[Zawgyi]



Hazard-And-Smalling

Hazard-And-Smalling


Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒဏ်ရာပြဿနာကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မယ့် ဟာဇက် Hazard

ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ နောက်ကျောဒဏ်ရာကြောင့် ကြာသပတေးညမှာ ယှဉ်ပြိုင်ကစားမယ့် BATE အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပါတယ်။ ဟာဇက်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲအမီ ဒဏ်ရာကနေပြန်လည်သက်သာလာဖို့ မျှော်လင့်နေပါတယ်။

Hazard-And-Smalling

Hazard-And-Smalling

ချယ်လ်ဆီးနည်းပြ ဆာရီ Sarri က ” ဟာဇက် ဒီပွဲကိုလွဲမှာသေချာပါတယ်။ သူ့ရဲ့နောက်ကျောမှာ ပြဿနာရှိနေပါတယ်။ လာမယ့် တနင်္ဂနွေနေ့အတွက် ကျွန်တော်တို့ ဒီပြဿနာကိုကြိုးစားဖြေရှင်းသွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။ ဟာဇက် ကချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာ လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ(၁၁)ပွဲကစား(၈)ဂိုးသွင်းယူထားပါတယ်။ ချယ်လ်ဆီးအသင်းဟာလည်း ယူရိုပါလိဂ်(၂)ပွဲကစားအပြီးမှာ ရမှတ်(၆)မှတ်ရရှိထားပါတယ်။

Ref: BBC Sport
Photo: Big World News , The Irish Sun
Ko Kyue(Akhayar)
www.akhayar.com