[Zawgyi]

ၿပိဳင္ဘက္ေတြ ၾကမ္းၾကမ္းတမ္းတမ္းကစားတာကုိ ဂ႐ုမစုိက္ဘူးလုိ႔ ဆုိခဲ့တဲ့ ဟာဇက္ Hazard

ခ်ယ္လ္ဆီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ Hazard က သူ႔ကုိ ၿပိဳင္ဘက္ ကစားသမားေတြ ဘယ္ေလာက္ပဲ ၾကမ္းၾကမ္းတမ္းတမ္းကစားပါေစ ဂ႐ုမစုိက္ဘဲ အခုထက္ ပုိၿပီးေျခစြမ္းျပကစားႏုိင္ေအာင္ ႀကိဳးစားသြားမယ္လုိ႔ ႀကံဳး၀ါးေျပာဆုိခဲ့တယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က နယူးကာဆယ္နဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြမွာ ၿပိဳင္ဘက္ကစားသမားေတြက ဟာဇက္ကုိ အသားလြတ္ ကန္တာမ်ိဳးရွိခဲ့ၿပီး ခဏခဏ ျပစ္ဒဏ္ က်ဴးလြန္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ဟာဇက္ကေတာ့ ပုံမွန္ေျခစြမ္းျပသခ့ဲၿပီး ပယ္နယ္တီကေန အဖြင့္ဂုိးသြင္းခဲ့တဲ့အျပင္ အဲဒီပဲြရဲ႕ Man-of-the-Match ဆုကုိလည္း ဆြတ္ခူးခဲ့တယ္။

Hazard-against-Rondon

Hazard-against-Rondon

ဟာဇက္က “ပရီးမီးယားလိဂ္မွာက လူခ်ခံရတယ္ဆုိတာ ပဲြတိုင္းပါပဲ။ ဒါေပမဲ့ အဲဒီအတြက္ ကၽြန္ေတာ္ ေစာဒက တက္ေနမွာ မဟုတ္ပါဘူး။ ကုိယ့္အလုပ္ကုိပဲ အေကာင္းဆုံး လုပ္ျပသြားမွာပါ။ ကုိယ့္ေျခေထာက္ထဲမွာ ေဘာလုံးရွိေနရင္ အကန္ခံရမွာျဖစ္ၿပီး အဲဒါကုိ ျပစ္တင္ေနလုိ႔ေတာ့ မရပါဘူး”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဟာဇက္ဟာ ၿပီးခဲ့တဲ့ရာသီက ျပစ္ဒဏ္ေဘာအက်ဴးလြန္ခံရဆုံး ကစားသမားစာရင္းမွာ ပါ၀င္ခဲ့ၿပီး (၅၂)ႀကိမ္အထိ ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ျပစ္ဒဏ္က်ဴးလြန္ခံရမႈ အမ်ားဆုံးကစားသမားမ်ား
Richarlison- 76
Dele Alli- 66
Jordan Ayew- 62
Alexis Sanchez- 56
Wilfried Zaha- 55
Eden Hazard- 52
Ashley Barnes- 45
Raheem Sterling- 44
Javier Hernandez- 42
Ruben Loftus-Cheek- 41

REF:Daily Mail
Photo:thesun,standard.co.uk
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပြိုင်ဘက်တွေ ကြမ်းကြမ်းတမ်းတမ်းကစားတာကို ဂရုမစိုက်ဘူးလို့ ဆိုခဲ့တဲ့ ဟာဇက် Hazard

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard က သူ့ကို ပြိုင်ဘက် ကစားသမားတွေ ဘယ်လောက်ပဲ ကြမ်းကြမ်းတမ်းတမ်းကစားပါစေ ဂရုမစိုက်ဘဲ အခုထက် ပိုပြီးခြေစွမ်းပြကစားနိုင်အောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့တယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးကာဆယ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြိုင်ဘက်ကစားသမားတွေက ဟာဇက်ကို အသားလွတ် ကန်တာမျိုးရှိခဲ့ပြီး ခဏခဏ ပြစ်ဒဏ် ကျူးလွန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဟာဇက်ကတော့ ပုံမှန်ခြေစွမ်းပြသခဲ့ပြီး ပယ်နယ်တီကနေ အဖွင့်ဂိုးသွင်းခဲ့တဲ့အပြင် အဲဒီပွဲရဲ့ Man-of-the-Match ဆုကိုလည်း ဆွတ်ခူးခဲ့တယ်။

Hazard-against-Rondon

Hazard-against-Rondon

ဟာဇက်က “ပရီးမီးယားလိဂ်မှာက လူချခံရတယ်ဆိုတာ ပွဲတိုင်းပါပဲ။ ဒါပေမဲ့ အဲဒီအတွက် ကျွန်တော် စောဒက တက်နေမှာ မဟုတ်ပါဘူး။ ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံး လုပ်ပြသွားမှာပါ။ ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးရှိနေရင် အကန်ခံရမှာဖြစ်ပြီး အဲဒါကို ပြစ်တင်နေလို့တော့ မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီက ပြစ်ဒဏ်ဘောအကျူးလွန်ခံရဆုံး ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး (၅၂)ကြိမ်အထိ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပြစ်ဒဏ်ကျူးလွန်ခံရမှု အများဆုံးကစားသမားများ
Richarlison- 76
Dele Alli- 66
Jordan Ayew- 62
Alexis Sanchez- 56
Wilfried Zaha- 55
Eden Hazard- 52
Ashley Barnes- 45
Raheem Sterling- 44
Javier Hernandez- 42
Ruben Loftus-Cheek- 41

REF:Daily Mail
Photo:thesun,standard.co.uk
Naing Linn(Akhayar)
www.akhayar.com