[Zawgyi]

ခ်ယ္လ္ဆီး-လီဗာပူးလ္တို႔ ကစားမယ့္ ပရီးမီးယားလိဂ္ပဲြနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

ဒီရာသီမွာ ေတာက္ေလွ်ာက္ ေျခစြမ္းျပေနၿပီး အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ လီဗာပူးလ္အသင္းဟာ ခ်ယ္လ္ဆီးနဲ႔ အေ၀းကြင္းပဲြက်ပ္ ကစားရေတာ့မွာျဖစ္ပါတယ္။ ၿပီးခဲတ့ဲတစ္ပတ္မွာ ၀က္စ္ဟမ္းကုိ သေရက်ခဲ့လုိ႔ လီဗာပူးလ္နဲ႔ (၂)မွတ္ကြာ၊ မန္စီးတီးနဲ႔ (၁၆)မွတ္တူ ဂုိးကြာျခားခ်က္နဲ႔ အမွတ္ေပးဇယား အဆင့္(၃)ကုိ က်ဆင္းခဲ့တဲ့ ခ်ယ္လ္ဆီး အိမ္ကြင္းမွာ ဘာေတြလုပ္ျပမလဲ၊ လီဗာပူးလ္ကုိ ေက်ာ္ျဖတ္ၿပီး အမွတ္ေပးဇယား ထိပ္ဆုံးကုိ တက္လွမ္းႏုိင္မလားဆုိတာ စိတ္၀င္စားစရာပဲ။ ဒါေၾကာင့္ ဒီပဲြမတိုင္ခင္ ဒီႏွစ္သင္းရဲ႕ ဒဏ္ရာရ ကစားသမားစာရင္း၊ ထူးျခားခ်က္ေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . .

Chelsea-Players-Celebrate

Chelsea-Players-Celebrate

ဒဏ္ရာရကစားသမားစာရင္း
ခ်ယ္လ္ဆီးေနာက္ခံလူ ခရစၥတန္ဆင္ Christensen ဟာ အစာအိမ္ေရာဂါကေန ျပန္သက္သာလာၿပီျဖစ္လုိ႔ ဒီပဲြမွာ ပါ၀င္ကစားဖုိ႔ ရွိေနတယ္။ ႐ူဒီဂါ Rudiger ၊ ပတ္ဒ႐ုိ Pedro ၊ ေလာ့ဖ္တက္ခ်ိခ္ Loftus-Cheek တို႔လည္း အသင္းနဲ႔အတူ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီျဖစ္ပါတယ္။ ေဆာက္သမ္တန္နဲ႔ပဲြတုန္းက ဒဏ္ရာ ရခဲ့တဲ့ လီဗာပူးလ္ေနာက္ခံလူ ဗန္ဒုိက္ Van Dijk ဒီပဲြမွာ ပါ၀င္ကစားဖုိ႔ မေသခ်ာပါဘူး။ လိဂ္ဖလားပဲြကုိ လဲြေခ်ာ္ခဲ့တဲ့ အာႏုိးလ္ Arnold ၊ ၀ုိင္နယ္လ္ဒန္း Wijnaldum တို႔ အသင္းနဲ႔ ေလ့က်င့္ခန္းျပန္ဆင္းေနပါၿပီ။

Liverpool-Players-Celebrate

Liverpool-Players-Celebrate

ထူးျခားခ်က္မ်ား
– လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ အသင္းေတြထဲမွာ ႐ႈံးပဲြအမ်ားဆုံးက မန္ယူ(၂၈ပဲြ) ျဖစ္ၿပီး မန္ယူၿပီးရင္ ဒုတိယအမ်ားဆုံးက ခ်ယ္လ္ဆီး(၂၀ပဲြ)ျဖစ္ပါတယ္။
– တကယ္လုိ႔ လီဗာပူးလ္အသင္းသာ ဒီပဲြကုိ အႏုိင္ရခဲ့ရင္ အသင္းသမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္အျဖစ္ ထိပ္တန္းလိဂ္မွာ (၇)ပဲြဆက္ ႏုိင္ပဲြ မွတ္တမ္းကုိ ပုိင္ဆုိင္မွာပါ။
– ပရီးမီးယားလိဂ္ သမုိင္းမွာ ရာသီအစ (၇)ပဲြဆက္ အႏုိင္ရခဲ့တာက ခ်ယ္လ္ဆီးတစ္သင္းတည္းရွိၿပီး ၂၀၀၅-၀၆ ရာသီမွာ စံခ်ိန္တင္ႏုိင္ခဲ့တာျဖစ္ပါတယ္။
– ပရီးမီးယားလိဂ္ ႀကီး(၆)ႀကီးအသင္းေတြနဲ႔ အေ၀းကြင္း (၈)ပဲြကစားခဲ့တာမွာ လီဗာပူးလ္အသင္း (၁)ပဲြသာ အႏုိင္ရခဲ့ပါတယ္။
– ခ်ယ္လ္ဆီးတိုက္စစ္မွဴး ဂ်႐ူး Giroud ဟာ လီဗာပူးလ္နဲ႔ ရင္ဆုိင္ခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး(၆)ပဲြမွာ (၅)ဂုိးအထိ သြင္းယူခဲ့တယ္။
– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ဟာ ခ်ယ္လ္ဆီးနဲ႔ ပရီးမီးယားလိဂ္ အေ၀းကြင္း (၃)ပဲြမွာ (၂)ပဲြ အႏုိင္ရခဲ့တယ္။
– ဒီရာသီမွာ လီဗာပူးလ္ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဆာလာ Salah နဲ႔ မာေနး Mane တို႔ ႏွစ္ဦးေပါင္း ဂုိးဖန္တီးမႈက (၁၀)ႀကိမ္အထိ ရွိေနၿပီး တျခားတိုက္စစ္အတဲြေတြထက္ ပုိမ်ားပါတယ္။

REF:Sky Sports
Photo:KhelPanda,redphantom.info,Reuters UK
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီး-လီဗာပူးလ်တို့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်များ

ဒီရာသီမှာ တောက်လျှောက် ခြေစွမ်းပြနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးနဲ့ အဝေးကွင်းပွဲကျပ် ကစားရတော့မှာဖြစ်ပါတယ်။ ပြီးခဲတဲ့တစ်ပတ်မှာ ဝက်စ်ဟမ်းကို သရေကျခဲ့လို့ လီဗာပူးလ်နဲ့ (၂)မှတ်ကွာ၊ မန်စီးတီးနဲ့ (၁၆)မှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယား အဆင့်(၃)ကို ကျဆင်းခဲ့တဲ့ ချယ်လ်ဆီး အိမ်ကွင်းမှာ ဘာတွေလုပ်ပြမလဲ၊ လီဗာပူးလ်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပဲ။ ဒါကြောင့် ဒီပွဲမတိုင်ခင် ဒီနှစ်သင်းရဲ့ ဒဏ်ရာရ ကစားသမားစာရင်း၊ ထူးခြားချက်တွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . .

Chelsea-Players-Celebrate

Chelsea-Players-Celebrate

ဒဏ်ရာရကစားသမားစာရင်း
ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆင် Christensen ဟာ အစာအိမ်ရောဂါကနေ ပြန်သက်သာလာပြီဖြစ်လို့ ဒီပွဲမှာ ပါဝင်ကစားဖို့ ရှိနေတယ်။ ရူဒီဂါ Rudiger ၊ ပတ်ဒရို Pedro ၊ လော့ဖ်တက်ချိခ် Loftus-Cheek တို့လည်း အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲတုန်းက ဒဏ်ရာ ရခဲ့တဲ့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Van Dijk ဒီပွဲမှာ ပါဝင်ကစားဖို့ မသေချာပါဘူး။ လိဂ်ဖလားပွဲကို လွဲချော်ခဲ့တဲ့ အာနိုးလ် Arnold ၊ ဝိုင်နယ်လ်ဒန်း Wijnaldum တို့ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။

Liverpool-Players-Celebrate

Liverpool-Players-Celebrate

ထူးခြားချက်များ
– လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းတွေထဲမှာ ရှုံးပွဲအများဆုံးက မန်ယူ(၂၈ပွဲ) ဖြစ်ပြီး မန်ယူပြီးရင် ဒုတိယအများဆုံးက ချယ်လ်ဆီး(၂၀ပွဲ)ဖြစ်ပါတယ်။
– တကယ်လို့ လီဗာပူးလ်အသင်းသာ ဒီပွဲကို အနိုင်ရခဲ့ရင် အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက်အဖြစ် ထိပ်တန်းလိဂ်မှာ (၇)ပွဲဆက် နိုင်ပွဲ မှတ်တမ်းကို ပိုင်ဆိုင်မှာပါ။
– ပရီးမီးယားလိဂ် သမိုင်းမှာ ရာသီအစ (၇)ပွဲဆက် အနိုင်ရခဲ့တာက ချယ်လ်ဆီးတစ်သင်းတည်းရှိပြီး ၂၀၀၅-၀၆ ရာသီမှာ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
– ပရီးမီးယားလိဂ် ကြီး(၆)ကြီးအသင်းတွေနဲ့ အဝေးကွင်း (၈)ပွဲကစားခဲ့တာမှာ လီဗာပူးလ်အသင်း (၁)ပွဲသာ အနိုင်ရခဲ့ပါတယ်။
– ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူး Giroud ဟာ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး(၆)ပွဲမှာ (၅)ဂိုးအထိ သွင်းယူခဲ့တယ်။
– လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ဟာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း (၃)ပွဲမှာ (၂)ပွဲ အနိုင်ရခဲ့တယ်။
– ဒီရာသီမှာ လီဗာပူးလ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာ Salah နဲ့ မာနေး Mane တို့ နှစ်ဦးပေါင်း ဂိုးဖန်တီးမှုက (၁၀)ကြိမ်အထိ ရှိနေပြီး တခြားတိုက်စစ်အတွဲတွေထက် ပိုများပါတယ်။

REF:Sky Sports
Photo:KhelPanda,redphantom.info,Reuters UK
Naing Linn(Akhayar)
www.akhayar.com