[Zawgyi]

၀ီလီယံ Willian အတြက္ ဘာစီလုိနာအသင္းက တတိယအႀကိမ္ကမ္းလွမ္းမႈကုိ ပယ္ခ်ခဲ့တဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးအသင္းဟာ သူတို႔အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံတိုက္စစ္ကစားသမား ၀ီလီယံ Willian အတြက္ ဘာစီလုိနာအသင္းက ေပါင္(၆၅)သန္းနဲ႔ ကမ္းလွမ္းမႈကုိ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ ဘာစီလုိနာအသင္းဟာ ၀ီလီယံကုိ တတိယအႀကိမ္ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ဆုေၾကးေငြေတြအပါအ၀င္ ေပါင္(၆၅)သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းကေတာ့ ထပ္မံ ျငင္းဆန္ခဲ့တာပါ။ ၀ီလီယံက ဘာစီလုိနာအသင္းကုိ ေျပာင္းေရႊ႕လုိေနေပမယ့္လည္း ခ်ယ္လ္ဆီးနည္းျပသစ္ ဆာရီ Sarri က ၀ီလီယံကုိ လက္လႊတ္မခံလုိတာေၾကာင့္ ဘာစီလုိနာအသင္း အခက္ေတြ႕ေနတာျဖစ္ေပမယ့္ တကယ္လုိ႔ႀကိဳက္ေစး်ရရင္ေတာ့ ခ်ယ္လ္ဆီးအသင္းက ေရာင္းခ်မယ့္အေနအထားပါပဲ။

the-midfielder-is-understood-to-be-keen-to-go

the-midfielder-is-understood-to-be-keen-to-go

ဘာစီလုိနာအသင္းဟာ ၀ီလီယံကုိ ေခၚဖုိ႔ လြန္ခဲ့တဲ့(၃)လေလာက္ကတည္းက စိတ္၀င္စားခဲ့တာျဖစ္သလုိ ေပါင္သန္း(၅၀)၊ ေပါင္(၅၃)သန္း၊ အခု ေပါင္(၆၅)သန္းအထိ ေပးၿပီး ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသငး္ကလည္း အခုအခ်ိန္မွာ အသင္းရဲ႕အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ ဟာဇက္ Hazard ကို ဆက္လက္ထိန္းသိမ္းဖုိ႔ ႀကိဳးပမ္းေနရသလုိ ဂုိးသမား ေကာ္တုိအာ Courtois ကလည္း ရီးယဲလ္အသင္းဆီ ေျပာင္းေရႊ႕ဖုိ႔ နီးစပ္ေနတာေၾကာင့္ ေနာက္ထပ္ အဓိက ကစားသမား ၀ီလီယံကုိ ေရာင္းခ်ဖုိ႔ ေတြေ၀ေနတာလည္းျဖစ္ႏုိင္တယ္။ ခ်ယ္လ္ဆီးအသင္းပုိင္ရွင္ ေအဘရာမုိဗစ္ခ်္ Abramovich နဲ႔ အသင္းတာ၀န္ရွိသူေတြဟာ ဒီတစ္ပတ္အတြင္း အသင္းရဲ႕ ကစားသမားအေျပာင္းအေရႊ႕ကိစၥေတြနဲ႔ပတ္သက္ၿပီး အစည္းအေ၀းျပဳလုပ္သြားမွာျဖစ္တာေၾကာင့္ အဲဒီအခ်ိန္က်ရင္ ၀ီလီယံရဲ႕အနာဂတ္က တိတိက်က်အေျဖထြက္လာဖုိ႔ေတာ့ ရွိပါတယ္။

REF:Daily Mail
Photo:101 Great Goals,CFCnet
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဝီလီယံ Willian အတွက် ဘာစီလိုနာအသင်းက တတိယအကြိမ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား ဝီလီယံ Willian အတွက် ဘာစီလိုနာအသင်းက ပေါင်(၆၅)သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဝီလီယံကို တတိယအကြိမ် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆုကြေးငွေတွေအပါအဝင် ပေါင်(၆၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကတော့ ထပ်မံ ငြင်းဆန်ခဲ့တာပါ။ ဝီလီယံက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုနေပေမယ့်လည်း ချယ်လ်ဆီးနည်းပြသစ် ဆာရီ Sarri က ဝီလီယံကို လက်လွှတ်မခံလိုတာကြောင့် ဘာစီလိုနာအသင်း အခက်တွေ့နေတာဖြစ်ပေမယ့် တကယ်လို့ကြိုက်စေးျရရင်တော့ ချယ်လ်ဆီးအသင်းက ရောင်းချမယ့်အနေအထားပါပဲ။

the-midfielder-is-understood-to-be-keen-to-go

the-midfielder-is-understood-to-be-keen-to-go

ဘာစီလိုနာအသင်းဟာ ဝီလီယံကို ခေါ်ဖို့ လွန်ခဲ့တဲ့(၃)လလောက်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်သလို ပေါင်သန်း(၅၀)၊ ပေါင်(၅၃)သန်း၊ အခု ပေါင်(၆၅)သန်းအထိ ပေးပြီး ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း အခုအချိန်မှာ အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဟာဇက် Hazard ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းနေရသလို ဂိုးသမား ကော်တိုအာ Courtois ကလည်း ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် နောက်ထပ် အဓိက ကစားသမား ဝီလီယံကို ရောင်းချဖို့ တွေဝေနေတာလည်းဖြစ်နိုင်တယ်။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် Abramovich နဲ့ အသင်းတာဝန်ရှိသူတွေဟာ ဒီတစ်ပတ်အတွင်း အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီး အစည်းအဝေးပြုလုပ်သွားမှာဖြစ်တာကြောင့် အဲဒီအချိန်ကျရင် ဝီလီယံရဲ့အနာဂတ်က တိတိကျကျအဖြေထွက်လာဖို့တော့ ရှိပါတယ်။

REF:Daily Mail
Photo:101 Great Goals,CFCnet
Naing Linn(Akhayar)
www.akhayar.com