[Zawgyi]

ေဒါ႔မြန္အသင္းမွာပဲ ဆက္ရိွေနမယ္႔ ပူလီရွစ္ Pulisic

ဒီရက္ပိုင္းမွာ အေျပာင္းအေရႊ႕သတင္းေတြ ဆက္တိုက္ထြက္ေနတဲ႔ ေဒါ႔မြန္အသင္းရဲ႕ အေမရိကန္ ကြင္းလယ္တုိက္စစ္ကစားသမား ပူလီရွစ္ Pulisic ဟာ အသင္းမွာပဲ ဆက္ရိွေနမွာျဖစ္တယ္လို႔ သိရပါတယ္။ ပူလီရွစ္ ကိုေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြျဖစ္ၾကတဲ႔ ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္အသင္းေတြက စိတ္၀င္စားေနၾကတာပါ။ ဒီႏွစ္သင္းထဲမွာ ခ်ယ္လ္ဆီးအသင္းဟာ ပူလီရွစ္ကို လာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာေခၚယူႏိုင္ေတာ႔မယ္လို႔ သတင္းေတြထြက္ခဲ႔ပါေသးတယ္။

Pulisic

Pulisic

လက္ရိွမွာေတာ႔ ေဒါ႔မြန္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ Michael Zorc က ပူလီရွစ္ အေနနဲ႔ လာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ အသင္းကေနထြက္ခြာဖုိ႔ အခြင္႔အေရးရမွာမဟုတ္ဘဲ သူ႕အေနနဲ႔ ဂ်ာမနီမွာ ဒီႏွစ္ေဘာလံုးရာသီကုန္အထိ အနည္းဆံုးရိွသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ႔ပါတယ္။ ဒီအေနအထားေတြေၾကာင္႔ ပူလီရွစ္ ရဲ႕ အနာဂတ္ဟာ ေဒါ႔မြန္အသင္းမွာပဲ ဆက္ရိွေနမွာျဖစ္ျပီး ရာသီကုန္ရင္ေတာ႔ ဘယ္လိုေတြျဖစ္လာမလဲဆိုတာ စိတ္၀င္စားစရာပါ။ အသက္(၂၀)အရြယ္ရိွျပီျဖစ္သူ ပူလီရွစ္ ဟာ ဒီႏွစ္ေဘာလံုးရာသီမွာ လက္ရိွအခ်ိန္ထိ ေဒါ႔မြန္အသင္းအတြက္(၁၀)ပြဲကစား (၃)ဂိုးသြင္းယူထားပါတယ္။

Ref: Goal.com
Photo: GQ , Ghanasoccernet.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒေါ့မွန်အသင်းမှာပဲ ဆက်ရှိနေမယ့် ပူလီရှစ် Pulisic

ဒီရက်ပိုင်းမှာ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်နေတဲ့ ဒေါ့မွန်အသင်းရဲ့ အမေရိကန် ကွင်းလယ်တိုက်စစ်ကစားသမား ပူလီရှစ် Pulisic ဟာ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။ ပူလီရှစ် ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတွေက စိတ်ဝင်စားနေကြတာပါ။ ဒီနှစ်သင်းထဲမှာ ချယ်လ်ဆီးအသင်းဟာ ပူလီရှစ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။

Pulisic

Pulisic

လက်ရှိမှာတော့ ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ Michael Zorc က ပူလီရှစ် အနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာဖို့ အခွင့်အရေးရမှာမဟုတ်ဘဲ သူ့အနေနဲ့ ဂျာမနီမှာ ဒီနှစ်ဘောလုံးရာသီကုန်အထိ အနည်းဆုံးရှိသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအနေအထားတွေကြောင့် ပူလီရှစ် ရဲ့ အနာဂတ်ဟာ ဒေါ့မွန်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး ရာသီကုန်ရင်တော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အသက်(၂၀)အရွယ်ရှိပြီဖြစ်သူ ပူလီရှစ် ဟာ ဒီနှစ်ဘောလုံးရာသီမှာ လက်ရှိအချိန်ထိ ဒေါ့မွန်အသင်းအတွက်(၁၀)ပွဲကစား (၃)ဂိုးသွင်းယူထားပါတယ်။

Ref: Goal.com
Photo: GQ , Ghanasoccernet.com
Ko Kyue(Akhayar)
www.akhayar.com