[Zawgyi]



Hazard

Hazard


Ref: Daily Mail
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဟာဇက် Hazard ကို တစ်ပတ်လုပ်ခပေါင်(၃)သိန်းနဲ့ ကမ်းလှမ်းဖို့စီစဉ်နေတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ကို တစ်ပတ်လုပ်ခပေါင်(၃)သိန်းနဲ့ ကမ်းလှမ်းဖို့စီစဉ်နေပါတယ်။ ဟာဇက် Hazard ကို လာလီဂါထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးယဲလ်နဲ့ဘာစီလိုနာအသင်းတို့ဟာ ခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့် ချယ်လ်ဆီးအသင်းဟာ အခုလို လုပ်ခလစာတိုးပေးဖို့ပြင်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။

Hazard

Hazard

ဟာဇက် Hazard ဟာ ဒီနှစ်မှာတော့ ချယ်လ်ဆီးအသင်းမှာဆက်ရှိနေမှာဖြစ်ပေမယ့် အနာဂတ်ကိုကြိုပြောလို့မရဘူးလို့ ပြောကြားထားသူဖြစ်ပါတယ်။ ဒီလိုအနေအထားတွေကြောင့် ချယ်လ်ဆီးအသင်းဟာသူတို့ရဲ့ ထိပ်တန်းကစားသမားကို အသင်းမှာဆက်ထိန်းထားဖို့အတွက် ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဟာဇက် Hazard ဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၃၀၂)ပွဲကစားထားပြီး သွင်းဂိုး(၈၉)ဂိုးသွင်းယူထားသူပါ။ ဟာဇက် Hazard ကိုအသင်းမှာဆက်ရှိဖို့ ချယ်လ်ဆီးအသင်းရဲ့ ကြိုးပမ်းမှုက အထမြောက်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

Ref: Daily Mail
Photo: Evening Standard , Skyxports
Ko Kyue(Akhayar)
www.akhayar.com