[Zawgyi]

ကြန္ေတ Kante ကုိ တစ္ပတ္ေပါင္(၂၉၀၀၀၀)နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖုိ႔ ကမ္းလွမ္းခဲ့တဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီး Chelsea အသင္းဟာ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းက ပစ္မွတ္ထားေနတဲ့ သူတို႔ကြင္းလယ္လူ ကြန္ေတ Kante ကုိ လက္ရွိလစာထက္ (၂)ဆေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖုိ႔ ကမ္းလွမ္းခဲ့ပါတယ္။ ကြန္ေတဟာ ခ်ယ္လ္ဆီးအသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ ပထမဆုံးရာသီမွာပဲ ပရီးမီးယားလိဂ္ဖလားရယူႏုိင္ခဲ့တာေၾကာင့္ လက္ရွိ သူ႔ရဲ႕ေစ်းကြက္ေပါက္ေစ်းက အရင္ကထက္ ျမင့္တက္လာခဲ့တယ္။ ဒါ့အျပင္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ျပင္သစ္အသင္း ဗုိလ္စဲြခဲ့တုန္းကလည္း ကြန္ေတက အဓိက အခန္းက႑က ပါ၀င္ခဲ့သူပါ။

Kante-celebrate-with-World-Cup

Kante-celebrate-with-World-Cup

အဲဒါေၾကာင့္ PSG အသငး္က ကြန္ေတကုိ မ်က္စိက်ေနၿပီး ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သတင္းေတြ ထြက္ေနတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ သူတို႔ရဲ႕ အဓိက ကြင္းလယ္လူကုိ လက္မလႊတ္ရေစဖုိ႔အတြက္ ျမင့္မားတဲ့လစာေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖုိ႔ စီစဥ္ေနတာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းက ကြန္ေတကုိ တစ္ပတ္လစာအျဖစ္ ေပါင္(၂၉၀၀၀၀)အထိ ေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖုိ႔ ကမ္းလွမ္းခဲ့သလုိ ကြန္ေတဟာ (၅)ႏွစ္သက္တမ္းအရ ေပါင္(၁၅)သန္းအထိရရွိမွာျဖစ္ပါတယ္။ တကယ္လုိ႔ ကြန္ေတသာ စာခ်ဳပ္သက္တမ္းတိုးျဖစ္ခဲ့ရင္ ခ်ယ္လ္ဆီးအသင္းမွာ လစာေငြအမ်ားဆုံးကစားသမားအျဖစ္လည္း ရပ္တည္ႏုိင္ေတာ့မွာပါ။

Chelsea-Highest-Earner-Harzard

Chelsea-Highest-Earner-Harzard

အခုေလာေလာဆယ္ ခ်ယ္လ္ဆီးအသင္းမွာ လစာေငြအမ်ားဆုံးကစားသမားက ဟာဇက္ Hazard ျဖစ္ၿပီး တစ္ပတ္ကုိ ေပါင္(၂၂၀၀၀၀)ရရွိေနတာျဖစ္ပါတယ္။ ဟာဇက္ကုိ လာလီဂါထိပ္သီး ရီးယဲလ္အသငး္က ပစ္မွတ္ထားေနတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းက သက္တမ္းတိုးဖုိ႔ ျပင္ဆင္ေနၿပီး လက္ရွိလစာထက္ ပုိတိုးေပးသြားဖုိ႔ရွိေနပါၿပီ။

REF:Daily Mail
Photo:CHELSEADAFT,.dailymail,Sportz Move
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကွန်တေ Kante ကို တစ်ပတ်ပေါင်(၂၉၀၀၀၀)နဲ့ စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး Chelsea အသင်းဟာ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက ပစ်မှတ်ထားနေတဲ့ သူတို့ကွင်းလယ်လူ ကွန်တေ Kante ကို လက်ရှိလစာထက် (၂)ဆပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကွန်တေဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့တာကြောင့် လက်ရှိ သူ့ရဲ့ဈေးကွက်ပေါက်ဈေးက အရင်ကထက် မြင့်တက်လာခဲ့တယ်။ ဒါ့အပြင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ဗိုလ်စွဲခဲ့တုန်းကလည်း ကွန်တေက အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူပါ။

Kante-celebrate-with-World-Cup

Kante-celebrate-with-World-Cup

အဲဒါကြောင့် PSG အသင်းက ကွန်တေကို မျက်စိကျနေပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အဓိက ကွင်းလယ်လူကို လက်မလွှတ်ရစေဖို့အတွက် မြင့်မားတဲ့လစာပေးပြီး စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ကွန်တေကို တစ်ပတ်လစာအဖြစ် ပေါင်(၂၉၀၀၀၀)အထိ ပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့သလို ကွန်တေဟာ (၅)နှစ်သက်တမ်းအရ ပေါင်(၁၅)သန်းအထိရရှိမှာဖြစ်ပါတယ်။ တကယ်လို့ ကွန်တေသာ စာချုပ်သက်တမ်းတိုးဖြစ်ခဲ့ရင် ချယ်လ်ဆီးအသင်းမှာ လစာငွေအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်တော့မှာပါ။

Chelsea-Highest-Earner-Harzard

Chelsea-Highest-Earner-Harzard

အခုလောလောဆယ် ချယ်လ်ဆီးအသင်းမှာ လစာငွေအများဆုံးကစားသမားက ဟာဇက် Hazard ဖြစ်ပြီး တစ်ပတ်ကို ပေါင်(၂၂၀၀၀၀)ရရှိနေတာဖြစ်ပါတယ်။ ဟာဇက်ကို လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ပစ်မှတ်ထားနေတာကြောင့် ချယ်လ်ဆီးအသင်းက သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီး လက်ရှိလစာထက် ပိုတိုးပေးသွားဖို့ရှိနေပါပြီ။

REF:Daily Mail
Photo:CHELSEADAFT,.dailymail,Sportz Move
Naing Linn(Akhayar)
www.akhayar.com