[Zawgyi]

ခ်ယ္လ္ဆီးအသင္း ဘာလို႔ ခုခ်ိန္ထိရံႈးပြဲမရိွေသးတာလဲ

လက္ရိွ ဥေရာပထိပ္တန္းလိဂ္(၅)ခုမွာ ျပိဳင္ပြဲစံု ရံႈးပြဲမရိွေသးတဲ႔ အသင္းက တစ္သင္းပဲရိွပါေတာ႔တယ္။ ဒီအသင္းကေတာ႔ နည္းျပ ဆာရီ Sarri ရဲ႕ ခ်ယ္လ္ဆီးအသင္းပါပဲ။ ခ်ယ္လ္ဆီးအသင္းဟာ လက္ရိွမွာ ျပိဳင္ပြဲစံု(၁၇)ပြဲဆက္ ရံႈးပြဲမရိွကစားထားပါတယ္။ ဒါေပမယ္႔ ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၄ – ၂၀၁၅ ေဘာလံုးရာသီက ျပိဳင္ပြဲစံု(၂၁)ပြဲဆက္ ရံႈးပြဲမရိွကစားထားတာေၾကာင္႔ အဲဒီစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။ ခ်ယ္လ္ဆီးအသင္း ဘာလို႔ ရံႈးပြဲမရိွေသးတာလဲဆိုတာဟာ စိတ္၀င္စားစရာျဖစ္ျပီး ရံႈးပြဲမရိွေအာင္စြမ္းေဆာင္ထားႏိုင္တဲ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ေကာင္းကြက္ေတြကို ေ၀မွ်ေပးလိုက္ပါတယ္။

(၁) ကီပါ Kepa

Kepa

Kepa

ကမၻာ႔ေစ်းအၾကီးဆံုးဂိုးသမားဆိုတဲ႔ ဖိအားနဲ႔ ခ်ယ္လ္ဆီၤးအသင္းကို ေရာက္လာတဲ႔ ကီပါ Kepa ဟာ အသင္းမွာ တည္ျငိမ္ျငိမ္နဲ႔ ေရွ႕ဆက္ႏိုင္ခဲ႔ပါတယ္။ ထင္သေလာက္လက္စြမ္းျပႏိုင္ျခင္းေတာ႔မရိွေပမယ္႔ အသင္းရဲ႕ ဂိုးေပါက္မွာ သူရဲ႕တည္ျငိမ္မႈဟာ အသင္းေဖာ္ေတြအတြက္ သက္သာရာရေစပါတယ္။

(၂) အသင္းလိုက္ ကစားပံုေကာင္းမြန္ျခင္

Chelsea

Chelsea

နည္းျပ ဆာရီ ရဲ႕ အသင္းဟာ အသင္းလိုက္ ကစားပံုေကာင္းမြန္ျပီး ေရွ႕၊ လယ္ ၊ ေနာက္ ညီညြတ္ေကာင္းမြန္တဲ႔အသင္းျဖစ္ပါတယ္။ အသင္းရဲ႕ ကစားသမားတစ္ေယာက္ျခင္းစီတိုင္းဟာၾကိဳးစားမႈေကာင္းတဲ႔သူေတြျဖစ္တာေၾကာင္႔လည္း ဒီအခ်က္ကို ပံုေဖာ္ႏိုင္တာပါ။

(၃) ဘာကေလ Barkley

Sarri-And-Barkley

Sarri-And-Barkley

ခ်ယ္လ္ဆီးအသင္းမွာ ဆာရီရဲ႕ လက္နက္ပုန္းက ဘာကေလ Barkley လို႔ျမင္မိတယ္။ တခ်ိဳ႕ကေတာ႔ ေယာ္ဂ်င္ဟို Jorginho လည္းေကာင္းတယ္လို႔ ေျပာႏိုင္ၾကေပမယ္႔ ဆာရီရဲ႕ လက္ေအာက္မွာ ဘာကေလ ရဲ႕ တုိးတက္မႈက လ်င္ျမန္ခဲ႔တာပါ။ ခ်ယ္လ္ဆီးအသင္းတိုက္စစ္ စတင္တဲ႔ ေနရာမွာလည္း သူနဲ႔ ဟာဇက္ Hazard တို႔ရဲ႕ အတြဲအဖက္ေတြကို ျမင္ေတြ႕ရမွာျဖစ္ျပီး လိုအပ္ရင္လည္း အသင္းကို ကယ္တင္ေပးႏိုင္သူပါ။

(၄) ဟာဇက္ Hazard

Hazard-Celebrate

Hazard-Celebrate

ဒီႏွစ္မွာေတာ႔ ဟာဇက္ ရဲ႕ ေျခစြမ္းဟာ အေကာင္းဆံုးတိုးတက္လာခဲ႔သလို ကမၻာ႔အဆင္႔ ကစားသမားအျဖစ္ပါ အားလံုးက အသိအမွတ္ျပဳထားၾကပါျပီ။ ဟာဇက္ ရဲ႕ ဘယ္ေတာင္ပံတစ္ေလွ်ာက္ ျပိဳင္ဘက္ကိုဖိအားေပး တိုက္စစ္ဆင္မႈေတြဟာ အသင္းရဲ႕ ရလဒ္ေကာင္းေတြအတြက္ အေထာက္အပံေတြပါပဲ။

(၅) ေျခစြမ္းမေကာင္းေတာင္ ရလဒ္ေကာင္းေအာင္ ကစားႏိုင္ျခင္း

Barkley-Score

Barkley-Score

ဒီအခ်က္ဟာ အသင္းၾကီးတစ္သင္းအတြက္ အေရးပါတဲ႔ အခ်က္ပါ။ ေဘာလံုးရာသီရွည္ၾကီးမွာ ပြဲတိုင္းေျခစြမ္းေကာင္းဖို႔ဟာ မလြယ္ေပမယ္႔ ရလဒ္ေကာင္းေအာင္ ကစားႏိုင္ဖို႔ကေတာ႔ အေရးၾကီးပါတယ္။

(၆) အရန္ကစားသမားမ်ား အားကိုးရျခင္း

 Loftus-Cheek

Loftus-Cheek

ခ်ယ္လ္ဆီးအသင္းဟာ ျပိဳင္ပြဲစံုပြဲဆက္မ်ားမ်ား ကစားရတာေၾကာင္႔ လိဂ္ဖလား နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာ နည္းျပဆာရီ ဟာ အရန္ကစားသမားေတြကို အဓိက ဦးစားေပးသံုးေလ႔ရိွပါတယ္။ အရန္ကစားသမားေတြဟာ အဲဒီျပိဳင္ပြဲေတြမွာ အေကာင္းဆံုးကစားႏိုင္ခဲ႔ၾကသလို ဥပမာေပးျပီး ေျပာရရင္ေတာ႔ ေလာဖ္႔တပ္ခ်ိခ္ Loftus-Cheek လို႔ပဲေျပာခ်င္ပါတယ္။

Photo: FOX Sports Philippines , The Independent , Chelsea News , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးအသင်း ဘာလို့ ခုချိန်ထိရှုံးပွဲမရှိသေးတာလဲ

လက်ရှိ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးတဲ့ အသင်းက တစ်သင်းပဲရှိပါတော့တယ်။ ဒီအသင်းကတော့ နည်းပြ ဆာရီ Sarri ရဲ့ ချယ်လ်ဆီးအသင်းပါပဲ။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ပြိုင်ပွဲစုံ(၁၇)ပွဲဆက် ရှုံးပွဲမရှိကစားထားပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ၂၀၁၄ – ၂၀၁၅ ဘောလုံးရာသီက ပြိုင်ပွဲစုံ(၂၁)ပွဲဆက် ရှုံးပွဲမရှိကစားထားတာကြောင့် အဲဒီစံချိန်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ချယ်လ်ဆီးအသင်း ဘာလို့ ရှုံးပွဲမရှိသေးတာလဲဆိုတာဟာ စိတ်ဝင်စားစရာဖြစ်ပြီး ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားနိုင်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကောင်းကွက်တွေကို ဝေမျှပေးလိုက်ပါတယ်။

(၁) ကီပါ Kepa

Kepa

Kepa

ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားဆိုတဲ့ ဖိအားနဲ့ ချယ်လ်ဆီၤးအသင်းကို ရောက်လာတဲ့ ကီပါ Kepa ဟာ အသင်းမှာ တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ ထင်သလောက်လက်စွမ်းပြနိုင်ခြင်းတော့မရှိပေမယ့် အသင်းရဲ့ ဂိုးပေါက်မှာ သူရဲ့တည်ငြိမ်မှုဟာ အသင်းဖော်တွေအတွက် သက်သာရာရစေပါတယ်။

(၂) အသင်းလိုက် ကစားပုံကောင်းမွန်ခြင်

Chelsea

Chelsea

နည်းပြ ဆာရီ ရဲ့ အသင်းဟာ အသင်းလိုက် ကစားပုံကောင်းမွန်ပြီး ရှေ့၊ လယ် ၊ နောက် ညီညွတ်ကောင်းမွန်တဲ့အသင်းဖြစ်ပါတယ်။ အသင်းရဲ့ ကစားသမားတစ်ယောက်ခြင်းစီတိုင်းဟာကြိုးစားမှုကောင်းတဲ့သူတွေဖြစ်တာကြောင့်လည်း ဒီအချက်ကို ပုံဖော်နိုင်တာပါ။

(၃) ဘာကလေ Barkley

Sarri-And-Barkley

Sarri-And-Barkley

ချယ်လ်ဆီးအသင်းမှာ ဆာရီရဲ့ လက်နက်ပုန်းက ဘာကလေ Barkley လို့မြင်မိတယ်။ တချို့ကတော့ ယော်ဂျင်ဟို Jorginho လည်းကောင်းတယ်လို့ ပြောနိုင်ကြပေမယ့် ဆာရီရဲ့ လက်အောက်မှာ ဘာကလေ ရဲ့ တိုးတက်မှုက လျင်မြန်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းတိုက်စစ် စတင်တဲ့ နေရာမှာလည်း သူနဲ့ ဟာဇက် Hazard တို့ရဲ့ အတွဲအဖက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး လိုအပ်ရင်လည်း အသင်းကို ကယ်တင်ပေးနိုင်သူပါ။

(၄) ဟာဇက် Hazard

Hazard-Celebrate

Hazard-Celebrate

ဒီနှစ်မှာတော့ ဟာဇက် ရဲ့ ခြေစွမ်းဟာ အကောင်းဆုံးတိုးတက်လာခဲ့သလို ကမ္ဘာ့အဆင့် ကစားသမားအဖြစ်ပါ အားလုံးက အသိအမှတ်ပြုထားကြပါပြီ။ ဟာဇက် ရဲ့ ဘယ်တောင်ပံတစ်လျှောက် ပြိုင်ဘက်ကိုဖိအားပေး တိုက်စစ်ဆင်မှုတွေဟာ အသင်းရဲ့ ရလဒ်ကောင်းတွေအတွက် အထောက်အပံတွေပါပဲ။

(၅) ခြေစွမ်းမကောင်းတောင် ရလဒ်ကောင်းအောင် ကစားနိုင်ခြင်း

Barkley-Score

Barkley-Score

ဒီအချက်ဟာ အသင်းကြီးတစ်သင်းအတွက် အရေးပါတဲ့ အချက်ပါ။ ဘောလုံးရာသီရှည်ကြီးမှာ ပွဲတိုင်းခြေစွမ်းကောင်းဖို့ဟာ မလွယ်ပေမယ့် ရလဒ်ကောင်းအောင် ကစားနိုင်ဖို့ကတော့ အရေးကြီးပါတယ်။

(၆) အရန်ကစားသမားများ အားကိုးရခြင်း

 Loftus-Cheek

Loftus-Cheek

ချယ်လ်ဆီးအသင်းဟာ ပြိုင်ပွဲစုံပွဲဆက်များများ ကစားရတာကြောင့် လိဂ်ဖလား နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ နည်းပြဆာရီ ဟာ အရန်ကစားသမားတွေကို အဓိက ဦးစားပေးသုံးလေ့ရှိပါတယ်။ အရန်ကစားသမားတွေဟာ အဲဒီပြိုင်ပွဲတွေမှာ အကောင်းဆုံးကစားနိုင်ခဲ့ကြသလို ဥပမာပေးပြီး ပြောရရင်တော့ လောဖ့်တပ်ချိခ် Loftus-Cheek လို့ပဲပြောချင်ပါတယ်။

Photo: FOX Sports Philippines , The Independent , Chelsea News , Goal.com
Ko Kyue(Akhayar)
www.akhayar.com