇ် Benitez က ကိုင်တွယ်နေပြီး ချယ်လ်ဆီးကို မော်ရင်ဟို Mourinho က ဦးဆောင်နေချိန်ပေါ့။ ချယ်ဆီးတို့ အချိန်ပို သွင်းဂိုးတွေနဲ့ ထောင်စုနှစ်ကွင်းကြီးထဲမှာ အောင်ပွဲခံနိုင်ခဲ့တယ်။ ဂျရတ် Gerrard ရဲ့ O.G ကြောင့် ချယ်လ်ဆီး ချေပဂိုးရပြီး လီဗာပူးလ် ပရိသတ်တွေဘက်ကို လှည့်ကာ ပါးစပ်ပိတ်ထားဖို့ လက်ဟန်နဲ့ လုပ်ပြခဲ့တဲ့ နည်းပြ မော်ရင်ဟိုရဲ့ အပြုအမူက ဒီနှစ်သင်းကို ပြိုင်ဆိုင်မှုပြင်းထန်စေဖို့ မီးစထွန်းပေးလိုက်သလိုပါပဲ။ လီဗာပူးလ်ဆိုတာကလည်း ဂျရတ်နဲ့ ပတ်သက်လာရင် အထိမခံတဲ့ အသင်း။ ဒီကစားသမားကြောင့် အထိနာသွားတာကို လှောင်ပြောင်ပြခဲ့တဲ့ မော်ရင်ဟိုကြောင့် ချယ်လ်ဆီးဟာ သူတို့ရဲ့ မဟာပြိုင်ဘက်လိုဖြစ်လာခဲ့တယ်။ ဒီပွဲအပြီး လပိုင်းအကြာမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့က ချယ်လ်ဆီးပရိသတ်တွေအတွက် လီဗာပူးလ်ကို မုန်းတီးရေးအကြောင်းတရားဖြစ်ခဲ့တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ မျှော်လင့်ချက်ကို လီဗာပူးလ်က လူးဝစ်ဂါစီယာ Luis Garcia ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ ဖျက်ဆီးခဲ့တယ်။ ၂၀၀၇ ခုနှစ် ဆီမီးဖိုင်နယ်မှာ ထပ်တွေ့တော့လည်း ပယ်နယ်တီအထိ ကစားခဲ့ရပြီး အရှုံးပေးခဲ့ရပြန်တယ်။ ဒီနောက်ပိုင်းတွေ့ဆုံမှုမှာ နှစ်ရာသီဆက် ချယ်လ်ဆီးက လီဗာပူးလ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲက မောင်းထုတ်နိုင်ခဲ့ပြီး သူ့တို့ရဲ့ပြိုင်ဘက်ကို ကလဲ့စားချေနိုင်ခဲ့တယ်။

Chelsea-Vs-Liverpool

Chelsea-Vs-Liverpool

နောက်ပိုင်း မုန်းတီးရေး ဖြစ်ရပ်မျိုး သိပ်မရှိတော့ပေမယ့် လီဗာပူးလ်အတွက် ချယ်လ်ဆီးမုန်းတီးရေး ဖြစ်ရပ်ကတော့ အသင်းခေါင်းဆောင် ဂျရတ်ကြောင့် ဖြစ်လာခဲ့ပါတယ်။တစ်ချိန်က အမှတ်ပေးပြိုင်ပွဲမှာ ရွှေထီးဆောင်းခဲ့ပေမယ့် ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီး နောက်ပိုင်း ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့ အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်ခဲ့ပေမယ့် ဂျရတ်ရဲ့ ချော်လဲမှုကြောင့် ချယ်လ်ဆီး ဦးဆောင်းဂိုး ရရှိသွားခဲ့ပြီး အိမ်ကွင်းမှာ (ဝ-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးချန်ပီယံဆုကို လက်လွှတ်ခဲ့ရတယ်။ နှစ်သင်းစလုံးရဲ့ ပရိသတ်တွေ အမုန်းတရားကိုယ်စီရှိခဲ့ကြသလို အိပ်မက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် ကမ္ဘာမကြေတွေ ဖြစ်လာခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း နှစ်သင်းစလုံးက မျှော်လင့်ချက်ကိုယ်စီနဲ့ တိုက်ပွဲဝင်ရတော့မယ့် အချိန် ချယ်လ်ဆီးတို့ မနိုင်လို့ မဖြစ်သလို လီဗာပူးလ်ကလည်း ရှုံးလို့မဖြစ်တဲ့ အချိန်။ ဒီအချိန်မှာ သူတို့တွေ့ဆုံမှုက ပရိသတ်တွေကော အသင်းကြားမှာပါ အမုန်းတရားတွေ ထပ်တိုးစေဖို့ ဖြစ်လာတော့မယ်။ အမုန်းတရားတွေကို စတင်ခဲ့တဲ့ သူတွေလို့ပြောလို့ရတဲ့ မော်ရင်ဟိုလည်း ချယ်လ်ဆီးနည်းပြ မဟုတ်တော့ပါဘူး၊ လီဗာပူးလ် ပရိသတ်အချစ်တော်  ဂျရတ်လည်း အနားယူသွားခဲ့ပါပြီ။ ဒီအချိန်မှာ တကယ်ပြိုင်ဆိုင်ရတော့မှာက ကွန်တီနဲ့ ကလော့ပ်။

ကွန်တီနဲ့ ကလော့ပ်တို့ အသင်းတွေကို စတင်ကိုင်တွယ်ပြီး ထိပ်တိုက်တွေ့ဆုံမှု (၃)ကြိမ်ရှိခဲ့တယ်။ လီဗာပူးလ်အသင်းက (၁)ကြိမ် အနိုင်ရကာ၊ (၂)ကြိမ် သရေကျခဲ့တယ်။ အကောင်းဆုံးပုံစံမှာ ရှိနေပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီမှာတောင် ချယ်လ်ဆီးအသင်း နှစ်ကျော့စလုံး အနိုင်မရခဲ့ဘဲ ကလော့ပ်ကို ကွန်တီတို့ လက်မြှောက်ခဲ့ရတယ်။ ဒီရာသီ ပထမအကျော့တွေ့ဆုံခဲ့စဉ်ကလည်း ဝီလီယံ Willian ရဲ့ နောက်ကျချေပဂိုးကြောင့်သာ ကွန်တီအသက်ရှုချောင်ခဲ့ရတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကြိမ် (၁၅၀)မြောက်တွေ့ဆုံမှု ဖြစ်လာမယ့် ဒီပွဲမှာတော့ ဘယ်နည်းပြ အသာရမလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေတယ်။ ဂိုးများပြီး သရေကျဖို့ ရာခိုင်နှုန်းများနေတဲ့ပွဲဖြစ်လာဖို့ ရှိတယ်။

ချယ်လ်ဆီး – လီဗာပူးလ် တို့ရဲ့ ပြိုင်ဆိုင်မှုမှတ်တမ်း

စုစုပေါင်းဆုံတွေ့ခဲ့သည့်ပွဲ – ၁၇၇ ပွဲ
ရလဒ် – ချယ်လ်ဆီး (၆၁ပွဲနိုင်)၊ သရေ (၄၀)ပွဲ၊ လီဗာပူးလ် (၇၆ ပွဲနိုင်)
အကြီးမားဆုံးနိုင်ပွဲ – လီဗာပူးလ် ၆-၀ ချယ်လ်ဆီး (၁၉၃၄-၃၅)
ဂိုးအများဆုံးသွင်းသူ – အီရန်ရပ် (၁၀ ဂိုး)

REF:Wikipedia
Photo:BlueLions, Goal
Aung Kyaw Wai(akhayar)
www.akhayar.com