[Zawgyi]

စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ အာဆင္နယ္ကုိ ေနာက္ဆုံး(၇)ပဲြဆက္ အသာရခဲ့တဲ့မွတ္တမ္းကုိ ခ်ယ္လ္ဆီး ဆက္ထိန္းႏုိင္မလား

ခ်ယ္လ္ဆီး – အာဆင္နယ္ (စေန ည ၁၁း၀၀ နာရီ)

ပရီးမီးယားလိဂ္ပဲြစဥ္(၂)ရဲ႕ ပဲြႀကီးပဲြေကာင္းအျဖစ္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ကစားမယ့္ ခ်ယ္လ္ဆီးနဲ႔ အာဆင္နယ္ပဲြ ပါ၀င္ေနပါတယ္။ ရာသီအဖြင့္ပဲြတုန္းက ခ်ယ္လ္ဆီးအသင္း ႏုိင္ပဲြနဲ႔ စတင္ႏုိင္ခဲ့ေပမယ့္ အာဆင္နယ္အသငး္ကေတာ့ အိမ္ကြင္းမွာပဲ မန္စီးတီးအသင္းကုိ ႐ႈံးနိမ့္ခဲ့လုိ႔ အဖြင့္မလွခဲ့ဘူး။ ပဲြစဥ္(၁)ေျခစြမ္းအရ ႏွစ္သင္းစလုံးရဲ႕ အေနအထားက သိပ္အားရစရာ မေကာင္းေပမယ့္ အခုပဲြမွေတာ့ အရင္ေျခစြမ္းမ်ိဴး ျပန္ျပႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။ ခ်ယ္လ္ဆီးအသင္းမွာ အဓိက ကစားသမားေတြျဖစ္တဲ့ ဟာဇက္ Hazard ၊ ကြန္ေတ Kante တို႔ ျပန္ပါေတာ့မွာျဖစ္သလုိ အာဆင္နယ္အသင္းမွာလည္း အဓိက ကစားသမား အစုံအလင္ ပဲြထြက္လာမွာပါ။

Morata-against-Mustafi

Morata-against-Mustafi

လက္ရွိအေနအထားအရ ခ်ယ္လ္ဆီးေရာ၊ အာဆင္နယ္ပါ နည္းျပသစ္ေတြနဲ႔ ရာသီသစ္ကုိ ရင္ဆုိင္ေနရတာျဖစ္လုိ႔ ကစားကြက္ အထုိင္မက်ေသးတာကုိလည္း ေတြ႕ရတယ္။ အာဆင္နယ္အသင္းကေတာ့ အဖြင့္ပဲြမွာ မန္စီးတီးနဲ႔ ရင္ဆုိင္အၿပီး အခု ခ်ယ္လ္ဆီးနဲ႔ ဆက္လက္ကစားရမွာျဖစ္လုိ႔ နည္းျပသစ္ အူႏုိင္းအမ္မရီ Unai Emery အတြက္ ဖိအားမ်ားေနပါၿပီ။ ေနာက္ၿပီး စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကြင္းက အာဆင္နယ္အသင္းရဲ႕ မွတ္တမ္းဆုိးေၾကာင့္လည္း ႐ုန္းကန္ရဖုိ႔ရွိေနတယ္။ အာဆင္နယ္အသင္းဟာ ၂၀၁၁ ၊ ေအာက္တိုဘာလတုန္းက ခ်ယ္လ္ဆီးကုိ (၅-၃)ဂုိးနဲ႔ အႏုိင္ရခဲ့ၿပီးေနာက္ပုိင္း စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကြင္းမွာ တစ္ႀကိမ္မွ အႏုိင္မရေတာ့ဘဲ ၿပိဳင္ပဲြစုံ (၇)ပဲြကစားခဲ့တာမွာ (၅)ပဲြ႐ႈံး၊ (၂)ပဲြသေရက်ခဲ့တယ္။ ဒီႏွစ္သငး္ရဲ႕ ေလာေလာဆယ္အေျခအေနကုိ သုံးသပ္ရင္လည္း ႏုိင္ပဲြရယူထားတဲ့ ခ်ယ္လ္ဆီးအသင္းထက္ အမွတ္မရေသးတဲ့ အာဆင္နယ္အသင္းက ပုိဖိအားမ်ားေနႏုိင္တယ္။ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကြင္းမွာ ႐ႈံးဖုိ႔ မရွိတဲ့ ခ်ယ္လ္ဆီးအသင္းကုိပဲ ေရြးခ်ယ္ခ်င္ပါတယ္။

Photo:Evening Standard,The Statesman
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စတမ်းဖို့ဒ်ဘရစ်ချ်မှာ အာဆင်နယ်ကို နောက်ဆုံး(၇)ပွဲဆက် အသာရခဲ့တဲ့မှတ်တမ်းကို ချယ်လ်ဆီး ဆက်ထိန်းနိုင်မလား

ချယ်လ်ဆီး – အာဆင်နယ် (စနေ ည ၁၁း၀၀ နာရီ)

ပရီးမီးယားလိဂ်ပွဲစဉ်(၂)ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်ပွဲ ပါဝင်နေပါတယ်။ ရာသီအဖွင့်ပွဲတုန်းက ချယ်လ်ဆီးအသင်း နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာပဲ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့လို့ အဖွင့်မလှခဲ့ဘူး။ ပွဲစဉ်(၁)ခြေစွမ်းအရ နှစ်သင်းစလုံးရဲ့ အနေအထားက သိပ်အားရစရာ မကောင်းပေမယ့် အခုပွဲမှတော့ အရင်ခြေစွမ်းမျိူး ပြန်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ချယ်လ်ဆီးအသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဟာဇက် Hazard ၊ ကွန်တေ Kante တို့ ပြန်ပါတော့မှာဖြစ်သလို အာဆင်နယ်အသင်းမှာလည်း အဓိက ကစားသမား အစုံအလင် ပွဲထွက်လာမှာပါ။

Morata-against-Mustafi

Morata-against-Mustafi

လက်ရှိအနေအထားအရ ချယ်လ်ဆီးရော၊ အာဆင်နယ်ပါ နည်းပြသစ်တွေနဲ့ ရာသီသစ်ကို ရင်ဆိုင်နေရတာဖြစ်လို့ ကစားကွက် အထိုင်မကျသေးတာကိုလည်း တွေ့ရတယ်။ အာဆင်နယ်အသင်းကတော့ အဖွင့်ပွဲမှာ မန်စီးတီးနဲ့ ရင်ဆိုင်အပြီး အခု ချယ်လ်ဆီးနဲ့ ဆက်လက်ကစားရမှာဖြစ်လို့ နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery အတွက် ဖိအားများနေပါပြီ။ နောက်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းက အာဆင်နယ်အသင်းရဲ့ မှတ်တမ်းဆိုးကြောင့်လည်း ရုန်းကန်ရဖို့ရှိနေတယ်။ အာဆင်နယ်အသင်းဟာ ၂၀၁၁ ၊ အောက်တိုဘာလတုန်းက ချယ်လ်ဆီးကို (၅-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ တစ်ကြိမ်မှ အနိုင်မရတော့ဘဲ ပြိုင်ပွဲစုံ (၇)ပွဲကစားခဲ့တာမှာ (၅)ပွဲရှုံး၊ (၂)ပွဲသရေကျခဲ့တယ်။ ဒီနှစ်သင်းရဲ့ လောလောဆယ်အခြေအနေကို သုံးသပ်ရင်လည်း နိုင်ပွဲရယူထားတဲ့ ချယ်လ်ဆီးအသင်းထက် အမှတ်မရသေးတဲ့ အာဆင်နယ်အသင်းက ပိုဖိအားများနေနိုင်တယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ရှုံးဖို့ မရှိတဲ့ ချယ်လ်ဆီးအသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

Photo:Evening Standard,The Statesman
Naing Linn(Akhayar)
www.akhayar.com