[Zawgyi]

နည္းျပ ကြန္တီ Conte ကို ရာထူးက ထုတ္ပယ္လိုက္တဲ့ ခ်ယ္လ္ဆီးအသင္း

ခ်ယ္လ္ဆီးအသင္းဟာ နည္းျပ ကြန္တီ Conte ကို ရာထူးကေန ထုတ္ပယ္လိုက္ေၾကာင္း ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ေန႔လည္ပိုင္းက တရားဝင္ေၾကညာခဲ့ပါတယ္။ ၂၀၁၇ ဇူလိုင္လကမွ ၂၀၁၉ ခုႏွစ္အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားခဲ့တဲ့ နည္းျပ ကြန္တီ Conte ကို ရာထူးက ထုတ္ပယ္ခဲ့ရာမွာ ခ်ယ္လ္ဆီးအသင္းက ေလ်ာ္ေၾကးအျဖစ္ ေပါင္ (၉)သန္းအထိ ေပးေခ်ခဲ့ရပါတယ္။ ရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ ကြန္တီ Conte ဟာ ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ခဲ့တဲ့ (၂)ႏွစ္တာ ကာလအတြင္း ပရီးမီးယားလိဂ္ဆုဖလား ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို၊ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက FA ဖလား ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ နည္းျပတစ္ဦးျဖစ္ပါတယ္။ နည္းျပ ကြန္တီ Conte ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ ေအာင္ျမင္မႈတခ်ိဳ႕ ရယူႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ေဘာလံုးရာသီ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာ ကစားသမားေခၚယူခြင့္မရခဲ့တဲ့လို႔ အသင္းပိုင္ရွင္အပါအဝင္ အသင္းဘုတ္အဖြဲ႔ဝင္ေတြနဲ႔ မေျပလည္မႈေတြ ရွိလာခဲ့တာျဖစ္ပါတယ္။

Conte-was-sacked-as-Chelsea-boss

Conte-was-sacked-as-Chelsea-boss

အသင္းပိုင္ရွင္ ေအဗရာမိုဗစ္ Abramovich က လစ္လပ္သြားတဲ့ နည္းျပရာထူးအတြက္ ကာလရွည္ပစ္မွတ္ထားေနခဲ့တဲ့ နာပိုလီနည္းျပေဟာင္း ဆာရီ Sarri ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို တစ္ေက်ာ႔ျပန္ရယူႏိုင္ဖို႔ ပစ္မွတ္ထားေနခဲ့ၿပီး ကစားသမား အေျပာင္းအေရႊ႕ကိစၥရပ္ေတြ စီမံခန္႔ခြဲႏိုင္ဖို႔ နည္းျပသစ္ကို အလွ်င္အျမန္ခန္႔အပ္သြားဖို႔ ရွိေနခဲ့ပါတယ္။ လာမယ့္ ရက္ပိုင္းအတြင္း ဆာရီ Sarri ကို နည္းျပအျဖစ္ ခန္႔အပ္သြားဖို႔ ခ်ယ္လ္ဆီးအသင္းက တရားဝင္ေၾကညာသြားဖို႔ ရွိေနေၾကာင္း သတင္းေတြ ထြက္ေနခဲ့ပါတယ္။

REF:Daily Mail
Photo:Ghana Nation.com, The 18.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

နည်းပြ ကွန်တီ Conte ကို ရာထူးက ထုတ်ပယ်လိုက်တဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းဟာ နည်းပြ ကွန်တီ Conte ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ နေ့လည်ပိုင်းက တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၁၇ ဇူလိုင်လကမှ ၂၀၁၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုထားခဲ့တဲ့ နည်းပြ ကွန်တီ Conte ကို ရာထူးက ထုတ်ပယ်ခဲ့ရာမှာ ချယ်လ်ဆီးအသင်းက လျော်ကြေးအဖြစ် ပေါင် (၉)သန်းအထိ ပေးချေခဲ့ရပါတယ်။ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ကွန်တီ Conte ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ (၂)နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ်ဆုဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ ဘောလုံးရာသီက FA ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ နည်းပြ ကွန်တီ Conte ဟာ ချယ်လ်ဆီးအသင်းနဲ့ အောင်မြင်မှုတချို့ ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူခွင့်မရခဲ့တဲ့လို့ အသင်းပိုင်ရှင်အပါအဝင် အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ မပြေလည်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

Conte-was-sacked-as-Chelsea-boss

Conte-was-sacked-as-Chelsea-boss

အသင်းပိုင်ရှင် အေဗရာမိုဗစ် Abramovich က လစ်လပ်သွားတဲ့ နည်းပြရာထူးအတွက် ကာလရှည်ပစ်မှတ်ထားနေခဲ့တဲ့ နာပိုလီနည်းပြဟောင်း ဆာရီ Sarri ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ဖို့ ပစ်မှတ်ထားနေခဲ့ပြီး ကစားသမား အပြောင်းအရွှေ့ကိစ္စရပ်တွေ စီမံခန့်ခွဲနိုင်ဖို့ နည်းပြသစ်ကို အလျှင်အမြန်ခန့်အပ်သွားဖို့ ရှိနေခဲ့ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ဆာရီ Sarri ကို နည်းပြအဖြစ် ခန့်အပ်သွားဖို့ ချယ်လ်ဆီးအသင်းက တရားဝင်ကြေညာသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်နေခဲ့ပါတယ်။

REF:Daily Mail
Photo:Ghana Nation.com, The 18.com
Aung Kyaw Wai (Akhayar)
www.akhayar.com