[Zawgyi]

ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏုိင္ဖုိ႔ ခ်ယ္လ္ဆီး ျပင္ဆင္ရမယ့္အခ်က္မ်ား

ဒီရာသီ ခ်ယ္လ္ဆီးအသင္းရဲ႕ လတ္တေလာေျခစြမ္းနဲ႔ ရလဒ္ပုိင္းကုိ ၾကည့္ရင္ေတာ့ အားရစရာလုိ႔ပဲ ေျပာရမယ္။ ရာသီအစ ကြန္ျမဴနတီဒုိင္းပဲြမွာ မန္စီးတီးကုိ ႐ႈံးခဲ့တာကလဲြရင္ က်န္တဲ့ အဓိကၿပိဳင္ပဲြေတြမွာ ရလဒ္ေကာင္း ရယူထားၿပီး ႐ႈံးပဲြမရွိေအာင္ ကစားႏုိင္ခဲ့တယ္။

Sarri

Sarri

ကြန္တီ Conte ေခတ္အလြန္ ဆာရီ Sarri လက္ထက္မွာ ခ်ယ္လ္ဆီးအသင္း တည္ၿငိမ္လာၿပီလုိ႔ အၾကမ္းဖ်င္း သုံးသပ္လုိ႔ရေပမယ့္ တစ္ပဲြခ်င္းစီအေနအထားကုိ ၾကည့္ရင္ေတာ့ သိသာထင္ရွားတဲ့ အားနည္းခ်က္ေတြရွိေနတယ္။ အဲဒီအားနည္းခ်က္ေတြထဲက တခ်ိဳ႕ကုိ ကုိယ္ပုိင္အျမင္နဲ႔ သုံးသပ္ၾကည့္ခ်င္ပါတယ္ . . .

တိုက္စစ္မွာ ဟာဇက္ Hazard တစ္ဦတည္း ႐ုန္းကန္ေနရတာ

Hazard

Hazard

ပထမဆုံးဦးစားေပး ေျပာရမယ့္အခ်က္ကေတာ့ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္က ဟာဇက္တစ္ဦးတည္းအေပၚ လုံးလုံးလ်ားလ်ားႀကီး တာ၀န္ပုံက်ေနတာပါပဲ။ ဒီေယဂုိေကာ္စတာ Diego Costa မရွိေတာ့ကတည္းက ခ်ယ္လ္ဆီး တိုက္စစ္စြမ္းရည္ က်ဆင္းသြားတာကုိ ပရိသတ္ေတြ အသိပဲျဖစ္ၿပီး ေတာင္ပံတိုက္စစ္ေတြရဲ႕ အားေၾကာင့္သာ သိသိသာသာ ပုံမပ်က္သြားတာျဖစ္ပါတယ္။ ဟာဇက္ရဲ႕Performance ကလည္း တစ္ရာသီထက္ တစ္ရာသီ ပုိေကာင္းလာလုိ႔သာ ခ်ယ္လ္ဆီး ခံသာေနတာပါ။ ဒါေပမဲ့ ဟာဇက္လည္း ပဲြတုိင္း ေကာင္းဖုိ႔ဆုိတာက သူဟာ မက္ဆီ Messi ၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ မန္ယူနဲ႔ပဲြမွာ ဟာဇက္ရဲ႕ Solo Attacking ေတြကုိ မန္ယူခံစစ္ကုိ အလုပ္ရႈပ္ေစခဲ့ၿပီး ဟာဇက္ က်သြားခ်ိန္မွာ ခ်ယ္လ္ဆီး တိုက္စစ္ အသက္မဲ့သြားခဲ့တယ္။ အခု ခ်ယ္လ္ဆီးရဲ႕ အသက္ေသြးေၾကာက ဟာဇက္ဆုိတာ ၿပိဳင္ဘက္ေတြ အားလုံး သေဘာေပါက္ေနတဲ့အခ်က္ျဖစ္ၿပီး ဟာဇက္ကုိ Control လုပ္ႏုိင္ရင္ ခ်ယ္လ္ဆီး အဆိပ္မရွိေတာ့ပါဘူး။

Lone Strikers ေတြ အားကုိးလုိ႔ မရတာ

Morata

Morata

မုိရာတာ Morata ၊ ဂ်႐ူး Giroud တို႔ ႏွစ္ေယာက္စလုံး အခုအထိ အလုပ္မျဖစ္ေသးပါဘူး။ အဆုိးဆုံးက မုိရာတာပါပဲ။ သူ႔ပုံစံက အခုမွ ေဘာလုံး စကစားတဲ့ ခ်ာတိတ္တစ္ေယာက္လုိျဖစ္ေနတယ္။ ေတာင္ပံတိုက္စစ္ေတြနဲ႔ ခ်ိတ္ဆက္မႈ အားနည္း၊ ကုိယ္တိုင္လည္း Skill မေကာင္း၊ ေခါင္းတိုက္တာကလဲြၿပီး က်န္တာ ဘာမွ အရည္အေသြးမရွိတဲ့ ကစားသမားတစ္ဦးကုိ ဆာရီ ဘာလုိ႔ ေနရာေပးေနလဲဆုိတာ နားမလည္ႏုိင္ေအာင္ပါပဲ။ ေနာက္တစ္ခုက ဘတ္ရွဴအာယီ Michy Batshuayi ကုိ ကြန္တီေရာ၊ ဆာရီပါ ဘာလုိ႔ မႀကိဳက္ၾကတာလဲဆုိတာပါ။ ဒီနည္းျပႏွစ္ဦးစလုံးက ဘတ္ရွဴအာယီကုိ အငွားခ်ဖုိ႔ပဲ စဥ္းစားခဲ့တယ္။ ဘတ္ရွဴအာယီရဲ႕ေျခစြမ္းက အရမ္းႀကီးေကာင္းေနတာ မဟုတ္ေပမယ့္ ဒီေယဂုိေကာ္စတာလုိ တိုးအား၊ ႐ုန္းအားရွိၿပီး Finishing ပုိင္းမွာသာ လုိအပ္ခ်က္ရွိေနတာပါ။ ဂ်႐ူးက တိုးအား၊ ႐ုန္းအားေကာင္းေပမယ့္ Stamina ပုိင္း စကားေျပာလာၿပီး ပဲြခ်ိန္ျပည့္ သုံးဖုိ႔ဆုိတာ အကန္႔အသတ္ရွိပါတယ္။

ခံစစ္ကစားသမားေတြ အားနည္းခ်က္ရွိတာ

Chelsea-Players

Chelsea-Players

ခံစစ္ကစားသမားေတြဆုိတာက Centre Backs ေတြတင္မကဘဲ Defensive Midfielder ေတြကုိပါ ဆုိလုိခ်င္တာျဖစ္ပါတယ္။ ေဒးဗစ္လူး၀စ္ဇ္ David Luiz ဟာ Typical Centre Backs မဟုတ္ဘဲ Libero ဆန္ဆန္ ကစားသမား တစ္ဦးျဖစ္လုိ႔ ကြင္းလယ္အဖ်က္ေနရာနဲ႔ ပုိသင့္ေတာ္သူပါပဲ။ သူ႔ကုိ Centre Back ေနရာမွာ အသုံးျပဳရင္ အမွားမ်ားတတ္တာကုိ ေမာ္ရင္ဟုိ Mourinho လက္ထက္မွာကတည္းက ပရိသတ္ေတြ သတိျပဳမိမွာပါ။ ေနာက္တစ္ခ်က္က ခ်ယ္လ္ဆီးမွာ အရင္က အက္ဆီယန္ Michael Essien လုိမ်ိဳး Box-to-box midfielder ေကာင္းေကာင္း မရွိေတာ့တာပါပဲ။ ကြန္ေတ Kante ၊ ေယာ္ဂ်င္ဟုိ Jorginho တို႔ဟာ တိုက္စစ္ကုိ လုိက္ပါပံ့ပုိးမႈ ေကာင္းေပမယ့္ ခံစစ္ကုိ ကူညီေပးႏုိင္မႈမွာေတာ့ အားနည္းပါတယ္။ ၿပိဳင္ဘက္အသင္း တိုက္စစ္ဆင္လာရင္ Centre Backs ေတြနဲ႔ တုိက္႐ုိက္ ရင္ဆုိင္ရေလ့ရွိတာက ကြင္းလယ္အဖ်က္ေတြရဲ႕ အားနည္းမႈကုိ ေပၚလြင္ေစတယ္။

ဆာရီရဲ႕ ႐ုိးရွင္းလြန္းတဲ့ လူစားလဲမႈ

Giroud-and-Morata

Giroud-and-Morata

ခ်ယ္လ္ဆီးအသင္းကို ခန္႔မွန္းရလြယ္ေစတဲ့အခ်က္ထဲမွာ နည္းျပဆာရီရဲ႕ ႐ုိးရွင္းလြန္းတဲ့ လူစားလဲမႈေတြလည္း ပါ၀င္ပါတယ္။ ဥပမာ မုိရာတာကုိ လူစားလဲရင္ ၀င္မယ့္သူက ဂ်႐ူးဆုိတာ အလြတ္ရေနပါၿပီ။ သူ႔ရဲ႕ လူစားလဲမႈေတြက Direct Change ေတြ မ်ားေနၿပီး Tactical Change ေတြ သိပ္မေတြ႕ရပါဘူး။

ခ်ယ္လ္ဆီးအသင္းဟာ ဒီရာသီ ၿပိဳင္ပဲြစုံမွာ အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး(ကြန္ျမဴနတီ)၊ အာဆင္နယ္(ပရီးမီးယားလိဂ္)၊ လီဗာပူးလ္(လိဂ္ဖလား/ပရီးမီးယားလိဂ္)၊ မန္ယူ (ပရီးမီးယားလိဂ္) တို႔နဲ႔ ဆုံေတြ႕ခဲ့ၿပီးပါၿပီ။ အာဆင္နယ္ ပုံပ်က္ေနတဲ့အခ်ိန္မွာ အသည္းအသန္ကစားၿပီးမွ အႏုိင္ရခဲ့ၿပီး လိဂ္ဖလားမွာေတာ့ လီဗာပူးလ္ကုိ ဟာဇက္ရဲ႕ တစ္ကုိယ္ေတာ္အစြမ္းေၾကာင့္ အႏုိင္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္ အိမ္ကြင္းပဲြမွာ သေရက်ခဲ့တယ္။ ရလဒ္အဆုိးႀကီး မဟုတ္ေပမယ့္ အားရစရာ အေနအထားေတာ့ မဟုတ္ေသးဘူး။ လာမယ့္ဒီဇင္ဘာလမွာ မန္စီးတီးကို အိမ္ကြင္းမွာ လက္ခံကစားရမယ္။

2016-17-Premier-League-Champion-Chelsea

2016-17-Premier-League-Champion-Chelsea

ေနာက္တစ္ေက်ာ႔က်ရင္ အာဆင္နယ္၊ လီဗာပူးလ္၊ မန္ယူ၊ မန္စီးတီးတို႔ကုိ အေ၀းကြင္းကစားရမွာျဖစ္လုိ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ေမွ်ာ္လင့္ခ်က္အတြက္ ႀကီးမားတဲ့ စိန္ေခၚမႈနဲ႔ ရင္ဆုိင္ရဦးမွာပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕ အားနည္းခ်က္ေတြကုိ အခုေလာက္ဆုိ နည္းျပဆာရီလည္း သိထားေလာက္ပါၿပီ။ ပရီးမီးယားလိဂ္ဖလားကုိ ဆြတ္ခူးခ်င္တယ္ဆုိရင္ေတာ့ ဆာရီအေနနဲ႔ သူ႔အသင္းရဲ႕ အားနည္းခ်က္ေတြကုိ အခ်ိန္မီ ျပင္ဆင္ဖုိ႔ လုိအပ္ေနၿပီျဖစ္ပါေတာ့တယ္ . .

Photo:FOX Sports Asia,talkSPORT,Getty Images,Sports Illustrated,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ ချယ်လ်ဆီး ပြင်ဆင်ရမယ့်အချက်များ

ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ လတ်တလောခြေစွမ်းနဲ့ ရလဒ်ပိုင်းကို ကြည့်ရင်တော့ အားရစရာလို့ပဲ ပြောရမယ်။ ရာသီအစ ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးကို ရှုံးခဲ့တာကလွဲရင် ကျန်တဲ့ အဓိကပြိုင်ပွဲတွေမှာ ရလဒ်ကောင်း ရယူထားပြီး ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တယ်။

Sarri

Sarri

ကွန်တီ Conte ခေတ်အလွန် ဆာရီ Sarri လက်ထက်မှာ ချယ်လ်ဆီးအသင်း တည်ငြိမ်လာပြီလို့ အကြမ်းဖျင်း သုံးသပ်လို့ရပေမယ့် တစ်ပွဲချင်းစီအနေအထားကို ကြည့်ရင်တော့ သိသာထင်ရှားတဲ့ အားနည်းချက်တွေရှိနေတယ်။ အဲဒီအားနည်းချက်တွေထဲက တချို့ကို ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ကြည့်ချင်ပါတယ် . . .

တိုက်စစ်မှာ ဟာဇက် Hazard တစ်ဦတည်း ရုန်းကန်နေရတာ

Hazard

Hazard

ပထမဆုံးဦးစားပေး ပြောရမယ့်အချက်ကတော့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်က ဟာဇက်တစ်ဦးတည်းအပေါ် လုံးလုံးလျားလျားကြီး တာဝန်ပုံကျနေတာပါပဲ။ ဒီယေဂိုကော်စတာ Diego Costa မရှိတော့ကတည်းက ချယ်လ်ဆီး တိုက်စစ်စွမ်းရည် ကျဆင်းသွားတာကို ပရိသတ်တွေ အသိပဲဖြစ်ပြီး တောင်ပံတိုက်စစ်တွေရဲ့ အားကြောင့်သာ သိသိသာသာ ပုံမပျက်သွားတာဖြစ်ပါတယ်။ ဟာဇက်ရဲ့Performance ကလည်း တစ်ရာသီထက် တစ်ရာသီ ပိုကောင်းလာလို့သာ ချယ်လ်ဆီး ခံသာနေတာပါ။ ဒါပေမဲ့ ဟာဇက်လည်း ပွဲတိုင်း ကောင်းဖို့ဆိုတာက သူဟာ မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မန်ယူနဲ့ပွဲမှာ ဟာဇက်ရဲ့ Solo Attacking တွေကို မန်ယူခံစစ်ကို အလုပ်ရှုပ်စေခဲ့ပြီး ဟာဇက် ကျသွားချိန်မှာ ချယ်လ်ဆီး တိုက်စစ် အသက်မဲ့သွားခဲ့တယ်။ အခု ချယ်လ်ဆီးရဲ့ အသက်သွေးကြောက ဟာဇက်ဆိုတာ ပြိုင်ဘက်တွေ အားလုံး သဘောပေါက်နေတဲ့အချက်ဖြစ်ပြီး ဟာဇက်ကို Control လုပ်နိုင်ရင် ချယ်လ်ဆီး အဆိပ်မရှိတော့ပါဘူး။

Lone Strikers တွေ အားကိုးလို့ မရတာ

Morata

Morata

မိုရာတာ Morata ၊ ဂျရူး Giroud တို့ နှစ်ယောက်စလုံး အခုအထိ အလုပ်မဖြစ်သေးပါဘူး။ အဆိုးဆုံးက မိုရာတာပါပဲ။ သူ့ပုံစံက အခုမှ ဘောလုံး စကစားတဲ့ ချာတိတ်တစ်ယောက်လိုဖြစ်နေတယ်။ တောင်ပံတိုက်စစ်တွေနဲ့ ချိတ်ဆက်မှု အားနည်း၊ ကိုယ်တိုင်လည်း Skill မကောင်း၊ ခေါင်းတိုက်တာကလွဲပြီး ကျန်တာ ဘာမှ အရည်အသွေးမရှိတဲ့ ကစားသမားတစ်ဦးကို ဆာရီ ဘာလို့ နေရာပေးနေလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။ နောက်တစ်ခုက ဘတ်ရှူအာယီ Michy Batshuayi ကို ကွန်တီရော၊ ဆာရီပါ ဘာလို့ မကြိုက်ကြတာလဲဆိုတာပါ။ ဒီနည်းပြနှစ်ဦးစလုံးက ဘတ်ရှူအာယီကို အငှားချဖို့ပဲ စဉ်းစားခဲ့တယ်။ ဘတ်ရှူအာယီရဲ့ခြေစွမ်းက အရမ်းကြီးကောင်းနေတာ မဟုတ်ပေမယ့် ဒီယေဂိုကော်စတာလို တိုးအား၊ ရုန်းအားရှိပြီး Finishing ပိုင်းမှာသာ လိုအပ်ချက်ရှိနေတာပါ။ ဂျရူးက တိုးအား၊ ရုန်းအားကောင်းပေမယ့် Stamina ပိုင်း စကားပြောလာပြီး ပွဲချိန်ပြည့် သုံးဖို့ဆိုတာ အကန့်အသတ်ရှိပါတယ်။

ခံစစ်ကစားသမားတွေ အားနည်းချက်ရှိတာ

Chelsea-Players

Chelsea-Players

ခံစစ်ကစားသမားတွေဆိုတာက Centre Backs တွေတင်မကဘဲ Defensive Midfielder တွေကိုပါ ဆိုလိုချင်တာဖြစ်ပါတယ်။ ဒေးဗစ်လူးဝစ်ဇ် David Luiz ဟာ Typical Centre Backs မဟုတ်ဘဲ Libero ဆန်ဆန် ကစားသမား တစ်ဦးဖြစ်လို့ ကွင်းလယ်အဖျက်နေရာနဲ့ ပိုသင့်တော်သူပါပဲ။ သူ့ကို Centre Back နေရာမှာ အသုံးပြုရင် အမှားများတတ်တာကို မော်ရင်ဟို Mourinho လက်ထက်မှာကတည်းက ပရိသတ်တွေ သတိပြုမိမှာပါ။ နောက်တစ်ချက်က ချယ်လ်ဆီးမှာ အရင်က အက်ဆီယန် Michael Essien လိုမျိုး Box-to-box midfielder ကောင်းကောင်း မရှိတော့တာပါပဲ။ ကွန်တေ Kante ၊ ယော်ဂျင်ဟို Jorginho တို့ဟာ တိုက်စစ်ကို လိုက်ပါပံ့ပိုးမှု ကောင်းပေမယ့် ခံစစ်ကို ကူညီပေးနိုင်မှုမှာတော့ အားနည်းပါတယ်။ ပြိုင်ဘက်အသင်း တိုက်စစ်ဆင်လာရင် Centre Backs တွေနဲ့ တိုက်ရိုက် ရင်ဆိုင်ရလေ့ရှိတာက ကွင်းလယ်အဖျက်တွေရဲ့ အားနည်းမှုကို ပေါ်လွင်စေတယ်။

ဆာရီရဲ့ ရိုးရှင်းလွန်းတဲ့ လူစားလဲမှု

Giroud-and-Morata

Giroud-and-Morata

ချယ်လ်ဆီးအသင်းကို ခန့်မှန်းရလွယ်စေတဲ့အချက်ထဲမှာ နည်းပြဆာရီရဲ့ ရိုးရှင်းလွန်းတဲ့ လူစားလဲမှုတွေလည်း ပါဝင်ပါတယ်။ ဥပမာ မိုရာတာကို လူစားလဲရင် ဝင်မယ့်သူက ဂျရူးဆိုတာ အလွတ်ရနေပါပြီ။ သူ့ရဲ့ လူစားလဲမှုတွေက Direct Change တွေ များနေပြီး Tactical Change တွေ သိပ်မတွေ့ရပါဘူး။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး(ကွန်မြူနတီ)၊ အာဆင်နယ်(ပရီးမီးယားလိဂ်)၊ လီဗာပူးလ်(လိဂ်ဖလား/ပရီးမီးယားလိဂ်)၊ မန်ယူ (ပရီးမီးယားလိဂ်) တို့နဲ့ ဆုံတွေ့ခဲ့ပြီးပါပြီ။ အာဆင်နယ် ပုံပျက်နေတဲ့အချိန်မှာ အသည်းအသန်ကစားပြီးမှ အနိုင်ရခဲ့ပြီး လိဂ်ဖလားမှာတော့ လီဗာပူးလ်ကို ဟာဇက်ရဲ့ တစ်ကိုယ်တော်အစွမ်းကြောင့် အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ သရေကျခဲ့တယ်။ ရလဒ်အဆိုးကြီး မဟုတ်ပေမယ့် အားရစရာ အနေအထားတော့ မဟုတ်သေးဘူး။ လာမယ့်ဒီဇင်ဘာလမှာ မန်စီးတီးကို အိမ်ကွင်းမှာ လက်ခံကစားရမယ်။

2016-17-Premier-League-Champion-Chelsea

2016-17-Premier-League-Champion-Chelsea

နောက်တစ်ကျော့ကျရင် အာဆင်နယ်၊ လီဗာပူးလ်၊ မန်ယူ၊ မန်စီးတီးတို့ကို အဝေးကွင်းကစားရမှာဖြစ်လို့ ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ချက်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရဦးမှာပါ။ ချယ်လ်ဆီးအသင်းရဲ့ အားနည်းချက်တွေကို အခုလောက်ဆို နည်းပြဆာရီလည်း သိထားလောက်ပါပြီ။ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးချင်တယ်ဆိုရင်တော့ ဆာရီအနေနဲ့ သူ့အသင်းရဲ့ အားနည်းချက်တွေကို အချိန်မီ ပြင်ဆင်ဖို့ လိုအပ်နေပြီဖြစ်ပါတော့တယ် . .

Photo:FOX Sports Asia,talkSPORT,Getty Images,Sports Illustrated,Goal.com
Naing Linn(Akhayar)
www.akhayar.com