[Zawgyi]

ခ်ယ္လ္ဆီးပစ္မွတ္ ဂိုလိုဗင္ Golovin ကို ေခၚယူဖို႔ CSKA ေမာ္စကိုနဲ႔ သေဘာတူညီမႈရရွိခဲ့တဲ့ မိုနာကို

ခ်ယ္လ္ဆီးပစ္မွတ္ကစားသမား ဂိုလိုဗင္ Golovin ကို ေခၚယူဖို႔ CSKA ေမာ္စကိုအသင္းနဲ႔ ျပင္သစ္လီဂူးကလပ္ မိုနာကိုအသင္းတို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အိမ္ရွင္ရုရွားအသင္းအတြက္ ေျခစြမ္းျပ ကစားေပးခဲ့တဲ့ ကြင္းလယ္လူ ဂိုလိုဗင္ Golovin ကို ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္းက ေခၚယူဖို႔ ပစ္မွတ္ထားခဲ့ေပမယ့္ တရားဝင္ကမ္းလွမ္းမႈေတြ ျပဳလုပ္ဖို႔ ေႏွာင့္ေႏွးခဲ့တာေၾကာင့္ မိုနာကိုအသင္းက လက္ဦးမႈ ရယူခဲ့တာပါ။ အသက္ (၂၂)ႏွစ္အရြယ္ရွိ ကြင္းလယ္လူ ဂိုလိုဗင္ Golovin အတြက္ မိုနာကိုအသင္းရဲ႕ ေပါင္ (၂၇)သန္းတန္ ကမ္းလွမ္းမႈကို CSKA ေမာ္စကိုအသင္းက လက္ခံခဲ့တာျဖစ္ၿပီး ျပင္သစ္လီဂူးကလပ္နဲ႔ (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားေတာ့မွာျဖစ္ပါတယ္။ အသင္းက ထြက္ခြာသြားတဲ့ ေသာမတ္စ္လီမာ Thomas Lemar ရဲ႕ ေနရာမွာ အစားထိုးဖို႔ ဂိုလိုဗင္ Golovin ကို ေခၚယူခဲ့တာျဖစ္ေၾကာင္း မိုနာကိုအသင္းက သတင္းထုတ္ျပန္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ကစားသမားကို ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ အက္သလက္တီကိုအသင္းကို ေပါင္ (၆၆)သန္းနဲ႔ ေျပာင္းေရႊ႕သြားတဲ့ ကြင္းလယ္လူ ေသာမတ္စ္လီမာ Thomas Lemar ရဲ႕ ေနရာကို အေကာင္းဆံုးျဖည့္ဆည္းႏိုင္ဖို႔ ဂိုလိုဗင္ Golovin ကို ေခၚယူဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း မိုနာကိုအသင္းရဲ႕ နည္းျပ ယာဒင္ Jardim က ေျပာၾကားခဲ့ပါတယ္။

Chelsea-target-Aleksandr-Golovin-is-set-for-a-medical-at-Monaco

Chelsea-target-Aleksandr-Golovin-is-set-for-a-medical-at-Monaco

အခုႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ခ်ယ္လ္ဆီးကို ဂိုလိုဗင္ Golovin ေျပာင္းေရႊ႕ကစားေတာ့မွာျဖစ္ေၾကာင္း CSKA ေမာ္စကိုအသင္းရဲ႕ ကစားသမားေတြက ေျပာၾကားခဲ့တဲ့အထိ လန္ဒန္အေျခစိုက္ကလပ္ကို ေျပာင္းေရႊ႕ဖို႔ အနီးစပ္ဆံုးအေနအထားျဖစ္ၿပီးမွ မိုနာကိုကို ရုတ္တရက္ေျပာင္းေရႊ႕ခဲ့တာပါ။ မိုနာကိုအသင္းမွာ နည္းစနစ္ဒါရိုက္တာအျဖစ္ တာဝန္ယူထားတဲ့ အီမီနာလို Emenalo က ဂိုလိုဗင္ Golovin ရဲ႕ အေျပာင္းအေရႊ႕မွာ အဓိကက်ခဲ့ၿပီး အသင္းေဟာင္းခ်ယ္လ္ဆီးက ေခၚယူဖို႔ ပစ္မွတ္ထားခဲ့တဲ့ ကစားသမားကို လက္ဦးမႈရယူကာ ေခၚယူခဲ့ၿပီး အသင္းေဟာင္းကို ထိုးႏွက္ခဲ့တာပါပဲ။ အသင္းကထြက္ခြာခဲ့တဲ့ ေသာမတ္စ္လီမာ Thomas Lemar နဲ႔ ေမာ္တင္ဟို Moutinho တို႔ရဲ႕ ေနရာကို အစားထိုးဖို႔ ဂိုလိုဗင္ Golovin ကို ေခၚယူခဲ့တာျဖစ္ေၾကာင္း မိုနာကိုအသင္းရဲ႕ ဥကၠဌ ကိုယ္တိုင္က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ အဓိကပစ္မွတ္ကစားသမားတစ္ဦး ဆံုးရံႈးခဲ့လို႔ အသင္းကို အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ဖို႔ စီစဥ္ေနခဲ့တဲ့ နည္းျပ ဆာရီ Sarri အတြက္ ေနာက္ထပ္ကစားသမားတစ္ဦးကို ေစ်းကြက္မပိတ္ခင္ ရွာေဖြသြားရေတာ့မွာ ျဖစ္ပါတယ္။

CSKA-Moscow-midfielder-Golovin

CSKA-Moscow-midfielder-Golovin

ဂိုလိုဗင္ Golovin ရဲ႕ ကစားသမားဘဝ ေအာင္ျမင္မႈမ်ား

CSKA Moscow
Russian Premier League: 2015–16
International
Russia U-17 (UEFA European Under-17 Championship: 2013)
Russia U-19 (UEFA European Under-19 Championship Runners-up: 2015)

REF:Daily Mail
Photo:The World News.Net, SI.com, Kqube
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးပစ်မှတ် ဂိုလိုဗင် Golovin ကို ခေါ်ယူဖို့ CSKA မော်စကိုနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ မိုနာကို

ချယ်လ်ဆီးပစ်မှတ်ကစားသမား ဂိုလိုဗင် Golovin ကို ခေါ်ယူဖို့ CSKA မော်စကိုအသင်းနဲ့ ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ရုရှားအသင်းအတွက် ခြေစွမ်းပြ ကစားပေးခဲ့တဲ့ ကွင်းလယ်လူ ဂိုလိုဗင် Golovin ကို ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ နှောင့်နှေးခဲ့တာကြောင့် မိုနာကိုအသင်းက လက်ဦးမှု ရယူခဲ့တာပါ။ အသက် (၂၂)နှစ်အရွယ်ရှိ ကွင်းလယ်လူ ဂိုလိုဗင် Golovin အတွက် မိုနာကိုအသင်းရဲ့ ပေါင် (၂၇)သန်းတန် ကမ်းလှမ်းမှုကို CSKA မော်စကိုအသင်းက လက်ခံခဲ့တာဖြစ်ပြီး ပြင်သစ်လီဂူးကလပ်နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုသွားတော့မှာဖြစ်ပါတယ်။ အသင်းက ထွက်ခွာသွားတဲ့ သောမတ်စ်လီမာ Thomas Lemar ရဲ့ နေရာမှာ အစားထိုးဖို့ ဂိုလိုဗင် Golovin ကို ခေါ်ယူခဲ့တာဖြစ်ကြောင်း မိုနာကိုအသင်းက သတင်းထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကစားသမားကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အက်သလက်တီကိုအသင်းကို ပေါင် (၆၆)သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်လူ သောမတ်စ်လီမာ Thomas Lemar ရဲ့ နေရာကို အကောင်းဆုံးဖြည့်ဆည်းနိုင်ဖို့ ဂိုလိုဗင် Golovin ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း မိုနာကိုအသင်းရဲ့ နည်းပြ ယာဒင် Jardim က ပြောကြားခဲ့ပါတယ်။

Chelsea-target-Aleksandr-Golovin-is-set-for-a-medical-at-Monaco

Chelsea-target-Aleksandr-Golovin-is-set-for-a-medical-at-Monaco

အခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးကို ဂိုလိုဗင် Golovin ပြောင်းရွှေ့ကစားတော့မှာဖြစ်ကြောင်း CSKA မော်စကိုအသင်းရဲ့ ကစားသမားတွေက ပြောကြားခဲ့တဲ့အထိ လန်ဒန်အခြေစိုက်ကလပ်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအနေအထားဖြစ်ပြီးမှ မိုနာကိုကို ရုတ်တရက်ပြောင်းရွှေ့ခဲ့တာပါ။ မိုနာကိုအသင်းမှာ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ အီမီနာလို Emenalo က ဂိုလိုဗင် Golovin ရဲ့ အပြောင်းအရွှေ့မှာ အဓိကကျခဲ့ပြီး အသင်းဟောင်းချယ်လ်ဆီးက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားကို လက်ဦးမှုရယူကာ ခေါ်ယူခဲ့ပြီး အသင်းဟောင်းကို ထိုးနှက်ခဲ့တာပါပဲ။ အသင်းကထွက်ခွာခဲ့တဲ့ သောမတ်စ်လီမာ Thomas Lemar နဲ့ မော်တင်ဟို Moutinho တို့ရဲ့ နေရာကို အစားထိုးဖို့ ဂိုလိုဗင် Golovin ကို ခေါ်ယူခဲ့တာဖြစ်ကြောင်း မိုနာကိုအသင်းရဲ့ ဥက္ကဌ ကိုယ်တိုင်က အတည်ပြု ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ အဓိကပစ်မှတ်ကစားသမားတစ်ဦး ဆုံးရှုံးခဲ့လို့ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေခဲ့တဲ့ နည်းပြ ဆာရီ Sarri အတွက် နောက်ထပ်ကစားသမားတစ်ဦးကို ဈေးကွက်မပိတ်ခင် ရှာဖွေသွားရတော့မှာ ဖြစ်ပါတယ်။

CSKA-Moscow-midfielder-Golovin

CSKA-Moscow-midfielder-Golovin

ဂိုလိုဗင် Golovin ရဲ့ ကစားသမားဘဝ အောင်မြင်မှုများ

CSKA Moscow
Russian Premier League: 2015–16
International
Russia U-17 (UEFA European Under-17 Championship: 2013)
Russia U-19 (UEFA European Under-19 Championship Runners-up: 2015)

REF:Daily Mail
Photo:The World News.Net, SI.com, Kqube
Aung Kyaw Wai (Akhayar)
www.akhayar.com