[Zawgyi]

ေလ့က်င့္ေရးအစီအစဥ္ကို ခြင့္မဲ့ပ်က္ကြက္ခဲ့တဲ့ ေကာ္တိုအာ Courtois

ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိကဂိုးသမား ေကာ္တိုအာ Courtois ဟာ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကို (၂)ရက္ဆက္တိုက္ ခြင့္မဲ့ပ်က္ကြက္ခဲ့ပါတယ္။ ရီးယဲလ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနတဲ့ ဂိုးသမား ေကာ္တိုအာ Courtois က အသင္းက ထြက္ခြာခြင့္မေပးတဲ့အေပၚ မေက်မနပ္ျဖစ္ေနခဲ့ၿပီး ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ပ်က္ကြက္ခဲ့တာျဖစ္တယ္လို႔ ၿဗိတိန္အေျခစိုက္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ ေက္ာတိုအာ Courtois ခြင့္မဲ့ ပ်က္ကြက္မႈနဲ႔ ပတ္သက္တဲ့ သတင္းကို ေဖာ္ျပခဲ့ျခင္းမရွိဘဲ ႏႈတ္ဆိတ္ေနခဲ့ပါတယ္။ ေကာ္တိုအာ Courtois ဟာ ၂၀၁၁ ခုႏွစ္မွာ ဘယ္လ္ဂ်ီယံကလပ္ ဂ်န္႔ကေန ခ်ယ္လ္ဆီးကို ေျပာင္းေရႊ႕ခဲ့ၿပီး ပီတာခ်က္ Peter Cech ထြက္ခြာသြားၿပီးေနာက္ပိုင္း အငွားသြားေရာက္ ကစားခဲ့တဲ့ အက္သလက္တီကိုအသင္းကေန အသင္းကို ျပန္လည္ေရာက္ရွိကာ အဓိကဂိုးသမားအျဖစ္ ပြဲထြက္ကစားေနတဲ့ ဂိုးသမားျဖစ္ပါတယ္။

Thibaut-Courtois

Thibaut-Courtois

ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အေကာင္းဆံုးဂိုးသမားဆုကို ရရွိခဲ့ၿပီး လက္စြမ္းေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ ေကာ္တိုအာ Courtois ကို စပိန္လာလီဂါထိပ္သီး ရီးယဲလ္အသင္းက ေခၚယူဖို႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းက ေရာင္းခ်ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကလည္း နည္းျပ ဆာရီ Sarri က “လက္ရွိအခ်ိန္မွာေတာ့ ေကာ္တိုအာ Courtois က ခ်ယ္လ္ဆီးအသင္းရဲ႕ ဂိုးသမားပါပဲ၊ သူ႔ရဲ႕ အနာဂတ္က ဘာလဲဆိုတာေတာ့ မသိပါဘူး၊ အသင္းမွာ ဆက္ရွိ၊ မရွိက ေကာ္တိုအာ Courtois နဲ႔ အသင္းအေပၚမွာပဲ မူတည္ပါတယ္၊ ကၽြန္ေတာ္ကေတာ့ သူအသင္းမွာ ဆက္ရွိလိမ့္မယ္လို႔ ယံုၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Chelsea-goalkeeper-Thibaut-Courtois

Chelsea-goalkeeper-Thibaut-Courtois

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မန္စီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္း ပြဲစဥ္မွာေတာ့ ဒုတိယဂိုးသမားျဖစ္တဲ့ ကာဘယ္လာရို Caballero ပြဲထြက္ ကစားခဲ့ၿပီး (၀-၂)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့ပါတယ္။ ဒီပြဲစဥ္အၿပီးမွာေတာ့ နည္းျပ ဆာရီ Sarri က ေကာ္တိုအာ Courtois အေနနဲ႔ အသင္းမွာ ဆက္ရွိဖို႔ မေသခ်ာေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အသက္ (၂၆)ႏွစ္အရြယ္ရွိ ဘယ္လ္ဂ်ီယံလက္ေရြးစင္ဂိုးသမား ေကာ္တိုအာ Courtois ဟာ အသင္းအတြက္ ၿပိဳင္ပြဲစံု (၁၅၄)ပြဲ ကစားေပးခဲ့ၿပီး Clean Sheet (၅၈)ပြဲအထိ ရရွိေအာင္ စြမ္းေဆာင္ေပးထားတဲ့ ဂိုးသမားတစ္ဦးျဖစ္ပါတယ္။

REF:BBC Sports
Photo:Sportskeeda, Independent, Bleacher Report
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

လေ့ကျင့်ရေးအစီအစဉ်ကို ခွင့်မဲ့ပျက်ကွက်ခဲ့တဲ့ ကော်တိုအာ Courtois

ချယ်လ်ဆီးအသင်းရဲ့ အဓိကဂိုးသမား ကော်တိုအာ Courtois ဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို (၂)ရက်ဆက်တိုက် ခွင့်မဲ့ပျက်ကွက်ခဲ့ပါတယ်။ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့ ဂိုးသမား ကော်တိုအာ Courtois က အသင်းက ထွက်ခွာခွင့်မပေးတဲ့အပေါ် မကျေမနပ်ဖြစ်နေခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပျက်ကွက်ခဲ့တာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ကေ်ာတိုအာ Courtois ခွင့်မဲ့ ပျက်ကွက်မှုနဲ့ ပတ်သက်တဲ့ သတင်းကို ဖော်ပြခဲ့ခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။ ကော်တိုအာ Courtois ဟာ ၂၀၁၁ ခုနှစ်မှာ ဘယ်လ်ဂျီယံကလပ် ဂျန့်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီး ပီတာချက် Peter Cech ထွက်ခွာသွားပြီးနောက်ပိုင်း အငှားသွားရောက် ကစားခဲ့တဲ့ အက်သလက်တီကိုအသင်းကနေ အသင်းကို ပြန်လည်ရောက်ရှိကာ အဓိကဂိုးသမားအဖြစ် ပွဲထွက်ကစားနေတဲ့ ဂိုးသမားဖြစ်ပါတယ်။

Thibaut-Courtois

Thibaut-Courtois

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့ပြီး လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကော်တိုအာ Courtois ကို စပိန်လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း နည်းပြ ဆာရီ Sarri က “လက်ရှိအချိန်မှာတော့ ကော်တိုအာ Courtois က ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားပါပဲ၊ သူ့ရဲ့ အနာဂတ်က ဘာလဲဆိုတာတော့ မသိပါဘူး၊ အသင်းမှာ ဆက်ရှိ၊ မရှိက ကော်တိုအာ Courtois နဲ့ အသင်းအပေါ်မှာပဲ မူတည်ပါတယ်၊ ကျွန်တော်ကတော့ သူအသင်းမှာ ဆက်ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Chelsea-goalkeeper-Thibaut-Courtois

Chelsea-goalkeeper-Thibaut-Courtois

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာတော့ ဒုတိယဂိုးသမားဖြစ်တဲ့ ကာဘယ်လာရို Caballero ပွဲထွက် ကစားခဲ့ပြီး (ဝ-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲစဉ်အပြီးမှာတော့ နည်းပြ ဆာရီ Sarri က ကော်တိုအာ Courtois အနေနဲ့ အသင်းမှာ ဆက်ရှိဖို့ မသေချာကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာ Courtois ဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၅၄)ပွဲ ကစားပေးခဲ့ပြီး Clean Sheet (၅၈)ပွဲအထိ ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။

REF:BBC Sports
Photo:Sportskeeda, Independent, Bleacher Report
Aung Kyaw Wai (Akhayar)
www.akhayar.com